“ ည မအိပ်ရ ” အပိုင်း(၅) ဇာတ်သိမ်းပိုင်း
နေ့လည်ခင်းအချိန်ရောက်သည့်အခါ ဦးညိုထွေး၏မိသားစု၀င်များ
ရောက်လာကြပြီးနောက် ဦးညိုထွေးအလောင်းအား
သယ်သွားကြသည် ၊ မိသားစု၀င်များကိုတော့ စိတ်မကောင်းဖြစ်မည်စိုး၍
ဦးကျော်သာ တို့လူစု မည်သည့်အကြောင်းမျှ မပြောလိုက်ပေမယ့်
တစ်ခွန်းတော့ ဝိုင်းမှာလိုက်ကြသည် ။
“ ညဘက် နာရေးစောင့်ကြရင် ညမအိပ်ကြပါနဲ့ သတိထားပြီးစောင့်ကြပါ ”
တဲ့လေ…. ။
~~~~~~~
“ ဦးတရုတ်…. ဦးကျော်သာ တို့အကြောင်းကြားရတာ ကျွန်တော်တို့ဖြင့်
တစ်ခါမှ မကြားဖူးပါဘူးဗျာ… ”
“ အေးလေ..ငါမပြောဘူးလား…မင်းတို့တစ်ခါမှ မကြားဖူးတဲ့အကြောင်း
ငါပြောပြပါမယ်လို့…. ”
“ ဟုတ်တယ် ဦးတရုတ်…ဒီအကြောင်းသိရတော့
ကျွန်တော်တို့တောင်ကျောချမ်းလာပြီ..
ဟိုမှာလည်း ညီကျော့် အဖေအလောင်းကြီးကရှိနေတော့ ”
ထိုစဉ်ကိုချမ်းက၀င်ဟန့်လိုက်သည် ။
“ ဟိုကောင် မောင်ကြီး တော်တော့…
မင်းဆက်မပြောနဲ့တော့… ”
“ အေးပါအေးပါ ”
ငစိုင်းကလည်း သူ့ဒူးလေးတွေကို ဖတ်ထားရင်းရေရွတ်လိုက်ပုံက
“ မိုးမြန်မြန်လင်းပါတော့…. ”
ကိုချမ်းက ကြောက်ပေမယ့် စူးစမ်းချင်သူမို့
ဦးတရုတ်ကို လှမ်းပြောလိုက်သည် ။
“ ဦးတရုတ် ဦးကျော်သာပြောပြတဲ့အကြောင်းလေးကြားရတာ
ကျွန်တော်တစ်ခုစဉ်းစားမိတယ် ”
“ အေးဘာတုန်းဟ လုပ်စမ်းပါဦး ”
“ ဟုတ်တယ်လေ ဖုတ်၀င်နေတဲ့ ဦးညိုထွေးဖုတ်ကောင်က
တစ်ခြားဖုတ်တွေလို အစားအသောက်ခိုးစားတာ ၊
လူတွေကို အန္တရယ်ပြုတာမရှိဘူး ၊ သူ့ခန္ဓာနဲ့ သူမို့ထင်တယ်
သူလူ့ဘ၀က စိုက်ထားတဲ့ စိုက်ခင်းလေးတွေကိုပဲအရိပ်တကြည့်ကြည့်နဲ့
သနားစရာလည်းကောင်းတယ် ၊ ဦးကျော်သာ နေရကဆို
ကြောက်စရာလည်းကောင်းတယ်နော် …. ၊
နောက်ပြီး ဘယ်သူမှ မသွင်းပဲ
သူကဖုတ်၀င်လာတာလည်း စိတ်၀င်စားမိတယ် ”
“ အေး..ဒါကတော့ ကြားထဲမှာ ငါတို့မသိတြ့အဖြစ်အပျက်လေး
တစ်ခုဖြစ်ခဲ့ကြမယ်လို့ငါထင်တယ်…ဥပမာ
ဦးကျော်သာ တို့ လူစုထဲက တစ်ယောက်ယောက်က
ပါးစပ်သရမ်းတာပဲဖြစ်ဖြစ်ပေါ့လေ…. ”
“ အောက်အီးအီးအွတ် !!!! ”
“ မိုးတောင်လင်းတော့မှာကို….
