"သားပျောက် ” အပိုင်း(၅) ဇာတ်သိမ်းပိုင်း
“ ဖေဖေ ဘယ်မှာလဲသရဲ သမီးကြောက်တယ် ”
ဘယ်သူတွေဘာပြောပြော ကြောင်စီစီမျက်၀န်းတွေနဲ့
နားမ၀င်သလိုလိုက်ကြည့်နေရင်းနောက်ဆုံးသမီးအငယ်ဆုံးလေးပြောတဲ့စကားကို
အသေအချာနားထောင်သလိုလုပ်ရင်း ကျော်ဆန်းဌေး တစ်ယောက်
ကြောင်တောင်တောင်ကြီးဖြစ်နေရင်းက အိမ်နံရံမှာချိတ်ထားတဲ့ ဓါးကိုပြေးဆွဲလိုက်ရင်း
“ မကြောက်နဲ့သမီး…မကြောက်နဲ့…သားလေးတို့ မိန်းမ…
ဘယ်သူမှမကြောက်ကြနဲ့ ဖေဖေရှိတယ်….အဲ့သရဲမနဲ့ဖေဖေတွေ့မယ် ”
အားလုံးက ကျော်ဆန်းဌေး ရဲ့ လုပ်ရက်ကို နားမလည်သလို
ကြည့်နေကြတုန်းမှာပဲ ကျော်ဆန်းဌေး က အိမ်ထဲကနေ ဓါးဆွဲထုတ်ပြီး အိမ်အပြင်ကိုထွက်သွားတော့တယ်
အိမ်အပြင်ရောက်တော့ ကြောက်စိတ်ကြောင့် တုန်ယင်နေတဲ့ အသံကြားက
မိသားစုကိုကာကွယ်ရမယ်ဆိုတဲ့အသိ…သားသမီးတွေရှေ့မှာ ရဲရင့်ပြရမယ်
သားသမီးတွေ အားမငယ်အောင် မားမားမတ်မတ်ရပ်ပြရမယ်ဆိုတဲ့အတွေးနဲ့ထင်ပါရဲ့
ကြောက်ကန်ကန်ပြီး အံကိုကြိတ်ထားရင်း ဓါးကိုတင်းတင်းဆုန်ထားပြီး
“ ဘယ်မှာလဲ သရဲမ လာခဲ့ ငါခုတ်သတ်ပစ်မယ်….
ငါကိုခြောက်လန့်တဲ့သရဲမ ဘယ်မှာလဲ အခုလာခဲ့ လာစမ်းပါ
ငါမကြောက်ဘူး…နင်ထွက်ခဲ့…. ”
အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး ကျော်ဆန်းဌေးတစ်ယောက်
အိမ်ထဲကို ပြန်၀င်လာပြီး အိမ်တံခါးကို ပိတ်ထားလိုက်တယ်…. မိန်းမလုပ်သူက
ကလေးတွေကို ကြက်မကြီးလို စုပြီးထွေးပွေ့ထားတယ် ၊ သိပ်မကြာခင်မှာပဲ
ကျော်ဆန်းဌေး တို့ အိမ်ရှေတံခါးကို အပြင်ဘက်ကနေ တဒုန်းဒုန်းနဲ့ လာထုရိုက်ပါလေရော…
အားလုံထိတ်လန့်ပြီး ကြက်သီးထခေါင်းနပန်းကြီးသွားကြပေမယ့် ကျော်ဆန်းဌေးက
အားတင်းပြီး ဓါးရွယ်ထားလျက်သားနဲ့ အိမ်တံခါးကိုဖွင့်လိုက်တယ်
အိမ်တံခါးဖွင့်လိုက်တော့ အိမ်ရှေ့မှာ ဘယ်သူမှရှိမနေဘူး… ၊ အဲ့ဒါနဲ့ပြန်ပိတ်လိုက်ပြန်တယ်… ၊
နောက်အပြင်ဘက်ကနေ ပြန်ပြီး ထုရိုက်ပြန်ရော…တံခါးဖွင့်ကြည့်တော့ လူမရှိဘူး… ၊
အဲ့လို သုံးလေးခါ ဖြစ်ပြီး ပတ်၀န်းကျင်က ငြိမ်ကျသွားတယ်… တစ်ညလုံး
ကျော်ဆန်းဌေးတို့မိသားစုလည်း ဘုရားခန်းမှာပဲ ငိုက်ရင်းအိပ်ပျော်သွားခဲ့ရတယ်…. ၊
နောက်နေ့တွေမှာတော့ အဲ့လိုမျိုး ထပ်မကြုံရတော့ဘူး…………. ။
တစ်ဘက်ကပြန်တွေးကြည့်ရင် အစိမ်းသရဲမ မိချိုတစ်ယောက်
အသက်ရှင်တုန်းကလည်း လင်ယောကျာ်းနှိတ်စက်တာကို ရင်စီးပြီးခံရတယ်
သေသွားပြန်တော့လည်း သားသမီးဇောနဲ့မကျွတ်အလွတ်နိုင်…
တွေ့သမျှလူကို သူ့ရဲကပျောက်သွားတဲ့ရင်သွေးလေးအကြောင်းလိုက်မေးတော့လည်း
လူတိုင်းက သရဲခြောက်တယ်ဆိုပြီး ထွက်ပြေးကြတယ် ၊ ကြောက်လန့်ကြတယ် ၊
အမျှပေးတော့လည်း သားသမီးဇောနဲ့ သာဓုမခေါ်ဘူးထင်ပါရဲ့…. ၊
မိချိုအဖြစ်က ရင်နင့်စရာပါပဲ….. ၊
မိချိုရဲ့ ခြောက်လန့်သံတွေဆက်တိုက်ဆိုသလို ရွာငယ်လေးမှာ
ကြားနေရပြီးတော့ မိချို ရက်လည်ပြီးနောက်ပိုင်း သိပ်မကြားရတော့ပြန်ဘူး…
မိချိုကွယ်လွန်ပြီး တစ်လလောက်အကြာမှာတော့ သူမရဲ့ယောကျာ်း
ကိုသက်ဖေတစ်ယောက် ရွာလည်လမ်းမပေါ်မှာ ခြေကားယား
လက်ကားယားနဲ့ မျက်လုံးကြီးပြူးပြီးသေနေတာကို တွေ့ကြရတယ်…. ၊
ဘယ်သူသတ်တာ ၊ ဘယ်လိုသေတာ ၊ ဘာကြောင့်ဆိုတာကိုတော့
မိချိုတစ်ယောက်ကလွဲပြီး ဘယ်သူသိနိုင်မှာတဲ့လဲ…. ။
တကယ်လို့ လမ်းမှာ ဗိုက်ပွင်နေတဲ့ ဆံပင်ဖားလျားနဲ့
မိန်းမတစ်ယောက် သူ့ကလေးဘယ်မှာလဲလို့မေးလာခဲ့ရင်
သေချာလမ်းညွှန်ပေးဖို့တော့ မမေ့ပါနဲ့…… ။
ပြီးပါပြီ
မူရင်းရေးသူ=မိုးစွေ

Comments
Post a Comment