ရွှေဂူရှင်မ. အပိုင်း(၂)
အသံပြာပြာကြီးနဲ့ အော်ပြောတာဗျ။ လူ
တွေလည်း အုံလို့။ ကျုပ် ချက်ချင်း ထပြီး
ကြည့်လိုက်တယ်။ ရသေ့ကြီးတစ်ပါးဗျ။
ဆံပင်ကြီး ဖားလျားချလို့။ သင်္ကန်းညိုညို
ကြီးကလည်း စုတ်ပြတ်သက်လို့ဗျာ။လက်
ထဲမှာ သစ်ကိုင်းခြောက်တစ်ချောင်း ကိုင်
ထားတယ်
"ဟာ …ရသေ့ အရူးကြီးကွ"
ကလေးနှစ်ယောက်က ကျုပ်ကို တိုးပြီး လူ
အုပ်ထဲကို ဝင်သွားတယ်။ ဝိုင်းအုံကြည့်နေ
တဲ့ လူတွေရဲ့မျက်နှာကို ကျုပ်အကဲခတ်
ကြည့်လိုက်တယ်။ လူ့စိတ်ဆိုတာ မျက်နှာ
မှာ ပေါ်နေတာပဲလေဗျာ။ တချို့ကတော့
ရသေ့အရူးကြီးကို သနားတဲ့စိတ်နဲ့ ကြည့်
နေတာဗျ။ တချို့ကျတော့လည်း မျက်နှာ
က ပြုံးစေ့စေ့နဲ့၊ ရယ်စရာလို့ သဘော
ထားတာပေါ့ဗျာ။
"ဟား ဟား ဟား ရသေ့ကြီး
သိုက်တူးနေတာကွ"
"အေး ဟုတ်မယ်ကွ၊ လက်ထဲက ကိုင်ထား
တဲ့ သစ်ကိုင်းခြောက်ကို ဆေးတောင်ဝှေး
လို့ သဘောထားပုံရသကွ"
"ဟုတ်တယ်လေ ကိုစရဲ့၊ အဲဒီဆေး
တောင်ဝှေးနဲ့ သိုက်ထဲက ဥစ္စာစောင့်
ဘီလူးတွေ၊ သရဲတွေကို ရမ်းပစ်လိုက်၊
ထိုးပစ်လိုက်၊ ရိုက်လိုက် လုပ်နေတာ
လေဗျာ၊ အတော်လေးတော့ ရယ်စ
ရာကောင်းသားဗျ၊ ဟား ဟား ဟား"
ပြောရင်းနဲ့ ဒီလူ ရယ်ရောဗျ။
"ဟေ့ကောင် ဘမှိန်၊ မရယ်နဲ့ကွ၊ မင်း
ဝဋ်လိုက်နေဦးမယ်၊ ဒါ ရယ်စရာမဟုတ်
ဘူးကွ၊ သနားဖို့ကောင်းတာ"
"ဟဲ့ တပည့်၊ မတီးနဲ့၊ မတီးနဲ့၊ အဲဒီမောင်း
ကို မတီးနဲ့၊ ဟာ ဒီကောင် ပြောနေတဲ့ကြား
က မောင်းကို တီးလိုက်ပြီ။ ဟာ ရေတွေ
ရေတွေ ဂူနံရံက ရေလုံးကြီးတွေ ပန်းထွက်
လာပြီဟေ့၊ ကူးဟေ့၊ ကူး၊ ကူး၊ မသေချင်
ရင် လွတ်အောင်ကူးကွ"
ရသေ့အရူးကြီးက ပြောပြောဆိုဆိုနဲ့ ဝမ်း
လျားမှောက်ချလိုက်ပြီး သဲထဲမှာ ရေကူး
သလို ကူးနေရောဗျာ။
"ဟား၊ ဟား၊ ဟား၊ ဟား ဟား"
ကြည့်နေတဲ့ လူအုပ်ကြီးက ရယ်တော့တာ
ပေါ့ဗျာ။ ဒါပေမဲ့ ရသေ့ကြီးက သူ့ကို လူတွေ
အုံကြည့်နေတာကို နည်းနည်းမှ သတိထား
မိပုံမရဘူးဗျ။သဲတောထဲမှာ ရေကူးနေတော့
တာပါပဲဗျာ။ ကျုပ်လည်း ဆက်မကြည့်ရက်
တော့တာနဲ့ လှည့်ထွက်လာခဲ့တယ်။ ဘယ်
ကိုမှလည်း သွားချင်စိတ် မရှိတော့ပါဘူးဗျာ
