အခန်းဖော်က သရဲမ အပိုင်း(၁)
ဝါးတစ်ရာစက်မှုဇုံအနီးရှိ ရပ်ကွက်အတွင်းမှာ
မိန်းကလေးအဆောင် တစ်ဆောင်ရှိသည်။
ထိုမိန်းကလေးများအတွက် သီးသန့်ဌားထား
သော အဆောင်က အခန်းဆယ်ခန်းရှိသည်။
ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုံမှာ
အလုပ်,လုပ်နေကြသော မိန်းကလေးအများစု
ငှားရမ်းနေထိုင်ကြသည်။
ထိုမိန်းကလေးများက စက်ရုံတစ်ရုံထဲမှမဟုတ်၊
အထည်ချုပ်စက်ရုံတစ်ကလည်းရှိသည်။စား
သောက်ကုန်လုပ်ငန်း စက်ရုံလည်းရှိသည်။
မြမြနှင့် အေးအေးမာ၊ မိဆောင်းတင်တို့က
အညာဒေသ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က
ရန်ကုန်သို့လာပြီး ရသည့်အလုပ်ဝင်လုပ်နေ
ကြသူများဖြစ်သည်။ အညာဒေသမှာ ယခင်
လို စိုက်ပျိုးလို့ မကောင်းတော့၊
ရာသီတွေလည်း မမှန်တော့။ ဆောင်းကာလ
ရောက်ပေမယ့် မိုးဦးဝင်သည့်အချိန်နောက်
ကျသလို မိုးရေချိန်ကလည်း တစ်နှစ်ထက်
တစ်နှစ်ပိုပြီး နည်းပါးလို့ လာသည်။
ကဆုန်လမှာ စိုက်ပျိုးကြသည့် စပါးပင်တို့
ကိုလည်း မစိုက်ပျိုးနိုင်တော့။
မြေပဲစိုက်သူကလည်း နည်းသွားပြီး အချို့
နှစ်တွေ၊ ဝါဆိုလပြည့်ကျော်သည့်တိုင်
မိုးကို မမြင်ကြရတော့။ စိုက်ပျိုးရေးကို
အဓိကထားပြီး မလုပ်နိုင်ကြတော့၊ ရွာထဲမှာ
ယခင်က နွားတစ်ရှဉ်း လှည်းတစ်စီး၊ အိမ်
တိုင်းလိုလိုရှိကြသည်။
ယခု နွားရောလှည်းပါမရှိသလောက် ရှားသွားပြီ
ဖြစ်သည်။ ရွာတစ်ရွာမှာ ယခင်က ရွာတစ်ဝက်
နီးပါး တောင်သူများရှိခဲ့ပြီး ယခုတစ်ရွာကို
ဆယ်ဦးခန့်ပင် အနိုင်နိုင်လုပ်ကိုင်နိုင်ကြတော့
သည်။
တစ်နှစ်ပြီးတစ်နှစ် မိုးခေါင်လာသည်။
သစ်တောတွေပြုန်း၊ ရေတွေကခန်းကုန်သည်။
ထို့ကြောင့် ယောင်္ကျားသား အတော်များ
ထိုင်းနှင့် မလေးရှားနိုင်ငံရပ်ခြားသို့
ရွေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းရွေ့
လုပ်ကိုင်ကုန်တော့သည်။
ရွာပတ်ပတ်လည်ရှိ၊ ထန်းပင်ထန်းတောတွေ
မှာလည်း ထန်းတက်မည့် ထန်းသမားမရှိတော့
သလောက် ဖြစ်သွားပြီ၊ အချို့က နိုင်ငံရပ်ခြား
မသွားပဲ အောက်ပြည်အောက်ရွာသို့သွားကာ
စက်မှုဇုံတွေမှာ ဝင်လုပ်ကြသည်။
လက်ဖက်ရည်ဆိုင်များမှာ ဝင်လုပ်ကြသည်။
သို့ကြောင့် အညာသူ မြမြ၊ အေးအေးမာ၊
မိဆောင်းတင်တို့ တစ်မြို့တစ်ရွာတည်းသား
တစ်စု၊ ရေကြည်ရာမြက်နုရာရှာရင်း အောက်
ပြည်အောက်သို့ ရောက်လာခဲ့ရတော့သည်။
မြမြက အလုပ်ရုံအဆောင်မှာ အခန်းရသဖြင့်
အလုပ်ကို အချိန်နီးမှဝင်၍ရသည်။ အေးအေးမာ
နှင့် မိဆောင်းတင်တို့က အလုပ်ရုံနှင့် လမ်းလျှောက်
လျှင် မိနစ်နှစ်ဆယ်ခန့်ဝေးသည့် အဆောင်မှာ
ငှားရမ်းနေထိုင်ရသည်။
မနက်စောစောထပြီး ထမင်းအိုးတည်ရသည်။
သူတို့သည် အဆောင်ကို ပြောင်းလာသည်မှာ
တစ်ပတ်သာရှိသေးသည် ။ ရန်ကုန်ရောက်
သည်က တစ်နှစ်ကျော်ပြီ၊ အရင်က ရပ်ကွက်
အတွင်းကျကျ အဆောင်မှာ ငှားရမ်းနေထိုင်
ခဲ့သည်။ အားလုံးအခြေအနေကောင်းသော်
လည်း အလုပ်နှင့် အတော်ဝေးသလို နာရီ
ဝက်ကျော်ကျော်ခန့်လျှောက်မှရောက်သည်။
ယခုနေရာက အလုပ်ကို ဆယ့်ငါးမိနစ်မှ
အလွန်ဆုံး မိနစ်နှစ်ဆယ်ဝန်းကျင်သာ
လျှောက်ရသည်။ သည့်ထက်နီးသည့်
အဆောင်က မရှိတော့။
ညဘက်စားသောက်ပြီး၍ အိပ်ချိန်နားနီးမှ
တစ်ဖက်အခန့်က မိန်းကလေးပြန်လာသည်ကို
အေးအေးမာသိသည်။ ညရှစ်နာရီခွဲကိုးနာရီဆို
တံခါးဖွင့်သံ လမ်းလျှောက်သံကြားရသည်။
စကားပြောသံတော့ မကြားရ၊ သည်အချိန်ဆို
မည်သူမှ အသွားအလာမလုပ်ကြတော့သည့်
အတွက် အဆောင်တစ်ခုလုံး တိတ်ဆိတ်
ငြိမ်သက်လို့နေသည်။ အလုပ်ကအပြန်
ရပ်ကွက်ညစျေးလေးမှာ ဟင်းချက်စရာ
ဝင်ဝယ်ကြသည်။
ညဘက်စားသောက်ရန်နှင့် မနက်အလုပ်ကို
ထမင်းချိုင့်ထည့်သွားရန် ရည်ရွယ်ပြီးဝယ်ကြသည်။
ညကတည်းက မနက်ဟင်းယူသွားနိုင်ရန်
ဆီပြန်ဟင်းတစ်မျိုးမျိုး ချက်ထားရသည်။
ကြက်ဥကြော်ဆိုလျှင်တော့ မနက်မှချက်၍
ရသည်။ မြမြတို့အေးအေးတို့သည် အဆောင်
ရောက်သည်နှင့် ထမင်းအိုးတစ်လုံး ပေါင်းအိုး
နှင့် တည်ထားကာ၊ ရေချိုးရန်ထွက်လာခဲ့
ကြသည်။
ရေချိုးအဝတ်လျော်ပြီး အခန်းပြန်ရောက်တော့
ထမင်းအိုးက ကျက်နေပြီဖြစ်သည်။ ထို့နောက်
ဟင်းအိုးပြင်ကာ ချက်ပြုတ်ရသည်။ လောလော
လတ်လတ် စားလို့ရမည့်ဟင်းကို အရင်ချက်ပြီး
စားရင်း မနက်ထမင်းဗူးထည့်ရန် ဟင်းကိုမီးဖို
ပေါ်မှာ တင်ထားရသည်။
ဝက်သား၊ ကြက်သား၊ အမဲသားတို့ဆိုလျှင်
ထမင်းစား၍ ပြီးသည့်တိုင် အသားမနူးသေး။
သို့ကြောင့် ဟင်းကိုနူးရန် အချိန်ပေးရသည်။
အားလုံးပြီးစီးတော့ ညရှစ်နာရီကျော်ပြီ။
အေးအေးမာလည်း အားလုံးစားသောက်
ချက်ပြုတ်ပြီးသည်နှင့် အိပ်ယာထဲဝင်ကာ
ဖုန်းတစ်လုံးနှင့် နာရီဝက်ခန့် အချိန်ဖြုန်း
နေလိုက်သည်။ ဖေ့ဘုတ်သုံးနေရင်း အိပ်
ချင်လာမှလိုင်းများပိတ်ပြီး ခေါင်းအုံးဘေး
ချကာ အိပ်လိုက်သည်။
သည်နေ့ပိုက်ဆံက နည်းလာသည့်အတွက်
ညစာချက်ရန် မုန့်ညင်းတစ်စီးနှင့် မနက်
ထမင်းချိုင့်ထည့်ရန် ကြက်ဥငါးလုံး ဝယ်
လာခဲ့သည်။ ထမင်းကျက်သည့်နှင့် မုန့်
ညင်းကိုလှီးဖြတ်ကာ ကြော်လိုက်သည်
ကျက်ကာနီးတော့ ကြက်ဥတစ်လုံးဖောက်
ထည့်ပြီး မွှေလိုက်သည်။
ထမင်းပူပူ မုန့်ညင်းကြက်ဥကြော်နှင့် ထမင်း
တစ်ဗူးချက် နည်းနည်းသာကျန်တော့သည်။
ချက်ရေးပြုတ်ရေး အချိန်လျော့သွားသဖြင့်
ရှစ်နာရီအားလုံးပြီးစီးပြီဖြစ်သည်။
ရှစ်နာရီခွဲခန့်ရှိတော့ သူ့ဘေးဘက် အစွန်ဆုံး
တံခါးဖွင့်သံကြားလိုက်သည်။ ဆယ့်ငါးမိနစ်ခန့်
ရှိမှ အေးအေးမာ အခန်းထဲက အပြင်ထွက်ပြီး
တစ်ဖက်အခန်းရှေ့သွားပြီး အခန်းတံခါးကို
ခေါက်လိုက်သည်။
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသူ = ဧကန်မင်း

Comments
Post a Comment