ငါအရင်ပြန်နှင့်မယ်ကွာ…မင်းတို့ကောင်တွေကို ငါတော့
လွမ်းနေရတော့မယ် ”
ပြောပြောဆိုဆိုနဲ့ ဦးတရုတ်တစ်ယောက်
ကိုချမ်းတို့ လူစုကို နှုတ်ဆက်သွားပြီး နာရေးအိပ်ကနေ
အပြင်ထွက်သွားတယ် … ၊ ငါတော့မင်းတို့ကို
လွမ်းနေရတော့မယ် ဆိုတဲ့စကားကို
ကိုချမ်းသိပ်ဘ၀င်မကျပေမယ့်အခြားသူငယ်ချင်းတွေလိုပဲ
ပေါ့ပေါ့တန်တန်သဘောထားလိုက်မိရင်း လူကြီးတွေအလာကို
စောင့်ပေးဖြစ်ခဲ့တယ်…. တစ်နာရီလောက်အကြာမှာပဲ
မိုးစင်စင်လင်းစပြုလာလို့ ရပ်ကွက်လေးမှာလည်း
လူစည်လာချေပြီ ။
နာရေးအိမ်မှာလည်း ကူလုပ်ပေးမယ့်သူတွေရောက်လာပြီမို့
ကိုချမ်းတို့တွေ ကိုယ်လက်သန့်စင် ၊ရေမိုးချိုးမနက်စာစားရင်းနားကြဖို့
အိပ်ပြန်လာဖြစ်ကြသည် ။
ကိုယ်စီကိုယ်စီ ရေမိုးချိုးကြပြီးနောက် မနက်စာစားချိန်
ဆုံနေကျ လဖ္ဘက်ရည်ဆိုင်လေးမှာ သူတို့ထိုင်နေကြတုန်း
ဦးတရုတ်ရဲ့ တူဖြစ်တဲ့ သူတို့သူငယ်ချင်း
ငယ်လေး တစ်ယောက် မျက်နာမသာမယာနဲ့
သူတို့ဆီရောက်လာခဲ့ပြီ… ။
“ ငယ်လေး…ဘာဖြစ်တာလည်းကွ…မင်း
မားသားနဲ့ရန်ဖြစ်ပြန်ပြီလား.. ”
ငစိုင်းကလည်း ၀င်ပြောလိုက်သည် ။
“ အေးလေ…မင်းက ညက ညီကျော်တို့အဖေအသုဘစောင့်တော့လည်း
လိုက်မလာခဲ့ဘူး…မင်းဦးလေးတောင်
ငါတို့နဲ့အတူစောင့်ပေးတယ် ”
ထိုအခါ ငယ်လေးက
“ ဟမ်…..ဘာပြောတယ်..
ဦးတရုတ်က မင်းတို့နဲ့နာရေးလာစောင့်တယ်ဟုတ်လား…
ဟာကွာပေါက်ကရမပြောစမ်းနဲ့ ငါတို့ဦးလေး
ဦးတရုတ် ညက မင်းတို့ဆီအလာ ကားတိုက်ခံရပြီး
အရေးပေါ်မှာတင်ဆုံးသွားတာကွ….
ငါလည်းတစ်ညလုံးဆေးရုံမှာ သေစာရင်းကိစ္စတွေ
လုပ်ပေးနေရတာနဲ့အခုမှမင်းတို့ကို အခုညီတောင်းဖို့ရောက်လာခဲ့တာ ”
ကိုချမ်းတို့ ခေါင်းနပန်းကြီးသွားကြတော့သည် ။
“ ဘာ….ညကမှ ဦးတရုတ်က ငါတို့နဲ့စကားပြောသွားတာလေ..
ငါတိုကဆီလာရင်းဆုံးသွားတာဆိုတော့ ငါဆို့ဆီလာတဲ့ ဦးတရုတ်က
လူမဟုတ်ဘူးပေါ့…..ဟာကွာ…ဦးတရုတ် သနားပါတယ်…
သံယောဇဉ်….. ”
ငယ်လေးစကားကို လက်မခံနိုင်သေးတဲ့သူငယ်ချင်းအချို့ကိုယ်တိုင်
ဦးတရုတ်အိမ်တွင်သွားစုံစမ်းကြည့်ပြီးနောက်
သတင်းအမှန်ဖြစ်ကြောင်းသိခဲ့ကြရသည် ။
ဦးတရုတ်၏ နာရေးတွင် ကိုချမ်းတို့လူစု
သွားစောင့်ပေးကြသော်လည်း
တစ်ယောက်မှ ညမအိပ်ကြ… ၊
ကိုချမ်းကတော့ ဦးတရုတ် ပြောသွားသည့်
စကားကိုသာ အမှတ်ရနေမိတော့သည် ။
“ မင်းတို့ကောင်တွေကို ငါတော့
လွမ်းနေရတော့မယ်…တဲ့….သြော်…ဦးတရုတ်
ဦးတရုတ် ” ……….. ။
ပြီးပါပြီ
မူရင်းရေးသားသူ = မိုးစွေ

Comments
Post a Comment