ဒုတိယ မဖဲဝါ အပိုင်း(၄)
ကျန်တဲ့လက်တစ်ဖက်က သုံးတောင့်ထိုး
ဓါတ်မီးကို ကိုင်လို့ပေါ့ဗျာ။ အဘနဲ့ အမေ
မနိုးအောင် တိတ်တိတ်ကလေး အိမ်က
ထွက်လာခဲ့ရတာဗျ။ ရွာထဲရောက်တော့ လူ
တွေ အိပ်မောကျနေကြလို့ဗျ။ ညသန်းခေါင်
လောက် ရှိမှာဗျ။ ကျုပ်အိမ်ထဲက ထွက်ခါနီး
မှာ သန်းခေါင်ကြက်တွန်သံ ကြားလိုက်ရ
တယ်။ ကျုပ်က ဓါတ်မီးကို ခပ်အုပ်အုပ်ထိုး
ပြီး ရွာပြင်ထွက်လာခဲ့တာဗျို့။
ရွာအနောက်ဘက်တံခါးကနေ ထွက်လိုက်
တော့ ကုက္ကိုပင်တန်းကြီးအောက်ကို ရောက်
လာတယ်။ ဒါ ကျုပ်တို့ရွာက အသုဘချတဲ့
လမ်းကလေးပေါ့ဗျာ။
နေ့ခင်းဆိုရင် နေပျောက်တောင်ထိုးတာ မ
ဟုတ်ဘူးဗျ။ ကုက္ကိုပင်ကြီးတွေရဲ့ အရိပ်တွေ
က ဆက်နေတာလေဗျာ။ ဒီကုက္ကိုပင်လမ်းက
လေးဆုံးအောင် သွားလိုက်ရင် ကျုပ်တို့ ထ
နောင်းကုန်းသင်္ချိုင်းကို ရောက်ရောဗျ။
ကျုပ်မက်တဲ့ အိပ်မက်ကလည်း အကောင်
အထည်မြင်ရတာ မဟုတ်ဘူးဗျ။ အသံချည်း
မက်တာ။ ကျုပ်သင်္ချိုင်းအဝကို ရောက်တော့
သင်္ချိုင်းထဲကို အကဲခတ်ကြည့်လိုက်မိတယ်။
ကျုပ်တော့ ထူးထူးခြားခြား ဘာမှမမြင်ဘူးဗျ။
အုတ်ဂူတွေကလည်း ကွယ်နေတော့ မမြင်
ဘူးလေဗျာ။ ကျုပ် သင်္ချိုင်းဇရပ်ပေါ်ကို တက်
ခဲ့တယ်။ ဇရပ်ကမြင့်တော့ အပေါ်စီးက မြင်
နေရတာပေါ့ဗျာ။
ဟာ တွေ့ပြီဗျို့။ သင်္ချိုင်းရဲ့ အနောက်ဘက်
က ကွင်းကြီးထဲမှာဗျ။ အလင်းတန်းကြီးတစ်
ခု ထွက်နေတာကို တွေ့လိုက်ရတယ်။ကျုပ်
လည်း ဂူတွေကိုပတ်ပြီး ခပ်သုတ်သုတ်
လျှောက်လိုက်တယ်။
ကျုပ် ဓါတ်မီးကိုတော့ မထိုးဘူးဗျ။ အလင်း
ရောင်ကို တွေ့သွားမှာလေဗျာ။ သင်္ချိုင်းကို
ကျော်သွားတော့ လူနှစ်ဖက်လောက်ရှိတဲ့
မန်ကျည်းပင်ကြီးနောက်ကို ကျုပ်ပြေးကပ်
လိုက်တယ်။ ကျုပ် အားလုံးမြင်နေ ကြား
နေရပြီဗျ။ ဟာ မဖဲဝါကို ဖမ်းထားတာပဲဗျ။
မဖဲဝါကို စက်ကြိုးနဲ့ တုပ်နှောင်ထားတာဗျ။
ကျုပ် ကြည့်လိုက်တော့ အရပ်မြင့်မြင့်
သျှောင်ထုံးကြီးနဲ့ လူကြီးဗျ။
လူကောင်ကြီးကလည်း ထွားထွားကြီးဗျ။
"ဟား ဟား ဟား ဟား၊ မဖဲဝါ၊ မဖဲဝါ အင်
မတန် နာမည်ကြီးတဲ့ သရဲမ၊ အခုတော့
နင် ဘာတတ်နိုင်သေးလဲဟင်၊ အောက်
လမ်းဆရာတွေကို နင့်လက်ဝါကြီးနဲ့ ရိုက်
သတ်တာတို့၊ ကဲ အခု ထလာပြီး ငါ့ကို
ရိုက်လိုက်စမ်း၊ ဟား၊ ဟား၊ ဟား၊ ရေမှာ
ငရွေး၊ ကုန်းမှာငအေးတဲ့ဟေ့၊ ဆရာရှောင်
ပြေး ဆရာအေး ဆိုတာ ငါပဲဟေ့။ ကောင်း
ကင်စက်ကြိုးကိုတောင် နင်းနိုင်တဲ့ ငအေး
တဲ့၊ သရဲမရဲ့"
"အား၊ အား၊ အီး၊ အီး၊ အီး"
မဖဲဝါရဲ့မချိမဆံ့ဝေဒနာ ခံစားနေရတဲ့
အော်သံကြီးဗျ၊
"ငါတောင်းတာပေး၊ နင် ဘယ်မှာ ဝှက်ထား
တယ်ဆိုတာပြော၊ ငါ အခု သွားယူမယ်၊ အဲ
ဒါ ရပြီဆိုတာနဲ့ နင့်ကို ငါ ချက်ချင်း လွှတ်
ပေးမယ်"
"အား၊ အား၊ အီး၊ အီး၊ အီး"
