သရဲ နက်ကျော် အပိုင်း(၂)
"ဒီကောင် မနေ့က ငါတော့မှာ ယုန်လာထောင်တယ်
ယုန်ရအောင်လည်း ငါလုပ်ပေးလိုက်တယ်
ဒီကောင်က ငါနေတဲ့ အပင်အောက်မှာထိုင်ပြီး
အမဲသားနဲ့ ထမင်းစားတယ်။ ပြီးတော့ ဒီကောင့်မှာ
အရက်ပုလင်းကလည်း ပါသေးတယ်။
အရက်ပုလင်းကိုဖွင့်ပြီး ငါ့အပင်အောက်မှာ
မော့နေတာ ။ င့ါကို တစ်ချက်မြှောက်ရမှန်း မသိဘူး။
ငါက အရက်နံ့ရတော့ မနေနိုင်တာနဲ့ သစ်ကိုင်း
လှုပ်ပြတယ်။ ဒီအကောင် ဘာပြောတယ်ထင်တုံး
'ငနက်ကျော်ကြီး မင်းဖို့မပါဘူး ငါတောင်
သောက်လို့စားလို့ မဝရတဲ့အထဲမှာ လာခြောက်မနေနဲ့
ကိုယ်ဟာကိုယ် အေးအေးနေတဲ့' ။
တော်တော် မိုက်ရိုင်းတဲ့ကောင်ကွာ"
"သြော် ဒါကြောင့်ကိုး ဘိုးကို တောတက်တာကြာပြီပဲ။
ဘိုးနက်ကျော်တို့ အထာတွေ ဒီကောင် သိပြီးသားပဲ။
အခုမှ ဘာဖြစ်သွားတုံးဗျာ"
ကျုပ်က နောက်မှာ ထိုင်နေတဲ့ ဘိုကိုးအမေကို
မေးလိုက်တယ်။ ဘိုကိုးအမေ အရီးသိန်းလှ …
"ငါလည်း မသိပါဘူး တာတေရယ်။ ဒီတစ်ခါမှ
ဘာဖြစ်သွားတယ် မပြောတတ်ပါဘူးဟယ်"
"ဘနက်ကျော်ကြီးဗျာ ဘိုးကိုးအစား ကျုပ်က
တောင်းပန်ပါတယ် ဘိုကိုးရဲ့ မိဘများကလည်း
တောင်းပန်ပါတယ်ဗျာ ခွင့်လွှတ်ပါ ပြီးတော့
ဘနက်ကျော်ကြီး ဘာများစားချင်သောက်ချင်ပါလဲဗျာ"
"တာတေ ကြက်တစ်ကောင်နဲ့ အရက်နှစ်ပုလင်း ရှာပေး"
"ဟာ ရစေမယ် ရစေမယ် အခုချက်ချင်း စီစဉ်ပေးပါမယ်"
ဘိုကိုးရဲ့ မိဘတွေက ပျာပျာသလဲ ဝင်ပြောကြတာဗျို့
"ဟဲ့ မောင်မြင့်တို့ စိန်ကြည်တို့စီစဉ်လိုက်ကြဟေ့"
"ဟုတ်ကဲ့ အမေ။ ခုပဲ ကိုမောင်မြင့် သွားဝယ်တော့မှာ"
"အေး အေး"
ကျုပ်တို့နေတာက တောလေဗျာ။ ဒီကိစ္စမျိုးတွေနဲ့
မကင်းကြဘူးဗျ။ တောထဲဝင် တောင်တက်
ကွင်းထဲသွားနဲ့ တစ်ခါ တစ်ခါတော့လည်း
အမှားပါကြတာပေါ့ဗျာ။
ဒီလိုကြုံလာရင် ဘာလုပ်ရမယ်ဆိုတာ အားလုံးက
သိပြီးသားဗျ။ ခင်ဗျားကို ကျုပ်ပြောရဦးမယ်။
ဘနက်ကျော်က ချော်တွင်းကုန်းသားဗျ။
လူ့ဘဝတုန်းက မုဆိုးကြီးလေ။ ဘနက်ကျော်
တောတက်ရင် အမဲ မရတာ ဘယ်တုန်းကမှ
မရှိဘူးဗျ။ သူ့အလုပ်ကို သူလွှတ်ကျွမ်းကျင်တာ။
ကုန်ကုန်ပြောရရင် လေထဲမှ အနံ့ခံရုံနဲ့တင်
သားကောင် အနံ့ရတာဗျ။ ဘယ်လောက်အကွာမှ
ဘယ်လိုသားကောင်ရှိတယ် ။ ဘယ်နှကောင်ရှိတယ်
ဆိုတာ တန်းသိတာမျိုး။ ဒါပေမဲ့ မုဆိုးအလုပ်ဆိုတာ
အကုသိုလ် အလုပ်လေဗျာ။
အသက်ကြီးကြီးလာတော့ ဘနက်ကျော်က
တစ်ပွဲစားဖြစ်သွားရောဗျို့။အိမ်မှာ အိပ်နေရင်းနဲ့ကို
ဘယ်နားမှာ ဘာကောင် ရောက်နေတယ်ဆိုတာ
အလိုလို သိနေတော့တာဗျ။
ရွာနီးချုပ်စပ်က မုဆိုးတွေက ဘနက်ကျော်ကို လာပြီး
မေးစမ်းပြီးမှ တောထဲဝင် အမဲ မရတဲ့အခါ မရှိဘူးဆိုပဲ။
နောက်တော့ မုဆိုးတွေက သားကောင်ရရင် ဘနက်ကျော်ကို
တင်ကြ မြှောက်ကြတယ် ဆိုပဲဗျာ။ ဒီလိုနဲ့ ဘနက်ကျော်က
တစ်ပွဲစားကြီးမှန်းမသိ ဖြစ်လာရောဗျို့။
တချို့မုဆိုးတွေက တောဝင်နီးရင် ဘနက်ကျော်ကို
အရက်နဲ့ ကြက်ကြော်နဲ့တောင် တင်မြှောက်ကြတယ်
ဆိုပဲဗ်။
ထမင်းတွေ ဟင်းတွေ ကျက်တော့ ပူပူလောလော
ခူးခပ်ပြီး အရက်နှစ်လင်းနဲ့ ဘနက်ကျော်ကို
ကျွေးကြတယ်ဗျ။ ဘနက်ကျော်က စားပွဲခုံပုလေးနဲ့
အားရပါးရကို စားတာဗျို့။
ထူးဆန်းတာ တစ်ခုကတော့ ကြက်သားကို
အရိုးတွေရော အသားတွေပါ အကုန်လုံး
ဝါးစားပစ်လိုက်တာဗျို့။
အရက် နှစ်ပုလင်းလည်း မော့လိုက်တော့
ပြောင်တလင်းကို ခါသွားတာပါပဲဗျာ။
"ဘနက်ကျော် ဘိုကိုးကို မိမွေးတိုင်း ဖမွေးတိုင်း
ဖြစ်အောင် လုပ်ပေးခဲ့ပါဗျာ"
"စိတ်ချ တာတေ စိတ်ချ မင်းဖဲဝါကို ပြောလိုက်ဦး
ငါတောထဲမှာ အောက်လမ်းဆရာတစ်ယောက်
ရောက်နေတယ်။ ဒီကောင်က ကျားနက်မှော်
အောင်ထားတဲ့ အကောင်ကွာ။ သူ့ကိုယ်သူ
ကျားနက်ကြီးဖြစ်အောင် ဖန်ဆင်းတတ်တယ်။
ပြီးရင် တောထဲမှာ သားကောင်ကို ဖမ်းပြီး အစိမ်းစားတဲ့
အကောင်ကွ။ ကျားနက်ကြီးဖြစ်သွားရင်
ဆယ့်သုံးတောင်လောက်ရှိတယ်
အဲဒီကောင် ရွာတွေကို ဒုက္ခပေးမှာ စိုးရတယ်။
မင်း မဖဲဝါကို ကြိုပြီး ပြောထား ကြားလား"
"ဟုတ်ကဲ့ပါ ဘနက်ကျော် ကျုပ် ပြောထားပါ့မယ်"
စားလို့ သောက်လို့ဝတော့ ဘနက်ကျော် ထွက်သွားတယ်။
ကျုပ်က သစ်စုန်းဆေးတော်ရည်နဲ့ ဘိုကိုးမျက်နှာကို
တောက်လိုက်တယ်။
"အင်း အင်း "
ဘိုကိုး သတိလည်လာပြီဗျ။ ကျုပ်က ဆေးတော်ရည်နဲ့
ထပ်တောက်လိုက်တယ်။
"ဘိုကိုး ဟေ့ကောင် ဘိုကိုး"
"ဟေ ဟင် တာတေ ငါ ဘာဖြစ်လို့တုံး"
ဒီကောင် ဘာမှကို သိပုံ မပေါ်တာဗျို့။
"မင်းကွာ တောတက်တာ ကောင်းကောင်းမတက်ဘူး။
ဘနက်ကျော်ကြီးကို မထီလေးစားတွေ သွားပြောရတယ်လို့"
ကျုပ်ကပြောတော့ ဒီကောင် ရယ်ကျဲကျဲလုပ်နေရောဗျ
"အေး နင်ကရယ်နေ မိဘတွေတော့ နင့်အတွက်
ပူလိုက်ရတာဆိုတာ တာတေ ရောက်လာပြီး
တောင်ပန်းပေးလို့ ဟိုက ကျေနပ်သွားတာ သိလား
အရက်နှစ်ပုလင်းနဲ့ ကြက်တစ်ကောင် ချက်ကျွေးလိုက်ရတယ်
ငဘိုကိုးရဲ့ "
"ဟင် ဟုတ်လား အဲဒါတွေ ကျုပ်စားတာ သောက်တာလား"
"အေးလေ စားတာကတော့ နင်ပဲ စားတာပေါ့"
"ကျုပ် စားတယ်။ သောက်တယ်သာ ပြောတာ။
ကျုပ်ဖြင့် ဗိုက်တွေ ဆာလို့ဗျ အမေရ။ ပြီးတော့
အရက်နှစ်ပုလင်းသာ သောက်ရရင် ကျုပ်
လူမှန်းတောင် သိမှာမဟုတ်တော့ဘူးဗျ။
အခု နည်းနည်းတောင် မူးတာမှ မဟုတ်တာ"
ဒီတော့ လူတွေအားလုံး အံ့သြသွားတာဗျ။
"အေး ဟုတ်သားပဲ။ ဘိုကိုးပြောတာ ဟုတ်တာပေါ့
ဒီကောင် အရက်နှစ်လုံး ဘယ့်နှယ်လုပ်ပြီး
သောက်နိုင်မှာတုံးကွ"

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment