ဒုတိယ မဖဲဝါ အပိုင်း(၅)
မဖဲဝါ နောက်တစ်ယောက်ဖြစ်သွားတာလေ။
ဒုတိယမဖဲဝါပေါ့ဗျာ။ ဒီအရုပ်ကလေး ကျုပ်
ဆီမှာ ရှိနေတာကြာပြီဗျ။ ဒီလိုမျိုး ဖြစ်သွား
နိုင်တာကို သိကို မသိတာ။ ဒုတိယမဖဲဝါက
ပထမ,မဖဲဝါထက် အရပ်ပိုရှည်တဲ့ပုံပဲဗျ။ ပုံ
ကတော့ မဖဲဝါနဲ့ တစ်ပုံစံတည်းပါဗျာ။
"ဟဲ့ သရဲမ နင် ဘာတွေပြောနေတာတုံး၊
တာတေဆိုတာ ဘာကောင်လဲ၊ အခု ခေါ်
လိုက်စမ်း၊ ဆရာအေးအကြောင်း သိသွား
မယ်"
ကျုပ်ကတော့ မကျည်းပင်ကြီးနောက်ကနေ
ဘယ်ထွက်ရဲပါ့မလဲဗျာ။
"ဟီး ဟီး ဟီး ဟီး"
ဒုတိယမဖဲဝါက ဆရာအေးရဲ့ နောက်ဘက်
ပေနှစ်ဆယ်လောက်မှာ ရပ်နေတာဗျ။ ဒုတိ
ယမဖဲဝါရဲ့ ရယ်သံကို ရုတ်တရက် ကြား
လိုက်တော့ ဆရာအေး လန့်သွားပြီး နောက်
ကို လှည့်ကြည့်တယ်ဗျို့။
"သြော် နင်က ဒီလောက်ပညာရှိနေတာကိုး၊
နင့်ကိုယ်ကို နှစ်ကိုယ်တောင် ခွဲနိုင်နေတာပဲ၊
အေးလေ နင်က မယ်တော်လေးပါးရဲ့အစေ
အပါးပဲ၊ ဒီလောက်တော့ နင်တတ်မှာပေါ့။ ဒါ
ပေမဲ့ မဖဲဝါနှစ်ယောက် မဟုတ်ဘူးဟေ့၊ အ
ယောက်နှစ်ဆယ်လာလည်း ငအေးက မမှု
ဘူးဟဲ့ သိသလား သရဲမ၊ ကဲ ငအေးအစွမ်း
နင် သိရမှာပေါ့"
ပြောရင်း ဆိုရင်းနဲ့ ဆရာအေးက သူ့လက်
ကြီးနှစ်ဖက်ကို ကွေးလိုက် ဆန့်လိုက် လုပ်
ပြန်ရောဗျို့။ ဟာ ထွက်လာပြန်ပြီဗျာ။ သူ့
လက်က စက်ရောင်စုံတွေဗျ။ အနီ၊ အဝါ၊
အစိမ်း၊ လိမ္မော်၊ ဟာ စက်တွေက အရောင်
တွေ တလက်လက်နဲ့ ဒုတိယမဖဲဝါဆီကို
တန်းသွားတာဗျ။ ဒုတိယမဖဲဝါက သူ့ဆီကို
ပြေးဝင်လာတဲ့ စက်တွေကို လက်ကြီး
မြှောက်ပြီး ရိုက်ချလိုက်ပြီဗျို့။
"ဖြောင်း၊ ဖြောင်း၊ ဖျန်း၊ ဖျန်း"
ဟာ ဒုတိယမဖဲဝါ ရိုက်လိုက်တာ ဆရာအေး
ရဲ့စက်တွေ ကွင်းကြီးထဲကို ဖြာထွက်သွားပြီ
ဗျို့။ဆရာအေးက သူ့စက်တွေနဲ့ ပတ်ပြီး ချုပ်
နှောင်ထားတဲ့ ပထမ မဖဲဝါကို တစ်ချက် ဖျတ်
ကနဲ လှည့်ကြည့်တယ်။
ကျုပ်စိတ်ထင်တော့ ဆရာအေး နည်းနည်း