ဘကြီးအိမ်ကိုပဲ ကျုပ် ပြန်လာခဲ့တယ်။
ကျုပ်စိတ်မကောင်းဘူးဗျာ။ ရသေ့ကြီး ဦး
ဘောဂကို ကျုပ်မတွေ့တာ တစ်နှစ်ကျော်
ပြီဗျ။ ကျုပ်စိတ်ထဲမှာ သတိတောင် သိပ်မ
ရတော့ပါဘူး။ အခုလို ဗြုန်းကနဲ ပြန်တွေ့
လိုက်တော့ ကျုပ်အံ့သြသွားတာပေါ့ဗျာ။
ပြီးတော့ တွေ့ရတဲ့ တွေ့ရနည်းကလည်း
အရူးကြီးအနေနဲ့ တွေ့ရတာဆိုတော့ ကျုပ်
စိတ်ထဲမှာ တော်တော်ကို မကောင်းတာဗျာ
ရသေ့အရူးကြီး ဦးဘောဂကို ဝိုင်းကြည့်ပြီး
တဟားဟားနဲ့ ရယ်နေတဲ့ လူတွေကတော့
ဒီရသေ့အရူးကြီးနဲ့ ကျုပ်နဲ့ ပတ်သက်ခဲ့တာ
ကိုတော့ ဘယ်သိကြမတုံးဗျာ။
ကျုပ်ကတော့ သိတာပေါ့ဗျာ။ ကျုပ်က ဦး
ဘောဂနဲ့ အတူတူပါသွားခဲ့တဲ့ ကောင်လေ
ဗျာ။ ခင်ဗျားကိုတော့ ဒီအကြောင်း ပြောပြ
ရမှာပေါ့ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ ခင်
ဗျားက ကျုပ်ရဲ့ စာဖတ်ပရိတ်ကိုဗျ။ ကျုပ်
သေသေချာချာကို မှတ်မိနေတဲ့ အကြောင်း
ပါဗျာ။ ဒီတစ်သက်တော့ ကျုပ်ဘယ်တော့
မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ပြာသိုလကြီးဗျ
ကျုပ်တို့အညာမှာ လွှတ်အေးနေတဲ့ အချိန်
ပေါ့ဗျာ။ အဘနဲ့ ကျုပ်နဲ့က ဆောင်းမြေပဲ
တွေ နှုတ်ပြီး သိမ်းစည်းပြီးလို့ အားနေကြ
တာ တစ်ပတ်လောက် ရှိပြီဗျ။နေ့ခင်းဘက်
ဆိုရင် ဝိုင်းထဲမှာ ပဲလှမ်းတာလောက်ပဲ အ
လုပ်ရှိတာပေါ့ဗျာ။ ပြာသိုညတွေ ဆိုတာ
ကျုပ်တို့ အညာမှာ ကောင်းကောင်းအိပ်
လို့ ရကြတာမှ မဟုတ်တာဗျာ။
စောင်ခြုံပြီးတော့သား ကွေးနေရတာ။မှေး
ကနဲ ပျော်သွားလိုက်၊ နိုးလာလိုက်၊ ကွေး
လိုက်နဲ့ မိုးကိုလင်းရော ကောင်းကောင်း
အိပ်ပျော်တာ မဟုတ်ဘူးဗျ။ မနက်ကျ
တော့လည်း အလုပ်ရှိတော့ ထကြပြန်ရော
ဗျာ။ ကျုပ်တို့ အညာသားတွေနဲ့ အညာနွား
တွေကတော့ ဒီလိုပါပဲ။
နွားနဲ့ဖက်ပြီး ကြီးလာတဲ့ ကောင်တွေဆိုတာ
ကျုပ်တို့မှ အစစ်ဗျ။ ဒီနွားတွေနဲ့ ကျုပ်တို့နဲ့
အတူတူ ယာထွန်လိုက်ကြ၊ အတူတူ ရေ
စည်တိုက်လိုက်ကြ၊ အတူတူသွားပြီး ထင်း
ခုတ်လိုက်ကြ၊အတူတူသွားပြီး နှမ်းအိတ်၊ပဲ
အိတ် တိုက်လိုက်ကြ။ ဟိုရွာ ဒီရွာကို လှည်း
နဲ့ အတူတူ သွားလိုက်ကြလေဗျာ။ခုရက်က
လေးတော့ နည်းနည်းအားတာနဲ့ ကျုပ်က
မနက်အစောကြီး မထဘူးဗျ။ အိပ်ရာထဲမှ
ဇိမ်လုပ်ပြီး ကွေးနေတာဗျို့။
"တာတေရေ၊ တာတေ၊ နိုးပြီလားဟေ့"
အို ဘယ်သူများတုံးဗျာ၊ ဝိုင်းဝကနေ အာ
ပြဲကြီးနဲ့ ကုန်းအော်နေတာ။ ကျုပ်လည်း
ခြုံထားတဲ့ စောင်တွေကို ခွာချပြီး အိမ်ရှေ့
ကို ထွက်ကြည့်လိုက်တယ်။ လှည်းနဲ့ လာ
တာဗျ။ ဝိုင်းဝမှာ လှည်းရပ်လို့၊ ကျုပ်ကို
လှမ်းနေတာ။ သေသေချာချာ ကြည့်လိုက်
တော့မှ ဒါဆပ်သမြှောင်က ကိုအောင်ပွား
ဗျ။ လက်နှစ်ဖက်လုံးမှာ လက်မလေးတွေ
ပွားနေတာ။
"ကိုအောင်ပွား လာလေဗျာ၊ လှည်းကို ဝိုင်း
ထဲအထိ မောင်းဝင်လိုက်"
ကျုပ်က ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲကို ပြေး
ဆင်းခဲ့တယ်။ ကိုအောင်ပွားကလည်း နွား
ဖြူကြီးနှစ်ကောင်ဆွဲတဲ့ သူ့လှည်းကို ဝိုင်း
ထဲမောင်းဝင်လိုက်တယ်။ ကိုအောင်ပွားရဲ့
နွားကြီးတွေက တော်တော်ချောတာဗျ။ အ
လုံးရော ဒေါက်ရော ဘာမှကို ပြောစရာ မ
ရှိတဲ့ နွားချောကြီးတွေဗျ။
"လာဗျ၊ ကိုအောင်ပွား"
တွေလည်း အုံလို့။ ကျုပ် ချက်ချင်း ထပြီး
ကြည့်လိုက်တယ်။ ရသေ့ကြီးတစ်ပါးဗျ။
ဆံပင်ကြီး ဖားလျားချလို့။ သင်္ကန်းညိုညို
ကြီးကလည်း စုတ်ပြတ်သက်လို့ဗျာ။လက်
ထဲမှာ သစ်ကိုင်းခြောက်တစ်ချောင်း ကိုင်
ထားတယ်
"ဟာ …ရသေ့ အရူးကြီးကွ"
ကလေးနှစ်ယောက်က ကျုပ်ကို တိုးပြီး လူ
အုပ်ထဲကို ဝင်သွားတယ်။ ဝိုင်းအုံကြည့်နေ
တဲ့ လူတွေရဲ့မျက်နှာကို ကျုပ်အကဲခတ်
ကြည့်လိုက်တယ်။ လူ့စိတ်ဆိုတာ မျက်နှာ
မှာ ပေါ်နေတာပဲလေဗျာ။ တချို့ကတော့
ရသေ့အရူးကြီးကို သနားတဲ့စိတ်နဲ့ ကြည့်
နေတာဗျ။ တချို့ကျတော့လည်း မျက်နှာ
က ပြုံးစေ့စေ့နဲ့၊ ရယ်စရာလို့ သဘော
ထားတာပေါ့ဗျာ။
"ဟား ဟား ဟား ရသေ့ကြီး
သိုက်တူးနေတာကွ"
"အေး ဟုတ်မယ်ကွ၊ လက်ထဲက ကိုင်ထား
တဲ့ သစ်ကိုင်းခြောက်ကို ဆေးတောင်ဝှေး
လို့ သဘောထားပုံရသကွ"
"ဟုတ်တယ်လေ ကိုစရဲ့၊ အဲဒီဆေး
တောင်ဝှေးနဲ့ သိုက်ထဲက ဥစ္စာစောင့်
ဘီလူးတွေ၊ သရဲတွေကို ရမ်းပစ်လိုက်၊
ထိုးပစ်လိုက်၊ ရိုက်လိုက် လုပ်နေတာ
လေဗျာ၊ အတော်လေးတော့ ရယ်စ
