မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၄)
မပြုံးကြည့် ပြန်လာတော့ ဒေါ်ငွေတင် ဘုရားပင့်
သွားသည်ကို သိသည်နှင့် အော်ပြီးငိုတော့သည်။
လင်ဖြစ်သူ ရောက်လာတော့ ဓားနှင့်သွားခုတ်မည်
ဆိုကာ ဓားဆွဲနေသဖြင့် မပြုံးကြည်လည်း သူ
ဆက်ငိုနေလျင် ယောကျ်ားဖြစ်သူ ဒေါသကို
ဆွပေးသလို ဖြစ်မည်စိုး၍ အငိုတတ်လိုက်ရ
တော့သည်။
ထိုကဲ့သို့ပင် ဆိုးဆိုးဝါးဝါး တစ်ရက်လုပ်သေး
သည်။ ရွာထဲ အတိုးလှည့်သိမ်းရင်း အတိုးငါးရာ
မရသဖြင့် ပွဲလှူထားသော ငှက်ပျောသီး ငါးဖီး
ကို သိမ်းယူခဲ့သည်။
"နင်တို့ ဘုရားပွဲက မှည့်နေပြီ ပွဲစွန့်လိုက်တော့"
"တစ်ရက် နှစ်ရက်ထားလို့ရပါသေးတယ်၊ ခြံထဲ
က ငှက်ပျောခိုင်ကလည်း နုသေးတယ်။ နောက်
နှစ်ရက်လောက်မှ အပင်က ငှက်ပျောခိုင်ခုတ်
ပွဲလည်းစွန့် အသစ်တစ်ခါတည်းပင်မယ်"
"အံမယ်...ညည်းက သားစရာသာမရှိတယ်၊
ဘုရားပွဲတော့ တင်နိုင်သေးတယ်"
"အဒေါ်ကလည်း အုန်းသီးလည်းခြံထွက်ပဲ၊ ငှက်
ပျောခိုင်လည်း ခြံထွက်ပဲ အပြင်က ဝယ်ရတာ
မှ မဟုတ်တာ"
"အဲဒါတွေ ရောင်းပြီး ငါ့အတိုးပေးလို့ရတာပဲ"
"အတိုးက ပေးသွားမှာပါ"
"ကဲ အမိ...ဒီနေ့အတွက် အတိုးလာယူတာ၊ ဘယ်
မှာလဲ ငါးရာ""
"မနက်ဖြန်မှ ပေါင်းယူပါ မနက်ဖြန် တစ်ထောင်
ပေးပါ့မယ်"
"မလိုချင်ဘူး...မနက်ဖြန်ဆို နှစ်ရက်ခဖြစ်သွားပြီ
တစ်ရက်ခတောင် မပေးနိုင်တာ နှစ်ရက်ခဆို
ဘယ်လိုပေးမှာလဲ"
ဒေါ်ငွေတင် ဘုရားပွဲဇလုံနားရောက်သွားသည်။
"ညည်းတို့ ဘုရားပွဲ ငှက်ပျောသီးတွေမှည့်နေပြီ
စွန့်လိုက်တော့ ဒီငါးဖီး ငါယူသွားမယ်"
"ဟင်...အဒေါ်...မ...မလုပ်ပါနဲ့"
မလုပ်ပါနဲ့ပြောပေမယ့် ဒေါ်ငွေတင်က ပွဲထဲမှ
အုန်းသီးကို မပြီး ဘေးသို့ချနေပြီ၊ ငှက်ပျောသီး
ငါးဖီးကို တစ်ခုချင်းစီ ထပ်နေသည်။ ငှက်ပျော
သီးများ ဖယ်ပြီးတော့ အုန်းသီးကို ပွဲဇလုံထဲ
ပြန်ထည့်ပေးလိုက်သည်။ ဒေါ်ငွေတင် ငှက်ပျော
သီး ငါးဖီးကို အိမ်ရှေ့ယူခဲ့သည်။
"ငါ့ကို ထည့်စရာ ခဏပေးစမ်း"
တစ်စိတ်ဝင်တောင်းလေး လှမ်းပေးလိုက်သည်။
"ဒီနေ့အတွက် အတိုးပေးပြီးပြီလို့ မှတ်လိုက်
"လေးဖီးပဲယူသွားပါ တစ်ဖီးထားခဲ့ပါ"
"မရဘူး...ငါးဖီးပဲ...တစ်ဖီးတစ်ရာ"
ဒေါ်ငွေတင်က တောင်းကို ခါးစောင်းတင်ပြီး ထွက်
လာသည်။ မည်သူဘာဖြစ်ဖြစ် ဘုရားကိစ္စပဲဖြစ်
ဖြစ်၊ လူမှုရေးကိစ္စပဲဖြစ်ဖြစ်၊ ဒေါ်ငွေတင် ဂရု
မစိုက်၊ မရလျင် ဘာမဆို လုပ်မည်ဖြစ်သည်။
ရွာထိပ်သို့ ဒေါ်ငွေတင် ရောက်သွားသည်။ ရွာ
ထိပ်မှာ ဒေါ်ပု အကြော်ဆိုင်ရှိသည်။
"ဒေါ်ပု...ငှက်ပျော်ကြော် ကြော်ရအောင် ငှက်ပျော
သီးဖီးကြမ်း အမှည့်တွေ ပါလာတယ်"
"ဒေါ်ငွေတင် ဘယ်က မချလာတာလဲ"
"မိလုံး အကြွေးမပေးနိုင်လို့ ငါသိမ်းလာတာ"
ဒေါ်ပု သမီးမေးသည့်စကားကို ပြန်ဖြေလိုက်သည်။
"ကဲ...ငါးဖီးကို ရှစ်ရာပေး"
"ဟင်...မများဘူးလား"
"ဟဲ့...ဖီးကြမ်းတစ်ဖီးနှစ်ရာ စျေးထဲသွားဝယ်
ကြည့်စမ်း၊ ရမလားလို့၊ အခု ငါ့ဖီးကြမ်းတွေက
တစ်ဖီးတစ်ရာ့ငါးဆယ်လောက်နဲ့ ပေးထားတာ
နင်တို့မယူရင် စျေးထဲက ငှက်ပျောဆိုင်မှာ
သွားသွင်းလိုက်မယ်"
"အို...အဒေါ်ကလည်း နည်းနည်းများလျော့ဦး
ခလားလို့ ပြောကြည့်တာ ယူလိုက်မှာပေါ့"
"သေနာမ စျေးသည်ပါးစပ်ပီသလိုက်တာ"
ဒေါ်ငွေတင်က ဆိုသလိုဆဲသလို ဖြေရင်း ငွေရှစ်
ရာကို ယူသွားတော့သည်။ အတိုးရစရာငါးရာ
ယခုရှစ်ရာဆို သုံးရာပင် မြတ်လိုက်သေးသည်။
ဒေါ်ငွေတင် ငွေရမည်ဆို အကုန်လုပ်သည်။ နှစ်
လုံး၊ သုံးလုံးပင် ဒိုင်ကိုင်လိုက်သေးသည်။ သူ
ကိုယ်တိုင်တော့ မရောင်း၊ ရောင်းပေးမည့် လက်
ခွဲဒိုင်လေးများထားသည်။
ရွာထဲမှာရော၊ စျေးထဲမှာပါ သူ့ကိုယ်စားလှယ်
များရှိသည်။ အနီးအပါး ရွာများကလည်း သူ့
ထံ ဂဏန်းလာတင်ကြသည်။ ထိုရပ်ဝေးမှ အ
ချိန်မီ စက်ဘီးဆိုက်ကယ်တို့နှင့် လာကြသည်။
ထိုကဲ့သို့ ရသမျှ ငွေနောက်လိုက်နေသူ ဒေါ်ငွေ
တင် သားသမီးများကိုလည်း ပစ်မထား၊ သား
သုံးယောက်ကို အိမ်ထောင်ချပေးပြီး ငွေအရင်း
အနှီးလုံလောက်စွာ ထုတ်ပေးသည်။
"ဒီ...ထုတ်ပေးလိုက်တဲ့ အရင်းအနှီးကို တိုးပွား
အောင်လုပ်၊ မလုပ်တတ် မကိုင်တတ်လို့ အ
ရင်းအနှီးကုန်သွားရင် ငါ့ဆီပြန်မလာနဲ့ တစ်ပြား
တစ်ချပ်မှ ထပ်မပေးဘူး စားစရာမရှိရင်
ရွာစဥ်လှည့်ပြီး သူတောင်းစားလုပ်စား ကြား
ကြလား"
သားသုံးယောက်လုံး အရင်းအနှီးများ ယူပြီး
မိမိတို့ စိတ်သန်ရာ လုပ်ကြသည်။ အကြီးဆုံး
သားက သူ့ဇနီးနှင့်အတူ အိမ်ဆိုင်တည်ပြီး
အရောင်းအဝယ် လုပ်ကိုင်ခဲ့သဖြင့် စီးပွား
တိုးတက်ခဲ့သည်။ အလတ်ကောင်က နှစ်လုံး
သုံးလုံး ဝါသနာပါသဖြင့် ဒိုင်ကိုင်သည်။
လက်ခွဲဒိုင်များထားသည်။
ထိုသတင်းကို ဒေါ်ငွေတင်ကြားတော့ လူယုံ
တစ်ယောက်ကို ငွေပေးပြီး သားဖြစ်သူ နှစ်
လုံးဒိုင် သုံးလုံးဒိုင် လုပ်နေကြောင်း ရဲကို သ
တင်းပေးစေလိုသည်။ ဒေါ်ငွေတင် စနက်ကြောင့်
သားဖြစ်သူ ထောင်နန်းစံသွားရသည်။ မိခင်
ဖြစ်သူ နှစ်လုံး သုံးလုံးဒိုင်လုပ်စားနေမှန်း
သိပါလျက် ပခုံးချင်းတိုင်းရမလားဟု ဆို
ကာ သားဖြစ်သူကို ရဲလက်အပ်လိုက်ခြင်း
ဖြစ်သည်။
ငွေနှင့် ပတ်သက်လျင် တစ်စိမ်းမပြောနှင့် သွေး
သားရင်းတောင် ခွင့်မလွှတ်တတ်သူ ဖြစ်သည်။ သမီးငယ်ဖြစ်သူက အရွယ်ရောက်ကာစ ဖြစ်
သည်။ မိခင်ဖြစ်သူကို ရွံကြောက်ဖြစ်သဖြင့်
မည်သည့်ကာလသားကမှ ပိုးပန်းခြင်းမရှိ။
အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသူ =ဧကန်မင်း

Comments
Post a Comment