တစ္ဆေ့မယား အပိုင်း(၂)
"အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အံ့သြစရာကိစ္စလေးတွေ
ပြောချင်ဆိုချင်လို့ ကိုကြီးတာတေဆီကို ကျုပ်လာတာဗျ"
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း ကျောက်ခဲနဲ့
စကားပြောနေတာပေါ့ဗျာ။
"ဟေ …ဘာတွေများ အံ့သြစရာရှိလို့တုံးကွ ကျောက်ခဲရ"
"ကိုကြီး တာတေ သတိမထားမိလို့ဗျ ။ ကျုပ်အစ်မ ခင်စိန်ရီက
ကိုကြီးသ်ိန်းမောင်နဲ့ အိမ်ထောင်ကျတော့ ဘထွေးထွန်းကြည်ရဲ့
ဝိုင်းထဲမှာပဲ အိမ်သေးသေးတစ်လုံး ဆောက်ပြီး
အ်ိမ်ခွဲနေတာလေဗျာ"
"အေးလေ ငါသိသားပဲ ကျောက်ခဲရ"
"ဒါပေမဲ့ ကိုကြီးသိန်းမောင် ဆုံးတော့ အစ်မခင်စိန်ရီက
သူ့အဖေရဲ့ အိမ်ကြီးပေါ်မှာ ပြန်မနေဘဲ ဒီနေ့အထိ
သူတို့အိမ်လေးမှာပဲ နေတာဗျ"
"ဟေ ဟုတ်လား။ အဲဒါတော့ ငါမသိဘူးကွ"
"အဲဒါတော့ ပြောချင်လို့ ကျုပ်လာခဲ့တာလေဗျာ။
အစ်မခင်စိန်ရီရဲ့ညီမ ခင်စိန်ကြည်က ကျုပ်ထက်
နှစ်နှစ်ပဲကြီးတာဗျ။ ကစားဖော် မောင်နှမတွေလေဗျာ။
ခင်စိန်ကြည် ကျုပ်ကို ပြောပြတယ်။ ဘထွေးထွန်းကြည်
မနက်စောစော ယာထဲဆင်းပြီး ယာထွန်တဲ့အခါ ဘထွေးက
တအားအိပ်ချင်ပြီး ထနောင်းပင်အောက်မှာ ထိုင်ရက်
အိပ်ပျော်ပျော်သွားတာတဲ့ဗျာ။ဘထွေးနိုးလို့ ကြည့်လိုက်ရင်
ယာက ထွန်ပြီးသား ဖြစ်နေရောတဲ့ဗျာ"
"ဟေ …ဟုတ်လား"
"ထွန်တာမှ အပေါ်ယံ မဟုတ်ဘူးတဲ့ဗျ ညက်နေတာဆိုပဲ။
တောထဲမှာ ထင်းသွားခုတ်ရင်လည်း ဘထွေးက
သိပ်မခုတ်ရသေးဘူးတဲ့ ။ လှည်းက မောက်နေပြီတဲ့ဗျာ"
"ဟာ …ဒါ ဘယ်လိုဖြစ်တာတုံးကွ"
"ဘထွေးထွန်းကြည်တို့ အစ်မခင်စိန်ရီတို့ မိသားစုတောင်းတွေ
ဘာတွေ ယက်လက်စကို ဒီအတိုင်းထားလိုက်ရင် နောက်နေ့မနက်
အကုန်လုံးယက်ပြီးသား ဖြစ်နေတာတဲ့ဗျာ။ ဒီတော့ ဘထွေးက
စမ်းကြည့်ချင်တာနဲ့ ယာထွန်တဲ့အခါ ဘထွေးက တစ်စပ်
နှစ်စပ်လောက် ထွန်ပြီးရင် ထနောင်းကုန်းပင်အောက်မှာ
အိပ်ချင်ယောင်ဆောင်နေတာတဲ့ဗျ။
ဟာ ပြောကောင်းမတုံးဗျာ။ ထွန်တော့တာပဲတဲ့ဗျို့"
"ဟေ …ဘယ်သူ လာထွန်တာတုံး"
"ဘယ်သူမှတော့ မတွေ့ရဘူးတဲ့ဗျ။ တစ်ခါ တစ်ခါတော့
နွားငေါက်သံတိုးတိုးလေး တစ်ချက် တစ်ချက်ကြားရတယ်ဆိုပဲ။
နွားတွေနဲ့ ထွန်တုံးက သူ့ဟာသူ သွားနေတာတဲ့ဗျ"
"နေပါဦးကွ။ နွားတွေကရော လန့်တာ ပြုတာ ရှိသတဲ့လား"
"ဟာ မရှိဘူးတဲ့ဗျ။ နွားတွေကလည်း ပုံမှန်ပဲတဲ့ဗျ။
ဘာမှ ထူးထူးခြားခြား မရှိဘူးတဲ့။ နောက်တော့
ဘထွေးက လူတွေ မနိုးခင် ဝေလီဝေလင်း သွားသွား
ထွန်တော့တာဆိုပဲ။ ယာတွေ အကုန်လုံး ဘထွေး
လုံးဝမထွန်ဘဲ ညက်သွားတာတဲ့ဗျို့"
"ဟာ …ထူးတော့ ထူးတာပဲကွ ကျောက်ခဲရ"
"နှမ်းနှုတ်ချိန်ကျတော့လည်း နှမ်းထောင်စောင့်ဖို့
မလိုဘူးတဲ့ဗျ ။ လူမပြောနဲ့ ခွေးတောင် မလာဘူးဆိုပဲ
နှမ်းပုတ်ချိန်ကျပြီ ဆိုရင် ညတည်းက နှမ်းတွေ
ပုတ်ထားတာ။မနက်ဆိုရင် အပုံလိုက် အိပ်သွတ်ရုံပဲတဲ့ဗျာ"
"ဟာ ဒီအကြောင်းတွေကို ရွာထဲကလူတွေ
မသိကြဘူးလားကွ"
"ဘထွေးတို့က အုပ်ထားရတာပေါ့ဗျာ ကျုပ်တောင်
စိန်ကြည်မပြောလို့ သိရတာ။ ကျုပ်လည်း ဒီအကြောင်းတွေ
ဘယ်သူ့မှ မပြောဘူး ဒါတွေ ဖြစ်နေတာ
တစ်နှစ်ကျော်လောက် ရှိပြီပဲဗျာ"
"မင်းက အဲဒါတွေ ဘယ်လိုဖြစ်တယ်လို့ ထင်လို့တုံး"
"ဟာဗျာ ကိုကြီးတာတေကလည်း ဘာကို
ထင်စရာရှိသေးလို့တုံးဗျာ။ အဲဒါ ကျုပ်ယောက်ဖကြီး
ကိုကြီးသိန်းမောင်တစ္ဆေလုပ်ပေးနေတာပဲပေါ့ဗျာ"
"အစ်မခင်စိန်ရီကရော သူ့ယောင်္ကျားလုပ်နေတာမှန်း သိရဲ့လား"
"ဟာဗျာ ကိုကြီးတာတေကလေ တစ်ခါ တစ်ခါ
တော်တော်ကို ချော်တာဗျ။ အစ်မခင်စိန်ရီက
သူ့ယောင်္ကျား မရှိပေမဲ့ အခုထက်ထိ သူတို့အိမ်ကလေးမှာပဲ
ဆက်နေတယ်ဆိုတာ ထည့်မှ မတွေးတော့ဘဲကိုး"
"ဟာ ဟုတ်သားပဲ ကျောက်ခဲရ ။ ငါ အဲဒါတွေ
ထည့်မတွေးမိဘူးကွာ "
ကျုပ်ကလည်း ကျောက်ခဲ ပြောမယ်ဆိုလည်း ပြောစရာပေါ့ဗျာ။
တွေးရမယ့်အချက်ကို ကျုပ်က မေ့လို့ မေ့နေတာဗျ။
"ကျုပ်ကို စိန်ကြည်မ ပြောတာဗျ။ သူ့အစ်မ အစ်မခင်စိန်ရီက
တစ်ခါ တစ်ခါကျရင် သူ့အိမ်ထဲမှာ တစ်ယောက်တည်း
စကားတွေ ပြောနေတာ သူ့တွေ့တယ်တဲ့ဗျ"
"ဟေ ဒါဆိုရင်တော့ တော်တော်ကို ထူးဆန်းတဲ့ကိစ္စပဲကွ
ကျောက်ခဲရ"
"အဲဒါကြောင့် ကိုကြီးတာတေကို ကျုပ်က ဒီအကြောင်း
တိုးတိုးတိတ်တိတ် လာပြောတာပေါ့ဗျာ။ ရွာထဲကလူတွေ
သိလို့လည်း မဖြစ်ဘူးဗျ"
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း
တွေးနေမိတာပေါ့ဗျာ။
"ကိုကြီးတာတေ တစ္ဆေဆိုတာ ဒီလိုမျိုး ယာတွေထွန်
နှမ်းတွေနှုတ် ။ နှမ်းတွေပုတ် ။တောင်းတွေယက်
လုပ်နိုင်လို့လားဗျ"
ကျောက်ခဲမေးတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း
ဒါမျိုးတော့ တစ်ခါမှ ကြုံလည်း မကြုံဖူးဘူး
ကြားလည်း မကြားဖူးဘူးဗျ။
"ငါတော့ ဒါမျိုး တစ်ခါမှတောင် မကြားဖူးဘူးကွ
ကျောက်ခဲရ"
အဲဒီနေ့က ညနေစောင်းမှ ကျောက်ခဲ ပြန်သွားတယ်
ကျောက်ခဲက ကျုပ်ဆီကို ဒီလိုပဲ လာနေကြဆိုတော့
အဘနဲ့ အမေကလည်း ဘာမှမမေးကြဘူးဗျ။
ကျုပ်ကလည်း ဘာမှ စကားမစဘူး ။ဒီကိစ္စက
ဘယ်သူမှ မသိတာ အကောင်းဆုံးပါပဲဗျာ
နောက်နေ့မနက်ကျတော့ နှင်းကြွင်းနှင်းကျန်လေးတွေ
ကျတယ်ထင်ပါရဲ့ဗျာ ။ ခေါင်မိုးပေါ်မှာ တပေါက်ပေါက်နဲ့
နှင်းကျသံလေးတွေ တစ်ချက် တစ်ချက် ကြားနေရတယ်။
ကျုပ်လည်း အိပ်ရာထ ဘုရားရှိခိုးပြီး ရေနွေးကြမ်း
ထိုင်သောက်နေတယ် ။ အဘနဲ့ အမေကတော့
ဘုရားရှိခိုးပြီး ထမင်းကြမ်းစားဖို့ လုပ်နေကြတယ်
"ကိုကြီးတာတေ "

အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသူ = တာတေ

Comments
Post a Comment