မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၈) ဇာတ်သိမ်းပိုင်း


"လာ...ကိုသိန်းထွန်း အေးရွာသွားပြီး ဆရာပင့်
တာ ဆရာကြီးက ဒီဆရာလေးကို ထည့်ပေး
လိုက်တယ်၊ ဒီရွာက အခက်အခဲတွေကို ငါ့တ
ပည့်က ဖြေရှင်းပေးလိမ့်မယ်လို့ အဲဒီရွာက
ဆရာကြီးက ပြောပြီး ဒီဆရာလေးကို ထည့်
ပေးလိုက်တယ်"

ထိုလူများ၏ စကားပြောပုံ၊ အသွားအလာ
မျက်နှာအမူအရာအရ ကျော်သိုက်ပါလာသည်
ကို အားမလိုအားမရ ဖြစ်နေပုံရသည်။ သူတို့
ဦးတိုက်သွားရောက် ပင့်ဆောင်သော ဆရာ
ကြီးကို တွေ့ပါလျက် အသက်ငယ်သော
လူငယ်ဆရာလေးတစ်ယောက်ကို ထည့်လိုက်
သည့်အတွက်လည်း စိတ်ထဲမကြည်မလင်
ဖြစ်နေကြပုံရပါသည်။

ကျော်သိုက်လည်း မျက်နှာရိပ် မျက်နှာကဲ
အကဲခပ်သော်လည်း မသိဟန်ပြုကာ ကိုယ်
လုပ်စရာရှိသည်တို့ကို ဆက်လက်လုပ်ဆောင်
နေသည်။ ကိုမျိုးဝင်းနှင့် မောင်လှဝင်းတို့က
ကြက်တစ်ကောင်ယူလာပြီး ချက်ပြုတ်ရန်
စီစဥ်နေသည်။

ဦးညိုဇနီးက ထမင်းဟင်းချက်နေသည်။ အိမ်
သားများနှင့် ကျော်သိုက်စားရန် စီစဥ်နေကြ
သည်။

"ဒေါ်လေး...ဆန်ခြောက်လုံးကို အိုးအလွတ်
တစ်လုံးနဲ့ သပ်သပ်ချက်ပေးဦးနော်"

"အေး...အိမ်စားဖို့ချက်ပြီးတာနဲ့ မင်းတို့လုပ်
ကိုင်နေတဲ့ ဟင်းရော ထမင်းရော ဆက်ပြီး
ချက်ကြပေါ့ ညခုနှစ်နာရီ မထိုးခင် ကျက်မှာပါ"

"ဆရာလေးကတော့ ညခုနှစ်နာရီခွဲ အားလုံး
ရရင် ရပြီလို့ ပြောတယ်"

"ထင်းမီးနဲ့ သိပ်မချက်ရပါဘူး"

အိမ်အတွက် ကြက်သားကို ဘူးသီးနှင့် ဆီကျန်
ရေကျန် ချက်နေသည်။ ညခြောက်နာရီခန့်
အိမ်ရောက်နေသူများရော၊ အိမ်ရှင်များရော
ကျော်သိုက်တို့ပါ ဦးညိုအိမ်မှာ ကြက်သား
ဘူးသီးချက်နှင့် ထမင်းစားကြသည်။

ညခုနှစ်နာရီခန့် ကြက်သားဟင်းနှင့် ထမင်း
ကျက်သွားပြီ၊ တောင်းသေးသေးတစ်လုံးထဲ
ငှက်ပျောရွက်များ ခင်းပြီး ထမင်းများ ထည့်
လိုက်သည်။ ဟင်းအိုးကို ငှက်ပျောရွက် ထ
မင်းပေါ် ဖုံးပြီး ထိုငှက်ပျောရွက်အပေါ် တင်
ထားလိုက်သည်။

ရှစ်နာရီကျော်တော့ ကျော်သိုက်ဦးဆောင်ပြီး
ဒေါ်ညွန့်၊ ဦးညို၊ ကိုသိန်းထွန်း၊ ကိုမျိုးဝင်းတို့
သခ်ျိုင်းရှိရာသို့ ထွက်လာခဲ့သည်။

ကိုသိန်းထွန်းက ထမင်းတောင်းကို ထမ်းလာ
ခဲ့သည်။ သခ်ျိုင်းထဲရောက်တော့ ဂူတစ်လုံးပေါ်
ရှင်းလိုက်ပြီး ငှက်ပျောရွက်များခင်းကာ
ထမင်းများ၊ ဟင်းများ ပုံလိုက်သည်။

ရေပုလင်းထဲမှာ ရေကို ဖလားတစ်လုံးထဲ
သွန်ထည့်ထားလိုက်သည်။

"ဒေါ်လေးက ဒီဂူဘေးမှာ ဒူးထောက်ပြီး ထိုင်
နေပါ ဆံပင်ကို ဖြည်ပြီး ကျောပေါ်ချထား
ပေးပါ"

ဒေါ်ညွန့်က ကျော်သိုက်ဖြစ်စေချင်သည့်အတိုင်း
လိုက်လုပ်ပေးသည်။ လက်အုပ်ချီထားသည်။

"မဖဲဝါကို ကျတော်ပင့်တော့မယ် ဦးညိုတို့
နည်းနည်းဆုတ်ပြီး ရပ်နေကြပါ"

"အရှေ့နေထွက် အနောက်နေဝင်၊ တောင်တံငါ
ကွန်၊ မြောက်ဓူဝံအတွင်းမှာ မဖဲဝါရှိသည်ဆို
ပါက ဤနေရာ ဤအရပ်သို့ ခေတ္တခဏ လာ
ရောက်ပေးပါရန် ဖိတ်ခေါ်ပါသည် ခင်ဗျား"

တစ်ကြိမ် ခေါ်သည်၊ မထူးခြား၊ နှစ်ကြိမ်ခေါ်
သည်၊ တိတ်ဆိတ် ငြိမ်သက်နေသည်။

"တောပိုင် တောင်ပိုင် နယ်ပိုင် အပေါင်းတို့
မဖဲဝါရှိသည့် နေရာ၊ တွေ့သည့အရပ်မှ
ဤနေရာသို့ စေလွှတ်ပေးပါရန် တောင်းပန်
ပါသည်"

"မဖဲဝါခင်ဗျား အကူအညီတောင်းစရာရှိပါသ
ဖြင့် ဤနေရာ ဤအရပ်သို့ စားသောက်ပွဲများ
လည်း သုံးဆောင်ရန် ကြွရောက်ပေးပါ"

"ဝေါ....ဝေါ..."

ရုတ်တရက် သခ်ျိုင်းဝန်းကျင် သစ်ပင်တို့ လေ
မတိုက်ပါပဲ လှုပ်ခါသွားသည်။ ဒေါ်ညွန့် တစ်
ကိုယ်လုံး တွန့်လိမ်သွားပြီး ဂူပေါ်သို့ ထိုင်နေ
ရာမှ ခုန်တက်လိုက်သည်။ ထမင်းပုံကို ခွထိုင်
ပြီး ကြက်သားများနှင့် အတူ စားနေတော့သည်။

ပါသမျှ အရိုးရော အသားပါ အကုန်စားနေ
သဖြင့် လိုက်ပါလာသူ ဦးညိုတို့ လူစု ကြည့်
ပြီး အံ့သြနေကြသည်။

"ကျော်သိုက်လားဟေ့"

"ဟုတ်ပါတယ် မဖဲဝါ ခင်ဗျာ"

"ငါ့ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ"

"ဒီလိုပါ...ဒီပေါက်တစ်ပင်ရွာထဲမှာ ဒေါ်ငွေတင်
ဆိုတဲ့ အဒေါ်ကြီး သေဆုံးသွားပြီး မကျွတ်မ
လွတ်ပဲ တစ္ဆေသရဲ ဖြစ်နေပါတယ်

ဒေါ်ငွေတင်က သူ့အိမ်ဝန်းကျင်ကို ဘယ်သူမှ
မလာနိုင်အောင် နေ့စဥ် အပုပ်နံ့တွေပေးနေပါ
တယ်၊ အိမ်ကြီးပေါ်ကနေ အသံမျိုးစုံပေးနေ
ပါတယ်၊ အနီးဝန်းကျင်မှာ နေထိုင်တဲ့ လူတွေ
အပုပ်နံ့ကို နေ့စဥ် ရှုရှိုက်နေရပါတယ်၊ဒါကြောင့်
ဒီဒေါ်ငွေတင်ကို အိမ်ကြီးပေါ်က ဖယ်ရှားပေး
စေလိုပါတယ်"

"ဟင်း...ဘုရားမရှိ တရားမရှိ၊ လူ့ဘဝအသက်
ရှင်စဥ်က မစ္ဆရိယ စိတ်တွေဖုံးလွှမ်းခဲ့လို့ သေ
သည်အထိဘဲ အဲဒီစိတ်က ပါသွားတယ်။

စားရမယ့်၊ သောက်ရမယ့်ပြိတ္တာဘဝမျိုး
ရောက်နေတယ်၊ ဒီသရဲမကြီး အကျွတ်တ
ရားရအောင် သားသမီးတွေက လုပ်ပေးရ
မယ်၊ ဒေါ်ငွေတင်က မနာလို ဝန်တိုစိတ်ကြီး
နေတာ၊ သူက လူတွေသတ်၊ အကြီးအကျယ်
ဖျက်လိုဖျက်ဆီး လုပ်နေရင်တော့ သူ့ကို
လူတွေကြားထဲ မထားဘဲ၊ သခ်ျိုင်းထဲခေါ်
သွားမှာ။ သူ့ကို ကျွတ်အောင် လွတ်အောင်
အစားအသောက် စားရအောင် လုပ်ပေးနိုင်
ဖို့ အခွင့်အရေးရှိသေးတယ်။

ဒီကိစ္စက သူ့သွေးသားရင်းတွေလုပ်မှာ ရမယ်။
ဒီထဲမှာ သူ့သားပါတယ် မဟုတ်လားဟေ့"

"ဟုတ်ကဲ့ ပါပါတယ်ခင်ဗျာ"

"သေသေချာချာနားထောင်၊ အိမ်သာဘေးမှာ
ရေကပြင်ကို အုတ်ခုံနဲ့လုပ်ထားတယ် မဟုတ်
လား၊ ရေကပြင်နဲ့ အိမ်သာဘေးမှာ လူခါးစပ်
လောက်တူးကြည့်၊ စဥ့်အိုးအသေးလေးနဲ့
မြှုပ်ထားတဲ့ လက်ဝတ်လက်စားတွေ တွေ့
လိမ့်မယ်။ တစ်ဝက်တိတိ ဖယ်ပြီး ကျန်တစ်
ဝက်ကို အညီအမျှ လေးပုံ မောင်နှမလေး
ယောက် ခွဲယူ အိမ်နဲ့ခြံကို ညီမလေးကို
ပေးလိုက်။
တစ်ဝက်တိတိခွဲထားတဲ့ လက်ဝတ်လက်စား
တွေ အကုန်လုံးရောင်းလိုက်ပြီး၊ အချို့ကို ဘု
ရားတည်၊ ကျောင်းဆောက်ရာမှာ အမေ့နာ
မည်နဲ့လှူ၊ အချို့ကို ဘုန်းတော်ကြီးတွေကို
သက်န်းလှူ၊ ဘုရားကို သက်န်းလှူ၊ အချို့ကို
ဘုန်းတော်ကြီးတွေ ဆွမ်းစားစရိတ်လှူ၊ ကျန်
တာကို အမေ့အတွက် ဘုန်းကြီးပင့်ပြီး အမျှ
ဝေလိုက်၊ ပြုပြင်သမျှ အလှူအားလုံးအမျှ
ဝေလိုက်၊

မင်းတို့အမေသာဓုခေါ်ရင် ဒီတစ္ဆေသရဲဘဝ
ပြိတ္တာဘာဝက လွတ်ပြီး စားကောင်းခြင်း၊
နေကောင်းခြင်းအဆင့်ကို တက်လှမ်းရောက်
ရှိလိမ့်မယ်။ ငါ...ဒီည သူကို ဆုံးမပြီး အိမ်
ကြီးပေါ်ကနေ ခြံထဲသွားနေခိုင်းမယ်။

အလှူအတန်းပေးရာမှာလည်း မနှောက်ယှက်
အောင် သတိပေးထားမယ်။ မနက်ဖြန် လူကြီး
တွေ သက်သေထားပြီး ငါမှာတဲ့အတိုင်း လုပ်
ပေးလိုက်ကြ။

မင်းတို့အမေ ဒီအစိမ်းသရဲဘဝက လွတ်သွား
လိမ့်မယ်။ ငါအခု မင်းတို့အမေကို အိမ်ပေါ်က
ခေါ်ချပြီး ခြံထဲက သစ်ပင်ပေါ် သွားထားခဲ့
မယ်။ လုပ်စရာရှိတာ အချိန်မဆိုင်းပဲ လုပ်
လိုက်။ ကဲ ငါသွားမယ်"

စကားလဲဆုံး ဒေါ်ညွန့်လည်း ဂူပေါ်မှာ ခွေခွေ
လေးလဲကျသွားသည်။

ကျော်သိုက်လည်း ဒေါ်ညွန့်ကို သတိရအောင်
လုပ်ပြီး ရွာသို့ ပြန်လာခဲ့ကြသည်။

"ကဲ...ပျောက်သွားပြီလို့ မင်းတို့ယူဆထားတဲ့
ပစ္စည်းတွေ... မဖဲဝါပြောသွားတဲ့ နေရာမှာ
သွားတူးကြည့်ပေတော့"

"ဆရာလေးရော ဦးညိုတို့ပါ ပါမှာပေါ့၊ မဖဲဝါက
လူကြီးတွေ သက်သေထားပြီး ပစ္စည်းကို တူး
ယူ ထုခွဲရောင်းချရမယ်လို့ မှာသွားတယ် မဟုတ်
လား"

နောက်နေ့ရောက်တော့ ရွာလူကြီးပါ အသိ
သက်သေခေါ်ပြီး မိသားစုလေးယောက်နှင့်
အတူ မဖဲဝါပြောသည့်အတိုင်း တူးကြည့်ရာ
စဥ့်အိုးလေးနှင့် ထည့်မြှုပ်ထားသော လက်
ဝတ်လက်စားများကို ရလိုက်သည်။

မဖဲဝါပြောသည့်အတိုင်း ဒေါ်ငွေတင် အသိ
တရားရသွားသည်လားမသိ၊ အပုပ်နံ့လည်း
မပေးတော့။

ရွာလူကြီးက တစ်ဝက်အညီအမျှခွဲပြီး မောင်နှ
မလေးယောက်ကို ထိုတစ်ဝက်ထဲမှ အညီအမျှ
ခွဲဝေပေးသည်။ အားလုံး ကျေကျေနပ်နပ် လက်
ခံကြသည်။

ကျန်တစ်ဝက်ကို ရွာလူကြီးနှင့် ဦးညိုတို့ ဦး
ဆောင်ပြီး သွားရောင်းပေးသည်။ ထိုရောင်း
ရငွေအားလုံးကို လေးပုံခွဲပြီး ကျောင်းဆောက်
သည့်နေရာမှာ တစ်ပုံ၊ ဆွမ်းစားစရိတ်အတွက်
တစ်ပုံ၊ သက်န်းလှူခြင်း၊ ရွှေသက်န်းလှူခြင်းမှာ
တစ်ပုံ၊ ကျန်တစ်ပုံကို အိမ်ကြီးပေါ်မှာ ဒေါ်ငွေ
တင်အတွက် လှူတန်းထားသမျှ အစုစုကို အ
မျှပေးဝေနိုင်ရန် ရေစက်ချနိုင်ရန် ဆွမ်းကျွေး
အလှူလုပ်သည်။

ရွာသားများကိုလည်း ဖိတ်သည်။ အလှူမှာလည်း
အနှောက်အယှက်ပေးခြင်းမရှိတော့၊ ရောက်
လာသမျှ လူအားလုံးကို ထမင်းကျွေးပြီး
ဧည့်ခံသည်။

ဘုန်းတော်ကြီးများကို ဆွမ်းကပ်ပြီးသည့်နှင့်
အလှူအားလုံးကို ဒေါ်ငွေတင် အတွက် ရေစက်
ချ အမျှအတန်းပေးဝေခဲ့သည်။

မဖဲဝါ၏ ကူညီမှုကြောင့် သရဲမကြီး ဒေါ်ငွေ
တင် သာဓုခေါ်ပြီး ပြိတ္တာဘဝက အဆင့်မြင့်
ရာ ရောက်သွားမည်မှာ မလွဲအမှန်ဖြစ်တော့
သည်။ ထိုအလှူကြီးပြီးသည့်နောက်ပိုင်း အိမ်
ကြီးမှာ သရဲခြောက်ခြင်း၊ အပုပ်နံ့ပေးခြင်း
မရှိတော့။

အငယ်ဆုံးသမီးရရှိသော အိမ်နှင့်ခြံကြီးကို
ရောင်းချပြီး အစ်ကိုကြီး၏ဆိုင်မှာ အရင်းအ
နှီးထည့်ဝင်ကာ မောင်နှမနှစ်ယောက် စီးပွား
အတူတူရှာရင်း နေထိုင်ခဲ့ကြတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ = ဧကန်မင်း


Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)