လူသေရင် တစ္ဆေဖြစ်သတဲ့လား အပိုင်း(၂)
နွေရာသီဆိုတော့ နေ့လယ်နေ့ခင်း ဘယ်မှ
မသွားတော့ဘူးပေါ့ဗျာ။ ဝိုင်းထဲက မန်ကျည်းပင်ကြီး
အောက်မှာပဲ ကျုပ်အိပ်နေတာ။ ကျုပ်နားထဲမှာ
ခေါ်သံကြားတော့ ကျုပ် လန့်နိုးသွားတယ်
ခေါင်းထောင်ပြီး ဝိုင်းဝကို လှမ်းကြည့်လိုက်တော့
ကိုမောင်ပုကြီးဗျ။ ကိုမောင်ပုဆိုတာ ဘွားမယ်စိုးရဲ့
မြေးဗျ။ အသက်သုံးဆယ်လောက်ရှိပြီ။
လူက ဂင်တိုတို ပုပြတ်ပြတ်နဲ့ဗျ။
ဘွားမယ်စိုးရဲ့ ယာတွေကို ဦးစီးလုပ်ကိုင်နေတဲ့
လူတွေထဲက တစ်ယောက်ပေါ့ဗျာ။ ကျုပ်တို့ရွာမှာတော့
ဘွားမယ်စိုးရဲ့ အိမ်က လူချမ်းသာအိမ်ပေါ့ဗျာ။
ဝိုင်းဝမှာ ရပ်နေတဲ့ ကိုမောင်ပုကို ကြည့်ပြီး
ကျုပ်တွေးနေတာဗျ။ ဟိုနေ့ကမှ ရက်လည်ရုံရှိသေးတာ၊
ဘာကိစ္စများ ရှိလို့ပါလိမ့်လို့ တွေးရင်းနဲ့ …
"ဟာ…ကိုကြီးမောင်ပု လာလေဗျာ၊ ကျုပ် ဒီမှာ "
လို့ ပြောလိုက်တော့မှ ကိုမောင်ပုကြီးက ဝိုင်းထဲကို
ဝင်လာတာဗျ။
"လာ ထိုင် ကိုကြီးမောင်ပု "
ကျုပ်က ကျုပ်အိပ်နေတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ
ထထိုင်ပြီး ကိုမောင်ပု ထိုင်ဖို့ နေရာလုပ်ပေးလိုက်တယ်။
ပြီးတော့ ကိုမောင်ပုကို နဂါးဆေးပေါ့လိပ်တစ်လိပ်
မီးညှိပြီး တည်လိုက်တယ်။ ကိုမောင်ပုက ဝါးဖတ်
ခမောက်ကလေးနဲ့ ယပ်ခတ်နေရင်းကနေ
ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးကို
ယူပြီး ဖွာလိုက်တယ်
"ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ"
"ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ
လာတာကြ "
"ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု"
"ရှိတယ်ကွ တာတေရ "
ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့
စကားကို စဉ်းစားနေတာဗျ။
"ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ
ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ"
"ဟုတ်ကဲ့ "
"အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ "
"ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ကိုကြီးမောင်ပုရဲ့၊
ဘွားမယ်စိုးက သူတော်ကောင်းမကြီးပဲဟာ၊
တစ္ဆေတွေ ဘာတွေ မဖြစ်နိုင်ပါဘူးဗျ"
"ခုဟာက တစ္ဆေမဟုတ်ဘူးကွ တာတေရ"
"ဟင်၊ ဒါဖြင့် ဘာတုံးဗျ၊ ဘာများဖြစ်လို့တုံး "
"တို့အိမ်ကို ငှက်ကလေးတစ်ကောင် ရောက်လာလို့ကွ"
"ဟာ…ကိုကြီးမောင်ပုကလည်း ငှက်လာနားတာပဲ
ဆန်းတာမှတ်လို့ဗျာ၊ ဒီလိုပဲ ငှက်ကလေးတွေက
အိမ်တွေ ဘာတွေထဲကို ဝင်လာတတ်တာပဲလေဗျာ"
"ဟာ …အခုဟာက ဒီလိုမဟုတ္ဘူးကြ "
"ဟင်…ဒါဆိုလည်း ပြောပါဦးဗျာ "
"ငှက်ကလေးက ချိုးငှက်လောက် ရှိတယ်ကွ။
အရောင်က ရွှေရောင်တောက်တောက်နဲ့ အစိမ်းရောင်
တောက်တောက် စပ်ထားတာကွ၊ နှုတ်သီးက နီရဲနေတာ၊
ဘွားတော်ကြီးအခန်းထဲမှာ ကော်ဇောတွေသိမ်းဖို့
တံခါးဖွင့်လို့ ငှက်ကလေးကို သွားတွေ့တာကွ၊
တံခါးတွေ ပိတ်ထားရက်သားနဲ့ ဒီငှက်ကလေးက
