မဖဲဝါအား စိမ်ခေါ်မိကြသူများ အပိုင်း(၃)
သူတို့ရှေ့မှလူမပါပဲ ယိမ်းထိုးကာ ခုံခြေထောက်နှစ်ဖက်မြေကြီးကို စည်းဝါးကျကျ ရိုက်နေသော ခုံ အလယ်မှ နှစ်ပိုင်းကျိုးသွားခြင်းနဲ့အတူ ထန်းပင်တမျ မြင့်သော အရပ် ဆံပဖိုးရိုးဖားယား ဖြင့် မိန်းမကြီးတစ်ဦး သင်ချိုင်းကုန်းအတွင်း ခြုံနွယ်သစ်ပင်များကြားမှ လှမ်းထွက်လာသောအခါ သုံးဦးသား တိုင်ပင်ထားသည့်အလား ကြောက်လန့်တကြားအော်ဟစ်ရင်း ရွာဖက်ဆီပြေးကြပါလေတော့သည်။
ပုဆိုးအနိုင်ပဝါမနိုင်သုံးဦးသား အကြောက်လွန်ကာ လယ်ကွက်များဆီဖြတ်ပြေးကြရင်းမှ
နောက်သို့ တချက်လှည့်ကြည့်ရာ ထန်းပင်မျမြင့်သော အရပ်ဖြင့်ထိုမိန်းမသည်လယ်ကွက်များအား ခြေလှမ်းကျဲကြီးများဖြင့်ကျော်လျက် လိုက်လာနေသည်ကို တွေ့လိုက် ရတာကြောင့် ဖနောင့်နဲ့ တင်ပါးတသားတည်းကျအောင်ပင် ရွာထဲဆီ၀င်ပြေးကြတော့သည်။
အချိန်ကား ညတစ်နာရီခန့်ပင် ရှိပြီ တစ်ရွာလုံးလဲ အိပ်မောကျနေပြီဖြစ်ကာ တိတ်ဆိတ်နေလျက် ရှိသည်။
ထိုထန်းပင်တမျ အရပ်ဖြင့်မိန်းမကြီး သည်လည်း သူတို့နဲ့ ရွာထဲအတူ လိုက်၀င်လာသောကြောင့် သူတို့ သုံးယောက်လည်း ကြောက်လန့် တကြားဖြင့် ရွာအတွင်းပြေးရင်းမှ ရွာဦးကျောင်းဖက် ရောက်လာသောအခါမှ .....
"ဟေ့....ကောင်....တွေ....ကျောင်း....ထဲ....၀င် ....ပြေး....
ကျော်၀င်းကား အမောဖောက် သောအသံဖြင့် အားလုံးအားသတိပေးသောအခါမှ တောသဘာ၀မို့ ခြံတခါးပိတ်လေ့မရှိသော ဘုန်းကြီးကျောင်း၀င်းအတွင်း ၀င်ပြေးကြတော့သည်။
ထိုအခါမှ ထိုထန်းပင်တမျ အရပ်ဖြင့် မိန်းမသည်ဘကျောင်းခြံဝ်ိုင်း အုပ်တတိုင်းအပြင်မှ လှည့်ပတ်ရင်း.....
တောက်.....
တိတ်ဆိတ်နေသောညတွင်ကြက်သီးထစဖွယ် မကျေမနပ်တက်ခေါက်လိုက်တော့သည်။
"အရှင်ဘုရား....အရှင်ဘုရား..ဟင်း..ဟော..ဟဲ
သုံးယောက်သားရွာ ဦးကျောင်း ဘုန်းကြီးကျိန်းစက် ရာ ကျောင်းအောက်မှ လှမ်းခေါ်လိုက်ကြချိန်.......
"ဘယ်သူတွေ လဲကွ ညအချိန်မတော်
ဟင်....မင်းတို့ ဘာတွေဖြစ်လာတာလဲ....."
ကျောင်းထိုင်ဆရာတော် ဦးဥတ္တရ နဲ့ အတူ ဥဇင်းများကို ရင်များကျောင်းအောက်ရောက်လာသောအခါ ...
လူသုံးယောက် ဖုန်လူး ပြာလူးဖြင့် ကျောင်းအောက်မြေပြင်ပေါ် လဲကျ အမောဖောက်နေသည်ကို တွေ့လိုက်ရသည်။
"လာလာ....ဦးဇင်းတွေ ..ဒီကောင်လေးတွေကို ကျောင်းပေါ်တင်လာခဲ့ကြ....
ကျောင်းပေါ်ရောက်တော့ ခနနေမှ ဟင်းခနဲ သက်ပြင်းမောကြီးကျရင်း မောင်ထူးနဲ့ မင်းကို သတိရလာကာ.....
"အောင်မလေး ကြောက်ပါပြီး..အား ကယ်ကြပါအုံး "
"ဒကာလေးတို့စိတ်အေးအေးထား ဒကာလေးတို့ နောက် ဘယ်သူမှလိုက်မလာနိုင့တော့ ပါဘူး ဘာတွေဖြစ်ခဲ့ ကြလဲဆိုတာသေချာပြောပြ....
မောင်ထူးကားမျက်ရည်များ စီးကျလာရင်းမှလက်အုပ်ချီလိုက်ကာ..
ဒီလိုပါ ဘုရားဟု သူတို့ အကြောင်းများ အားအစအဆုံးပြောပြပါတော့သည်။
"တယ်မိုက်တဲ့ ခလေးတွေကိုး မသေကောင်းမပျောက်ကောင်း ကံကြီးပေလို့....
ထိုအချိန်မှာပင် လဲကျသတိလစ်နေသော ကျော်၀င်းမှာ တဟင်းဟင်းညည်းရင် ဌိုင်လာပါတော့သည်။
ချွေးစီးချွေးပေါက်များဖြင့် တကိုယ်လုံးစိုရွဲနေသည့်အပြင် မဲနက်သောအသားပေါ်တွင် အကျီအဖြူ၀တ်ထားပြီး ထိုအကျီအဖြူကား ယခုကား ဆီသည် ဒေါ်ဘုမလက်သုတ်လိုပင် ဖြစ်နေပြီ ဖြစ်သည်။
သူကားအံ့တကြိတ်ကြိတ် ပြူးကျယ်သော မျက်လုံးများကားအယမျက်ဖြူဆိုက်နေလျက် သွားရည်တများများကျနေသေးသည်။
နဂိုကပင်ကြည့်ရဆိုးသောသူ့မျက်နှာအားယခုလိုတွေ့ရသောအခါအားလုံးထိတ်လန့်သွားမိကြသည်။
"ဟင်း....ဟင်း.....သတ်မယ်.....သတ်မယ်.....ငါ့သချိုင်း...လာပြီး......စော်ကားမော်ကား..ပြောတဲ့....သုံးယောက်စလုံးကိုသတ်မယ်.....ဟင်းဟင်း.....
ကျော်၀င်းကား သူနဂို နားထောင်ရဆျိုးသော အသံပြဲကြီးဖြင့် ပြောခြင်းမဟုတ်ပဲ မိန်းမကြီးတယောက်က တဟင်းဟင်းဖြင့် အံ့ကြိတ်ပြောနေသံကြောင့် ရပ်ကြည့်နေသောသူအားလုံးထိတ်လန့်သွားသည်။
ကျော်၀င်းကားမျက်ဖြူလန်နေသောမျက်လုံးကြီး မောင်ထူးနဲ့ မင်းကို ကို ကြည့်နေတာကြောင့် ထိုနှစ်ယောက်မှာ ကြောက်လန့်စွာ ဆရာတော်နောက်၀င်ပုန်းလိုက်ကြသည်။
"တပည့်တော်တို့ကို ကယ်ပါအုံးဘုရား"
ခုတော့ သူတို့မဟုတ်သည့်အလား ဆရာတော်ထံညောင်နာနာဖြင့်အသနားခံနေကြတော့သည်။
ဆရာတော် ဦးဥတ္တရ ကားအတွေ့အကြုံအရ ပယောဂ ၀င်ပူးနေမှန်းသ်ိလိုက်တာကြောင့်....
"ဟေ့ ခလေးဆီမှာ ပူးကပ်နေတာ ဘယ်သူလဲ ငါရှေ့မှာတောင်ပမာမခန့်နဲ့......ပြော...
ခလေးတွေကို နင်ထိရဲထိကြည့် ...ငါနဲ့တွေ့သွားမယ်....
ထိုအခါမှသရဲ၀င်ပူးခံနေရသော ကျော်၀င်းသည်။
ခေါင်းငုံသွားရင်း ....
"တပည့်တော်မ ဒေါသထွက်သွားလို့ အရှင်ဘုရားရှေ့မှာ ပြောမှားဆိုမှား ဖြစ်မိတာဗွေမယူပါနဲ့ ဘုရား ဒီသုံးကောင်ကတပည့်တော်မပိုင် သင်ချိုင်းထဲလာပြီးစော်ကားမော်ကားပြောလို့ ဒေါသထွက်လွန်းလို့ပါ ဘုရား
.......
"ဒါနဲ့. ဒကာမကြီးက ဘယ်သူတုန်း.....
"မဖဲဝါ ပါဘုရား.....
တစ်ခါမှမကြားဖူးသောနာမည်းတစ်ခုကြောင့် ဆရာတော် အံ့အြသွားသော်လည်း ဘာကိစ္စ ကို ပြေလည်အောင် အရင်ရှင်းရမည်မို့ ....
"ကဲ တကာမကြီး မဖဲဝါ ဒီခလေးတွေအစား ကျုပ်တောင်းပန်ပါတယ် နောက်ဒီလိုမဖြစ်စေရပါဘူး...ကျုပ်ဆုံးမပေးပါ့မယ်....
ကျေနပ်လိုက်ပါတော့....
"တင်ပါ့ဘုရား ဆရာတော် တောင်းပန်ချက်ကြောင့် သယတို့ကို တပည့်တော် မခွင့်လွတ် လိုက်ပါ့မယ် ...တပည့်တော်နေရပ်ပြန်ပါတော့မယ်ဘုရား.....

အပိုင်း(၄)ဆက်ရန်..
မူရင်းရေးသူ = ရာဝန

Comments
Post a Comment