အခန်းဖော်က သရဲမ အပိုင်း(၂)



"အစ်မ…အစ်မ…ပြန်ရောက်ပြီလား"

အေးအေးမာ၏ စကားမဆုံးခင် အခန်းတံခါး
ဖွင့်လာသည်။ အခန်းထဲမှ အသက်နှစ်ဆယ်ခန့်
အရွယ်ရှိ မိန်းကလေးတစ်ယောက်အပေါက်ဝ
နားရပ်လာသည်။

"အစ်မအခန်းကို လာလည်လို့ရလား"

"ရပါတယ်၊ တက်ခဲ့လေ"

အေးအေးမာလည်း မိန်းခလေးက ခွင့်ပြုသဖြင့်
အပေါ်သို့ တက်သွားသည်။ 

"ထိုင်…အဲဒီကွပ်ပျစ်ပေါ်ထိုင်၊ အစ်မအသက်က
ဘယ်လောက်ရှိပြီလဲ"

"ကျမက ဆယ့်ကိုးနှစ်ပါ"

"ဒါဆိုအစ်မက တစ်နှစ်ကြီးတာပေါ့၊
အစ်မအသက်က အသက်နှစ်ဆယ်ကျော်လို့
နှစ်ဆယ့်တစ်နှစ်ထဲ ဝင်နေပြီ"

"ကျမက အစ်မလို့ခေါ်လိုက်တာ မှန်တာပေါ့"

"ဒါနဲ့ အစ်မက ဘယ်စက်ရုံမှာလုပ်တာလဲ
ညဉ့်နက်တယ်နော်"

"အစ်မက ထိုင်းနဲ့မြန်မာဖက်စပ်လုပ်နေတဲ့
ဘီယာစက်ရုံမှာ လုပ်နေတာ၊ နေ့တိုင်းအချိန်ပို
ဆင်းရလို့ အပြန်နောက်ကျတာ"

"ထမင်းချက်စားတာ မတွေ့ဘူးနော်"

"အရင်အလုပ်တုန်းကတော့ ချက်စားပါတယ်"

"အခုအလုပ်က အချိန်မရတော့လို့ မနက်စာ
နေ့လည်စာ ညစာ အကုန်အပြင်မှာပဲ ဝယ်စား
တော့တယ်၊ အခုလို ဝယ်စားလို့ ရအောင်
အချိန်ပိုနေ့တိုင်းဆင်းရတာပေါ့"

"အရင် ဘယ်မှာလုပ်ခဲ့တာလဲ"

"လေးလေးလက်ဖက်နဲ့ အကြော်စုံလုပ်ငန်းစက်ရုံမှ
လုပ်ခဲ့တာ"

"ကျမတို့လည်း အဲဒီစက်ရုံမှာလုပ်နေကြတာပဲ၊
အလုပ်ရှင်တွေက သိပ်သဘောကောင်းကြတာပဲ၊
အစ်မက ဘာကြောင့် အလုပ်ပြောင်းလုပ်ရတာလဲ"

"အင်း…ပြောရရင် …ရှည်တော့မယ်၊ အရှက်အတွက်
မိန်းခလေးရဲ့ အရှက်အတွက်နဲ့ အလုပ်မှာမပျောက်
ပိုက်တော့လို့ အလုပ်ကထွက်ပြီး ဒီဘီယာစက်ရုံကို
ပြောင်းခဲ့တာ"

"အင်း…အစ်မစကားကြားပြီး ကျမတော့
အရမ်းစိတ်ဝင်စားသွားပြီး၊ နောက်ညကျရင်
အစ်မအကြောင်း ညီမစပ်စုချင်တယ်၊ 
ပြောပြမှာလား"

"ညီမက သိပ်သိချင်နေရင်တော့ ပြောပြ
နိုင်ပါတယ်၊ ညီမ မအိပ်ပဲ တစ်ညလုံး
ထိုင်ပြီး နားထောင်ချင်မယ်ဆိုရင်တောင်
အစ်မက မအိပ်ပဲ ပြောပြနိုင်ပါတယ်"

"ဒီညတော့ မပြောပါနဲ့တော့ အစ်မလည်း
အလုပ်မှာ တစ်နေ့လုံး လုပ်နေရတာဆိုတော့
အိပ်ရာပေါ်လှဲချင်မှာပဲ၊ ကျမလည်း မနက်
အလုပ်ကို ထမင်းဗူးယူသွားဖို့ စောစောထပြီး
ချက်ပြုတ်ရဦးမယ်၊ မနက်ဖြန်ညမှထပ်
လာခဲ့မယ်နော်"

"အေး …အေး…အစ်မရောက်ပြီး ခဏနေ
လာခဲ့ပေါ့"

"အစ်မ ညဘက် ရေမချိုးဘူးလား"

"အလုပ်က ပုံမှန်အချိန်ကစပြီး နာရီဝက်
အချိန်အားတယ် အဲဒီအချိန် ရေချိုးလိုက်တာပေါ့၊
ရေချိုးပြီး စက်ရုံအပြင်ဘက်ထွက်တယ်၊ အစာပြေ
မုန့်ဟင်းခါးဖြစ်ဖြစ် အသုပ်ဖြစ်ဖြစ်ဝယ်စားလိုက်
တယ်၊ ပြီးတာနဲ့ အချိန်ပိုဆက်ဆင်းရတာပဲ"

"ကဲ…အစ်မ အညောင်းအညာဖြေ ကျောဆန့်တော့၊
ကျမအခန်းပြန်တော့မယ်၊ညဘက် အရေးအကြောင်း
ရှိရင်နှိုးပေါ့"

"ကျေးဇူးပဲ ညီမ"