ရာကောင်းသားဗျ၊ ဟား ဟား ဟား"
ပြောရင်းနဲ့ ဒီလူ ရယ်ရောဗျ။
"ဟေ့ကောင် ဘမှိန်၊ မရယ်နဲ့ကွ၊ မင်း
ဝဋ်လိုက်နေဦးမယ်၊ ဒါ ရယ်စရာမဟုတ်
ဘူးကွ၊ သနားဖို့ကောင်းတာ"
"ဟဲ့ တပည့်၊ မတီးနဲ့၊ မတီးနဲ့၊ အဲဒီမောင်း
ကို မတီးနဲ့၊ ဟာ ဒီကောင် ပြောနေတဲ့ကြား
က မောင်းကို တီးလိုက်ပြီ။ ဟာ ရေတွေ
ရေတွေ ဂူနံရံက ရေလုံးကြီးတွေ ပန်းထွက်
လာပြီဟေ့၊ ကူးဟေ့၊ ကူး၊ ကူး၊ မသေချင်
ရင် လွတ်အောင်ကူးကွ"
ရသေ့အရူးကြီးက ပြောပြောဆိုဆိုနဲ့ ဝမ်း
လျားမှောက်ချလိုက်ပြီး သဲထဲမှာ ရေကူး
သလို ကူးနေရောဗျာ။
"ဟား၊ ဟား၊ ဟား၊ ဟား ဟား"
ကြည့်နေတဲ့ လူအုပ်ကြီးက ရယ်တော့တာ
ပေါ့ဗျာ။ ဒါပေမဲ့ ရသေ့ကြီးက သူ့ကို လူတွေ
အုံကြည့်နေတာကို နည်းနည်းမှ သတိထား
မိပုံမရဘူးဗျ။သဲတောထဲမှာ ရေကူးနေတော့
တာပါပဲဗျာ။ ကျုပ်လည်း ဆက်မကြည့်ရက်
တော့တာနဲ့ လှည့်ထွက်လာခဲ့တယ်။ ဘယ်
ကိုမှလည်း သွားချင်စိတ် မရှိတော့ပါဘူးဗျာ
ဘကြီးအိမ်ကိုပဲ ကျုပ် ပြန်လာခဲ့တယ်။
ကျုပ်စိတ်မကောင်းဘူးဗျာ။ ရသေ့ကြီး ဦး
ဘောဂကို ကျုပ်မတွေ့တာ တစ်နှစ်ကျော်
ပြီဗျ။ ကျုပ်စိတ်ထဲမှာ သတိတောင် သိပ်မ
ရတော့ပါဘူး။ အခုလို ဗြုန်းကနဲ ပြန်တွေ့
လိုက်တော့ ကျုပ်အံ့သြသွားတာပေါ့ဗျာ။
ပြီးတော့ တွေ့ရတဲ့ တွေ့ရနည်းကလည်း
အရူးကြီးအနေနဲ့ တွေ့ရတာဆိုတော့ ကျုပ်
စိတ်ထဲမှာ တော်တော်ကို မကောင်းတာဗျာ
ရသေ့အရူးကြီး ဦးဘောဂကို ဝိုင်းကြည့်ပြီး
တဟားဟားနဲ့ ရယ်နေတဲ့ လူတွေကတော့
ဒီရသေ့အရူးကြီးနဲ့ ကျုပ်နဲ့ ပတ်သက်ခဲ့တာ
ကိုတော့ ဘယ်သိကြမတုံးဗျာ။
ကျုပ်ကတော့ သိတာပေါ့ဗျာ။ ကျုပ်က ဦး
ဘောဂနဲ့ အတူတူပါသွားခဲ့တဲ့ ကောင်လေ
ဗျာ။ ခင်ဗျားကိုတော့ ဒီအကြောင်း ပြောပြ
ရမှာပေါ့ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ ခင်
ဗျားက ကျုပ်ရဲ့ စာဖတ်ပရိတ်ကိုဗျ။ ကျုပ်
သေသေချာချာကို မှတ်မိနေတဲ့ အကြောင်း
ပါဗျာ။ ဒီတစ်သက်တော့ ကျုပ်ဘယ်တော့
မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ပြာသိုလကြီးဗျ
ကျုပ်တို့အညာမှာ လွှတ်အေးနေတဲ့ အချိန်
ပေါ့ဗျာ။ အဘနဲ့ ကျုပ်နဲ့က ဆောင်းမြေပဲ
