မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၅)



ဒေါ်ငွေတင် စျေးတွက် တွက်သည်။ ရွာမှ သမီး
နှင့် သင့်တော်သူကို မတွေ့ သမီးယူသည့်ယော
ကျ်ား၊ မိဘ၊ ချမ်းသာရမည်။ သို့ကြောင့် တစ်
နေ့တစ်ခြား အသက်ရလာသည်။ သမီးကို
အိမ်ထောင်ချမပေး။

"မိငြိမ်း...နင့်ကို ကြိုက်မယ့်ကောင် မရှိဘူးလား"

"အမေ့ကို ကြောက်ပြီး ဘယ်သူမှ မကြိုက်ဝံ့ဘူး"

"ဒါဆို နင် လင်မရရုံပဲ ရှိတော့မှာပေါ့ နင့်ကို
ချမ်းသာတဲ့ ကောင်နဲ့မှ ပေးစာချင်တာ...ငါ့ဆီ
ကတော့ လက်ဖြန့်တောင်းဖို့ စိတ်မကူးနဲ့"

"မကူးပါဘူး၊ ဟိုတစ်ရက်ကည အစ်ကိုလေး
နွားဝယ်မလို့ ငွေလိုနေတာ နည်းနည်းစိုက်ထား
ပေးပါ ဆိုတာတောင် အမေက မပေးလိုက်ဘူး
 သမီးလည်း အမေ့ပစ္စည်း "မမျှော်လင့်ပါဘူး

"ဟဲ့...နင့်အစ်ကို သုံးယောက်ကို အလုံအလောက်
ပေးပြီး အိမ်ထောင်ချပေးလိုက်ပြီးပြီ...သူတို့အ
သုံးမကျလို့ ငါ့ဆီ လက်လာဖြန့်တာ ငါက ထပ်
ပေးရဦးမှာလား ပြီးတော့ မိန်းခလေးဆိုတာ
မိဘက ငွေစိုက်ပြီး တောင်းပေးရမှာ မဟုတ်
ဘူး၊ ယောကျ်ားလေးဘက်က တင့်တောင့်တင့်
တယ် တောင်းရတာ"

"အမေက သမီးကို တင်​တောင်းမယ့်လူ စောင့်
နေတာပေါ့ ဟုတ်လား"

"အဲဒါ အမှန်ပေါ့ တစ်ကိုယ်ဆင် တင်တောင်းလို့
ကတော့ ငါ့အတွက်ပဲ ငါမွေးထားရတာ ဒီလောက်
တော့ ယူရမှာပေါ့"

"အမေ့ကို ကြောက်ပြီး ဘယ်သူမှ လာတင်တောင်း
မှာ မဟုတ်ဘူး ကျမလည်း အိမ်ထောင်မပြု
တော့ဘူး"

"အေး ညည်းအိမ်ထောင်မပြုရင် ဒီနေ့ဒီအချိန်က
စပြီး ငါ့အလုပ်တွေ ဝင်ကူလုပ်ပေတော့"

သမီးဖြစ်သူက အိမ်မှာ ထမင်းချက်သည်။ အိမ်
စောင့်သည်။ မိခင်အလုပ်ကို ဝင်လုပ်မပေး၊ 
ခေါင်းရှောင်နေခဲ့သည်။

 သည်လိုနှင့် ဒေါ်ငွေတင် အသက်ခြောက်ဆယ်
အရောက် လူကြီးရောဂါနှင့် ရုတ်တရက်သေဆုံး
သွားသည်။ သူသေဆုံးတော့ သားသုံးယောက်
နှင့် ချွေးမများ အိမ်ပေါ်ရောက်လာကြသည်။
သေတ္တာတွေ ဖွင့်ပြီး ရွှေငွေရတနာများရှာသည်။

ဘယ်လိုမှ ရှာမတွေ့၊ ဗီရိုထဲမှာ ပိုက်ဆံသုံးသိန်း
ခန့်သာတွေ့သည်။ ထိုငွေဖြင့် နာရေးကိစ္စ လုပ်
ကိုင်ကြသည်။ ဒေါ်ငွေတင်ကို သေပြီးနောက်နေ့
မှာ အခေါင်းသွင်းလိုက်ရသည်။ တစ်ညလွန်
မြောက်၍ နောက်နေ့မှာ အလောင်းကြီး ပုပ်ပွ
တက်လာသည်။

တစ်အိမ်လုံး အပုပ်နံ့မခံနိုင်ကြသဖြင့် အခေါင်း
သွင်းပြီး အိမ်ပေါ်က မထားတော့ပဲ ခြံရှေ့ထုတ်
ထားလိုက်ရသည်။ အိမ်ပေါ်မှာ စောင့်အိပ်နေသူ
များကို ခြေထောက်က လိုက်ဆွဲသည်။ အပုပ်
နံ့တွေ ပေးသည်။ မည်သူမှ ကောင်းကောင်း
မအိပ်ရ။

သုံးရက်ပြည်တော့ အလောင်းကို မြေချရန်
ပြင်ကြသည်။ သံဃာတော်များပင့်ပြီး တရား
နာသည်။ ထိုအချိန် ခြံရှေ့က အခေါင်းကြီး
ပွင့်ထွက်လာပြီး လောက်တွေ အဖွေးသား
ထွက်လာသည်။ အပုပ်နံ့မခံနိုင်ကြသဖြင့်
အိမ်ပေါ်မှာ တရားနာသူ အနည်းငယ်သာ
ရှိတော့သည်။

အသုဘချသည့်အချိန် လူမရှိသဖြင့် အရက်သ
မားများကို စိတ်ကြိုက် အရက်မူးအောင် တိုက်
ပြီး သခ်ျိုင်းသို့ ပို့ခိုင်းရသည်။ အလောင်းစင်
နှင့် အခေါင်းကို ကြိုးများနှင့် အထပ်ထပ်ပတ်
ပြီး သခ်ျိုင်းသို့ သယ်သွားရသည်။

လောက်တွေ အထွေးလိုက်ထွက်နေသဖြင့် လိုက်
ပို့သူ မရှိသလောက်ပင်၊ အပုပ်နံက အလောင်း
သယ်သွားရာ တလျောက်နံဟောင်၍ ကျန်ခဲ့
သည်။ သားနှစ်ယောက်နှင့် အရက်မူးသမား
များသာ သခ်ျိုင်းရောက်သွားသည်။

ကြိုတင်သွားပြီး မြေတူးထားသဖြင့် ရောက်
သည်နှင့် အမြန် မြေမြှုပ်ပစ်လိုက်ရတော့သည်။
ဒေါ်ငွေတင် အသက်ရှင်စဥ်က ဘုရားမှန်းမသိ၊
တရားမှန်းမသိ၊ လူတွေအပေါ် အကြင်နာထား
ရမှန်းမသိ။ သေသော်အခါ မည်သူတစ်ဦးတစ်
ယောက်မှ မကပ်နိုင်အောင် သူ့ခန္ဓာကိုယ်မြေ
မကျမီမှာပင် လောက်တွေ တဖွားဖွားအစား
ခံနေရသည်။

သေသွားသော ဒေါ်ငွေတင်၊ သူပိုင်ရွှေငွေရတ
နာတွေ ဘယ်နားသွားမြုပ်ထားသည်၊ မည်သူမှ
 မသိတော့။ သားအမိနှစ်ယောက်တည်း နေထိုင်
သဖြင့် တန်ဘိုးရှိရတနာများကို ကိုယ်နှင့်မကွာ
ထားပါက သူခိုးဓားမြရန်ကို စိုးရိမ်ရသည်။

သို့ကြောင့် လုံခြုံတဲ့နေရာကို သိုဝှက်ထားခြင်း
ဖြစ်ပေမည်၊ ငွေကြေးက နေ့စဥ်လည်ပတ်နေ
သဖြင့် အလွယ်တကူ ရှာတွေ့ခြင်းဖြစ်သည်။
သူနှင့် ငွေကြေးအယူအသွင်းရှိသူများ ဒေါ်ငွေ
တင် သေဆုံးသွားသဖြင့် ဝမ်းမသာနိုင်ကြ။

အနည်းအကျဥ်းယူထားသူများကတော့
အိပ်နိုင်စားနိုင်သေးသည်။ များများယူထား
သူများ ကောင်းကောင်း မအိပ်ဝံ့တော့၊ မသေ
ခင် ကတည်းက ငွေမျက်နှာသာကြည့်သူ၊
သေသွားလျင် ဝိညာဥ်သရဲအဖြစ်နှင့် ခြောက်
လှန့်တောင်းယူမှာ စိုးရိမ်နေကြသည်။

အလောင်းမြေကျပြီး ညမှာပင် အိမ်ပေါ်မှာ
ဒေါ်ငွေတင်စပြီး သောင်းကျန်းတော့သည်။
တစ်အိမ်လုံး အပုပ်နံ့တွေ လှိုင်နေသည်။ စား
သောက်စရာ ပန်းကန်များထဲမှာ လောက်တွေ
တွေ့နေရသည်။ နာရေးလာသူများကို ဧည့်ခံ
ရန် ဝယ်ထားသော ပဲကြီးလှော်၊ လက်ဖက်များ
ထဲမှာ လောက်ကောင်များ အဖွေးသား ရှိနေ
သည်။ အပုပ်နံမခံနိုင်သဖြင့် ချွေးမများအား
လုံး ပြန်ကုန်သည်။

ရက်လည်မည့်နေ့ အကြိုညမှာ မိသားစု ပြန်ဆုံသည်။ နောက်နေ့ ရက်လည်တရားနာ ဆွမ်းကပ်
ရန် ဝယ်ခြမ်း ချက်ပြုတ်နေကြသည်။ ဘုန်းကြီး
ငါးပါး ပင့်ထားသည့်အတွက် ဝက်သား၊ ကြက်
သား၊ ငါး၊ ဟင်းကြီး သုံးမျိုးချက်နေသည်။

မကင်းရာ မကင်းကြောင်း လာကြမည့် ရွာသူ
ရွာသားတွေကို ဝက်သားဟင်းနှင့် ဧည့်ခံမည်။
ဘုန်းကြီးမကြွခင်အထိ ထမင်းဟင်းအားလုံး
အကောင်းရှိနေသည်။

ဘုန်းကြီးများ ကြွလာပြီး တရားအရင်နာကြ
သည်။ ရေစက်ချ အမျှဝေသည်။ ပြီးတော့
ဘုန်းတော်ကြီးများကို ဆွမ်းကပ်ရန် ဆွမ်းပွဲ
ပြင်နေစဥ်...

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသူ = ဧကန်မင်း

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)