မှန်ထောင်ကဝေမ အပိုင်း(၇)၊ဇာတ်သိမ်းပိုင်း
"ဟာ ဆရာကြီးရေ ။ သူထဘီကြီးကိုဖြည်ပြီး
ဖြန့်ချလိုက်ပြီဗျို့။ဟာ ခြုံလိုက်ပြီဗျို့။
ပါးစပ်ကလည်း မန္တန်တွေ ရွတ်နေတာဗျ"
"ဟေ ဟုတ်လား မောင်တာတေ ။ နွံဖ ဒီကောင်မကြီး
ဠင်းတလုပ်ပြီး ပြေးတော့မှာကွ။ အိတ်ထဲကို
မြန်မြန်နှိုက်စမ်း ။ မှော်ဝင်လေးနဲ့ မြားပါတယ်
တွေ့လား"
"တွေ့တယ် ဆရာ ။ ဒီမှာ ရော့ ရော့ "
ဟင် ကျုပ်ဖြင့် တော်တော်ကို အံ့သြသွားတာဗျာ။
စိတ်လည်း တော်တော်ပျက်သွားတယ်ဗျို့။
တကယ်ပါ။ ဆရာနွံဖ ထုတ်ပေးလိုက်တဲ့
လေးဆိုတာက တစ်ထွာလောက်ရှိတဲ့ လေးကလေးဗျ။
မြားဆိုတာကလည်း ခြောက်လက်မလောက်ရှည်တဲ့
မြားကလေးဗျ။ဒါကလေးနဲ့ ဒီကဝေမကြီးကို
ဘယ်လိုပစ်မှာတုံးဗျာ။
"ကြည့်ထား မောင်တာတေ ။ မျက်ခြည်မပြတ်
ကြည့်ထားကွဲ့"
"ဟုတ်ကဲ့ ဆရာကြီး ။ ဟာ ဟုတ်တယ်ဗျို့။
ကဝေမကြီး ဠင်းတကြီး ဖြစ်သွားပြီဗျ။
နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး ဆရာကြီးရေ။
အတောင်ပံတွေ တခတ်ခတ် လုပ်နေပြီဗျို့"
"ပြစမ်း ပြစမ်း တည့်တည့်လက်ညှိုးထိုးပြ"
ကျုပ်က ဠင်းတကြီးရဲ့ ရင်ဘတ်ကို တည့်တည့်ထိုးပြတော့
ဆရာကြီးက သူရဲ့ တစ်ထွာလောက်ရှိတဲ့ လေးကလေးမှာ
မြားသေးသေးတင်ပြီး ချိန်တယ်ဗျို့။
ပြီးတော့ မန္တန်တစ်ပုဒ်ကို အသံအကျယ်ကြီးနဲ့
ရွတ်တယ်ဗျ။ ဟော ဆရာကြီး လေးကို ဆွဲတင်ပြီ။
ပစ်တော့မယ်ဗျို့။ဟာ ပစ်ပြီ ပစ်ပြီ ။
ဟင် မြားကလေးက 'ဝှစ်' ဆိုတဲ့ အသံနဲ့ ပြေးထွက်သွားတာဗျို့။
ဟာ အလင်းတန်းကြီးဗျ။မြားက အလင်းတန်းကြီး
ဖြစ်သွားတာဗျို့။မိုးကြိုးပစ်ရင် တွေ့ရတဲ့ အလင်းတန်းမျိုးဗျ။
ထိပြီဗျို့။ထိပြီ။ အလင်းတန်းကြီးက ဠင်းတကြီးရဲ့
ရင်ဝကို တန်းပြီး ဖောက်သွားတာဗျ။
ဟာ ဠင်းတကြီး ချာလည်လည်သွားပြီဗျို့။
အတောင်ပံကြီး ခတ်နေတယ်ဗျို့။
ဟော ငြိမ်သွားပြီဗျ။
"ဝုန်း ဝုန်း ခွမ်း ချလွမ် ချလွမ်"
ဟာ ဠင်းတကြီးက မီးတောက်ကြီး ထတောက်တာဗျို့
'ဝုန်း'ခနဲ မြည်သွားပြီး ကဝေမကြီးရဲ့ ကိုယ်ကြီးမှာလည်း
မီးတောက်ကြီး ထတောက်ပြီဗျို့။ 'ခွမ်း ချလွမ်း'ဆိုတဲ့
အသံကြီးကတော့ ကဝေမကြေးမုံလို့ခေါ်တဲ့
ကဝေမကြီးရဲ့ လူသတ်တဲ့မှန်ကြီး အစိတ်စိတ်
အမွှာမွှာ ကွဲသွားတဲ့ အသံဗျ။
ဟော ကြည့်နေတုန်းမှာပဲ မီးတောက်က ကြီးကြီးလာပြီး
တဲကိုပါ စွဲတော့တာဗျို့။
"ငရဲမီးတောက်ကြီး ထတောက်တာဟေ့ လာ လာ
သရက်ပင်တွေနောက်မှာ ကပ်နေကြ။သိပ်ပူတဲ့ မီးကွ"
သရက်ပင်တွေနောက်မှာ ကပ်နေရင်း
ကျုပ် ကြည့်နေတာဗျို့။တဲတစ်လုံးလုံး ပြာကျပြီး
အားလုံးပျောက်ကွယ်သွားတော့မှ ကျုပ်တို့
သိမျကုနျးရှာကို ပွနျခဲ့ကွတာပေါ့ဗျာ။
ပြီးပါပြီ
မူရင်းရေးသူ=တာတေ

Comments
Post a Comment