အေးအေးမာတစ်ဖက်အခန်းမှ အမျိုးသမီးအခန်းဖော်
နှင့်သိပ်ပြီး မရင်းနှီးသေးသည့်အတွက် ဆယ့်ငါး
မိနစ်ခန့်သာ နေပြီး အခန်းပြန်ခဲ့သည်။ ထိုအချိန်
အတွင်း နာမည်ကိုလည်း မမေးသလို၊ သူကလည်း
ထိုမိန်းကလေးနာမည်ကို မမေးမိ၊ နောက်နေ့မှ
အမည်နာမမေးပြီး သူ့နာမည်ပြောပြတာ မိတ်
ဆက်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့နောက် ဖုန်းခဏဖွင့်ကြည့်ပြီး အိပ်ချင်လာ
သည့်အတွက် ဖုန်းပိတ်ကာ အိပ်လိုက်တော့သည်။
သူထမင်းစားသောက်ပြီး၍ ပန်းကန်များ ဆေးကြော
နေစဉ် အစွန်ဆုံးအခန်းမှ တံခါးသော့ဖွင့်သံကြား
လိုက်သည်။ အားလုံးသိမ်းဆည်းပြီး တစ်ဖက်
အခန်းသို့ ကူးလာခဲ့သည်။

"အစ်မ …အားနေလား"

"အစ်မ အခန်းမှာ ဘာမှလုပ်စရာမရှိဘူးလေ။
ရောက်ရင် အိပ်ချင်အိပ် မအိပ်ချင်ထိုင်နေ ဒါပါပဲ"

"မနေ့ညက အစ်မနာမည်တောင် မမေးလိုက်ရဘူး
ကျမနာမည်ကတော့ အေးအေးမာတဲ့"

"အစ်မနာမည် သင်းသင်း"

"ဒါဆို အစ်မသင်းသင်းလို့ပဲ ခေါ်မယ်နော်"

"ညီမကြိုက်သလို ခေါ်နိုင်ပါတယ်"

"အစ်မအညောင်းအညာ မဖြေချင်သေးဘူးဆိုရင်
မနေ့ညက အစ်မပြောပြတဲ့ အကြောင်းဆက်ပြောပါလား"

"အင်း…ညီမက အစ်မအကြောင်း သိပ်စိတ်ဝင်စား
နေပါလား၊ တခြားအတွေးတွေတော့ မတွေးနဲ့၊
အစ်မအလုပ်က ထွက်ခဲ့တာ အစ်မကိုယ့်အဖြစ်
ကိုယ်ရှက်ပြီး လိပ်ပြာမလုံလို့ထွက်ခဲ့တာ"

"မသိပါဘူး၊ကျမက ဟိုဟိုသည်သည် လျှောက်တွေး
နေတာ အလုပ်အတူတူလုပ်တဲ့ အလုပ်သမား
ယောင်္ကျားလေး တစ်ယောက်,ယောက်က
အနှောက်အယှက်ပြုနေတာကြောင့် အလုပ်မှာ
မပျော်တော့ပဲ ထွက်ခဲ့တာလို့ ထင်တာ"

"ညီမ ထင်တာ တစ်ခုမှ မဟုတ်ဘူး"

"အလုပ်ရုံပိုင်ရှင်တွေရဲ့ မိသားစုနဲ့ ပတ်သက်လို့ပေါ့၊
ဒါကြောင့် အရှက်ကြီးရှက်ပြီး အလုပ်က ထွက်လာ
ခဲ့တာ၊ အဲဒီအချိန်တုန်းက အစ်မ ကိုယ့်ကိုယ်ကို အ
ထင်ကြီးနေခဲ့တာ အလုပ်သမားအတော်များများနှင့်
ယှက်ရင် အစ်မက သူတို့ထက်ပိုလှတယ်၊ ပိုချော
တယ်လို့လည်း ထင်ထားတာ။ 

ဒါပေမယ့် ဘယ်လိုပဲပြောပြော အစ်မအလှက
အလုပ်သမား ဆိုပေမယ့် ပေါ်ပေါ်ထင်ထင် ရှိနေခဲ့
တယ်၊ တော်ရုံလည်း အလုပ်အတူတူလုပ် ကောင်လေး
တွေကို စိတ်လည်းမဝင်စားဘူး၊ စိတ်လည်းမကူးဘူး၊
အစ်မ…စိတ်ဝင်စားခဲ့တဲ့ လူတစ်ယောက်ရှိခဲ့တယ်။
တစ်ရက်ပြီးတစ်ရက် စိတ်ဝင်စားခဲ့တယ်။ အစ်မရဲ့
မိန်းမမာယာအောက်မှာ အဲဒီအစ်မစိတ်ဝင်စားတဲ့
လူကောက်ကောက်ပါအောင် လိုက်လာမယ်
ထင်ထားတယ်

ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လည်ပင်းဖက်
ပေါင်းသင်းနေတဲ့ သူငယ်ချင်းလှလှစိန်တို့ 
အေးမင်းဝင်းတို့ကို ပြောပြလိုက်မိတယ်။

အဲဒီလို ပြောပြတော့ ကောင်မတွေက မြောက်ထိုး
ပင့်ကော်လုပ်တာပေါ့၊ ဘယ်လိုပုံစံပေး၊ ဘယ်လို
အမူအယာလုပ် သူသတိပြုမိအောင်နေ စသဖြင့်
ဝိုင်းပြီးသင်ပေးသလိုနဲ့ မြှောက်ပင့်ပေးကြတာပေါ့

အပိုင်း(၃)ဆက်ရန်.

မူရင်းရေးသူ=ဧကန်မင်း

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)