တွေ နှုတ်ပြီး သိမ်းစည်းပြီးလို့ အားနေကြ
တာ တစ်ပတ်လောက် ရှိပြီဗျ။နေ့ခင်းဘက်
ဆိုရင် ဝိုင်းထဲမှာ ပဲလှမ်းတာလောက်ပဲ အ
လုပ်ရှိတာပေါ့ဗျာ။ ပြာသိုညတွေ ဆိုတာ
ကျုပ်တို့ အညာမှာ ကောင်းကောင်းအိပ်
လို့ ရကြတာမှ မဟုတ်တာဗျာ။
စောင်ခြုံပြီးတော့သား ကွေးနေရတာ။မှေး
ကနဲ ပျော်သွားလိုက်၊ နိုးလာလိုက်၊ ကွေး
လိုက်နဲ့ မိုးကိုလင်းရော ကောင်းကောင်း
အိပ်ပျော်တာ မဟုတ်ဘူးဗျ။ မနက်ကျ
တော့လည်း အလုပ်ရှိတော့ ထကြပြန်ရော
ဗျာ။ ကျုပ်တို့ အညာသားတွေနဲ့ အညာနွား
တွေကတော့ ဒီလိုပါပဲ။
နွားနဲ့ဖက်ပြီး ကြီးလာတဲ့ ကောင်တွေဆိုတာ
ကျုပ်တို့မှ အစစ်ဗျ။ ဒီနွားတွေနဲ့ ကျုပ်တို့နဲ့
အတူတူ ယာထွန်လိုက်ကြ၊ အတူတူ ရေ
စည်တိုက်လိုက်ကြ၊ အတူတူသွားပြီး ထင်း
ခုတ်လိုက်ကြ၊အတူတူသွားပြီး နှမ်းအိတ်၊ပဲ
အိတ် တိုက်လိုက်ကြ။ ဟိုရွာ ဒီရွာကို လှည်း
နဲ့ အတူတူ သွားလိုက်ကြလေဗျာ။ခုရက်က
လေးတော့ နည်းနည်းအားတာနဲ့ ကျုပ်က
မနက်အစောကြီး မထဘူးဗျ။ အိပ်ရာထဲမှ
ဇိမ်လုပ်ပြီး ကွေးနေတာဗျို့။
"တာတေရေ၊ တာတေ၊ နိုးပြီလားဟေ့"
အို ဘယ်သူများတုံးဗျာ၊ ဝိုင်းဝကနေ အာ
ပြဲကြီးနဲ့ ကုန်းအော်နေတာ။ ကျုပ်လည်း
ခြုံထားတဲ့ စောင်တွေကို ခွာချပြီး အိမ်ရှေ့
ကို ထွက်ကြည့်လိုက်တယ်။ လှည်းနဲ့ လာ
တာဗျ။ ဝိုင်းဝမှာ လှည်းရပ်လို့၊ ကျုပ်ကို
လှမ်းနေတာ။ သေသေချာချာ ကြည့်လိုက်
တော့မှ ဒါဆပ်သမြှောင်က ကိုအောင်ပွား
ဗျ။ လက်နှစ်ဖက်လုံးမှာ လက်မလေးတွေ
ပွားနေတာ။
"ကိုအောင်ပွား လာလေဗျာ၊ လှည်းကို ဝိုင်း
ထဲအထိ မောင်းဝင်လိုက်"
ကျုပ်က ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲကို ပြေး
ဆင်းခဲ့တယ်။ ကိုအောင်ပွားကလည်း နွား
ဖြူကြီးနှစ်ကောင်ဆွဲတဲ့ သူ့လှည်းကို ဝိုင်း
ထဲမောင်းဝင်လိုက်တယ်။ ကိုအောင်ပွားရဲ့
နွားကြီးတွေက တော်တော်ချောတာဗျ။ အ
လုံးရော ဒေါက်ရော ဘာမှကို ပြောစရာ မ
ရှိတဲ့ နွားချောကြီးတွေဗျ။
"လာဗျ၊ ကိုအောင်ပွား"
အပိုင်း(၃)ဆက်ရန်.
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment