မဖဲဝါအား စိမ်ခေါ်မိကြသူများ အပိုင်း(၂)
"ကဲ မင်းတို့ လက်ဝါးနှစ်ဖက် မှောက်ပြီး ခုံပေါ်တင်ထားကြ ခုံနဲ့ ထိတယ်ဆိုရုံဖွဖွလေးနှော် ....
မောင်ထူးကပြောရင်းဆိုရင်း သူကိုယ်တိုင်လက်ဝါးမှေက်တင်လိုက်ရင်းလက်သန်းခြင်းထိစပ်စေကာ ခုံအလယ်ရှိ အမဲသားပုံအားဝိုင်းလိုက်ရင်းသူနဲ့ မင်းကိုကြားမှ တစ်နေရာအားလက်သန်းမဆက်ပဲ ၀င်ပေါက်ဖွင့်ထားလိုက်ရင်းသင်ချိုင်းကုန်းအတွင်းလှမ်းမျော်ကြည့်လိုက်ကာ.......
"ကဲကျွန်တော်တို့ ဒီသင်ချိုင်းကုန်းအတွင်းမှာ ရှိတဲ့ မစားရ မသောက် ရဖြစ်နေသော ပုဂ္ဂိုလ် များရှိပါက ကျွန်တော်တို့ ကျွေးမွေးနေသော အစာအစာများလာရောက် စားသောက်နိုင်ပါတယ် ကျွန်တော်တို့ ကျွေးမွေးသောအစာများအားမည်သူမဆို လာရောက်စားသောက်နိုင်ပါတယ်.....
တိတ်ဆိတ်နေသော ညမှာ မောင်ထူးရဲ့ တုန်တုန်ယင်ယင် သရဲခေါ်သံက ၏့်အမှောင်အားထိုးခွင်း၍ ထွက်ပေါ်လာသည်။
သူကဟိုနှစ်ကောင်ရှေ့မှာသာ ဆရာကြီးလုပ်နေရတာ သူကြောက်လန့်စိတ်ဖြင့် နောက်ကျောမလုံသလိုခံစားနေကသည်။
"ရောက်ပြီဆိုရင် ခုံကို ခပ်ကြမ်းကြမ်းတချက်ဘယ်ညာယိမ်းပြပေးပါ....
ဟေ့ကောင် ငါကပိတ်ဆိုတာနဲ့ မင်းနဲ့ငါဖွင့်ထားတဲ့လက်သန်းချင်းဆက်လိုက်နှော်....
မောင်ထူးက သရဲခေါ်နေရင်းမှ သူနဲ့ မင်းကို ကြားလက်သန်းချင်း မဆက်ပဲထားသောနေရာအားပိတ်ရန်သတိပေးနေသည်။
အခြေအနေကားထူးခြားမလာပေ။
မောင်ထူးလည်း နောက်တကြိမ်အစောနကတ်ိုင်းထပ်ခေါ်လိုက်သည် ခုံအားရောက်မရောက်လူပ်ပြခိုင်းသည်။
ခုံကားတုပ်တုပ်မျပင်မလူပ်...
မောင်ထူး ချွေးပင်ပြန်လာချေပြီ ....
တခြားသူများနဲ့ သွားခေါ်စဉ်က သူကနောက်လိုက်အဖြစ်ဖြင့် တခြားသူများသရဲခေါ်ပုံခေါ်နည်းမှတ်သားထားကာခေါ်နေသမျ သူ့အလှဲ့ကျမှမရသောအခါ
ခြင်ကိုက်ဖြုတ်ကိုက်ခံပြီးဆောင့်ကြောင့်ထိုင်နေသော ဟိုနှစ်ယောက်ကလည်း ညောင်းလည်းညောင်းစိတ်လည်းတိုနေကြချေပြီ....
"ကဲမောင်ထူး မင်းပြောတော့ မိုးလားကဲလားတွေခုတော့ အခြေအနေကလည်း ဘာမှမထူးပါလားကွ ဒီမှာဖြုတ်ကိုက်ခြင်ကိုက်ခံရလို့ သွေးတောင်ခမ်းနေပြီလားမသိဘူး..ညောင်းလည်းအတော်ညောင်းနေပြီ.....
ကျေညည်းညူ သံကြောင့် မောင်ထူးမှာ ဘာမှမပြောသာတော့ပေ...
သူတို့ပြောလည်းပြောစရာပင်မဟုတ်လား...
"ကဲမောင်ထူး မင်းခေါ်လို့ မရ ရင်ငါခေါ်မယ်ကွာ "
အနည်းငယ်စိတ်ဆတ်သောမင်းကို ကမောင်ထူးအား ဒေါသထွက်နေဟန်ဖြင့်လှမ်းပြောလိုက်ရင်း....
"ကဲဒီသင်ချိုင်းကငတ်နေတဲ့ကောင်တွေ မင်းတို့စားဖို့ တကူးတက လာကျွေးတာ လာစားကြလေကွာ
လာကြ ဒီသင်ချိုင်း မှာ အကြီးဆုံးဆ်ိုတဲ့ အကောင် လာစားကြ သတ္တိမရှိကြဘူးလား လာစားကြလေကွာ.....
"ဟာဟေ့ကောင် ဘယ်လိုခေါ်လိုက်တာလဲ မင်းဟာက စိန်ခေါ်သလိုဖြစ်နေပြီ.....
"အေးစိန်ခေါ်တယ်ကွာ...ဘာဖြစ်လဲ
"လာကြလေ ဘာလုပ်နေကြတာလဲ မင်းတို့စားဖို့တကူးတက လာကျွေးရတာကွ....
မင်းကိုရဲ့ မိုက်ရူးရဲဆန်ပြီးစိန်ခေါ်သောစကားကြောင့် မောင်ထူးထိတ်လန့်စွာ တားလိုက်သော်လည်း မင်းကိုကားဆက်ခေါ်မြဲ
"လာကြ.....
ဝေါ.....ဝုန်း...ဝုန်း...
ဟာ...
ဟေ့ကောင် ဘာလဲ
မင်းကို စကားမဆုံးလိုက် သူတို့အနီး လရောင် အလင်းမကျကောက်ပဲ အနည်းငယ်အမှောင်ရိပ်သန်းနေသော ရေသဖန်းပင်ပေါ်မှ တဝေါဝေါတဝုန်းဝုန်း အမဲရောင် အလုံးကြီး သုံးလုံးအောက်သို့ ပြုတ်ကျလာသည်။
အောက်ရောက်တော့ဘာမှရှိမနေပေ။
မင်းကိုလည်းကြောက်လန့်နုတ်ဆိတ်ကာ တစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် ထိတ်လန့်ကြောက်ရွံ့နေကြတော့်သည်။
"ပြန်.. ပြန်..ကြ..ရအောင်....
"အေး..ပြန်ကြ..ရအောင်..မင်းကိုမင်းနောက်မှာ ....
"ဟာ ဘာကြီးလဲ"
ကျော်၀င်း၏ ကြောက်လန့်စွာ ပြန်ရန်ပြောနေခြင်းကို မောင်ထူးကထောက်ခံစကားပြောရင်း မင်းကိုကျောဖက်မှလူခါးစောင်းခန့်မြင့်သော ခွေးနက်ကြီးတစ်ကောင်သည်သားရေတများများကျရင်းလရောင်အောက်တွင် နီရဲတောက်ပသော မျက်လုံးများဖြင့် သူတို့ သုံးယောက်အားစိုက်ကြည့်နေတာကြောင့် သုံးယောက်သားနေရာမှာပင် ကြောက်သေးများထွက်ကုန်တော့သည်။
သူတို့လက်တင်ထားသောခုန်သည်လည်း ဘယ်ညာဖြည်းဖြည်း စတင် ယိမ်းထိုးလာလျက် ........
ဒုန်း...
ဒုန်း.....
ဒုန်း...
ဒုန်း....
လွတ်နေသော ခုံခြေထောက်နှစ်ဖက်က တိတတ်ဆိတ်နေသော ညတွင် တဒုန်းဒုန်း မြေကြီးပေါ် စီးဝါးရိုက်ကျနေလျက်ရှိတော့သည်။
ဟာ.....
အားလုံးကြောက်လန့်တကြား ခုံပေါ်မှလက်ရုပ်လိုက်သော်လည်း ခုံကြီးကား တယောက်ယောက် ၀င်ပူးပြီးလူပ်နေသ်ာအလား သွေးပျက်ဖွယ်ရာတွေ့နေရတော့သည်။
ချွတ်....ဂျွတ် ....ချွတ်....ဂျွတ်.....
ထိုစဉ်မှာပင် သူတို့ရှိရာနေရာသို့. အလွန်ထူထပ်လှသော ခြုံနွယ် ပိတ်ပေါင်းများအား တလှမ်းချင်း လျောက်လာသော ခြေသံကြီးတစ်ခုအား ကြားလိုက်ရတော့သည်။
ယခုလို ညမပြောနဲ့ နေ့ဖက်မှာပင် ယခုလို ခြုံနွယ် ထူထပ်လှသော နေရာတွင်အေးဆေးလမ်းလျောက် လာဖို့ဆိုရာမလွယ်ပေ ခုကား သစ်ပင်ငယ်များအား ခြေဖြင့်နင်းလိုက်၍ လာနေသော ခြေသံကြီးတစ်ခုနဲ့ သူတို့ရှိရာ နေရာသို့တဖြည်းဖြည်းတလှမ်းချင်းလျောက်လာနေသည်မှာ ကြောက်စရာအလွန်ပင်ကောင်းလွန်းလှတော့သည်။
ခွေးနက်ကြီးကား ခြေသံထွက်ပေါ်လာရာ သင်းချိုင်းအတွင်းချုံများကြားသို့လှစ်ခနဲတိုး၀င် ပျောက်ကွယ်သွားပြီဖြစ်သည်။
ဒုန်း....ဒုန်း...ဗြိ....ဂျွတ်.....
"အား...........၊
အောင်မလေး........ကယ်ကြပါအုံး......ဗျို့....

အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသူ = ရာဝန

Comments
Post a Comment