ပေါရိသာရမှော် အပိုင်း(၂)



ဦးအောင်စိန်က ဂျစ်ကားလေးတစ်စီးနဲ့
လိုက်ပို့တယ်။ သင်္ချိုင်းကုန်းကြီးဗျ။ အ
ကျယ်ကြီးပါပဲဗျာ။ မြို့ကြီးကလည်းကြီး
တော့ သင်္ချိုင်းကုန်းကြီးကလည်း ကြီး
တာပေါ့ဗျာ။ ဘယ်သင်္ချိုင်းမှန်းတော့
ကျုပ်လည်း မသိဘူးဗျ။ ဦးအောင်စိန်
ခေါ်လာတာပဲ။

ကားပေါ်မှာက ကားမောင်းတဲ့ ရဲသားရယ်၊ ဦးအောင်စိန်ရယ်၊နတ်ဝင်သည် ဒေါ်စိန်ရယ်၊
ကျုပ်ရယ်ဗျ။ကားမောင်းတဲ့ ရဲသားက ထမင်း
တောင်း ထမ်းလာတယ်။ကျုပ်က ခပ်ကြီးကြီး
ဗျက်ကျယ်ကျယ် ဂူတစ်လုံးကို လိုက်ရှာတာ
ပေါ့ဗျာ။ ဟော တွေ့ပြီဗျို့။ ဘုရားဒကာကြီး
ဦးကောက် ဆိုပဲ။ ဂူရှေ့မှာက မြေနေရာ အ
လွတ်ကလေးရှိတယ်။ မြက်ခင်းလေးပေါက်
လို့ဗျာ။ ကျုပ်က ထုံးစံအတိုင်း ဂူပေါ်မှာ
ထမင်းပွဲပြင်ပြီး ဖယောင်းတိုင် ထွန်းတယ်။

ပြီးတော့ ဂူရှေ့က မြက်ခင်းလေးပေါ်မှာ
ဒေါ်စိန်က ဆံပင်ဖြန့်ချပြီး ကြုံ့ကြုံ့လေး
ထိုင်တယ်။ ကျုပ်မဖဲဝါကို ပင့်တယ်။တစ်
ခါ မကြွသေးဘူးဗျ။ ခဏစောင့်ပြီး နောက်
တစ်ခါ မကြွသေးဘူးဗျ။ ခဏစောင့်ပြီး
နောက်ထပ်တစ်ခါ။

"ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီ၊ အီ"

ဟော မဖဲဝါရဲ့ခွေးကြီးအသံတော့ ကြား
ရပြီဗျို့။ ကျုပ်လည်း သင်္ချိုင်းကုန်းကြီး
တစ်ခွင်တစ်ပြင်ကို လိုက်ကြည့်တယ်။
ဟော လာပြီဗျို့၊ လေထဲကနေ လွင့်ပြီး
လာတာဗျ။ ဖြူဖြူအရိပ်ကြီးပဲ မြင်ရတယ်။
ကျုပ်က မျက်ကွင်းဆေး ကွင်းမထားဘူး
လေဗျာ။ ဟော ဒေါ်စိန်ကိုယ်ကို ပြေး
ကပ်သွားပြီဗျို့။

"ဟီး ဟီး ဟီး ဟီး ဟီး"

ဒေါ်စိန်လက်ကြီးတွေ ကွေးကောက်ပြီး
ဆံပင်ဖားလျားကြီးနဲ့ ထလာတယ်။ ဦး
အောင်စိန်နဲ့ ကားမောင်းတဲ့ ရဲသားက
ခပ်လှမ်းလှမ်းက ဂူတစ်လုံးနားမှာ ရပ်
လို့ဗျ။ ဟော ဂူကြီးပေါ်ကို ခုန်တက်
သွားပြီဗျို့။ မဖဲဝါ ဒူးကြီးထောင်ပြီး စား
ပြီဗျာ။ ကျုပ်ကတော့ မြင်နေကျမြင်ကွင်း
မို့ မဆန်းပေမဲ့ ဦးအောင်စိန်တို့ကတော့
အထူးအဆန်းဖြစ်ပြီး အံ့သြနေကြတာ
ပေါ့ဗျာ။

"ဟီ၊ ဟီ၊ ဟီ၊ ဟီ"

မဖဲဝါက အမဲသား ပိုကြိုက်တာဗျ။
တအားစားတော့တာပဲဗျို့။ တော်တော်
လေး စားသောက်ပြီးမှ ကျုပ်ကို မော့
ကြည့်တယ်။ မဖဲဝါဝင်ရင် ကျုပ် အမြဲ
သတိထားမိတာက ဘယ်တော့မှ မျက်
တောင်မခတ်ဘူးဗျ။ မျက်လုံးကြီးတွေ
ပြူးထွက်နေတာဗျ။ အခုလည်း နတ်
ကတော် ဒေါ်စိန်က မျက်လုံးကြီးတွေ
ပြူးလို့ဗျို့။

"ဟဲ့ တာတေ ဘာအကြောင်းရှိလို့တုံး"

မဖဲဝါက ကျုပ်ကို မေးပြီဗျ။ ကျုပ်လည်း
ချက်ချင်းပြောရတာပေါ့ဗျာ။

"ဒီလိုပါ မဖဲဝါ ရန်ကုန်ထောင်ကြီးထဲမှာ
သရဲကြီးတစ်ကောင် တအားသောင်းကျန်း
နေလို့ပါ၊ ထောင်ကျတဲ့လူတွေရော၊
ထောင်တာဝန်ရှိတဲ့လူတွေရော၊ ညဆို
ရင် မအိပ်ကြရဘူးဗျ၊ ဒါ ဘယ်လိုဖြစ်
တာလဲ ဆိုတာ သိချင်လို့ပါ"

"အဲဒါ ပေါရိသာရမှော် အောင်သွားတဲ့
တိမ်ညွန့်ဆိုတဲ့ ကောင်ဟဲ့၊ အင်္ဂလိပ်ခေတ်
က အင်္ဂလိပ်ကို တော်လှန်မယ်ဆိုပြီး ပေါ
ရိသာရမှော်သွင်းတာ အောင်သွားတယ်။
ဒါပေမဲ့ မကြံစည်သင့်တာ ကြံစည်မိလို့
အဖမ်းခံရပြီး ကြိုးပေးအသတ်ခံရတာ"

(မဖဲဝါပြောတဲ့ အင်္ဂလိပ်ခေတ်က ကို
တိမ်ညွန့် ဆိုတဲ့ လူပေါရိသာရ မှော်
သွင်းပုံကို ခင်ဗျားတို့ နားထောင်လို့
ကောင်းအောင် ကျုပ်ကပဲ ပြန်ပြော
လိုက်တယ်ဗျို့)

ဒီရန်ကုန်မှာပဲတဲ့ဗျို့။

တာမွေသင်္ချိုင်းမှာတဲ့ဗျို့။ ယောနယ်က
ဆင်းလာတဲ့ ဆရာကြီး ဦးကုန်းဘောင်
ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ကိုတိမ်ညွန့်ဆိုတဲ့
လူငယ်တစ်ယောက်ကို ပေါရိသာရမှော်
သွင်းပေးခဲ့တာတဲ့ဗျာ။ တာမွေသင်္ချိုင်း
ကုန်းကြီးရဲ့ အလယ်တည့်တည့်မှာ
လူတစ်ရပ်မြုပ်ရုံ မြေကျင်းတူးရတယ်။

ကိုတိမ်ညွန့်က အင်္ကျီကိုယ်တုံးလုံး
ချွတ်၊ ခါးတောင်းမြှောင်အောင်ကျိုက်
ပြီး မြေကြီးထဲမှာ ဆင်းပြီး မတ်တတ်
ရပ်နေရတာတဲ့ဗျ။ ပြီးတော့ မြေကျင်း
ကို မြေပြန်ဖို့ရတယ်။ ကိုတိမ်ညွန့်က
မြေပြင်ပေါ်မှာ ခေါင်းလေးပဲ ပေါ်နေ
တာတဲ့ဗျို့။ ဒါတွေအားလုံးကို ကူညီ
လုပ်ပေးဖို့ ကိုတိမ်ညွန့်ရဲ့ သူငယ်ချင်း
ကိုစံမြ ဆိုတဲ့လူတစ်ယောက် လိုက်
လာပြီး လုပ်ပေးတာဆိုပဲ။

ဆရာကြီးက ကိုတိမ်ညွန့်ရဲ့ ပါးစပ်ကို
ဟခိုင်းပြီး လူသေကောင်ရဲ့ လက်ဖျံ
ရိုးအပိုင်းလေးနဲ့ ထောက်ထားတာတဲ့
ဗျ။ ဒီတော့ ကိုတိမ်ညွန့်က ပါးစပ်ပိတ်
လို့ မရတော့ဘူးပေါဗျာ။ ဆရာကြီးက
ရေလုံအိုးကွဲထဲမှာ ထည့်ထားတဲ့ အ
စိမ်းသေမသာရဲ့ လက်လတ်ဆတ်ဆတ်
အသားကို လှီးထားတဲ့ အသားတစ်ကလေး
ခုနှစ်တစ်ကို အဆင့်သင့်ကိုင်ပြီးဂါထာစုပ်ရ
တာတဲ့ဗျာ။ ကိုစံမြက မြေကျင်းနောက်မှာ
ထိုင်ပြီး ကိုတိမ်ညွန့်ရဲ့ခေါင်းကို ကိုင်ပြီး
ထိန်းထားရတယ်တဲ့ဗျ။

ဆရာကြီးက ဂါထာစုံအောင်စုပ်ပြီးတိုင်း
လူအသားတစ်ကလေးတစ်တစ်ကို ကို
တိမ်ညွန့်ရဲ့ ဟနေတဲ့ ပါးစပ်ထဲကို ထိုး
ထည့်လိုက်ပေးရတာတဲ့ဗျာ။ ကိုတိမ်ညွန့်
ကလည်း အဲဒီအသားတစ်ကို ကြိတ်မှိတ်
ပြီး မျိုချရတာတဲ့ဗျို့။ အဲဒီလို အသားတစ်
တစ်ခု မျိုချလိုက်တိုင်း တာမွေသင်္ချိုင်း
ကုန်းကြီးထဲမှာ ကျီးတွေ 'ဝုန်း'ကနဲ ထ
ပျိုတာတဲ့ဗျို့။ သင်္ချိုင်းကုန်းထဲက ခွေး
တွေလည်း တစ်ပြိုက်နက်တည်း အူ
တော့တာဆိုပဲ။

သင်္ချိုင်းဂူတွေကြားက သရဲတစ္ဆေတွေ
ပြေးသံလွှားသံတွေလည်း ကြားရတယ်တဲ့။

ဆရာကြီးက ဂါထာစုပ်လိုက်၊ အသားတစ်
တစ်ခုကျွေးလိုက်နဲ့ ကိုတိမ်ညွန့်က ကြိတ်
မှိတ်ပြီး မျိုချလိုက်နဲ့ အသားတစ်တွေ ကုန်
ခါနီးလာတဲ့အခါ အခြေအနေက ပိုပိုဆိုး
လာရောတဲ့ဗျို့။ ဂူတွေကြားထဲကနေပြီး
သရဲတွေ ထလာလိုက်တာ မရေနိုင်အောင်
ပဲတဲ့ဗျာ။ ကိုတိမ်ညွန့်ရော ကိုစံမြရော
မြင်နေကြရတာတဲ့ဗျ။

"ဟီး ဟီး ဟီး ဟီး အင်း အင်း"

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)