မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၁)
"ကျော်သိုက်...ဟဲ့ကောင်လေး ထတော့ နေဖင်
ထိုးနေပြီ"
"ဟင်...အမေ ဘာခိုင်းစရာရှိလို့လဲ အခုမှ အိပ်
ကောင်းတုံး ရှိသေးတယ်"
"ရှစ်နာရီထိုးတော့မယ် ထ...အမေစျေးသွားပြီး
ဟင်းစားဝယ်ဦးမယ်"
"တံခါးစေ့သွားအမေရာ ခဏနေမှ ထမယ်"
"ပြီးရော ပြန်မအိပ်နဲ့နော် စားပွဲပေါ်မှာ မုန့်ဆန်း
တစ်ပန်းကန်တင်ထားတယ် ယူစားလိုက်"
မိခင်ဖြစ်သူ ဒေါ်သန်းရှင်က မှာစရာရှိတာ
မှာ၍ အိမ်တံခါးစေ့ကာ ဆွဲခြင်းဆွဲပြီး စျေး
ဝယ်ရန် ထွက်သွားတော့သည်။ ကျော်သိုက်
လည်း ရှစ်နာရီခွဲမှ ထဖြစ်သည်။ ညက ရွှေ
ဘုံသာဘုရားသို့ သွားပြီး ပုတီးစိပ်သည်။
ညဆယ်နာရီခွဲမှ ပုတီးစိပ်ခြင်းကို ဖြုတ်ပြီး
မေတ္တာပို့ အမျှဝေကာ အိမ်ပြန်တော့ ဆယ်
တစ်နာရီရှိပြီ။
အိမ်ပြန်ရောက်ပြီး အိပ်ယာဝင်တော့ ညဆယ့်
နှစ်နာရီဆိုပေမယ့် မျက်လုံးကြောင်သွားသည်။
တရားမှတ်ပြီး အိပ်ပျော်အောင် ကြိုးစားသော်
လည်း တော်တော်နှင့် အိပ်မပျော်။ သန်းခေါင်
ကျော် နှစ်နာရီခန့်ရောက်မှ မှေးကနဲ ပျော်သွား
သည်။ ရှစ်နာရီခန့်အထိ အိပ်လိုက်မှ အိပ်ရေး
ဝသွားသည်။ နာရီဝက်ခန့် အိပ်ယာထဲမှ မထ
ဘဲ နေလိုက်သေးသည်။
မျက်နှာသစ်ပြီး အမေထားခဲ့သော မုန့်ဆန်းကို
ရေနွေးကြမ်းနှင့် ထိုင်စားနေလိုက်သည်။ မနေ့
က ကောက်ညှင်းပေါင်းကို အုန်းသီးတစ်ခြမ်း
ခြစ်ပြီး နှမ်းထောင်းနှင့် စားရသည်။ သည်နေ့
အဖေ့ညီမ ဒေါ်လှမြိုင်လာပေးသော မုန့်ဆန်း
ကို ရေနွေးစိမ်ပြီး အုန်းသီးသကြားနှင့် နယ်
ထား၍ စားကောင်းလှသည်။
ကျော်သိုက်တို့အိမ်ရှေ့မှာ ဝက်မလွတ်အုန်းပင်
နှစ်ပင်ရှိသည်။ အုန်းသီးများ ပြွန်နေအောင်သီး
သည်။ စားချင်သည့်အခါ အချိန်မရွေး ခူးဆွတ်
ပြီး စားသည်။ အပင်မှ သီးကာစက ကျော်
သိုက်၏ ခါးစောင်းအမြင့်မှ စသီးခဲ့သည်။
စားချင်သည့်အခါ အချိန်မရွေး ခူးဆွတ်ပြီး
စားသည်။ အပင်မှ သီးကာစက ကျော်သိုက်၏
ခါးစောင်းအမြင့်မှ စသီးခဲ့သည်။ ယခုနှစ်ပင်
လုံး ဆယ်ပေခန့်မြင့်သွားပြီ၊ အုန်းသီးကို ဝါး
ချိတ်နှင့် ချိတ်၍ ဆွဲချရသည်။
မုန့်ဆန်းစားလိုက် ရေနွေးသောက်လိုက်နှင့် မိ
ခင်ဖြစ်သူချန်ထားခဲ့သော တစ်ပန်းကန် ကုန်
သွားပြီဖြစ်သည်။ ပန်းကန်ကို သိမ်းပြီး အိမ်ရှေ့
ကပြင်မှာ ထွက်ရပ်လိုက်သည်။
"ဟဲ့... ဟဲ့ခွေး တယ်ဇိမ့်ကျနေပါလား"
ခေါင်းရင်းအိမ်မှ အောင်နက်၊ သူနေ့လည်နေခင်း
အိပ်သော ပိတောက်ပင်အောက်က ကွက်ပျစ်
ပေါ်မှာ အခန့်သား တက်အိပ်နေသည်။ ကျော်
သိုက်အသံကြား၍ ခေါင်းထောင်ကြည့်ပြီး ပြန်
အိပ်နေပြန်သည်။
"တောက်...ခွေးစုတ်...နာတော့မယ်၊ အိပ်စရာ
ရှားလို့"
ကျော်သိုက်က ဖိနပ်စီးပြီး အိမ်အောက်ဆင်းလာ
ခဲ့သည်။ အောက်ဆင်းလာသော ကျော်သိုက်ကို
မြင်မှ အောင်နက် ကွပ်ပျစ်ပေါ်က ဆင်းပြေး
တော့သည်။
"ဗျို့... ကိုကျော်သိုက်...ဘယ်မှမသွားဘူးလား"
"အကြောင်းကိစ္စမရှိတော့...ဘယ်မှမသွားဖြစ်
ဘူးဗျ။ ဒါနဲ့ ကိုအေး ဘယ်ကလာတာလဲ"
"ယောက်ဖတို့အိမ်က ပြန်လာတာ...ညကလင်
မယားနှစ်ယောက် ရန်ဖြစ်တာ၊ ယောက်ဖက
ခေါင်းပေါက်သွားတယ်။ မိမြက မျက်စေ့တစ်
ပိတ်သွားတယ်။ အဲဒါ ဒီမနက် အခြေအနေ
သွားကြည့်ပြီး ပြန်လာတာ"
ကျော်သိုက်က ခြံဝန်းရပ်နေသလို ကိုအေးက
လည်း ယောက်ဖအကြောင်းပြောရင်း ကျော်
သိုက်အနီးသို့ ရောက်လာသည်။
"ကိုအေး...ယောက်ဖက အရက်ကို မယားထက်
ပိုချစ်တာပဲ ကိုယ့်မှာ သားသမီးတွေလဲရနေပြီ၊
အသိတရားရှိသင့်နေပြီ၊ ကလေးတွေကို တ
ကယ်သနားတယ်"
"မိမြရဲ့ ဝဋ်ကြွေးပေါ့ ငါ့ညီရာ ဒီကောင်က
ရှာမကြွေးတဲ့အပြင် သူ့ကို အရက်ဖိုးပါပေး
ရသေးတယ်...ညက ဖြစ်တာက အရက်ဖိုး
မရလို့ ပြဿနာရှာရာက မိမြကလည်း နီး
စပ်ရာ တုတ်နဲ့ ခေါင်းကိုရိုက် ဟိုကောင်က
လည်း မျက်နှာကို လက်သီးနဲ့ထိုး ကလေး
တွေ ထငိုတော့ ဘေးအိမ်က လူတွေ လာ
ဆွဲတာနဲ့ ရန်ပွဲပြီးသွားတာ
"သူတို့အဖြစ်ကလည်း ဆိုးပါတယ်။ ရွာထဲက
ငွေတိုးပေးတဲ့ ဒေါ်သန်းဆီက တစ်နေ့ ငါးကျပ်
တိုးနဲ့ တစ်သောင်းချေးခဲ့တယ်တဲ့ကွာ
အဲဒီ အတိုး တစ်နေ့ငါးရာ ပုံမှန်သွင်းရတယ်၊
အဲဒီပေးဖို့ တစ်နေ့လုံး စျေးတောင်းခေါင်းရွက်
ပြီး ရွာစဥ်အနှံ့ လှည့်ရောင်းရတယ်၊ ငွေရှင်က
တစ်နေ့အတိုး ငါးရာ ပေးပြီးမှ ပိုတဲ့ ပိုက်ဆံ
သုံးရတယ်...တစ်လကို ပုံမှန်အတိုးသွင်းရင်
တစ်သောင်းခွဲကျတယ်။ လလည်းကုန်ရော
ချေးထားတဲ့တစ်သောင်းကို ပြန်ပေးရတယ်
တစ်ရက် နှစ်ရက်စောင့်ပြီး နောက်ထပ်တစ်
သောင်းပြန်ယူ၊ စျေးရင်း နေ့စဥ် အတိုးငါးရာ
ပြန်သွင်းပေါ့"
"နေ့တိုး ငါးကျပ်က မများလွန်းဘူးလား။
တစ်လ တစ်သောင်းယူလိုက်ရင် အတိုးတစ်
သောင်းခွဲဆိုတော့ ချေးတဲ့လူက တစ်လ
နှစ်သောင်းခွဲရသွားတာပေါ့"
"ဟုတ်တယ်လေ...ချေးတဲ့လူတိုင်း သိနေတာပဲ။
ဒါပေမယ့် အတိုးကြီးကြီးပေးရတယ်ဆိုပြီး မ
ယူလို့မှမရပဲ ညက အတိုးငါးရာပေး ဟင်းစား
ဝယ်နဲ့ လက်ထဲပိုက်ဆံမကျန်လို့ အရက်ဖိုးမ
ပေးနိုင်တာနဲ့ ငမူး ရစ်နေရာက ရန်စဖြစ်တာ"
ထိုစဥ် စျေးဝယ်သွားသော ကျော်သိုက်မိခင်
ပြန်လာသည်ကို တွေ့သဖြင့် ကိုအေးလည်း
နှုတ်ဆက်ပြီး ထွက်သွားသည်။
"အမေ...ခြင်းထဲမှာ များလှချည်လား ဘာတွေ
ဝယ်ခဲ့တာလဲ"
"ဟဲ့ စျေးသွားရတာ လွယ်တာမှတ်လို့ နှစ်ရက်
စာ သုံးရက်စာ ပေါင်းဝယ်ခဲ့ရတယ် ငါးခြောက်
ပဲပုတ်၊ အာလူးက မပါမဖြစ် ဝယ်ထားရတယ်
အခု...ငါးခူးစင်းကော ချက်ရင် ကောင်းမလား
ကြော်နှပ်ချက်ရင် ကောင်းမလား ငါးခူတော့
ဝယ်ခဲ့တယ်"
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသူ = ဧကန်မင်း

Comments
Post a Comment