တုန်သွားပုံရတယ်ဗျ။ ဒုတိယမဖဲဝါက သူ့
စက်တွေကို ရိုက်ဖျက်လိုက်တာကိုတော့
တော်တော်လန့်သွားတဲ့ပုံပဲဗျ။
ဟော ဆရာအေးက သူ့လက်ဝါးကြီးကိုဖြန့်
ပြီး ရှေ့ကို ထုတ်လိုက်တယ်။ လက်ဝါးရဲ့
အလယ်တည့်တည့်က အနီရောင် စက်က
လေး ထွက်လာတယ်ဗျ။ ထွက်လာတဲ့ အ
စက်ကလေးက ကွမ်းသီးလုံးလောက်က
လေးကနေ တင်းနစ်ဘောလုံးလောက်ဖြစ်
သွားတယ်။ နောက်တော့ ခြင်းလုံးတစ်လုံး
အရွယ်လောက် ဖြစ်သွားပြီး ဒုတိယမဖဲဝါ
ဆီကို ပြေးဝင်သွားရောဗျို့။
ဟာ…ခြင်းလုံးအရွယ်ကနေ နီနီအလုံးကြီး
က သပိတ်လုံးလောက် ဖြစ်သွားပြီး ဒုတိယ
မဖဲဝါကို နှစ်တောင် အကွာလောက်ကနေ
ပတ်တော့တာပဲဗျာ။ ဒုတိယမဖဲဝါလည်း
နောက်ကို ခြေတစ်လှမ်း ခုန်ဆုတ်သွား
တယ်ဗျို့
"ဟား၊ ဟား၊ ဟား၊ ဟား ဟဲ့ကောင်မတွေ
ဘယ်လိုတုံး၊ မြောက်ဘက်ရှင်မရဲ့၊ တပည့်
မကြီး ဘာလို့ခုန်ပြီး နောက်ဆုတ်သွားတာ
တုံးဟဲ့၊ လုပ်လေ၊ ငါ့ကို ခံမလုပ်တော့ဘူး
လား"
ဒီလူ မှားသွားပြီဗျ၊ ကျုပ်ကြည့်နေတာ ဒီလူ
သူ့ရဲ့ ကဝေစက်ကို နှစ်ဖက်ပြိုင်လွှတ်ရတဲ့
အခါ စက်တွေက တဖြည်းဖြည်း အရောင်
လျော့ကျလာနေတာဗျ။ ဒါကို ဒီလူ ဆရာ
အေး သတိမထားမိဘူးဗျ။
ဟော ဒီလူ လုပ်ပြန်ပြီဗျို့။ လက်ကြီးတွေ
မြှောက်လာပြန်ပြီ။ ဟော ဟော ဒုတိယ
မဖဲဝါကို ပတ်ပြီးပြေးနေတဲ့ သပိတ်လုံး
လောက်ရှိတဲ့ နီနီအလုံးကြီးကို လက်နဲ့
ရိုက်သလို လှမ်းလုပ်လိုက်ပြီဗျို့။
ဟာ နီနီအလုံးကြီး ကွဲအက်ပြီး အထဲက လိမ္မော်ရောင်စက်တွေ လိုက်ပတ်နေပြီဗျို့။
ဟော ပတ်မိသွားပြီဗျာ၊ ဒုတိယမဖဲဝါစက်
တွေ ပတ်တာခံလိုက်ရပြီဗျို့။
ဒါပေမဲ့ ဒုတိယမဖဲဝါက နည်းနည်းမှကို မ
အော်ဘူးဗျ။ ကျုပ်လည်း အံ့သြနေတာ။
နောက်တစ်ခု ကျုပ် အံ့သြတာ ရှိသေး
တယ်ဗျ။ ဆရာအေး ဆိုတဲ့လူက မဖဲဝါကို
မြင်နေရတာ၊ ကျုပ် အံ့သြမိတယ်၊ ဒီလူ
ပညာတော့ တော်တော် ထက်တာဗျ။
ဒါပေမဲ့ ကဝေရှောင်ပြေး ဆရာအေး ဆိုတဲ့
လူ သတိမထားမိတာ တစ်ခုရှိသေးတယ်ဗျ။
စောစောက စက်တွေနဲ့ အပတ်ခံထားရလို့
အသံနက်ကြီးနဲ့ အော်နေတဲ့ ပထမ မဖဲဝါဆီ
က အော်သံ ထွက်မလာတော့ဘူးဗျ။ ဆရာ
အေးရဲ့စက်တွေက နှစ်ယောက်ဆီ မျှသွား
လို့လား မသိဘူးဗျာ။ စက်အေးတွေ လျော့
သွားပုံရတယ်။
ပထမတော့ မဖဲဝါရော၊ ဒုတိယ မဖဲဝါရော
မျက်လုံးနီနီကြီးတွေနဲ့ ဆရာအေးကို ကြည့်
နေကြတယ်။
"ဟား၊ ဟား၊ ဟား၊ ဟား၊ ကဲ ဘယ့်နှယ်ရှိစ
မဖဲဝါ၊ နောက်ထပ်ပွားလို့ရရင် ပွားလိုက်စမ်း
ပါဦး၊ ငအေးရဲ့စက်တွေ အကြောင်း သိသွား
ရတာပေါ့၊ ဟား၊ ဟား၊ ဟား၊ ဟား၊ ငါလိုချင်
တဲ့ မြောက်ဘက်ရှင်မရဲ့ ပညာဗူး မရလို့က
တော့ နင့်ကို သေအောင်သတ်မယ်ဟေ့ မ
မဖဲဝါရေ"
"တာတေ အပြင်ထွက်လိုက်"
မဖဲဝါက ကျုပ်ကို လှမ်းအော်ပြောတယ်။ ပ
ထမ မဖဲဝါ ပြောတာဗျ။ ကျုပ်လည်း သံက
ဝေရုပ်ကလေးကို လက်မှာ တင်းတင်းဆုပ်
ပြီး မန်းကျည်းပင်အကွယ်ကနေ ထွက်လိုက်
တယ်။ ဒီသံကဝေရုပ်ကလေးက ကျုပ်ကို
ဆရာကြီး ဦးမင်းအောင် ပေးခဲ့တာဗျ။
လွှတ်စွမ်းတဲ့ အရုပ်ကလေးဗျ။ ကျုပ်ကို ဆ
ရာအေး အန္တရာယ်ပြုရင်တော့ ကျုပ်လက်
ထဲက သံကဝေရုပ်ကလေးကိုဂါထာစုတ်
ပြီး လွှတ်လိုက်ရုံပေါ့ဗျာ။
(ဆရာကြီး ဦးမင်းအောင်အကြောင်းကို
ကျုပ် ရေးခဲ့တဲ့ ကဝေဆယ့်နှစ်ကြိုး စာ
အုပ်မှာ ဖတ်နိုင်ပါတယ်)
ကျုပ် မန်ကျည်းပင်အောက်ကနေ ထွက်လာ
တော့ ဆရာအေးက ကျုပ်ကို စိုက်ကြည့်နေ
တယ်
"မင်းက ဘယ်သူတုံး"
"ကျုပ်က တာတေလေ"
"တာတေ၊ ဘာတာတေလဲ၊ ဘယ်ကတုံး၊
အောက်လမ်းလား၊ အထက်လမ်းလား"
"ကျုပ်က ဟောဒီထနောင်းကုန်းသား၊
အောက်လမ်းလည်း မဟုတ်ဘူး၊ အ
ထက်လမ်းလည်း မဟုတ်ဘူး"
"ဒါဆိုရင် မင်း ဘာလာလုပ်တာတုံး"
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူ=တာတေ

Comments
Post a Comment