မဖဲဝါရဲ့ တစ်ကိုယ်လုံးကို ကဝေစက်တွေနဲ့
ပတ်ထာတာဗျို့။ မဖဲဝါလည်း တော်တော်
ကို ပူလောင်နေတဲ့ပုံဗျ။
"နင်ဟာ မယ်တော်လေးပါးရဲ့ အစေအပါးဆို
တာ ဒီလောကမှာ သိသွားတာ ငါပဲရှိတယ်။
မြောက်ဘက်ရှင်မရဲ့ ပညာဗူးကို နင် စောင့်
နေရတယ်ဆိုတာလည်း ငါပဲ သိတာ၊ အဲဒီပ
ညာဗူးကိုသာ ငါရရင် ငါ့အသက်ကို ကြိုက်
သလောက် ဆွဲဆန့်ထားလို့ရပြီဟေ့၊ ငါလို
ချင်တာ နင်စောင့်နေရတဲ့ မြောက်ဘက်ရှင်
မရဲ့ပညာဗူးပဲ၊ အဲဒီပညာဗူးရှိတဲ့ နေရာကို
ပြော၊ မပြောရင် နင်သေပြီသာမှတ်ပေ
တော့ မဖဲဝါရေ"
ပြောရင်းဆိုရင်း ဆရာရှောင်ပြေး ဆရာ
အေးဆိုတဲ့ ကဝေကြီးက သူ့လက်ကြီးတွေ
ကို ရှေ့ထုတ်ပြီး ကွေးလိုက် ဆန့်လိုက်
လုပ်လိုက်တယ်ဗျ။ ဟာ …သူ့လက်က အ
နီရောင်တောက်နေတဲ့ အလင်းတန်းတွေ
က မဖဲဝါဆီကို တန်းသွားတော့တာဗျ။
ပထမပတ်ထားတဲ့ လိမ္မော်ရောင်စက်တွေနဲ့
နောက်လွှတ်လိုက်တဲ့ အနီရောင်စက်တွေ
ပေါင်းသွားပြီး ပထမလိမ္မော်ရောင်က အ
ရောင် နှစ်ဆလောက် တောက်သွားတယ်
ဗျို့။
"အား အား အား"
မဖဲဝါရဲ့ အသံနက်ကြီးနဲ့ အော်တဲ့အသံ၊ ထ
နောင်းကုန်းသင်္ချိုင်းထဲမှာ ပျံ့သွားတာပေါ့ဗျာ
"ဟဲ့ သရဲမ၊ ငါတောင်းတဲ့ မြောက်ဘက်ရှင်မ
ရဲ့ ပညာဗူးပေး၊ မပေးရင် ရှိတဲ့နေရာပြော"
"မပြောဘူးဟေ့၊ မြောက်ဘက်ရှင်မရဲ့ပညာ
ဗူးကို နင်ရဖို့နေနေသာသာ မြင်တောင် မြင်
ခွင့် မရှိဘူး"
"အောင်မာ သရဲမက ခုထိမာန်မလျှော့သေး
ပါလား"
"ဟဲ့အကောင်၊ နင် လက်ဦးသွားလို့ ငါခံရ
တာဟဲ့၊ နင့်ကိုယ်နင် သိပ်အထင်ကြီးမနေ
နဲ့၊ နင့်ကို ငါသတ်မှာ မကြာတော့ဘူး"
"သြော် ဒီလိုလား၊ ကဲ နင်က ငါ့ကို သတ်
နိုင်မလားဆိုတာ သိရအောင် ငါ့စက်တွေ
ကို နင် အရသာခံကြည့်လိုက်ဟေ့"
ဆရာအေးက သူ့လက်ကြီးတွေကို ရှေ့ဆန့်
ပြီး ကွေးလိုက် ကောက်လိုက် လုပ်ပြန်ရော
ဗျို့။ အစိမ်းရောင် တောက်နေတဲ့စက်တွေ
တန်းထွက်သွားပြန်တယ်ဗျ။ မဖဲဝါဆီကို အ
စိမ်းရောင် စက်တွေ တန်းရောက်သွားပြီး ပ
ထမစက်တွေနဲ့ ရောသွားတယ်။
"အား၊ အား၊ အား၊ တာတေ၊ ငါ့ကိုယ်ခွဲကို
အသက်သွင်းလိုက်"
ဟာ ကျုပ်ရောက်နေတာကို မဖဲဝါ သိသွား
ပြီဗျ၊ ကျုပ်ကလည်း ဘာလုပ်ရမှန်း မသိလို့
ကြည့်နေတာဗျို့။
ကျုပ်က မဖဲဝါကိုယ်ခွဲအရုပ်ကလေးကို အ
ပေါ်မြှောက်ပြီး…
"သင်္ချိုင်းရှင်မကြီးရဲ့အသက်ဝိညာဉ် ခုချက်
ချင်းကြွလာစေဗျာ"
လို့ ပြောလိုက်တယ်။ ဟာ ကျုပ်လက်ထဲမှာ
ဆုပ်ထားတဲ့ အရုပ်ကလေးက တဆတ်ဆတ်
တုန်လာတယ်ဗျို့။ ဟာ ခုန်ထွက်သွားပြီဗျာ။
ကျုပ်လက်ထဲကနေ ဆတ်ကနဲ ခုန်ထွက်သွား
တဲ့ မဖဲဝါအရုပ်ကလေးက ချက်ချင်းလူဖြစ်
သွားတာဗျို့။ အဲ လူတော့မဟုတ်ဘူးပေါ့ဗျာ။
အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment