"သားပျောက် ” အပိုင်း(၂)



မွေးလာမယ့် ကလေး လူ့လောကကိုရောက်လာပါစေ… ၊ မိဘမဲ့မဖြစ်ပါစေနဲ့ဆိုတဲ့စိတ်တွေနဲ့
မိချိုကြိုးစားအသက်ရှင်နေရတာလေ… ၊ သူမအတွက်တော့ နေ့ရက်တိုင်းက ခါးသီးစေတယ် ၊
ညမိုးချုပ်မှာတောင် သူမကြောက်နေမိတယ်… ၊ ကိုသက်ဖေဘယ်လိုအငြိုးတွေနဲ့
သူမအပေါ်ရက်စက်နေသလဲဆိုတာ သူမတကယ်မသိခဲ့… ။

 ကိုသက်ဖေဘက်ကကြည့်မယ်ဆိုရင်လည်း ကိုယ်တိုင်က လူကြမ်းကြီး
သွေးဆိုးတဲ့အပြင် အရင်၀င်သွားရင်ပိုဆိုးတတ်တယ်… ၊ တစ်ခါတစ်လေအသိစိတ်ပျောက်တဲ့အထိပဲ
ကိုယ့်ဘာကိုယ်လည်း မကောင်းမှန်းသိပေမယ့် အကျင့်ကိုဘယ်တော့မှမပျင်ဘူး ၊ 
အထူးသဖြင့် အရက်ဖြတ်လိုက်ရင် ပိုကောင်းလာမှာသိပေမယ့် အရက်ဆိုတာ
သူ့ရဲ့အချစ်ဦးလေ… ၊ မိချိုဆိုတဲ့ အိန်းကလေးကိုသူတကယ် မေတ္တာရှိတာထက်
အပေါင်းအသင်းတွေက တွန်းအားပေးလို့ ခန္ဓာကိုယ်လေးတစ်ခုကြည့်ပြီး
ပေါင်းသင်းဖြစ်ခဲ့တယ် ၊ ယူပြီးတဲ့အထိအေးအေးဆေးဆေးပဲ မိချိုကလည်း
မယားကောင်းပီသတယ် ဘာမှအပြစ်ပြောစရာမရှိဘူး…နောက်များကြတော့
လင်ယောကျာ်းအပေါ် ကွက်တိကွက်ကျားလေး ပျက်ကွက်တာတွေရှိလာတယ် ၊
မနက်ခင်းအလုပ်သွားပြီးအရက်ဆိုင်ရောက်ရင်လည်း အရက်သမားသူငယ်ချင်းတွေက
စသလိုနောက်သလိုနဲ့ သွေးထိုးကြသေးတယ်… ။

“ ဟေ့ကောင် နွားကြီး မင်းမိန်းမက ဘာလို့အဲ့လောက်ကိုယ်လုံးလှနေလဲသိလား..
မင်းရှေ့ကလူ ပုံသွင်းပေးထားလို့ပေါ့ကွ..ဟားဟားဟားဟား ”

“ မောင်သက် မင်း မိချိုကို သတိထားကြည့်မိလား
ဒီရက်ပိုင်းခြေလှမ်းတွေမှန်ရဲ့လား ကိုယ့်လူက တစ်နေကုန်အလုပ်လုပ်နေပေမယ့်
အိမ်ကမိန်းမက အိမ်မှာ တစ်နေကုန် သူတစ်ယောက်တည်းနေနေတယ်ဆိုတာရော
ဖြစ်နိုင်ရဲ့လား ဟားဟား ”

 အမှန်က ဒီလိုပဲ စနောက်လိုက်ကြတာဆိုပေမယ့်
နေ့တိုင်းလိုလို ပြောပြောလာကြတော့ အမူးသမားမူးတုန်းပြောတဲ့စကားက
အမှန်တရားဆိုပြီး ကိုသက်ဖေလက်ခံထားလိုက်ပြီး မိန်းမရဲ့ခြေလှမ်းတွေကို
စုံစမ်းတယ် တစ်နေက အလုပ်သွားချင်ယောင်ဆောင်ပြီး အိမ်နားကို ခိုးခြောင်းကြည့်ဖြစ်သေးတယ်… ၊
မိချိုကံဆိုးချင်လို့ထင်ရဲ့ တစ်နှစ်တစ်ခေါက် လာခဲတဲ့ ဟိုဘက်ရွာက ကာလသားတစ်ယောက်က
မိချိုအိမ်ထဲ၀င်သွားပြီးလေးငါးနာရီလောက်ကြာမှ ပြန်သွားတာကို မြင်လိုက်ရတယ်လေ… ၊
ကိုသက်ဖေကိုယ်တိုင်က အထင်လွဲနေရာကပိုသေချာသွားတဲ့အထိဖြစ်သွားပြီး
ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောဘူး..မိချိုကိုလဲ မပြောဘဲနဲ့ အဲ့နေ့ကစပြီး
သူ့ကို နွားလုပ်တဲ့မိချိုကို မိန်းမယုတ်လို့သဘောထားပြီး နေ့တိုင်းနှိပ်စက်တော့တာပဲ… ၊
သူမြင်လိုက်တဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်ကအမှန်တရားစစ်စစ်က မိချိုနဲ့တစ်ဖက်ရွာကငယ်သူငယ်ချင်းက
သူတို့ရွာဘက်ကို ကိစ္စတစ်ခုနဲကရောက်တုန်း သူငယ်ချင်းအိမ်ထောင်ကျသွားတာကိုကြားလို့
အိမ်လာလည် …မတွေ့တာကြာလို့ စကားတွေပြောပြီး ပြန်သွားတာ…သူတို့နှစ်ယောက်သား
ငါးရာနှစ်ဆယ့်ရှစ်အပြင် မပိုခဲ့ကြတာ အိမ်စောင့်နတ်ကိုယ်တိုင်သိနိုင်ပါရဲ့… ၊ ဒါပေမယ့်…. ။

~~~~~~~~~~~~

 မိချိုအတွက် ကံဆိုးမယ့်နေ့ရက်ကတော့
မခေါ်ဘဲ ရောက်ခဲ့ပြီ… ။

 တစ်နေ့ ထုံးစံအတိုင်း သက်ဖေတစ်ယောက် မူးမူးနဲ့ပြန်လာပြီး
အိမ်ရောက်တာနဲ့ မိချိုကို ဆဲဆိုကြိမ်းမောင်းရင်းထုံးစံအတိုင်း ရိုက်နှက်တော့တာပဲ
 
“ ကိုသက်ဖေရယ် ကျွန်မတို့သားအမိကိုသနားပါဦး…. ”

“ အယုတ်တမာ မ နင့်ကိုငါကဘာလို့သနားရမှာလဲ ကဲကွာသေစမ်း ”

 မိချိုမျက်နာကိုလက်သီးနဲ့ပစ်ထိုးလိုက်တော့ မိချို ကြမ်းပြင်ပေါ်ပစ်လဲကျသွားတယ်
မိချိုလဲသွားတုန်း အပိုင်ပဲဆိုပြီး မိချိုကိုယ်လုံးကို ခြေထောက်နဲ့ဆောင့်ကန်ပစ်လိုက်တယ်

“ ကိုသက်ဖေ…မလုပ်နဲ့…မ…မ.. ”

“ ကဲကြာ…. ”

“ အ….. ”

 မိချိုတားစီးချိန်တောင်မရလိုက်ဘဲ အသံတစ်ချက်ထွက်ပြီး
ငြိမ်ကျသွားတော့တယ်… ၊ ကိုသက်ဖေ မူးမူးနဲ့ မမြင်မစမ်းကန်လိုက်တဲ့နေရာက 
မိချိုရဲ့ ကိုယ်၀န်လွယ်ထားတဲ့ ဗိုက်နေရာဖြစ်နေတယ်… ၊ မိချိုတစ်ယောက်ငြိမ်သွားပြီးတော့
ကြမ်းခင်းမှာလည်း သွေးတွေ မိချိုကိုယ်ထဲကနေ တစိမ့်စိမ့်ထွက်လာတော့တယ် ၊ 
အဲ့ဒီ့အခါမှ ကိုသက်ဖေလည်း သွေပျက်သွားပြီး မိချို ကို
ခြေထောက်နဲ့ ဖြည်းဖြည်း ကန်ကန်ရင်းခေါ်လိုက်တယ် … 

“ မိချို…ဟဲ့..ဟဲ့…မိချို ထစမ်း…ထစမ်းလို့ငါပြောနေတယ်လေ…မိချို့ ဟဲ့...
မိန်းမ….မိချို…. ဟာ… ”

 ခေါ်မရတော့မှ တစ်ခုခုကိုနားလည်သွားပြီး အမူးတွေလည်းပြယ်သွားတဲ့အပြင်
ပတ်၀န်းကျင်ကလူတွေကိုအော်ဟစ်အကူအညီတောင်းတော့ အိမ်နီးချင်းတွေချက်ချင်းရောက်လာကြတယ်
ရောက်လာပြီးနောက်တော့ ရွာထဲက သမားတော်လည်းရောက်လာတယ် ၊ စမ်းသပ်ကြည့်တော့
မိချိုတစ်ယောက် အသက်မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်… ၊ ကိုသက်ဖေလည်း ပတ်လက်လန်ကျသွား
တော့တယ် ၊ သူအဲ့ဒီ့လောက်အထိမရည်ရွယ်ခဲ့ပေမယ့် မိချိုကတော့ တကယ်သေသွားခဲ့ပြီ… ၊
မိချိုသေပြီ..မိချိုသေသွားပြီ….. ၊ အဲ့ဒီအချိန်က နယ်တွေရွာတွေအထိ ဥပဒေက နိုင်နိုင်နင်းနင်း
မစိုးမိုးနိုင်သေးတဲ့အချိန်မို့ သေမှုသေခင်းတွေဘာတွေမရှိခဲ့ဘူး… ၊ ဖြစ်စဉ်မှန်သမျှ ကိုသက်ဖေ
ဇာတ်လမ်းထွင်ပြီး မိချိုတစ်ယောက် မူးတယ်မူးတယ်အော်ပြီး လဲကျတဲ့အခါ ဗိုက်နဲ့ကျပြီးတော့
အသက်ပါသွားတယ်လို့ပြောခဲ့တယ် ၊ ပတ်၀န်းကျင်ကလည်းသိနေပေမယ့် ကိုသက်ဖေကို
ကြောက်လို့ ၀င်မပြောရဲကြဘူး… ၊ မိချိုသေဆုံးမှုအတွက်တော့ မတရားခဲ့ဘူး ။

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသူ= မိုးစွေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)