တိုက်မြွေ အပိုင်း(၁)


ဘိုးစော်ကဲက ကျုပ်တို့ ထနောင်းကုန်းသားဗျ။
ယာတွေ ပိုင်တယ်။ တောင်သူပဲလုပ်တာ။
ဒါပေမဲ့ အနီးအနားရွာတွေ အားလုံးက ဘိုး
စော်ကဲကို သိကြတယ်။ သိရုံတင် မကဘူးဗျ၊
မြွေနဲ့ ပတ်သက်လာရင် ဘိုးစော်ကဲကို လွှတ်
အားကိုးကြတာ။ ဘိုးစော်ကဲကလည်း မြွေနဲ့
ပတ်သက်လို့ကတော့ ပိုင်ချက်ဗျာ။

ပိုးထိတဲ့လူများ သူ့ဆီ ခေါ်သာခေါ်လာခဲ့။
အသက်သာပါခဲ့ပစေ၊ သေကို မသေရဘူးဗျ။
ဒါကြောင့်လည်း ဘိုးစော်ကဲကို အားကိုးကြ
တာပေါ့ဗျာ။ ဘိုးစော်ကဲနဲ့ ပတ်သတ်လို့ ကျုပ်
ကိုယ်တွေ့လေးတွေ ပြောပြရဦးမယ်ဗျ။

ဘိုးစော်ကဲတို့က ကျုပ်တို့ရွာတောင်ပိုင်းမှာ
နေတာဗျ။ ဝိုင်းကလည်း အကျယ်ကြီးဗျ။
ဝိုင်းထဲမှာလည်း သစ်ပင်တွေက စုံလို့ဗျာ။
မရမ်းပင်၊ မာလာကာပင်၊ ဂွေးချိုပင်၊ သ
ရက်ပင်၊ အုန်းပင်၊ ဒန့်ဒလွန်ပင်တွေဗျ။
အိမ်ကလည်း ခေါင်းနှစ်လုံးနဲ့ နှစ်ဆောင်
ပြိုင်ကြီးဗျ။ ကျွန်းအိမ်ကြီးကို ရေနံသုတ်ထား
လိုက်တာ နက်မှောင်နေလို့ဗျို့။ ဘိုးစော်ကဲ
က အရပ်သိပ်မရှည်ဘူးဗျ။ ပုပြတ်ပြတ်နဲ့
အညာသားပေမယ့် အသားကလည်း ဖြူ
တယ်။ ဘိုးစော်ကဲမျက်နှာမှာ အထူးခြား
ဆုံးက မျက်ခုံးတွေပဲဗျ။

မျက်ခုံးတွေက နက်မှောင်ပြီး ထူထူကြီးဗျ။
မေးစေ့ဘယ်ဘက်ထောင့်မှာ မှည့်ကြီးတစ်
လုံးရှိတယ်။ ကျုပ်က အင်မတန်စပ်စုတဲ့
ကောင်ဆိုတော့ ဘိုးစော်ကဲဆီကို မကြာ
မကြာ ရောက်တယ်ဗျ။ ကျုပ်ကိုလည်း ဘိုး
စော်ကဲက ခင်ပါတယ်ဗျ။ ကျုပ်နဲ့တွေ့ရင်
မြွေတွေအကြောင်း မကြာ မကြာ ပြောတယ်။

မြွေတွေရဲ့ ထူးခြားတဲ့ သဘာဝတွေ၊ နာနာ
ဘာဝတွေနဲ့ မြွေတွေရဲ့ ဆက်သွယ်မှုတွေ
အောက်လမ်းပညာမှ မြွေတွေပတ်သက်တဲ့
အကြောင်းတွေပေါ့ဗျာ။ တစ်ရက်တော့
ဘိုးစော်ကဲက ပြောတယ်။

"တာတေ၊ မနက်ဖြန် ဘိုးကို လှည်းမောင်းပြီး ဆပ်သမြှောင်ကို လိုက်ပို့မလား"

"ပို့မယ်လေ ဘိုး၊ အခုရက် ကျုပ်အားနေတာပဲ"

လို့ ကျုပ်က ပြန်ပြောတော့ ဘိုးစော်ကဲက
ဝမ်းသာသွားပြီး

"အေး ဒါဆိုရင် မနက်ဖြန် စောစောလာခဲ့ကွာ၊
ကိုဥာဏ်တို့ ငွေစိန်တို့ကိုလည်း ပြောခဲ့ဦးနော်"

"ဟုတ်ကဲ့ပါ ဘိုး၊ အဘနဲ့ အမေကို ကျုပ်ပြော
ခဲ့ပါ့မယ်"

ဘိုးစော်ကဲရဲ့ နွားကြီးတွေက အကြီးကြီးတွေ
ဗျ။ဘို့ကြီးတွေ နောက်ကို ကောက်ထွက်နေတာ။
အဖြူကြီးကို အော်ဖြူလို့ ဘိုးက ခေါ်တယ်ဗျ။အ
နီကောင်ကြီးကို ကျောက်နီလို့ခေါ်တယ်။ကျုပ်က
ဘိုးစော်ကဲကို လှည်းပေါ်တင်ပြီး လှည်းမောင်းခဲ့
တာပေါ့ဗျာ။ ဆပ်သမြှောင်က ကျုပ်တို့ရွာ ထ
နောင်းနဲ့တော့ နည်းနည်းလှမ်းသားတယ်ဗျ။

မီးလောင်ကုန်း၊ ငွေတွင်းကုန်းတို့ ကျော်ပြီးမှ
ဆပ်သမြှောင်ကို ရောက်တာ။ ငွေတွင်းကုန်း
နဲ့ ဆပ်သမြှောင်ကြားက တော်တော်ဝေးသေး
တယ်။ ထန်းတောတွေကို ကျော်သွားရတာ။
ဘိုးစော်ကဲရဲ့ နွားကြီးတွေက တော်တော်လိမ္မာ
တာဗျ။ အော်ဖြူရော ကျော်နီရော လှည်းဆွဲ
လွှတ်ကောင်းတဲ့ ကောင်ကြီးတွေဗျ။

ဆပ်သမြှောင်ရောက်တော့ ဆရာတော်ကြီး ဦးတိက္ခရဲ့သာသနာ လင်္ကာရကျောင်းကို
မောင်းပေးရတယ်ဗျ။ဘုန်းကြီး ဦးတိက္ခက ဘိုးစော်ကဲရဲ့အစ်ကိုဝမ်းကွဲ တော်တယ်လေ
ဗျာ။ ဘိုးစော်ကဲက သူ့အစ်ကို ဘုန်းကြီးကို
လာဖူးတာဗျ။ လှူစရာတွေလည်း လှူတာ
ပေါ့ဗျာ။ ဘုန်းကြီး ဦးတိက္ခရဲ့ကျောင်းက
ရွာအရှေ့ပိုင်းမှာဗျ။ ဘုန်းကြီးကျောင်းဝင်း
အနောက်ဘက်မှာ ယာခင်းတွေပဲ ရှိတာ။

ဘိုးစော်ကဲနဲ့ ဘုန်းကြီး ဦးတိက္ခတို့ စကား
တွေ ပြောနေတုန်း ကျုပ်က ကျောင်းတိုင်
တစ်လုံးမှီပြီး နားထောင်နေရတာပေါ့ဗျာ။

"နောင် ဝေ ဝေ၊ နောင် ဝေ ဝေ"

ကျောင်းအနောက်ဘက်က ကြေးစည်သံ
ကြားတာဗျ။

"ဟဲ့ ဒါ ဘာတုံး၊ သုမန ရွာထဲမယ် ဘာဖြစ်တုံး"

ဘုန်းကြီး ဦးတိက္ခက ကိုရင် သုမနကို လှမ်း
မေးတာဗျ။

"အနောက်ပိုင်းက ဒကာမကြီး ဒေါ်စီရဲ့သား
ကိုပေါက်စီ ပိုးထိပြီး ဆုံးသွားလို့တဲ့ဘုရား"

"ဟေ ပေါက်စီ ဟုတ်လား၊ သောက်ကျိုး
တော့ နည်းရောကွာ၊ ဒီကလေးက လွှတ်လိမ္မာ
တာကွ၊ ဖြစ်မှဖြစ်ရလေကွာ၊ ဘယ်မှာ ပိုးထိတာ
တဲ့တုံး သုမန"

"တောတက်သွားတာတဲ့ဘုရား၊ တောထဲမှာ
ထိလာတာလို့ ပြောတယ်"

"ဟေ တောထဲမှာတင် သေလာတာလား"

"မဟုတ်ဘူး၊ အိမ်ရောက်ပြီး တော်တော်ကြာ
မှ သေတာတဲ့ ဘုရား"

"ဟေ ဆရာတွေ ဘာတွေ မပင့်ကြဘူးလားကွာ"

"ပင့်တယ်တဲ့ဘုရား၊ ရွာမြောက်ပိုင်းက
ဆရာရုံး ကုတာ မရေတာ့ဘူးတဲ့ဘုရား"

"အင်း၊ ကိုရုံးလည်း တော်ပါတယ်၊ အဆိပ်
ပျံ့သွားလို့ရှိမှာပေါ့လေ"

ဘုန်းကြီးနဲ့ ကိုရင်သုမနတို့ ပြောဆိုနေတာကို
ဘိုးစော်ကဲရော ကျုပ်ရော ငြိမ်ပြီး နားထောင်
နေကြတာဗျ။ ဘိုးစော်ကဲက မျက်စိမှိတ်ပြီး
ငြိမ်နေတယ်ဗျ။

"နောင် ဝေ ဝေ ဝေ"

အသုဘချလာတဲ့ ကြေးစည်သံက တဖြည်း
ဖြည်း နီလာပြီဗျ။

"အရှင်ဘုရားပြောတဲ့ ပေါက်စီဆိုတာ မသေ
သေးဘူးဘုရား၊ အခု မြန်မြန်သွားပြီး ဒီကို ယူ
လာခိုင်းလိုက်ပါဘုရား၊ တပည့်တော် ကုပေး
ပါ့မယ်"

"ဟေဟုတ်လား စော်ကဲရဲ့၊ ဟဲ့ သုမန
မြန်မြန်လုပ်စမ်း၊ မြန်မြန်သွားပြောလိုက်၊
ဘုန်းကြီးက အခုချက်ချင်း ယူခဲ့ရမယ်လို့
ပြောလိုက်၊ကိုရင်ပညာမိတို့ ကိုရင်ကုမရ
တို့ပါ ခေါ်သွား"

"တပည့်တော်လည်း လိုက်သွားမယ်ဘုရား"

"ဟာ ကောင်းတယ် တာတေ၊ မင်းက ပြော
တတ်ဆိုတတ်တော့ အကျိုးအကြောင်း ပြော
ပြပြီး ဒီကို ယူလာခိုင်းလိုက်"

ကိုရင်သုံးပါးနဲ့ ကျုပ်နဲ့ ကျောင်းနောက်ဘက်
ပေါက်က ပြေးထွက်ပြီး အသုဘချလာတဲ့
လူတွေကို လှမ်းအော်ကြတယ်

"နေဦးဗျို့၊ နေဦး၊ ခဏ နေကြဦး"


အပိုင်း(၂)ဆက်ရန်...

မူရင်းရေးသားသူ =တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)