သရဲ နက်ကျော် အပိုင်း(၅)



ပြောပြောဆိုဆိုနဲ့ မဖဲဝါက ကြိမ်လုံးတစ်လုံး ပစ်ပေး
လိုက်တယ်။ ငနက်ကျော်ကြီးက သူစီးလာတဲ့
ကျားနက်ကြီးကို မဖဲဝါရဲ့ရှေ့မှာ မြင်းတစ်ကောင်
ဇက်သတ်သလို တုံ့ကနဲ သတ်လိုက်တာဗျ။

ဘနက်ကျော်က လူ့ဘဝထဲက မုဆိုးလေဗျာ။
သားကောင်တွေရဲ့ ပရိယာယ်ကို ပိုင်ပြီးသား
နိုင်ပြီးသားမို့လားဗျ။ ဘနက်ကျော်က မဖဲဝါ
ပစ်လိုက်တဲ့ နှစ်တောင်လောက်ရှည်တဲ့
ကြိမ်လုံးကို လက်တစ်ဖက်နဲ့ လှမ်းဖမ်းလိုက်တယ်။

"ဟီး  ဟီး  ဟီး ဟီး"

ကျားနက်ကြီးက မဖဲဝါကို မြင်တော့ မာန်ဖီတယ်ဗျ။

"ဟဲ့ ငမှုန် နင့်ပညာလမ်းဆုံးပြီ နင့်အတတ် နင့်ကို
စူးပြီးလေ နင် လာရှာတဲ့ မယ်ခက သေတာကြာပေါ့
ဒီတော့ နင် ဒီကျားဘဝနဲ့ပဲ နေရတော့မှာဟဲ့ ငနက်ကျော်
ဒီကျားကို လူသူနဲ့ဝေးတဲ့အထိ အဲဒီကြိမ်နဲ့
ရိုက်မောင်းပြီး ပို့လိုက်ပေတော့ ။
ဒီကြိမ်လုံးဟာ မယ်တော်တွေ ချီးမြှင့်ထားတာ
နင့်ကို ငါ အပ်လိုက်ပြီ။ နင် ကြိမ်ပိုင် ငနက်ကျော်ဖြစ်ပြီ
ဒီကြိမ်နဲ့ ရိုက်ရင် ဘယ်လို နာနာရုပ်အတတ်မှ
မခံနိုင်ဘူး။ နင့်တောကို နင်စောင့်ရှောက်ပေတော့"

"ဖြန်း  ဝုန်း ဝုန်း"

ဟာ ဘနက်ကျော်ကြီးက  မဖဲဝါရဲ့ အမိန့်ဆုံးတာနဲ့
တစ်ပြိုင်နက် ကျားနက်ကြီးကို ကြိမ်နဲ့  ဖြန်းကနဲ
ရိုက်ပြီး မောင်းသွားတော့ဗျို့။

ကျားနက်ကြီးကလည်း 'ဝုန်း'ကနဲ ဟိန်းပြီး
ဘနက်ကျော် စေတဲ့အတိုင်း ပါသွားလေရောဗျို့။
မဖဲဝါရော ခွေးနက်ကြီးရော သင်္ချိုင်းထဲကနေ
ပြန်ထွက်သွားကြတယ်။ ကျုပ်တို့လည်း
ရွာပြန်ခဲ့တော့တာပေါ့ဗျာ။

ပြီးပါပြီ

မူရင်းရေးသူ =တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)