တိုက်မြွေ အပိုင်း(၂)


အသုဘချတဲ့ လူတွေ ကျုပ်တို့ကို လှည့်ကြည့်
တယ်။ သူတို့အကြည့်တွေက ကျုပ်တို့ကို နား
မလည်သလို ကြည့်နေကြတယ်။ သေတဲ့လူရဲ့
အမေကတော့ အော်ဟစ်ငိုနေတာပေါ့ဗျာ။

"သားရေ၊ အမေ့ကို ထားခဲ့ပြီလားကွဲ့"

ကျုပ်တို့က အသုဘချတဲ့ လူတွေရှေ့မှာ ပိတ်
ရပ်လိုက်ကြတယ်။ 

"ကိုရင်တွေ ဘာလုပ်တာတုံး၊ ဟာ တာတေ
ပါလား"

"တာတေ၊ ဘာဖြစ်လို့တုံး"

"ဟေ့ကောင်တွေ သူများယာထဲမှာ မရပ်ရ
ဘူးကွ၊ အသုဘကို လှုပ်ထား၊ လှုပ်ထား၊
ငြိမ်မထားနဲ့ "

ကျုပ်က အကျိုးအကြောင်း မြန်မြန်ရှင်းပြရတာ
ပေါ့ဗျာ။

"ဒီလိုဗျ၊ ကျုပ်နဲ့ ဘိုးစော်ကဲက ဆရာတော်ကို
ဖူးဖို့ ဘုန်းကြီးကျောင်းထဲမှာ ရောက်နေတာ။
အခု ဘိုးစော်ကဲက ပြောလို့ လာပြောရတာပါ၊
ပိုးထိတဲ့လူ မသေသေးဘူးတဲ့"

"ဟာ ဟုတ်လား"

"အဲဒါ အခုချက်ချင်း ကျောင်းထဲကို ယူခဲ့ဖို့
ဆရာတော် အမိန့်ရှိလိုက်လို့ လာပြောတာပါ"

"ဟေဘိုးစော်ကဲ ရောက်နေတယ်တဲ့ကွ"

"ပေါက်စီ မသေသေးဘူး ဟုတ်လား"

"ဟုတ်လို့လားကွာ"

"သေနေပါပြီဗျာ"

အသုဘချတဲ့ လူတွေက တစ်ယောက်တစ်
ပေါက်တွေ ဝိုင်းပြောကြတာပေါ့ဗျာ။ 

"ဟေ့ကောင်တွေ စကားမရှည်နဲ့၊ ဆရာတော့်
အမိန့်အတိုင်း လုပ်ကြ၊ ကဲ လာ၊ ကျောင်းထဲ
ဝင်မယ်"

ဆပ်သမြှောင်ရွာခေါင်း ကိုဘခွေးက ပြော
လိုက်တော့မှ

ကျုပ်နဲ့ ကိုရင်သုံးပါးက ရှေ့ကဝင်တယ်
ခေါင်းထမ်းလာတဲ့ လူတွေ ကျုပ်တို့နောက်
က လိုက်ဝင်တယ်။

အသုဘပို့တဲ့လူတွေလည်း ဝင်လိုက်လာကြ
တာပေါ့ဗျာ။ကျောင်းဝင်းထဲရောက်တော့ ပိုး
ထိတဲ့လူရဲ့အလောင်းကို 'မ'ပြီး ကျောင်းပေါ်
တင်ခိုင်းတယ်။ လူတွေက ဝိုင်းကြည့်နေကြ
တာပေါ့ဗျာ။

"ကဲ အားလုံး ထိုင်ကြ၊ ထိုင်ကြ"