အထဲကို ဘယ်လိုရောက်နေတာတုံး တာတေ
မင်း စဉ်းစားကြည့်လေကွာ၊ ပြီးတော့ ငါတို့က
ငှက်ကလေး ဝင်နေတာကို မသိဘဲ တစ်ယောက်
ယောက်က တံခါးတွေ ပိတ်ထားလို့ အထဲမှာ
ပိတ်မိနေတယ်ထင်ပြီး တံခါးတွေ ပြတင်းပေါက်တွေ
ဖွင့်ထားပေမယ့် ငှက်ကလေးက မပျံဘူးကွ၊
ဘွားတော်ကြီးအခန်းထဲမှာပဲ နေတယ်။
ညဘက်ရောက်တော့ ငါချောင်းကြည့်တယ်ကွ၊
ဘွားတော်ကြီး အိပ်တဲ့ကုတင်ပေါ်မှာ နားနေတယ်၊
အိပ်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့ကွာ "
"အဲဒီငှက်ကလေး ရောက်နေတာ ဘယ်နှရက်ရှိပြီတုန်းဗျ"
"ရက်လည်ပြီး နောက်နေ့မှ ရောက်လာတာကွ "
"ကိုကြီးမောင်ပုတို့က ဘယ်လိုထင်လို့တုန်းဗျ"
"ငါတို့ ဘွားတော်ကြီးများ ငှက်ဖြစ်နေတာလားလို့ပေါ့ကွာ "
"ဟာ …ဘွားမယ်စိုးကတော့ ငှက်မဖြစ်လောက်ပါဘူးဗျာ၊
ဖြစ်ခြင်းဖြစ်ရင် နတ်ပဲဖြစ်မှာပါ "
"ဒါတော့ မပြောနိုင်ဘူးလေကွာ၊ ဒါပေမဲ့ တစ်ခုရှိတာက
ငှက်ဖြစ်ရင်လည်း ငှက်မကြီးရဲ့ ဗိုက်ထဲဝင်ပြီး ဥရဦးမယ်၊
ပြီးမှ အကောင်ပေါက်ရဦးမယ်မို့လား။ချက်ချင်းတော့
ဒီအရွယ်ရောက်လာဦးမှာ မဟုတ်ဘူးကွ။ ငါတို့လည်း
ဘယ်လိုစဉ်းစားရမှန်းကို မသိတာကွ၊ ဒါနဲ့ မင်းကို
လာပြီးတိုင်ပင်တာကွ တာတေရ "
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကိုဖွာပြီး
တစ်ချက်ရှိုက်လိုက်တယ်။ ပြီးတော့
စဉ်းစားကြည့်တာပေါ့ဗျာ။
"အဲဒီငှက်ကလေးကို ဖမ်းပြီး တစ်နေရာမှာ
သွားလွှတ်လိုက်ဗျာ။ မျက်စိလည်ပြီး မသွားတတ်
မလာတတ် ဖြစ်နေတာလားမှ မသိတာ "
"အေး ဒါတော့ မပြောတတ်ဘူးကွ၊ မင်းပြောသလို
လုပ်ကြည့်လိုက်မှာပဲ ထင်တယ် "
ကိုမောင်ပုကြီးက ကျုပ်နဲ့ စကားပြောရင်
ညနေစောင်းမှ ပြန်သွားတယ်ဗျ။
နောက်နေ့ရောက်တော့ ကိုမောင်ပု ကျုပ်ဆီကို
အစောကြီး ရောက်ချလာတယ်
"တာတေရေ"
"ဟာ ကိုမောင်ပု လာဗျ၊ ငှက်ကလေးကို
လွှတ်ပေးလိုက်ပြီလား "
"မနေ့က ငါ ဒီက ပြန်ရောက်တာနဲ့ ဖမ်းပြီး ရွာပြင်က
ထနောင်းပင်တွေနားမှာ သွားလွှတ်လိုက်တယ်ကွ"
"အဲဒါ ပြီးရောပေါ့ဗျာ "
"ဟာ…မပြီးသေးဘူး တာတေရ "
"ဟင် …ဘယ်လိုဖြစ်လို့တုန်း "
"ညက ငါ့ကို အိပ်မက်ပေးတယ်၊
အိပ်မက်ထဲမှာ ငါ့ဘွားတော်ကြီး ဒေါ်မယ်စိုးက
ငါ့ကို ပြောတယ်ကွ၊ 'မြေး မောင်ပု၊ မြေးလေးက
ဘွားတော်ကို အိမ်မှာ မနေစေချင်လို့
ရွာပြင်ကို ပို့တာလား'တဲ့ကွာ၊ ငါဖြင့်
အိပ်ရာက လန့်နိုးပြီး စိတ်မကောင်းဖြစ်လိုက်တာကွာ၊
ညတွင်းချင်း ထပြီး အဲဒီငှက်ကလေးကို
လိုက်ရှာချင်စိတ်တောင် ပေါက်သွားတယ် "
"ဟာ …ဖြစ်မှဖြစ်ရလေဗျာ "
"ဒါပေမဲ့ ဒီမနက်ကျတော့ ငှက်ကလေးက
ဘွားတော်ကြီး အခန်းမှာ ပြန်ရောက်နေတယ်ကွ"
"ဟာ …ဟုတ်လား ကိုကြီးမောင်ပု၊
တော်သေးတာပေါ့ဗျာ"
"အေးပေါ့ကွာ၊ ဒီလိုသာ မဟုတ်ရင် ငါ့မှာ
ဘယ်လိုရှာရမှန်းတောင် သိမှာမဟုတ်ဘူး
တာတေရ "

အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသူ = တာတေ

Comments
Post a Comment