ရွှေဂူရှင်မ. အပိုင်း(၁)
ကျုပ်က မြို့မှာ ရောက်နေတာဗျ။ မြို့မှာ
ရောက်နေတာလို့ ပြောတာထက် မြို့မှာ သောင်တင်နေတာလို့ပြောရင် ပိုမှန်လိမ့်မယ်ဗျ။ ဒီလိုဗျို့။ ကျုပ်က ဘကြီးကို တစ်နှစ် တစ်ခါ လာပြီးကန်တော့နေကျလေဗျာ။ ဘကြီးကို ကန်တော့ဖို့ လာတာပဲဗျ။
ဘကြီးကို ကန်တော့ပြီး မြို့မှာ တစ်ည အိပ်လိုက်တာဗျို့။ ကျုပ်အိပ်တဲ့ ညမှာပဲကျုပ်ဘကြီး လေထဖြစ်တာ။
ညတစ်နာရီထိုးလောက်ကြီးဗျ။ ဘကြီးကအိပ်ရာထဲကနေ ဝူးဝူးဝါးဝါးတွေ အော်နေတာနဲ့ ကျုပ်နိုးသွားပြီး ပြေးကြည့်တော့ ပါးတစ်ခြမ်းရွဲ့ပြီး ပါးစပ်ပါ ရွဲ့ရွဲ့ကြီး ဖြစ်နေတာဗျ။ ဒါပေမဲ့ ဘကြီးက သတိတော့ မ
လစ်ဘူး။ သူ့အိပ်ရာဘေးက စားပွဲကိုချည်းလက်ညှိုးထိုးပြနေတာ။ ကျုပ် လှည့်ကြည့်လိုက်တော့ ငှက်ပျောဖူးပုလင်း နှစ်ပုလင်း
တင်ထားတာ တွေ့တယ်။ ပုလင်းထဲမှာဝါဝါအရည်တွေတွေ့တယ်ဗျ။
ဒီတော့မှ ကျုပ်သတိရသွားတာဗျ။ ဘကြီး
အိမ်မှာ လာနေပြီး ကျောင်းတက်တုန်းက
ဘကြီး လေငန်းဆေးဖော်ဖော်ပြီး လူတွေ
ကိုပေးတာ သွားပြီးသတိရလိုက်တာဗျို့။
အဲဒီတုန်းက ဘကြီး ပြောတာကို ချက်ချင်း
သတိရသွားပြီး စားပွဲပေါ်က ငှက်ပျောဖူး
ပုလင်းကြီးကို ဆွဲယူလိုက်တယ်။ ပုလင်း
ကို ကပျာကယာ ဖွင့်ပြီး စားပွဲပေါ်မှာ အ
ဆင်သင့်တွေ့တဲ့ ဇွန်းနဲ့ ဘကြီးပါးစပ်ထဲ
ကို ဆေးရည်တွေ ခပ်ဖြည်းဖြည်း ထည့်
လိုက်တယ်။ ဆေးရည်နှစ်ဇွန်း တိုက်ပြီး
တော့ ဘကြီးရဲ့ ရွဲ့နေတဲ့ပါးကို ဆေးရည်
နဲ့ နာနာပွတ်ပြီး ပြန်ဆွဲချပေးတာဗျ။
စွမ်းလိုက်တဲ့ ဆေးဗျာ။ လွှတ်စွမ်းတာဗျ။
ကျုပ်က လိမ်းလိုက်၊ ဆွဲချလိုက် လုပ်ပေး
လိုက်တာ ဘကြီးရဲ့ ပါးက တဖြည်းဖြည်း
ပြန်တည့်လာရောဗျာ၊ဆယ့်ငါးမိနစ်လောက်
ကြာတော့ လုံးလုံးပြန်ထည့်သွားရောဗျို့။
ဘကြီးရဲ့ရွဲ့နေတဲ့ ပါးစပ်ရော ရွဲ့နေတဲ့
မျက်နှာတစ်ခြမ်းပါ ပြန်တည့်သွားတာ
ဗျို့။ ဘကြီးက စကားလည်း ပြောနိုင်
သွားပြီဗျ။ ဒါကတော့ ဆေးရည်ကို ပါး
စပ်ကနေ တိုက်လိုက်လို့ ထင်တယ်ဗျ။
ကျုပ်က ဘကြီးရဲ့ လက်မောင်းတွေ
ရော၊ ကျောကုန်းရော ကိုယ်တစ်ခြမ်း
လုံးကို ဆေးရည်နဲ့ ခပ်ရွှဲရွှဲလိမ်းပြီး နှိပ်
ပေးရတာပေါ့ဗျာ၊ တစ်နာရီလောက်ကြာ
တော့ အင်္ကျီထူထူဝတ်ပေးပြီး စောင်
ခြုံပေးထားလိုက်တယ်
"တာတေ မင်း မြင်ပြီမို့လား ဘကြီးဆေး
အစွမ်းကို "
"ဟုတ်ပ ဘကြီးရာ၊ ဘကြီးဆေးက လွှတ်
စွမ်းတာ ကျုပ် ကိုယ်တွေ့ပဲလေဗျာ"
"မင်း ဒီမှာ ကျောင်းလာတက်နေတုန်းက
ဒီဆေးဖော်တာ နှစ်ခါ သုံးခါ တွေ့ဖူးတယ်
မို့လား"
"တွေ့ဖူးတယ်လေ ဘကြီးရဲ့၊ ကျုပ်ပဲ
ရှောက်ဘီလူးတွေ အရည်ညှစ်ပေး
တာလေ"
"သြော် …အေး၊ အေး ဟုတ်သားပဲ တာ
တေရဲ့၊ မင်းပဲ ရှောက်သီးတွေ အရည်ညှစ်
ပေးတာ"
ဘကြီးဖော်တဲ့ လေငန်းဆေးကို ကျုပ်မှတ်မိ
တယ်ဗျ။ ရှောက်ဘီလူးတွေ တောကို မှာရ
တယ်ဗျို့။ ရှောက်ဘီလူးဆိုတာ သံပုရာသီး
သာသာရှိတဲ့ ရှောက်သီးလေဗျာ။
အခွံထူထူမှာ အထွတ် အထွတ်တွေ ထွက်
နေတဲ့ ရှောက်ဘီလူးအရည် တစ်ပုလင်းရ
အောင် ညှစ်ရတယ်ဗျ။ တစ်ပုလင်းဆိုတာ
ငှက်ပျောဖူးပုလင်းကို ပြောတာလေဗျာ။
ရှောက်ရည်တစ်ပုလင်း ရအောင်က တော်
တော်ကို ညှစ်ရတာဗျ။ ရှောက်သီးက သံပု
ရာသီး သာသာလေး ရှိတာလေဗျာ။ ရှောက်
ရည်တစ်ပုလင်းနဲ့ ထန်းလျက်အရက်၊ ခေါင်
ရေသန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်း
လျက်အရက်ဆိုတာ တောအရက်ကို ပြော
တာလေဗျာ။ အဲဒီနှစ်ပုလင်းစာကို ကြွေရည်
သုတ်ဇလုံထဲမှာ ထည့်ရတယ်။
တစ်ခါတစ်လေတော့လည်း မြေအိုးနဲ့ ကျို
ရသဗျ။ တစ်ပုလင်းစာ ကျန်ပြီဆိုတော့မှ
အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်း
ခြေ အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ် လေး
ခု ငါးခုလောက် ထည့်ကျိုရတယ်။ ငါးလင်
ဗန်းသည်းခြေ ထည့်လိုက်တော့ အရည်ကို
ဝါညိုညိုကြီး ဖြစ်လာရောဗျ။ပြီးရင် ကုလား
အော်သီးလို့ ခေါ်တဲ့ အာဝါးသီးရဲ့အလယ်
က အူတိုင်သုံးခုထုတ်ပြီး ထည့်ကျိုရတယ်
ငရုတ်သီးရဲ့ အူတိုင်မှာက ငရုတ်စေ့လေး
တွေ ပါလာတာပေါ့ဗျာ။