လို့ ဘုန်းကြီး ဦးတိက္ခက ပြောလိုက်တော့မှ
ထိုင်ချလိုက်ကြတာဗျို့၊ ဘိုးစော်ကဲက တစ်
ကိုယ်လုံး ပြာနှမ်းနေတဲ့ အလောင်းကို သေ
သေချာချာကြည့်ပြီး သူလွယ်လာတဲ့ လွယ်
အိတ်ထဲက အင်းလက်ကိုင်ပဝါကြီးတစ်ထည်
ကို ထုတ်ယူလိုက်တယ်ဗျ။

ပြီးတော့ မြွေကိုက်ခံရတဲ့ ခြေသလုံးက အ
ပေါက်ကလေး နှစ်ပေါက်အောက်မှာ ငှက်
ပျောရွက်တစ်ရွက် ခင်းခိုင်းလိုက်တယ်။ ပြီး
တာနဲ့ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုပေါက်စီရဲ့
ခေါင်းရင်းက ထိုင်ပြီး ဂါထာတွေ မန္တန်တွေ
ကို ရွတ်တော့တာပဲဗျို့။ မန္တန်ရွတ်ရင်းနဲ့
လက်ထဲမှာ ကိုင်ထားတဲ့ အင်းလက်ကိုင်
ပဝါ ဝှေ့နေတယ်ဗျ။

ခဏကြာတော့ ကိုပေါက်စီရဲ့ အလောင်းကြီး
ကို ခေါင်းက စပြီး လက်ကိုင်ပဝါနဲ့ ရိုက်ချ
ရောဗျို့။

"ဖတ်"  "ဖတ်"   "ဖတ်"

အလောင်းကို ရိုက်ချနေတဲ့ လက်ကိုင်ပဝါက
ထွက်တဲ့အသံရယ်၊ ဘိုးစော်ကဲရဲ့ မန္တန်ရွတ်
သံရယ်ပဲ ကြားနေရတာဗျ။

ဘုန်းကြီး ဦးတိက္ခရော ကိုရင်တွေရော ရွာ
ထဲက အသုဘပို့ပါလာတဲ့ လူတွေရော ငြိမ်
ပြီး ကြည့်နေကြတာဗျို့။ အပ်ပြုတ်ကျရင်
တောင် အသံကြားရလောက်တယ်။ ဟော၊
ခေါင်းကတစ်ဆင့် မျက်နှာကို ရိုက်ချနေပြီ
ဗျို့၊ ဟာ မျက်နှာက ပြာနှမ်းနေတဲ့အရောင်
လျော့သွားပြီး သွေးရောင် ပြန်သမ်းလာပြီဗျို့။

ကြည့်နေတဲ့လူတွေလည်း တစ်ယောက် တစ်
ယောက် လက်တို့ပြီး ပြကြည့်တယ်ဗျ။ ဘိုးစော်
ကဲကတော့ မန္တန်ရွတ်လိုက်၊ လက်ကိုင်ပဝါနဲ့
ရိုက်ချလိုက် လုပ်နေတာပေါ့ဗျာ။ ကိုပေါက်စီရဲ့
 အလောင်းက ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက်
ယှက်တင်ထားတယ်ဗျ။ တဖြည်းဖြည်းနဲ့ ဘိုး
စော်ကဲ အဆိပ်ချတာ ဒူးခေါင်းကို ရောက်လာ
ပြီဗျို့။ အလောင်းရဲ့ အပေါ်ပိုင်းက ပြာနှမ်းနှမ်း
အရောင်ကြီးလည်း ပျောက်လာပြီဗျ။

ဘိုးစော်ကဲရဲ့ မန္တန်ရွတ်သံက ပိုပြီး ကျယ်လာ
တယ်ဗျ။ ရိုက်နေတဲ့ လက်ကိုင်ပဝါက ဒူးဆစ်
အောက်ကို ရောက်လာပြီ။ ဟာ အဆိပ်တွေ၊
အဆိပ်တွေ။ ထွက်ကျလာပြီဗျို့။ မြွေစွယ်အ
ရာလေးတစ်ခုကနေပြီး မည်းမည်းအရည်တွေ
စီးကျလာပြီဗျို့။ အောက်ကခင်းထားတဲ့ ငှက်
ပျောရွက်ထဲကို ကျတာပေါ့ဗျာ။

"ဟာ အဆိပ်တွေဟေ့"

လို့ ဝိုင်းကြည့်နေတဲ့ လူတွေက တိုးတိုး တိုးတိုးနဲ့ ပြောကြတယ်ဗျ။ ဘိုးစော်ကဲကတော့ မန္တန်တွေ
ရွတ်ရင်း လက်ကိုင်ပဝါနဲ့ ရိုက်ရင်းပဲဗျ။ နောက်
ဆုံး အဆိပ်တွေ ကုန်သွားတော့ အလောင်းတစ်
ခုလုံး သွေးရောင်ပြန်လွှမ်းသွားရောဗျ။ ဘိုးစော်
ကဲက အလောင်းရဲ့ ခေါင်းရင်းမှာ ပြန်လာရပ်ပြီး
မန္တန်ရွတ်တယ်။ 

အလောင်းက စောစောကလောက် တောင့်
တောင့်ကြီး မနေတော့ဘူးဗျ။

"ဟော လှုပ်လာပြီ၊ လှုပ်လာပြီ"

ကြည့်နေတဲ့ မိန်းမတစ်ယောက်က ပြောလိုက်
တာဗျို့။ ဟုတ်တယ်ဗျ။ ကိုပေါက်စီရဲ့လက်က
လေးတွေ စပြီး လှုပ်လာပြီ။ ဟော အသက်ပြန်
ရှုပြီဗျို့။ ရင်ဘတ်က နိမ့်လိုက်၊ မြင့်လိုက် ဖြစ်
လို့ဗျ။ ခဏနေတော့ ဘိုးစော်ကဲက ကိုပေါက်
စီရဲ့ မျက်နှာကို ကြည့်ပြီး 

"မောင်ပေါက်စီ မောင်ပေါက်စီ၊ လူကလေး
မောင်ပေါက်စီ"

လို့ အသံကျယ်ကျယ်နဲ့ ခေါ်လိုက်တယ်ဗျ။
ဟော ဖွင့်ပြီ၊ ဖွင့်ပြီ၊ ကိုပေါက်စီ မျက်လုံးတွေ
ဖွင့်ကြည့်ပြီ။ သူ့ကို ဝိုင်းအုံနေတဲ့ လူတွေကို
ကြည့်တယ်။ ပြီးတော့ ဘိုးစော်ကဲကို ကြည့်
တယ်။ပြီးတော့ ဆရာတော် ဦးတိက္ခကို ကြည့်
ပြီး လက်အုပ်ချီတယ်။

"အမေ ရေသောက်ချင်တယ်"

"တိုက်လိုက်၊ တိုက်လိုက်၊ နည်းနည်းချင်း
စတိုက်"

ဘိုးစော်ကဲက ခွင့်ပြုတော့မှ ရေတစ်ခွက်ခပ်
ပြီး တိုက်တယ်။ ဘိုးစော်ကဲက ပခုံးက 'မ'ပြီး
ထူပေးလိုက်တယ်။ ဟော ထိုင်နိုင်ပြီဗျို့။ ကို
ပေါက်စီ ထိုင်နိုင်သွားပြီဗျို့။ ကိုပေါက်စီက 
ထထိုင်တယ်။

"မောင်ပေါက်စီ နေကောင်းရဲ့လားကွဲ့"

ဘိုးစော်ကဲက မေးတာဗျ။

"ဟုတ်ကဲ့ ဘိုး၊ နေကောင်းပါတယ်၊ ခေါင်းထဲ
နည်းနည်းလေး နောက်နေတာပဲရှိတယ်"

အပိုင်း(၃)ဆက်ရန်..

မူရင်းရေးသားသူ =တာတေ

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)