မဖဲဝါအား စိမ်ခေါ်မိကြသူများ အပိုင်း(၁)
_________
ရွေမော်မြိုင် ရွာလေးသည် ကျေးလက်တောရွာပေမို့ ည(၁၀)နာရီကျော်နောက်ပိုင်း လူသံသူသံတိတ်ဆိတ်လျက် ကိုယ်စီကိုယ်ငှ လယ်ယာ ကိုင်းကျွန်း အလုပ်များအတွက် မနက်အစောကြီးထရန်ညဘက်စောစော အိပ်ယာ၀င်ကုန်ကြပြီဖြစ်သည်။
သို့သော် ရွာအလယ် ပိုင်းလောက်တွင် ရှိသော ကျယ်၀န်းသော ခြံဝိုင်း အတွင်းမှ နှစ်ထပ်ကျောင်းဆောင်တွင် အတွင်းမှ စာသင်ခန်းနှစ်ခုတွင် မီးရောင်များထိန်လင်းစွာရှိနေလျက် ရှိနေပါသည်။
ရွာကျောင်းမှ အောင်ချက်ကောင်းစေရန်အတွက် ဆရာ ဆရာမများ ဦးစီးလျက် ညကျောင်း စာဖတ်ဝိုင်း စီစဉ် ထားသောကြောင့်ကျောင်းသား ကျောင်းသူများ စာဖတ်သံများဖြင့်မြိုင်ဆိုင်နေလျက်ရှိသည်။
တမြန်နှစ်က အိမ်ခြေ (၃၀၀) ဆယ်တန်းကျောင်းသားကျောင်းသူ အယောက် ၈၀ နီးပါးခန့် ရှိသော သူတို့ရွာက ကျောင်းသားခြောက်ယောက်ခန့်လောက်သာ စားမေးပွဲ သောကြောင့် ယခုနှစ်အောင်ချက်ကောင်းစေရေးအတွက် အထူးစီမံချက် အနေဖြင့် ကျောင်းအုပ်ကြီး ဦးထွန်းမြင့်မှ ဦးစီး၍ စာမေးပွဲဖြေရန်တစ်လခန့်အလိုတွင် ညကျောင်းဖွင့်ခြင်းပင်ဖြစ်သည်။
ရွေမော်မြိုင်တွင်.....
အထက်တန်းကျောင်းရှိသော်လည်း စာစစ်ငှါန ပါမစ်မကျသောကြောင့် ဆယ်တန်းစာမေးပွဲကို သူတို့ရွာလေးနဲ့ မိုင် [၃၀]ခန့်အကွာမြို့လေးတွင် စာမေးပွဲသွားစစ်ရသည်။
ယခင်နှစ်ထက်ကျောင်းသားများအား ကျောင်းမှ ဆရာဆရာမများကိုယ်တိုင် ကြပ်မတ် သင်ကြားပေးနေခြင်းပင်ဖြစ်သည်။
ညကျောင်းအတွက် အထူးတလည် စီမံနေရာချစရာမလိုပဲ ဆယ်တန်း ကျောင်းသားများက သူတို့အခန့်အပြင် လွတ်နေသော ကိုးတန်းခန်းကိုပါယူလျက် အဖွဲ့ နှစ်ဖွဲ့ ဖြစ်၍ တစ်ခန်းစီကွဲသွားသည်။
မိန်းခလေးများကားသိပ်မများတာကြောင့် ရှစ်တန်းအခန်းမှာပဲစုနေကြသည်။
ကျောင်းဖွဲ့စည်းပုံကား ရှေးဟောင်းလက်ရာများဖြင့် တည်ဆောက်ထားသော သစ်သားကျောင်းတစ်ဆောင်ပင်ဖြစ်သည်။
အောက်ထပ်တွင် ၃.၄.၅.၆.ရှိပြီးအပေါ်ထပ်တွင် ၇.၈.၉.၁၀.ရှိသည်။
မူလတန်းကျောင်းလေးကာ ကျောင်းကြီးနဲ့ ခပ်လှမ်းလှမ်းအကွာလောက်တွင် ရှိနေသည်။
ည.၇နာရီ ကျောင်းသို့ ရောက်အောင်လာ ၈ နာရီ စာစကျက် ၁၂.နာရီအိပ် မနက်လေးနာရီထဖြင့်စာကျက်ချိန်သတ်မှတ်ထားသည်အိပ်သည့်နေရာကား စာသင်ခုံများဘေးဖယ်လျက် အခန်းအလယ်တွင်ပင်စုအိပ်ကြခြင်းပင်ဖြစ်သည်။
မီးအတွက်မူကား ကျောင်းရှိတရုပ်နီမီးစက်ကြီးအားကျောင်းသားများဆီဖိုးစုပေါင်းကာ.... မီးစက်အား တာ၀န်ယူထားသူမှာ ကျောင်း ဒရ၀မ် ငှေးအောင်ပင်ဖြစ်သည်။
ဒီလိုနဲ့ ညကျောင်းတက်ပြီး နှစ်ပတ်ခန့် အကြာမှာ ဒီဇတ်လမ်း စတင်လာခြင်းဖြစ်သည်။
ကျောင်းအုပ်ကြီးမြို့နယ်အစီးအဝေးရှိ၍ ကျောင်းတွင်မရှိခိုက် အခန့်စောင့် ဆရာကလည်း မလာသောကြောင့် တဖက်ခန်းမှ ဆရာနှစ်ယောက်ထဲမှတစ်ယောက်အခန်းစောင့်ရောက်လာခဲ့သည်။
ထိုဆရာကား စာသင်ကောင်းသော်လည်း ညနေတိုင်း ဆေးဖြစ်ဝါးဖြင့် မှီဝဲတတ်သောအခါ ည ၁၀ နာရီခန့်မှာပဲ အရှိန်တက်ကာအိပ်ပျော်သွားပါတော့သည်။
ဆရာအိပ်ပျော်သွားသော မြင်ကွင်းအားကြည့်ကာ သဘောအကျကြီး ကျနေသော သူသုံးယောက်က ရှိနေပါသည်။
ထိုသုံးယောက်ကား ကျောင်းသားဆိုးစရင်း၀င်သုံးယောက်ပင်ဖြစ်သည်။
သူတို့သုံးယောက်နာမည်ကား.....
မင်းကို...
မောင်ထူး
ကျော်၀င်း
သကောင့်သားသုံးကောင်ကား နဂိုကတည်းကပင်အကြံအစည်ရှိထားကြသူများပင်ဖြစ်သည်။
ဟိုနေရာ စပ်စပ် ဒီနေရာ စပ်စပ် ပါတတ်သော မောင်ထူးကား လူကြီးများ ခုံဖြင့် သရဲခေါ်သောအကြောင်းကို ပြောပြထားသည်မှာကြာပြီ ဟိုနှစ်ကောင်ကလည်း သူပြောသမျ စတ်၀င်တစားမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာ နားထောင်နေကြသဖြင့် သူလည်း ရွာထဲမှာ ကာလသားများဖြင့် ခုန်သရဲတခါခေါ်လိုက်ဖူးခြင်းကို အစမှအဆုံး အဆုံးမှအစဖန်တရာတေအောင် ဒီနှစ်ကောင်အား ပြောပြဖူးသဖြင့် ဟိုနှစ်ကောင်က သူ့အားဆရာတင်ကာ သူတို့လည်း ခုန်သရဲ ခေါ်ဖူးခြင်ကြောင်း ပြောနေကြသဖြင့် သာကဆရာကြီးလုပ်ကာ ယနေ့်ညကိုရွေးထားခြင်းဖြစ်သလို အခန်းစောင့့်ဆရာကပါ အစောကြီးအိပ်ပျော်သွားခြင်းကြောင့်ဘယ်သူမှမရိပ်မိအောင် ခနအသာနေကြရင်း တစ်ယောက်ဆီအပေါ့သွားသလို ဘာလိုလုပ်ရင်းအားလုံး အားလုံးကျောင်းအောက်တစ်နေရာတွင်စုလိုက်ရင်း ရွာလယ်လမ်းမှတနေရာမှ ဒေါဘုမ အကြော်ရောင်းသော ခုံနဲ့ အကြော်ကြော်သော မီးဖို မှ အုပ်နီခဲနှစ်ခဲအားယူလိုက်ကြရင်း လသာသာဖြင့်သုံးယောက်သား ခုံကိုနှစ်ယောက်မ အုပ်နီခဲတစ်ယောက်ကိုင်ရင်း သုံးယောက်သားလသာသာဖြင့် ရွာပြင်သချိုင်းဆီသို့ ချီတက်ခဲ့ကြတော့သည်။
တကယ်ကခုံသရဲခေါ်သည်ဆိုရာတွင်
ခြေလေးချောင်းပါ ခုံတလုံးအား အုပ်နီခဲခု၍ ခုံခြေထောက်နှစ်ဖက်အား ဒီအတိုင်းထားကာ ခုံသရဲ၀င်လာပါက ဘယ်နှစ်နှစ်နေရင်အိမ်ထောင်ကျမယ် စာမေးပွဲအောင်မယ် မအောင်ဘူး အောင်မယ်ဆို ခုံခြေထောက်မြေကြီးနဲ့ဘယ်နှစ်ချက်ခေါက်ပြ မအောင်ဘူးဆိုရင် မခေါက်ပြနဲ့ စသောကစားနည်းဖြစ်သည်။
သကောင့်သားသုံးယောက်သည် ရွာပြင်လယ်ကွင်းကြီးအားဖြတ်လာကြရင်း တောစပ်ဘေးရှိသင်ချိုင်းကုန်း အစပ်မြေညီညီ ညာညာရှိသောနေရာအားရွေးရင်း ခုံအားချလိုက်ကြာက အုပ်ခဲများခုလိုက်ကြရင်း..မောင်ထူးက သူ့ငှက်ပျောဖက်ဖြင့်ထုတ်လာသော အထုပ်တစ်ခုအားခုံပေါ်တင်ကာဖွင့်လိုက်သည်။
အမဲသားများပင် ညနေကတည်းက အိမ်မှခိုးထည့်လာခြင်းပင်ဖြစ်သည်။
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသူ = ရာဝန

Comments
Post a Comment