သရဲ နက်ကျော် အပိုင်း(၃)
"ဟေ ဒါဆိုရင် ဘနက်ကျော်ကြီး တကယ်ဝင်သွားတာပေါ့
ဟာ တာတေရေ ဒါဆိုရင် သူပြောသွားတဲ့
ကျားနက်မှော်ဆိုတဲ့ လူကို သတိထားမှ ဖြစ်မှာနော်
ဘနက်ကျော် တကယ်ဝင်တာကွ"
ဘနက်ကျော် တကယ်ဝင်မှန်း ကျုပ်ကတော့
သိတာပေါ့ဗျာ။ ဒါမျိုးတွေက ကျုပ်ကြုံခဲ့ဖူးပေါင်း
များပြီပဲဗျာ။
"ဟဲ့ ဘိုးကို နင် ဒီရက်တွေမှာ တောထပ်မတက်နဲ့တော့
တောထဲမှာ ဘနက်ကျော် ပြောသွားတဲ့
ကျားနက်မှော်ဆရာ ရောက်နေတယ်တဲ့ နင်ကြားလား"
နောက်ညမှာပဲ ပြဿနာပေါ်တော့တာဗျို့။
"ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း"
ညဆယ်နာရီလောက်မှာ ကျားဟိန်းသံကြီး
ပေါ်လာတယ်ဗျို့။အရင်တစ်ခါလည်း
ဒါမျိုးကြုံဖူးနေတာဆိုတော့ ကျုပ်တို့ရွာသားတွေ
ကြောက်ကြတာပေါ့ဗျာ။
တစ်ညလုံးကို ပတ်ပြီးဟိန်းနေတာဗျို့။
ကျုပ်တို့တွေ ရွာထဲကို ထွက်ကို မထွက်ရဲကြတာ။
မနက်မိုးလင်းတော့မှ ဝိုင်းထဲဆင်းပြီး ရွာလမ်းတွေပေါ်
တက်လျှောက်ရဲကြတာပေါ့ဗျာ။
"ဟာ ဒီမှာ ကျားခြေရာတွေဟေ့ အများကြီးပဲဟ"
ရွာမြောက်ပိုင်းက ကျွတ်စီ ကျွတ်စီနဲ့ ကြားရတာဗျ။
ကျုပ်လည်း ချက်ချင်း ထွက်လာခဲ့တာပေါ့ဗျာ။
"ကျားခြေရာတွေ့တာ ဘယ်မှာတုံးကွ"
"ဟာ ကိုကြီးတာတေ လာ ကျုပ်လိုက်ပြမယ်"
မျက်ပြူးက ကျုပ်ကို ခေါ်သွားတာဗျ။ ဒီကောင်
ခေါ်သွားတဲ့ နေရာက ဘယ်နေရာများလဲလို့။
"အရီးမယ်ခ ဝိုင်းပဲကွ"
အရီးမယ်ခအကြောင်းကို ကျုပ်ရေးခဲ့တဲ့'စုန်းမ'ဆိုတဲ့
ဝတ္တုမှာ ရှာပြီး ဖတ်ကြည့်ပေါ့ဗျာ။
ဟုတ်တယ်ဗျ။ ကျားခြေရာကြီးတွေ အရီးမယ်ခရဲ့
အိမ်ဝိုင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့
ပုံပဲဗ်။
"ကိုကြီးတာတေ ဒီဝိုင်းထဲမှာ အစတုန်းက စုန်းမကြီး
တစ်ယောက် နေသွားဖူးတယ်ဆိုတာ ဟုတ်လားဗျ"
မျက်ပြူးက ကျုပ်ကို မေးတာဗျ။
"အရီးမယ်ခပါကွာ ။ ငါနဲ့ လွှတ်ခင်တာကွ မျက်ပြူးရ
စုန်းမ ဆိုပေမဲ့ အရီးမယ်ခက ဘယ်သူ့ကိုမှ
ဘာမှမလုပ်ဘူးကွ။ ဒီရွာကိုလာပြီး စော်ကားတဲ့
ပညာသည်တွေရဲ့ ရန်ကိုသာ ကာကွယ်ပေးတာကွ
သူသေတော့လည်း ရွာကိုလာပြီး စော်ကားတဲ့
ပညာသည်နဲ့ ပညာပြိုင်ရင်း သေရတာကွ"
"သြော် ဟုတ်လားဗျ"
ကျုပ် စဉ်းနေတာက တခြားမဟုတ်ဘူး။ဒီကျားဟာ
ရွာထဲကို ဝင်လာပြီး လူ့လောကမှာ မရှိတော့တဲ့
အရီးမယ်ခရဲ့ အိမ်ဝိုင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေတာ ဘာသဘောတုံး ဆိုတာပဲဗျ။
ကျုပ်တို့ ရွာသားတွေတော့ လွှတ်လန့်ကုန်ပြီပေါ့ဗျာ။
ဟိုနေ့ကတင် ဘိုကိုးကို ဘနက်ကျော်ကြီး
ဝင်စီးထားတုန်းက ကျုပ်ကို ပြောသွားတဲ့
ကျားနက်မှော်အောင်တဲ့ ကဝေကြီး တောထဲရောက်နေတဲ့
အကြောင်းက တစ်ရွာလုံး ပြန့်နေတုန်းမှာ ကျားက
ရွာကိုပတ်ပြီး ဟိန်းတယ်။ပြီးတော့ ရွာထဲဝင်ပြီး
အရီးမယ်ခရဲ့ အိမ်ရှေ့မှာ ခြေရာချင်းထပ်အောင်
လျှောက်သွားတယ်ဆိုတော့ လန့်တော့မှာပေါ့ဗျာ။
"လူလေး တာတေ ဘာတွေ ဘယ်လိုဖြစ်ကုန်တာတုံးကွာ
ဟိုတစ်လောကလည်း ငါတို့ရွာထဲကို ဘီလူးငကျောက်ဖား
ဝင်လိုဝင် အခုလည်း ကျားနက်ကြီး ဝင်လိုဝင်နဲ့
လူလေးပဲ ရွာကို ကာကွယ်မှ ဖြစ်မယ်ထင်တယ်"
ဘိုးညိုကြီး ပြောတာဗျ။ ဘိုးညိုကြီးက
ကျုပ်တို့ရွာလယ်ပိုင်းမှာ နေတာလေဗျာ။
အသက်ကိုးဆယ်ကျော်နေပြီဗျ။
ဒီရွာမှာ မွေးတဲ့ ထနောင်းကုန်းသားဇာတိစစ်စစ်ဗျ။
"ကျုပ်လည်း အခုပဲ ဒီအကြောင်းတွေးနေတာ ဘိုးရဲ့။
တောပိုင်ကြီး ဘနက်ကျော် ဘိုကိုးကို ဝင်ပူးပြီး
ပြောသွားတဲ့ ကဝေကြီးပဲ ဖြစ်မယ်ထင်တယ်ဗျ"
"ခက်တာပဲ လူလေးရဲ့ ။ ဘိုးတို့ကလည်း တောင်သူတွေ
အရိုး အ,အကြီးတွေဆိုတော့ ဒီလိုကိစ္စတွေ
ဘာတစ်ခုမှ နားလည်တာ မဟုတ်ဘူးလေ။
ကိုယ့်ရွာကို စိုးရိမ်တာ တစ်ခုတည်း သိတာ လူလေးရဲ့"
"ကျုပ် စဉ်းစားပြီး လုပ်သင့်တာတွေ လုပ်လိုက်ပါ့မယ်ဘိုး"
"အေး အေး လုပ်ပါဦး တာတေရယ်"
ကျုပ်လည်း မဖဲဝါဆီကို ရောက်ရပြန်ပြီပေ့ါဗျာ။
ဒီတစ်ခါတော့ သံမဏိမြို့ သွားနေလို့ ကျုပ်ရယ်
ကျောက်ခဲရယ် ဒေါ်တုတ်ရယ်ပဲပေါ့ဗျာ။
သံမဏိ ထမ်းနေကျ ထမင်းတောင်းကို ကျောက်ခဲ
ထမ်းရတော့တာပေါ့။
"အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ့ကွန်
မြောက်ဓူဝံအတွင်း ရှင်မ မဖဲဝါ ဘယ်နေရာ
ဘယ်ဒေသကိုပဲ ရောက်နေ ရောက်နေ ကျုပ်ရှိရာ
ဒီဒေသကို အမြန်ဆုံး ကြွလှမ်းခဲ့ပါ ရှင်မ မဖဲဝါခင်ဗျား"
ဒီတစ်ခါတော့ အတော်လေး ကြာသားဗျို့။
ကျုပ်လည်း ဂူပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးကို
လက်နဲ့ လေကွယ်ပေးရင်း အထပ်ထပ်အခါခါ
ပင့်ရတော့တာပေါ့ဗျာ။
"ဝူး ဝူး ဝူး ဝူးး အီး အီး အီး"
ဟော မဖဲဝါရဲ့ ခွေးကြီးအသံကို ကြားရပြီဗျို့။
မဖဲဝါကြီး ကြွလာပြီဗျ။ ဒီတစ်ခါတော့ တော်တော်ဝေးဝေးကို
ရောက်နေတာ ထင်တယ်ဗျ။
ဟော ဂူတွေပေါ်က ကျော်ပြီးရွေ့လာတာဗျို့
ရိပ်ကနဲ ရိပ်ကနဲ နေတာဗျာ။ ကျုပ်စိတ်ထင်
ဒီတစ်ခါတွေ့ရတာ မဖဲဝါက ခါတိုင်းထက်တောင်မှ
အရပ်ကြီး ပိုရှည်နေသလိုပဲဗျ။
ဟာ ဒေါ်တုတ်ကို တန်းဝင်တော့တာဗျို့။
ဒေါ်တုတ်လက်ကြီးတွေ ကွေးကွေးကောက်ကောက်
မြောက်တက်သွားပြီး ဂူကြီးပေါ် လွှားကနဲ
ခုန်တက်တာဗျို့။ ဟော မဖဲဝါ ဆာလောင်နေပုံပဲဗျ။
ထမင်းပွဲကို ဒူးကြီးထောင်ပြီး စားတော့တာပါပဲဗျာ။
"ခွပ် ခွပ် ခွပ် ခွပ်"
အရိုးတွေပါ ဝါးစားတာဗျို့။ တော်တော်လေး
စားသောက်ပြီးမှ ကျုပ်ကို ဆတ်ကနဲ မော့ကြည့်တာဗျ။

အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment