တိုက်မြွေ အပိုင်း(၄) ဇာတ်သိမ်းပိုင်း
"တာတေ အခုလာမယ့် နတ်တော်လဆန်း
တစ်ရက်ဟာ တနင်္ဂနွေကျတယ်။ အဲဒီနေ့မှာ
မြွေမှော်တက်လို့ရတယ်၊ ပုဗ္ဗာရုံဆရာတော်နဲ့
ငါနဲ့ တိုင်ပင်ပြီး ဆရာတော့်ကျောင်းမှာ မြွေ
မှော်တက်ပေးမယ်။ မင်းပါ ဝင်တက်ထားကွ။
မြွေမှော်တက်ထားရင် မြွေကိုက်လို့ တော်ရုံ
တန်ရုံဆိုရင် မသေဘူး၊ အရိုးထိသွားရင်တော့
သေနိုင်တယ်။ အရိုးမထိရင်တော့ မသေဘူးကွ"
"ဟုတ်ကဲ့ ဘိုး၊ ကျုပ် အဲဒီနေ့ မြွေမှော်
လာတက်ပါ့မယ်"
"ဒါက အမြဲလုပ်လို့ မရဘူးကွ၊ လဆန်း
တစ်ရက်နေ့ တနင်္ဂနွေကျမှ လုပ်လို့ရတာ"
မြွေမှော်တက်မယ့်လူ အားလုံး ငါးဆယ်ရှိ
တယ်ဗျ။ တက်ဖူးတဲ့ လူ ထပ်မတက်ရဘူး
လို့ ဘိုးစော်ကဲက ပြောတယ်။
ဆရာတော့်တိုက်ကျောင်းကြီး အပေါ်ထပ်မှာ
လုပ်တာဗျ။ ဘာတွေလိုတုံးဆိုတော့ ကျီးမနိုး
ထန်းရွက် လိုတယ်။ ကျီးတွေ မနိုးခင် ထန်း
ပင်ပေါ်တက်ပြီး ဖြတ်ယူရတာ။ ပြီးတော့
ကိုယ်တိုင်း အပ်ချည်ကြိုး၊ ဖယောင်း။ ကျီး
မနိုးထန်းရွက်ကို သေးသေးစိတ်ပြီး ကိုယ်
တိုင်း အပ်ချည်နဲ့ ကျစ်နေအောင် ပတ်ရတယ်။
အဲဒါကို မီးစာလုပ်ပြီး ဖယောင်းတိုင် သွန်းရ
တယ်။ ဖယောင်းတိုင်နဲ့ လူနဲ့ မမှားရဘူးဗျ။
လူနဲ့ ဖယောင်းတိုင် ကွက်တိမှန်အောင် မှတ်
ထားရတယ်။
မြွေမှော်သွင်းတဲ့အချိန်ကလည်း ကျီးမနိုးခင်
အချိန်ဗျ။ မနက်သုံးနာရီလေးနာရီလောက်
ထပြီး ပိတ်ဖြူစက အောက်မှာခင်း၊ အပေါ်
က အနီစ ထပ်ခင်းပြီး အဲဒီအပေါ်မှာ ထိပ်
ဖွင့်ထားတဲ့ အုန်းသီးအစိမ်းတစ်လုံး အုန်း
သီးပေါ်မှာ ကိုယ့်ကိုယ်တိုင်း အပ်ချည်နဲ့
လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်းရ
တယ်။
ကျုပ်တို့တွေက မနေ့ကတည်းက မန္တန်
တစ်ပုဒ်သင်ပြီး အလွတ်ကျက်ထားရတယ်။
အဲဒီမန္တန်ကို ရွတ်ပြီး ဖယောင်းတိုင်က ထွက်
လာတဲ့ မှိုင်းကို ပါးစပ်နဲ့ စုပ်ယူမျိုချရတယ်။
ဂါထာရွတ်လိုက် ဖယောင်းမှိုင်းကို စုတ်ယူ
ပြီး မျိုချလိုက်နဲ့ မနားတမ်း လုပ်ရတာဗျ။
တဖြည်းဖြည်းနဲ့ ဖယောင်းတိုင်က တိုတို
လာတာပေါ့ဗျာ။ ဖယောင်းတိုင် သုံးပုံတစ်
ပုံလောက် ကျန်တဲ့အချိန် ကျုပ်နားထဲမှာ
မြွေတွန်သံတွေ ကြားရတယ်ဗျ။
"ရွှီ" "ရွှီ" "ရွှီ"
ဆိုတဲ့ အသံတွေ ကြားလိုက်ရတယ်။
ဖယောင်းတိုင် ကုန်သွားတော့ အုန်းသီး
ပေါ်မှာ တင်နေတဲ့ မှိုင်းစတွေ၊ ဖယောင်း
တွေကို ခြစ်ပြီး အုန်းရည်ထဲကိုထည့်၊ အုန်း
ရည်ကို ကုန်အောင်သောက်ရတယ်။
သြော် ကျုပ်ပြောဖို့ မေ့နေလို့ဗျို့။
အုန်းသီးက ရှပ်ပန်းထည်အနီစပေါ်မှာ ဒီအ
တိုင်း တင်ထားတာ မဟုတ်ဘူးဗျ။ ငှက်ပျော
နှစ်ဖီးနဲ့ ပွဲပြင်ထားရတာ။ မြွေမှော်တက်တာ
အားလုံးပြီးသွားတော့ ဘိုးစော်ကဲက ကျုပ်တို့
ကို တစ်ယောက်ချင်း ခေါ်မေးတယ်။
"ဘာကြားတုံး၊ ဘာမြင်တုံး"
"ကျုပ်တော့ မြွေတွန်သံတွေ ကြားရတယ်
ဘိုးရဲ့"
ကျုပ်ပြောတာကို ဘိုးစော်ကဲက ခေါင်းညိတ်
ပြီး ပြန်ပြောတယ်။
"ဒါဆိုရင် တာတေ မြွေမှော်အောင်သွားပြီ"
ကျုပ်လည်း ဝမ်းသာသွားတာပေါ့ဗျာ။
"မင်းတို့ကို မြွေက မကိုက်ဘူး၊ ရှောင်သွား
လိမ့်မယ်၊ တကယ်လို တက်နင်းမိလို့ ကိုက်
ရင်တောင် မင်းတို့ မသေတော့ဘူး၊ အေး
ဒါပေမဲ့ အရိုးထိသွားရင်တော့ အန္တရာယ်
ရှိတယ်"
ကျုပ်တို့အားလုံးက ဘိုးစော်ကဲ ပြောတာကို
နားထောင်နေကြတာပေါ့ဗျာ။
"မြွေကိုက်ခံရတဲ့သူတွေ့ရင် လက်နဲ့ သပ်ချ
ပါ၊ စောစောက မင်းတို့ရွတ်တဲ့ မန္တန်ကိုပဲ ရွတ်
ပြီး သပ်ချပါ၊ အဆိပ်ချကျပါလိမ့်မယ်။ တစ်ခု
တော့ မင်းတို့ ဆင်ခြင်ပါ၊ မြွေသား လုံးဝမစား
ပါနဲ့၊ မြွေမသတ်ပါနဲ့၊ စနေ့နေ့တိုင်း ငါးပါးသီ
လ လုံအောင်ထိန်းပြီး သက်သတ်လွတ်စား
ပါ။ ခန္ဓာသုတ်ကို ရွတ်ပါ၊ ဒါဆိုရင်တော့ မင်း
တို့ တက်ထားတဲ့ မြွေမှော်က အစွမ်းပိုထက်
လာပါလိမ့်မယ်"
မြွေမှော်တက်ပြီးတဲ့နောက် ထူးခြားတာတစ်ခု
ရှိတယ်ဗျ။ မြွေတွေဘာတွေ သိပ်ပြီးမတွေ့တော့
တာဗျို့။ မြွေသတ်တာတို့၊ မြွေသားစားတာတို့
တော့ ကျုပ်တစ်သက်လုံး ရှောင်ဖို့ ဆုံးဖြတ်
လိုက်တာပေါ့ဗျာ။
ဘိုးစော်ကဲကတော့ တောင်သူလုပ်ရင်းနဲ့
မြွေကိုက်ခံရတဲ့ သူတွေကို အသက်ကယ်
တုန်းပဲဗျ။ ကျုပ်ကလည်း ဘိုးစော်ကဲ ခိုင်း
သမျှ အကုန်လုပ်ပေးနေတုန်းပါပဲဗျာ။
ပြီးပါပြီ
မူရင်းရေးသူ = တာတေ

Comments
Post a Comment