အဲဒီအရည်ကို အအေးခံပြီး ငှက်ပျောဖူး
ပုလင်းနဲ့ ထည့်ထားရတယ်။ တစ်ယောက်
ယောက် လေဖြတ်လို့ ဘကြီးကို လာခေါ်
ရင် ဘယ်အချိန်ချိန်ဖြစ်ဖြစ် သူ့ဆေးပုလင်း
ကြီးကို ဆွဲပြီး လိုက်တော့တာပဲဗျ။ ဘကြီး
က တဖြည်းဖြည်း နွေးလာပြီး အိပ်ပျော်
သွားတယ်ဗျ။ ကျုပ်ကတော့ ပြန်မအိပ်
တော့ဘဲ ဘကြီးကို စောင့်နေရတာပေါ့
ဗျာ။ရွာကို လူကြုံနဲ့ အကြောင်းကြားတော့
အမေနဲ့ အဘလည်း လိုက်ချလာကြတာ
ပေါ့။ ဒါနဲ့ပဲ ကျုပ်လည်း မြို့မှာ သောင်တင်
နေတော့တာဗျ။ ဘကြီး တော်တော်လေး
ကောင်းလာတော့ ကျုပ်လည်း ပျင်းပျင်းရှိ
တာနဲ့ မြို့ထဲက ကျောင်းနေဘက် သူငယ်
ချင်းတွေဆီ လျှောက်လည်ရတာပေါ့ဗျာ။
"ဟေ့ တပည့်၊ အဲဒီ ရွှေမန်းကျည်းတောင့်
တွေကို မထိနဲ့၊မကိုင်နဲ့ ကြားလား။လျှောက်
လျှောက် တည့်တည့်လျှောက်၊ငါ့နောက်က
သိပ်မခွာနဲ့၊ ကပ်လျှောက် တပည့် ။ ကပ်
လျှောက်။ ဟေ့ကောင် တပည့် မင်း ဘာမှ
မကြောက်နဲ့ ဘီလူးကောင်ကြီး လာနေပြီ၊
လာနေပြီ၊ ငါ လုပ်လိုက်မယ်။ မကြောက်နဲ့
တပည့် မကြောက်နဲ့၊ ငါ့ဆေးတောင်ဝှေး
နဲ့ ရမ်းလိုက်မယ်"
ဘကြီးကို ကန်တော့ပြီး မြို့မှာ တစ်ည အိပ်လိုက်တာဗျို့။ ကျုပ်အိပ်တဲ့ ညမှာပဲကျုပ်ဘကြီး လေထဖြစ်တာ။
ညတစ်နာရီထိုးလောက်ကြီးဗျ။ ဘကြီးကအိပ်ရာထဲကနေ ဝူးဝူးဝါးဝါးတွေ အော်နေတာနဲ့ ကျုပ်နိုးသွားပြီး ပြေးကြည့်တော့ ပါးတစ်ခြမ်းရွဲ့ပြီး ပါးစပ်ပါ ရွဲ့ရွဲ့ကြီး ဖြစ်နေတာဗျ။ ဒါပေမဲ့ ဘကြီးက သတိတော့ မ
လစ်ဘူး။ သူ့အိပ်ရာဘေးက စားပွဲကိုချည်းလက်ညှိုးထိုးပြနေတာ။ ကျုပ် လှည့်ကြည့်လိုက်တော့ ငှက်ပျောဖူးပုလင်း နှစ်ပုလင်း
တင်ထားတာ တွေ့တယ်။ ပုလင်းထဲမှာဝါဝါအရည်တွေတွေ့တယ်ဗျ။
ဒီတော့မှ ကျုပ်သတိရသွားတာဗျ။ ဘကြီး
အိမ်မှာ လာနေပြီး ကျောင်းတက်တုန်းက
ဘကြီး လေငန်းဆေးဖော်ဖော်ပြီး လူတွေ
ကိုပေးတာ သွားပြီးသတိရလိုက်တာဗျို့။
အဲဒီတုန်းက ဘကြီး ပြောတာကို ချက်ချင်း
သတိရသွားပြီး စားပွဲပေါ်က ငှက်ပျောဖူး
ပုလင်းကြီးကို ဆွဲယူလိုက်တယ်။ ပုလင်း
ကို ကပျာကယာ ဖွင့်ပြီး စားပွဲပေါ်မှာ အ
ဆင်သင့်တွေ့တဲ့ ဇွန်းနဲ့ ဘကြီးပါးစပ်ထဲ
ကို ဆေးရည်တွေ ခပ်ဖြည်းဖြည်း ထည့်
လိုက်တယ်။ ဆေးရည်နှစ်ဇွန်း တိုက်ပြီး
တော့ ဘကြီးရဲ့ ရွဲ့နေတဲ့ပါးကို ဆေးရည်
နဲ့ နာနာပွတ်ပြီး ပြန်ဆွဲချပေးတာဗျ။
စွမ်းလိုက်တဲ့ ဆေးဗျာ။ လွှတ်စွမ်းတာဗျ။
ကျုပ်က လိမ်းလိုက်၊ ဆွဲချလိုက် လုပ်ပေး
လိုက်တာ ဘကြီးရဲ့ ပါးက တဖြည်းဖြည်း
ပြန်တည့်လာရောဗျာ၊ဆယ့်ငါးမိနစ်လောက်
ကြာတော့ လုံးလုံးပြန်ထည့်သွားရောဗျို့။
ဘကြီးရဲ့ရွဲ့နေတဲ့ ပါးစပ်ရော ရွဲ့နေတဲ့
မျက်နှာတစ်ခြမ်းပါ ပြန်တည့်သွားတာ
ဗျို့။ ဘကြီးက စကားလည်း ပြောနိုင်
သွားပြီဗျ။ ဒါကတော့ ဆေးရည်ကို ပါး
စပ်ကနေ တိုက်လိုက်လို့ ထင်တယ်ဗျ။
ကျုပ်က ဘကြီးရဲ့ လက်မောင်းတွေ
ရော၊ ကျောကုန်းရော ကိုယ်တစ်ခြမ်း
လုံးကို ဆေးရည်နဲ့ ခပ်ရွှဲရွှဲလိမ်းပြီး နှိပ်
ပေးရတာပေါ့ဗျာ၊ တစ်နာရီလောက်ကြာ
တော့ အင်္ကျီထူထူဝတ်ပေးပြီး စောင်
ခြုံပေးထားလိုက်တယ်
"တာတေ မင်း မြင်ပြီမို့လား ဘကြီးဆေး
အစွမ်းကို "
"ဟုတ်ပ ဘကြီးရာ၊ ဘကြီးဆေးက လွှတ်
စွမ်းတာ ကျုပ် ကိုယ်တွေ့ပဲလေဗျာ"
"မင်း ဒီမှာ ကျောင်းလာတက်နေတုန်းက
ဒီဆေးဖော်တာ နှစ်ခါ သုံးခါ တွေ့ဖူးတယ်
မို့လား"
"တွေ့ဖူးတယ်လေ ဘကြီးရဲ့၊ ကျုပ်ပဲ
ရှောက်ဘီလူးတွေ အရည်ညှစ်ပေး
တာလေ"
"သြော် …အေး၊ အေး ဟုတ်သားပဲ တာ
တေရဲ့၊ မင်းပဲ ရှောက်သီးတွေ အရည်ညှစ်
ပေးတာ"
ဘကြီးဖော်တဲ့ လေငန်းဆေးကို ကျုပ်မှတ်မိ
တယ်ဗျ။ ရှောက်ဘီလူးတွေ တောကို မှာရ
တယ်ဗျို့။ ရှောက်ဘီလူးဆိုတာ သံပုရာသီး
သာသာရှိတဲ့ ရှောက်သီးလေဗျာ။
အခွံထူထူမှာ အထွတ် အထွတ်တွေ ထွက်
နေတဲ့ ရှောက်ဘီလူးအရည် တစ်ပုလင်းရ
အောင် ညှစ်ရတယ်ဗျ။ တစ်ပုလင်းဆိုတာ
ငှက်ပျောဖူးပုလင်းကို ပြောတာလေဗျာ။
ရှောက်ရည်တစ်ပုလင်း ရအောင်က တော်
တော်ကို ညှစ်ရတာဗျ။ ရှောက်သီးက သံပု
ရာသီး သာသာလေး ရှိတာလေဗျာ။ ရှောက်
ရည်တစ်ပုလင်းနဲ့ ထန်းလျက်အရက်၊ ခေါင်
