အခန်းဖော်က သရဲမ ဇာတ်သိမ်းပိုင်း



"သူ့မိဘတွေက ပဲခူးသနပ်ပင်က လလည်း
ဆွမ်းကို ဒီမှာလာလုပ်ပေးဖို့မှာထားတာ၊
အဒေါ်ကလည်း ဘုန်းကြီးလှူမယ့်ဝတ္ထု
သင်္ကန်းစိုက်ထည့်မှာ။ အလှူလုပ်ပေးလိုက်လို့
ဒီအခန်းမှာမရှိတော့ဘူးဆိုရင် အဒေါ်
မိန်းကလေးနှစ်ယောက်လောက်ပေါင်းပြီး
အငှားတင်ထားမလား စိတ်ကူးထားတယ်"

"အဒေါ်က အသေအချာပြောတော့လည်း
မယုံချင်ပေမယ့် ယုံရတော့မှာပေါ့"

"အေး …လွန်ခဲ့တဲ့ တစ်လလောက်က
သုလုပ်တဲ့ စက်ရုံက ဆိုက်ကယ် ကယ်ရီစီးပြီး
ပြန်လာခဲ့တာ သာဓုကန်လမ်းမကြီးပေါ်မှာ
ဆိုက်ကယ်က ရှေ့ကသွားနေတဲ့ ကားကို
ကျော်တက်တယ် ။ သူလည်း ကျော်အတက်
မျက်နှာချင်းဆိုင်က မောင်းလာတဲ့ ကားနဲ့
မျက်နှာချင်းဆိုင် တိုးတော့တာပဲ၊ ရှောင်ရ
အောင်လည်း ဘေးမှာ ကားကြီးခံနေတာနဲ့
ပွဲချင်းပြီးအတိုက်ခံလိုက်ရတာ ဆိုင်ကယ်
မောင်းတဲ့ ကောင်လေးလည်း ပွဲချင်းပြီးပဲ
အချိန်က ညရှစ်နာရီခွဲတိတိပဲ..ဒါကြောင့်
ညရှစ်နာရီခွဲတာနဲ့ အခန်းကို ရောက်လာတာ
အဒေါ်လည်း အမှုမဲ့အမှတ်မဲ့နေခဲ့လို့ သင်းသင်း
အခန်းကို အေးအေးမာရောက်နေတာ မသိဘူး
ဖြစ်သွားတယ်"

"ဒါဆို ညတိုင်း ကျမက သေသွားပြီဖြစ်တဲ့
အစ်မသင်းသင်းရဲ့ ဝိညာဉ်နဲ့ သွားစကား
ပြောမိနေတာပေါ့"

"အေးလေ ကံကောင်းလို့ အခြောက်အလှန့်
မခံရတာ"

"အခုမှ စဉ်းစားရင်း ကျောချမ်းလာတယ်"

"သိပ်လည်း မကြောက်ပါနဲ့၊ သူက မကျွတ်
မလွတ်သေးလို့ သရဲ တစ္ဆေဖြစ်နေတာတောင်
ှုငါ့တူမကိုခင်တဲ့စိတ်ရှိလို့ မခြောက်မလှန့်တာပေါ့
ကဲ…ကဲ …အဒေါ်သွားဝိုင်းလုပ်ပေးလိုက်ဦးမယ်"

"ကျမလည်း အစ်မသင်းသင်းအတွက် တတ်နိုင်တဲ့
အလုပ်လေး ဝင်ကူလုပ်ပေးပါ့ရစေ"

"ကဲ…လာ သူ့အဖေအမေတွေနဲ့လည်း
မိတ်ဆက်ပေးမယ်"

အေးအေးမာအား ဒေါ်အေးပွင့်က သင်းသင်း၏
မိဘများထံ ခေါ်သွားကာ မိတ်ဆက်ပေးသည်။
ထို့နောက် အေးအေးမာသည် ဝိုင်းဝန်းကူညီ
နိုင်သည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်
ပေးနေသည်။

စိတ်ထဲက သဘောကောင်းတဲ့ အစ်မသင်းသင်း
ကောင်းရာသုဂတိသို့ လားပါစေဟု ဆုတောင်း
ပေးနေရင်း အလုပ်မှာ စိတ်နှစ်ကာ လုပ်ကိုင်
ပေးနေလိုက်တော့သည်။

ပြီးပါပြီ

မူရင်းရေးသူ = ဧကန်မင်း

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)