"သားပျောက် ” အပိုင်း(၄)



ကျောင်းတံခါးအဖွင့်အပိတ် ၊ ကျောင်းလုံခြုံရေးအပြင် တစ်ခြားကျောင်းနဲ့ပတ်သတ်ပြီးလိုအပ်သမျှကို
ကျော်ဆန်းဌေးတစ်ယောက်ပဲတာ၀န်ယူထားရတယ် ၊ ကျော်ဆန်းဌေး ဆိုလို့လူငယ်မထင်နဲ့
အသက်ကလေးဆယ်ကျော်နေပြီ သူ့မှာ မိသားစုလေးလည်းရှိတယ်… သူနဲ့သူ့မိသားစုလေးက
ရွာကျောင်းလေးမှာ ကျောင်းစောင့်အနေနဲ့ကျောင်း၀န်းထဲမှာပဲ အိမ်လေးဆောက်ပြီးနေကြရတယ် ၊
ရွာကျောင်းဆိုပြီးအထင်မသေးလိုက်နဲ့ဦး…သူတို့ရွာလေးက ရွာသားတွေညံ့လို့ ဗဟုသုတသနည်းကြတာ…
တစ်ရွာလုံးမှာ ရွာဂုဏ်တင့်စေတဲ့နေရာလို့ဆိုရလောက်တဲ့ ရွာကျောင်းကြီးကတော့ ကြီးကျယ်ခန်းနားလို့ ၊
အနီးအနားကရွာတွေကအစ ပညာရေးနဲ့ပတ်သတ်ပြီး အထက်တန်းအဆင့်အထိသင်ပေးနိုင်တဲ့
သူတို့ရွာကျောင်းကို တကူးတကလာတက်ကြရတယ်လေ… ၊ ကျောင်းကြီးထဲမှာအဆောင်တွေများပြီး
အပင်ကြီးအပင်ငယ်အရိပ်အောက်မှာ ခန့်ခန့်ကြီးတည်ဆောက်ထားတယ် ၊ အဲ့ဒီကျောင်းကြီးကလည်း
သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပဲ နာမည်ကြီးဆို ကျောင်းကြီးကရှေးဟောင်းကျောင်းကြီးလို့သိရတယ် ၊
နှစ်ပေါင်းမနည်းတော့ဘူးဆိုပဲ…နှောင်းလူတွေက ပြန်ပြန်ပြုပြင်ထိန်းသိမ်းရင်းနဲ့ အခုလောက်ထိ
ကြာရှည်ခံနေတာပေါ့….ကျောင်းကြီးသရဲခြောက်တယ်ဆိုပြီးနာမည်ကြီးတဲ့အထဲက
၀င်ပူးပြီးချောက်လန့်တာအဆိုးဆုံးပဲ… ၊ တစ်နှစ်ကိုတစ်ခါ ဟိနြ္ဒူနည်း ၊ ဗုဒ္ဓဘာသာနည်းတွေနဲ့
ကျောင်းထဲမှာ ကုသိုလ်လုပ်ပွဲတွေ အကျွတ်အလွတ် အန္တရယ်ကင်းပွဲတွေ အမြဲလုပ်ပေးရတယ် ၊
အဲ့လိုတွေလုပ်ပေးတဲ့ကြားကပဲ တစ်နှစ်ကို သုံးလေးခါလောက် ကျောင်းခန်းတွေထဲမှာ
ကျောင်းသူတွေကို ၀င်ပူးပြီး ငိုယိုတာတို့ ၊ လူမရှိတဲ့အခန်းတွေက ခုံရွှေ့သံတွေကြားရတာတို့ ၊
ထုရိုက်သံတွေကြားတာတို့ ၊ တစ်ခါတစ်လေ အရိပ်တွေမြင်တာတို့ဖြစ်နေဆဲပဲ… ၊ 
ကျော်ဆန်းဌေးတို့မိသားစုအတွက် ဒီအဖြစ်တွေက အဆန်းမဟုတ်တော့ပေမယ့်
တစ်ရွာလုံးကတော့ အဲ့ဒီကျောင်းဘက်ကို မှောင်လာရင်သိပ်မလာကြတော့ဘူး… ။

 ကျော်ဆန်းဌေး အကြောင်းဆက်ပြောပြရမယ်ဆို ကျော်ဆန်းဌေး က
ကျောင်းစောင့်အလုပ်အပြင် သူ့မိသားစုအပို၀င်ငွေရအောင် ဆိုက်ကားနင်းတဲ့အလုပ်လည်းလုပ်တယ် ၊
ကျောင်းပိတ်ရက်တွေ ၊ အလုပ်ပါးတဲ့နေ့တွေ ၊ ညဘက်အချိန်တွေမှာ ဆိုက်ကာနင်းဖြစ်တယ်… ၊
ရွာက အရမ်းခေါင်တဲ့ရွာမဟုတ်တော့….ဆိုက်ကားတွေ ဆိုင်ကယ်တွေစီးကြတယ် ။

 တစ်နေ့ ကျော်ဆန်းဌေးတစ်ယောက် ညဘက်ဆိုက်ကားနင်းပြီး
ည ဆယ့်တစ်နာရီလောက်…သီချင်းလေးညည်းပြီးဆိုက်ကားပြန်သိမ်းလာရင်း
ကျောင်း၀င်းထဲပြန်၀င်လာတုန်း ကျောင်း၀င်းထဲမှာ ထူးထူးဆန်းဆန်းသာမန်ထက်ပိုပြီး
ခွေးအူသံတွေကြားနေရတော့ တစ်ချက်အံ့သြသွားမိပြီး ကြက်သီးထမိတာအမှန်ပဲ… ၊
နောက်တော့ ကိုယ့်ကြောက်စိတ်ကိုယ်ပြန်ဖြေလိုက်ရင်း ဟိုဒီကြည့်နေတုန်း သူ့ရှေ့မှာရှိတဲ့
ကုက္ကိုပင်ကြီးပေါ်ကနေ တစ်စုံတစ်ခုက တစ်လှုပ်လှုပ်နဲ့ ဆင်းလာတာကိုမြင်လိုက်တယ် 
ထူးဆန်းနေတဲ့မြင်ကွင်းဆိုတော့ ကိုကျော်ဆန်းဌေးလည်း ဆိုက်ကားပေါ်ကဆင်းပြီး
သေချာကြည့်နေမိတယ်….ပိုသေချာအောင် လက်ထဲက ငါးထောင့်ထိုးဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့
ကုက္ကိုပင်ကြီးပေါ်ကနေ ဆင်းလာတာက သူထင်သလိုအကောင်မဟုတ်ဘူး…… မိန်းမတစ်ယောက်
ဆံပင်ဖားလျားကြီးနဲ့ ဗိုက်ကြီးကပွင့်ပြီးအူတွေသွေးတွေထွက်နေတယ် ၊ လူတစ်ယောက်မတ်တပ်ရပ်ပြီး
လမ်းလျှောက်နေသလိုမျိုး အဲ့ဒီ့မိန်းမက ဇတ်ကြီးကျိုးကျနေသလိုခေါင်းကြီးမော့ရင်း
နောက်ပြန်ကြီး ဆင်းလာနေတာကို တွေ့လိုက်ရတယ် …. ၊ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ခြေတုန်လက်တုန်ဖြစ်ပြီး ခြေထောက်တွေတုန်နေရာက ပြေးဖို့အားတောင်မရှိတော့ဘဲ
နေရာမှာတင်ခွေကျသွားတော့တယ်….တစ်ဆက်တည်းမှာပဲ လက်ထဲကဓါတ်မီးကလည်း
ပစ်ကျသွားပြီး မီးမှိတ်သွားတော့တယ်…နှာခေါင်းထဲမှာ မီးနေသည် စနွင်းနံ့နဲ့
အပုတ်နံ့ဆိုးဆိုးကြီးတစ်ခုကိုပြိုင်ရလိုက်တယ် ကိုကျော်ဆန်းဌေးတစ်ယောက်
မျက်လုံးပြူးမျက်စံပြူးနဲ့ ကြောက်စိတ် ထိပ်ဆုံးကို ရောက်နေပြီး အားကိုးဖြစ်တဲ့
ဓါတ်မီးကို အမှာင်ထဲမှာ တုန်ယင်နေတဲ့လက်နဲ့ လိုက်စမ်းနေမိတယ်…
ဓါတ်မိးကိုလည်းစမ်းမိရော ချက်ချင်း သူ့အရှေ့ကို ထိုးကြည့်လိုက်တော့
သူ့မျက်နာနားမှာ ဆံပင်ဖျားလျားကြီးနဲ့ မီးလောင်ပြီးစုတ်ပြတ်နေတဲ့မိချိုမျက်နာကြီးကို
မီးရောင်ထဲမှာ မြင်လိုက်ရတယ်….မြင်မြင်ချင်းမှာပဲ မိချိုကစကားပြောသေးတယ် 

“ သားလေ…ကျွန်မသားလေ…ကျွန်မသားလေးကိုရှာပေးကြပါ ပြန်ပေးကြပါ… ”

 သရဲမ မိချိုရဲ့ အသံအက်ကွဲကြီးနဲ့အတူ ဆံပင်ဖားလျားနဲ့ရုပ်ပျက်ဆင်းပျက်
မျက်နာကြီးကိုပါ ကပ်ကပ်လေးမြင်လိုက်ရတဲ့ ကိုကျော်ဆန်းဌေး…နှလုံးသွေးရပ်မတပ်
ဖြစ်သွားပြီး ရှိသမျှအားနဲ့ အားယူထလိုက်ရင်း အနီးအနားက ကျောင်းစောင့်အတွက်ဆောက်ပေးထားတဲ့
သူ့အိမ်လေးထဲပြေး၀င်သွားလိုက်မိတယ်…အိမ်ထဲရောက်တာနဲ့ သွေးရူးသွေးတန်းဖြစ်နေပြီး
တရှူးရှူးတရှဲရှဲနဲ့ အိမ်ထဲမှာ လျောက်အော်နေပါလေရော 

“ သရဲမကြီး…မိချို…သူ့ကလေးကိုလိုက်ရှာနေတယ်… 
အား..သရဲမကြီး…အား..ဗိုက်ကြီးပွင့်နေတယ်… ”

 ကိုကျော်ဆန်းဌေး ပြာယာခတ်ပြီး ပါးစပ်က ပေါက်ကရတွေပြောနေတော့
သူ့ကိုနားမလည်သလိုမျက်လုံးတွေနဲ့ကြည့်နေကြတဲ့ မိန်းမနဲ့သားသမီးတွေက
၀ိုင်းပေးကြတယ်…

“ ကိုကျော် ဘယ်မှာလဲ မိချိုသရဲမ….ကလေးတွေကြောက်အောင်
မလုပ်စမ်းနဲ့ကိုကျော်ရာ လာလာ ရေမန်းလေးလောက်လိုက်
စိတ်ကိုငြိမ်အောင်ထားပါကိုကျော်ရယ် ”

အပိုင်း(၅)ဆက်ရန်...

မူရင်းစာရေးသူ =မိုးစွေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)