ရေသန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်း
လျက်အရက်ဆိုတာ တောအရက်ကို ပြော
တာလေဗျာ။ အဲဒီနှစ်ပုလင်းစာကို ကြွေရည်
သုတ်ဇလုံထဲမှာ ထည့်ရတယ်။
တစ်ခါတစ်လေတော့လည်း မြေအိုးနဲ့ ကျို
ရသဗျ။ တစ်ပုလင်းစာ ကျန်ပြီဆိုတော့မှ
အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်း
ခြေ အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ် လေး
ခု ငါးခုလောက် ထည့်ကျိုရတယ်။ ငါးလင်
ဗန်းသည်းခြေ ထည့်လိုက်တော့ အရည်ကို
ဝါညိုညိုကြီး ဖြစ်လာရောဗျ။ပြီးရင် ကုလား
အော်သီးလို့ ခေါ်တဲ့ အာဝါးသီးရဲ့အလယ်
က အူတိုင်သုံးခုထုတ်ပြီး ထည့်ကျိုရတယ်
ငရုတ်သီးရဲ့ အူတိုင်မှာက ငရုတ်စေ့လေး
တွေ ပါလာတာပေါ့ဗျာ။
အဲဒီအရည်ကို အအေးခံပြီး ငှက်ပျောဖူး
ပုလင်းနဲ့ ထည့်ထားရတယ်။ တစ်ယောက်
ယောက် လေဖြတ်လို့ ဘကြီးကို လာခေါ်
ရင် ဘယ်အချိန်ချိန်ဖြစ်ဖြစ် သူ့ဆေးပုလင်း
ကြီးကို ဆွဲပြီး လိုက်တော့တာပဲဗျ။ ဘကြီး
က တဖြည်းဖြည်း နွေးလာပြီး အိပ်ပျော်
သွားတယ်ဗျ။ ကျုပ်ကတော့ ပြန်မအိပ်
တော့ဘဲ ဘကြီးကို စောင့်နေရတာပေါ့
ဗျာ။ရွာကို လူကြုံနဲ့ အကြောင်းကြားတော့
အမေနဲ့ အဘလည်း လိုက်ချလာကြတာ
ပေါ့။ ဒါနဲ့ပဲ ကျုပ်လည်း မြို့မှာ သောင်တင်
နေတော့တာဗျ။ ဘကြီး တော်တော်လေး
ကောင်းလာတော့ ကျုပ်လည်း ပျင်းပျင်းရှိ
တာနဲ့ မြို့ထဲက ကျောင်းနေဘက် သူငယ်
ချင်းတွေဆီ လျှောက်လည်ရတာပေါ့ဗျာ။
"ဟေ့ တပည့်၊ အဲဒီ ရွှေမန်းကျည်းတောင့်
တွေကို မထိနဲ့၊မကိုင်နဲ့ ကြားလား။လျှောက်
လျှောက် တည့်တည့်လျှောက်၊ငါ့နောက်က
သိပ်မခွာနဲ့၊ ကပ်လျှောက် တပည့် ။ ကပ်
လျှောက်။ ဟေ့ကောင် တပည့် မင်း ဘာမှ
မကြောက်နဲ့ ဘီလူးကောင်ကြီး လာနေပြီ၊
လာနေပြီ၊ ငါ လုပ်လိုက်မယ်။ မကြောက်နဲ့
တပည့် မကြောက်နဲ့၊ ငါ့ဆေးတောင်ဝှေး
နဲ့ ရမ်းလိုက်မယ်"
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသူ = တာတေ

Comments
Post a Comment