ဒုတိယ မဖဲဝါ အပိုင်း(၂)
"ဒီလို ကိုကြီးတာတေရ၊ ရွာမြောက်ပိုင်းက
ဒေါ်ရွှေမကြီးကို သိတယ်မို့လား"
"အေး သိတယ်လေ ဘိုးသာခင်ရဲ့မိန်းမ အရီး
ရွှေမကို ပြောတာမို့လား"
"ဟုတ်တယ်၊ ဟုတ်တယ်"
ကျောက်ခဲက လူသွက်ဗျ။ သံမဏိကက လူ
အေး၊ စကားတောင် မေးမှပြောတဲ့ကောင်။
"ဟဲ့ ကျောက်ခဲ၊ ရွှေမ ဘာဖြစ်လို့တုံး"
"ဗိုက်အောင့်တယ်ဆိုပြီး လူးလှိမ့်အော်နေရ
တာဗျို့"
"ဟေ ဟုတ်လား၊ ဆေးထိုးဆရာ မခေါ်ဘူး
လား"
"ခေါ်တယ်ဗျ၊ ဆေးထိုးဆရာ ကုတာလည်း
မသက်သာဘူးဗျ၊ အနီးအနားက လူတွေက
မြို့ခေါ်သွားပြီး ဆေးရုံတင်ခိုင်းတယ်၊ ဒါပေမဲ့
အရီးရွှေမက ပြောတယ်ဗျ"
"ဟေ ဘာပြောတုံး"
"ငါ့ရောဂါ ငါသိတယ်တဲ့၊ ဒါ ဆေးရုံတက်ရ
မယ့်ကိစ္စ မဟုတ်ဘူးတဲ့ဗျ"
"ဟေ နို့ဘာဖြစ်တာတဲ့တုံး"
"ဗူးစောင်းတာတဲ့ဗျ"
"ဘာကွ၊ ဗူးစောင်းတာ ဟုတ်လား
ကျောက်ခဲ"
"ဟာ ကိုကြီးတာတေကလည်း မဟုတ်တာ
ပြောရော့မယ် အရီးရွှေမ ပြောတာက ဆား
ဗူးတို့၊ နနွင်းမှုန့်ဗူးတို့ကို ပြောတာမဟုတ်ဘူး
ဗျ။ ပညာဗူးကို ပြောတာ"
"ဟေ အရီးရွှေမက ပညာသည် မဟုတ်တာ
ကျောက်ခဲရ"
"သြော် ဘိုးသဘောပေါက်ပြီ ကျောက်ခဲရေ
ဟုတ်လောက်တယ်ကွ၊ ရွှေမတို့ ရွှေခတို့
ငယ်ငယ်က ပညာယူဖူးတယ်လို့ ကြားဖူး
တယ်၊ ဒါပေမဲ့ သူတို့ညီအစ်မတွေ ပညာ
သည်တော့ ဖြစ်မလာကြပါဘူးကွ"
"ဟုတ်တယ် ဘိုးရ၊ အရီးရွှေခက ပညာမယူဖြစ်
ဘူးတဲ့ဗျ၊ အရီးရွှေမကတော့ ပညာယူတယ်တဲ့၊
ဒါပေမဲ့ ပညာဗူးသွင်းတဲ့အခါမှ ဗူးမကျဘူးတဲ့ဗျ၊
ဗူးစောင်းနေတယ်တဲ့ဗျ။ ဒါကြောင့် ပညာသည်
ဖြစ်မလာဘူးတဲ့။ အခုအဲဒီပညာဗူးက သူ့ဗိုက်
ထဲမှာ ဒုက္ခပေးနေတာတဲ့ဗျို့"
"သြော် ဒီလိုကိုး"
ကျုပ်က ပြောလိုက်တယ်။ ဒီတော့မှ ကျောက်
ခဲက စကားဆက်တော့တာဗျ။
"အဲဒါ အခု အရီးရွှေမက ကိုကြီးတာတေကို
သွားခေါ်ပေးပါဆိုလို့ ကျုပ်တို့ လာခဲ့တာဗျ"
"နို့ နေပါဦးကွ၊ ဒီအကြောင်းတွေကို ဘယ်သူ
က ပြောလို့ မင်းတို့ သိလာတာတုံး"
"အရီးရွှေမ အကြောင်းလား"
"အေးလေ…ငါ့အဘတောင် ကြားဖူးရုံပဲ ရှိ
တာ၊ သေသေချာချာသိတာ မဟုတ်ဘူးကွ၊
မင်းတို့က အသေးစိတ်သိလာတာဆိုတော့
ဘယ်လိုများ သိလာတာတုံးလို့ ကိုကြီးတာ
တေက မေးတာပါ"
"ဟာ အရီးရွှေမကိုယ်တိုင် ပြောလိုက်တာလေ
ဗျာ၊ ဒီလို အကျိုးအကြောင်းရှိတယ်၊ အဲဒါတွေ
တာတေကို ပြောပြလိုက်၊ တာတေ လိုက်ခဲ့ပါ
လို့ သေသေချာချာပြောလို့ မှာလိုက်လို့ ကျုပ်
တို့ လာရတာဗျ"
"သြော် ဒီလိုလား"
အဘရော ကျုပ်ရော ပြိုင်တူပြောလိုက်ကြ
တာဗျို့။ ကျုပ်လည်း ဘာလုပ်ပေးရမှာလဲ
ဆိုတာ စဉ်းစားလိုက်တယ်။
"လူလေး သွားလိုက်လေ၊ အဘ ဆက်ကြိတ်
လိုက်မယ်"
"ဘိုး ကျုပ်တို့ နေခဲ့မယ်လေ၊ ဘိုးကို ကူလုပ်
ပေးရမလား"
"ဟာ ရပါတယ်ကွ ကျောက်ခဲရ၊ မင်းတို့အ
ကိုနဲ့သာ လိုက်သွားကြ၊ လိုတာလုပ်ပေးရ
ဦးမှာမို့လား"
ကျုပ် ဆေးလွယ်အိတ်လွယ်ပြီး ဝိုင်းထဲက
ထွက်ခဲ့တယ်။ ကျောက်ခဲနဲ့ သံမဏိက
ကျုပ်နောက်က ကပ်ပါလာတာပေါ့ဗျာ။
ဘိုးယာခင်တို့ ဝိုင်းထဲကို ကျုပ်တို့ရောက်
တော့ …
"အောင်မယ်လေးတော် အောင့်လိုက်တာ
အမယ်လေး အမေရေ သေတော့မှာပါပဲ"
အရီးရွှေမရဲ့ ညည်းသံကြီးကို ကြားလိုက်
ရတယ်ဗျ။
"ဟာ တာတေ လာ လာ လူလေး၊ အိမ်ပေါ်
တန်းလာခဲ့ကွာ"
ဘိုးယာခင်တို့ အိမ်ကြီးက အိမ်ကောင်းဗျ။
တိုင်လုံးကြီးတွေမှ အကြီးကြီးတွေနဲ့ဆောက်
ထားတာ။ ကျုပ်တို့ရွာမှာ သစ်ပင်လုံးပတ်ကြီး
ကြောင်း ပြောချင်ရင် လူကြီးတွေက ယာခင့်
အိမ်တိုင်လောက် ရှိတယ်တို့၊ ယာခင့်အိမ်
တိုင်ထက် ကြီးတယ်လို့ ပြောကြတာဗျ။ အဲ
ဒီလို စကားထဲ ထည့်ပြောရလောက်အောင်
ကို အိမ်တိုင်ကြီးတဲ့ အိမ်ကြီးဗျ။
အိမ်ပေါ်ရောက်ပြီး အသင့်ခင်းထားတဲ့ ဖျာ
ပေါ်မှာ ထိုင်လိုက်ပြီးတာနဲ့ ကျုပ်က တန်း
မေးတော့တာဗျ။
"အဘိုး အရီးရွှေမက ဘာဖြစ်လို့တုံး"
"အေးကွ၊ တာတေရေ၊ မင်းတော့ ကိုယ့်သား
လို ဖြစ်နေတော့ အမှန်ပြောရတော့မှာပဲပေါ့
ကွာ၊ ဟိုတုန်းခေတ်က ငတို့ရွာတွေဘက်မှာ
ပညာသည်တွေ လွှတ်ပေါတာကွ။ ဒီတော့
သားသမီး အရွယ်ရောက်လာရင် လူပြုစား
မခံရအောင် ဆေးတွေ ဝါးတွေ ထိုးကြရ၊
အင်းတွေ ဘာတွေ တိုက်ကြရနဲ့ အကာအ
ကွယ်တွေ လုပ်ကြရတာပေါ့ကွာ၊ မင်းအရီး
က ငယ်ငယ်က ရုပ်ကလေးကရှိတော့ မိဘ
တွေက သူများဆေးတွေ ဝါးတွေ မခတ်နိုင်
အောင်ဆိုပြီး ပညာခိုင်းတာတဲ့ကွ၊ အဲဒါ သူ့
ကို ပညာဗူးသွင်းပေးတဲ့ မိန်းမကြီးက ဗူး
သွင်းတာ မတည့်လို့ ပညာလည်း မရဘဲ
တစ်ခါ တစ်ခါ ဗိုက်ထအောင့်တတ်တယ်
ကွ၊ ခါတိုင်းအောင့်တာက ဒီလောက်မဆိုး
ဘူးကွ။ နည်းနည်းလောက်ပဲ အောင့်တာ။
ပြီးရင် ပျောက်သွားရောကွ၊ ဒီတစ်ခါအောင့်
တာက တော်တော်ကို ဆိုးတယ်။ အသက်
ထွက်သွားမလောက်ကို အောင့်တာ၊ ဘိုးတို့
လည်း ညကောင်းကောင်း မအိပ်ရတာ သုံး
လေးညတောင် ရှိပြီကွ တာတေရ"
"အောင်မယ်လေးတော် သေတော့မယ်
ထင်တယ် "
အိပ်ခန်းထဲက အရီးရွှေမ ညည်းသံကြီး
ထွက်လာတယ်ဗျ။
"ကဲ အဘိုး ကျုပ် အရီးနဲ့ စကားပြောချင်
တယ်ဗျာ"
ကျုပ်က ပြောလိုက်ရောဗျ။
"လာလေကွာ တာတေရာ၊ မင်းအရီး ဟိုအ
ခန်းထဲမှာ"
"ကဲ ကျောက်ခဲနဲ့ သံမဏိက ဒီမှာနေခဲ့ကြ"
"အေး အေး ကျောက်ခဲတို့က ဒီမှာနေကြ၊
ဟိုမှာ လက်ဖက်စား၊ ဆတ်သားခြောက်
ကလေးလည်း စားကြ၊ အကြမ်းလည်း
သောက်ကြကွာ"
ဘိုးယာခင်နဲ့ ကျုပ်နဲ့ အခန်းထဲ ဝင်ခဲ့တယ်။
"တာတေလား၊ လာ လာ၊ လူကလေး အရီး
ကို ကယ်နိုင်ရင် ကယ်ပါဦး တာတေ"
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment