သရဲ နက်ကျော် အပိုင်း(၁)
"ငနက်ကျော် ငနက်ကျော်"
အိမ်တိုင်းရောက်တဲ့ ငနက်ကျော်
ငနက်ကျော် တော်တော်ဆိုး
ဘင်နာဆတ်ဆတ်ကျိုး"
ပုဗ္ဗာရုံကျောင်းကို ကျုပ်ရောက်တဲ့အချိန်မှာ ဆရာတော်
ကျောင်းက ကိုရင်လေးတွေ ဆိုနေကြတာဗျ။
ဒီလင်္ကာလေးကို ကျုပ် နားရည်ဝနေပါပြီဗျာ။
အဂ္ဂိရတ်ပညာကို ဝါသနာပါတဲ့ ဆရာတော်တွေ ဆုံမိတဲ့
အခါမှာ ပြောကြဆိုကြ ပညာတွေ ဖလှယ်ကြ
လင်္ကာတွေ ရွတ်ကြနဲ့ လွှတ်နားထောင်လို့
ကောင်းတာဗျ။ တချို့ဆရာတော်ကြီးတွေက
ဒီလင်္ကာထဲမှာပါတဲ့ 'ငနက်ကျော်'ဆိုတာ ကျပ်ခိုးကို
ပြောတာလို့ ဆိုကြသဗျ။
တချို့ကိုယ်တော်ကြီးတွေကကျတော့ 'ငနက်ကျော်'
ဆိုတာ ကွမ်းစားရင် ထည့်စားတဲ့ စမုံနက်လို့
ပြောကြသဗျ။
ဆရာတော် ခိုင်းတာလေးတွေ လုပ်ကိုင်ပေးပြီးတော့
ကျုပ်ကျောင်းကြီးပေါ်က ဆင်းလာတော့လည်း
ဒီကိုရင်တွေ လင်္ကာတွေ ရွတ်နေကြတုန်းပဲဗျ။
အဓိပ္ပါယ်တော့ ကိုရင်တွေ ဘယ်သိမှာတုံးဗျာ။
ဆိုကောင်းလို့သာ ဆိုတာပေါ့။
"ကျီးဖြူ ကျီးမည်း
တစ်ကောင်တည်း
ကျီးမည်းလေးက ဒီမှာနေ
ကျီးဖြူအိမ် ဒီမှာဆောက်
အာလောက်လောက် အာလောက်လောက်"
ဒါလည်း အဂ္ဂိရတ်ပညာနဲ့ဆိုင်တဲ့ လင်္ကာပဲဗျ။
ကြေးနက်လုံး စီရင်တာပေါ့ဗျာ။ပထမဆုံးကြေးနီကို
နက်အောင် ထိုးရသဗျ။ နောက်တစ်ခါ အဲဒီ
ကြေးနက်ကို ဖြူလာအောင် ထိုးရသဗျ။
ကိုရင်လေးတွေက ဆရာတော် အဂ္ဂိရတ်ထိုးမယ့်
မီးသွေးတုံးကြီးတွေကို အနေတော် ခုတ်ထစ်ပေးနေ
ရတာဗျ။ ကျုပ်တို့ ဆရာတော်က အဂ္ဂိရတ်ထိုးရင်
ကြုံရာတွေ့ရာ မီးသွေးဖိုထဲ ပစ်ထည့်ပြီးထိုးတာ
မဟုတ်ဘူးဗျို့။သစ်မာမီးသွေးကို ရအောင်ရှာရတာ။
အဲဒီမီးသွေးကို ရေနဲ့ သန့်နေအောင် ဆေးကြောပြီး
နေလှန်းရသေးတယ်ဗျို့။ ဒီတော့ မီးသွေးပေါက်တာ
မရှိတော့ဘူးပေါ့ဗျာ။ ရေတိုင်ကီတွေ အနားမှာ
မီးသွေးတွေ ရေဆေးနေတဲ့ ကိုရင်သေးသေးလေးကတော့…
"ဖားမြွေကိုက်
ဒုတ်နဲ့ရိုက်
ဖားမြွေကိုက်
ဒုတ်နဲ့ရိုက်"
လို့ အလုပ်လုပ်ရင်း ဆိုနေတာဗျ။သူဆိုနေတာလည်း
အဂ္ဂိရတ်လင်္ကာပဲဗျ။ ဖားလို့ခေါ်တဲ့ ပြဒါးနဲ့
မြွေလို့ခေါ်တဲ့ နာကို တွဲထားပြီး နာကို ဖယ်ထုတ်ချင်တယ်ဆိုရင်
ဒုတ်လို့ခေါ်တဲ့ ဒုတ္တာနဲ့ ထည့်ပြီး ထိုးရတယ်လို့
ပြောတာဗျ။ နာဆိုတာ ခဲကို ခေါ်ကြတာလေဗျာ။
အဲဒီလိုထိုးရင် ပြဒါးချည်းပဲ ကျန်နေတော့ပေါ့ဗျာ။
ကျုပ်လည်း ဆရာတော်တို့လုပ်တဲ့ အဂ္ဂိရတ်နည်းစဉ်တွေကို
စဉ်းစားရင်း ရွာလယ်လမ်းအတိုင်း လျှောက်လာတာဗျ။
"ကိုကြီးတာတေ ကိုကြီးတာတေ"
"ဟေ … ကျောက်ခဲပါလားကွ။ မောကြီးပန်းကြီးနဲ့
ဘယ်က ပြန်လာတာတုံး"
"ပုဗ္ဗာရုံကျောင်းကပါ"
"ဟေ ဟုတ်လား ငါလည်း ခုပဲ ဆရာတော့်ဆီက
ပြန်လာတာလေကွာ"
"ဟုတ်တယ်ဗျ ကိုကြီးတာတေက ဒီဘက်အထွက်
ကျုပ်က ဟိုဘက်က အဝင်ဖြစ်သွားတာလေဗျာ
ကိုရင်တွေပြောလို့ ကျုပ်ချက်ချင်းလိုက်လာခဲ့တာပါ"
"ဟ ငါ့ကို လိုက်ရှာတာဆိုတော့ ဘာများအကြောင်းထူး
ရှိလို့တုံးကွ ကျောက်ခဲရ"
ကျောက်ခဲက အမောပြေအောင် ခဏနေလိုက်သေးတယ်
ပြီးတော့မှ …
"ရွာရှေ့ပိုင်းက ကိုဘိုကိုးကို ကိုကြီးတာတေ
သိတယ်မို့လား"
"သိတာပေါ့ကွာ တောထဲဝင်ပြီး ယုန်ထောင်
ကြောင်ထောင် လုပ်နေတဲ့ ဘိုကိုးမို့လား"
"ဟုတ်တယ် ဟုတ်တယ် အဲဒီကိုဘိုးကို ပြောတာ"
"အေး ဘိုကိုး ဘာဖြစ်လို့တုံး"
"မနေ့က တောတက်ပြီး ယုန်ထောင်တာတဲ့ဗျာ
သရဲနက်ကျော် ရိုက်လွှတ်လိုက်လို့တဲ့ဗျာ"
"ဟေ ဟုတ်လားကွ ဒီတောကို ဘိုကိုး ဆိုတဲ့ကောင်
တက်နေကျပါကွ။ အကြိမ်တစ်ထောင်တောင်ကမှာ
မဟုတ်တော့ဘူး"
"ဟုတ်ပါ့ဗျာ မနေ့ကတော့ ဘာများမှားသွားလို့
မပြောတတ်ပါဘူးဗျာ။ကျောကုန်းမှာလည်း
လက်ဝါးရာကြီး ပါလာတယ် ပြောတယ်
လူကတော့ သတိတောင် သိပ်မရဘူးဆိုပဲ"
"ဟေ ဟုတ်လား ဒါဆိုရင် မလွယ်ဘူး ကျောက်ခဲရ"
"အဲဒါ ကိုဘိုးကြီးရဲ့ မိဘတွေက ကိုကြီးတာတေကို
ရှာပြီး ခေါ်ပေးပါဆိုလို့ ကျုပ်လာတာဗျ"
"ဟာ ဒါဆိုရင် နေဦးကွာ ငါအိမ်ပြန်ပြီး ဆေးလွယ်အိတ်
ယူဦးမှ ကျောက်ခဲရ"
ကျောက်ခဲနဲ့ ကျုပ်နဲ့ ဆေးလွယ်အိတ်ယူပြီး ရွာရှေ့ပိုင်းက
ဘိုကိုးတို့ အိမ်ကိုရောက်တော့ သူတို့ဝိုင်းချင်းကပ်က
လူတွေ အိမ်မှာ အုံနေတာဗျို့။
'ဟော တာတေ လာပဟေ့"
ဘိုးသာဒွန်းကြီးရဲ့ အသံဗျ။ ဘိုကိုးတို့ တောင်ဘက်ဝိုင်းက
ဘိုးတော်ကြီးလေဗျာ။
ကျုပ် ဘိုကိုးကို ကြည့်တယ်။ ဟုတ်တယ်ဗျ။
ဒီကောင် သတိကောင်းကောင်း မရဘူး။
"ဘိုကိုး ဘိုကိုး ငါပါကွ တာတေပါ"
"ဟင် အင်း အင်း"
ဒီကောင် ခေါင်းကြီးငိုက်စိုက် ကျနေတာဗျ။
ကျုပ်သစ်စုန်းဆေးတော်ကို အပ်ကလေးနဲ့ခြစ်ပြီး
ရေထဲကို ထည့်လိုက်တယ်။ အဲဒီရေနဲ့ ဘုရားစင်မှာ
ဖယောင်းတိုင်ထွန်း ဆရာကြီးဦးမင်းအောင်တို့
ဆရာနွံဖတို့ကို ကန်တော့ပြီး ဘိုကိုးကို ဆေးရည်နဲ့
မျက်နှာရော ကိုယ်တွေရော တောက်ပေးလိုက်တယ်။
"ဟီး ဟီး ဟီး ငါ့ကို ဘယ်သူလုပ်တာတုံးကွ
သေချင်လို့လား နက်ကျော်တဲ့ဟေ့ တစ်ကျော်တည်းရှိတယ်
အားလုံး မသာပေါ်သွားမယ် ဟီး ဟီး ဟီး"
လက်စသတ်တော့ ဘိုးကိုးကို ဝင်ကပ်နေတာ
ငနက်ကျော်ကြီးပဲကိုး။
"အဘဦးနက်ကျော် ဒီကောင် ဘိုကိုး ဘာများအမှား
လုပ်မိလို့ပါလဲ အဘ ဘာကို မကျေနပ်လို့ပါလဲဗျာ"
"မင်းက ဘယ်သူတုံး ဆရာလား"
"ဟာ ဆရာ မဟုတ်ပါဘူး အဘဦးနက်ကျော်ရဲ့
ကျုပ်က ဒီထနောင်းကုန်းသားပါဗျ တာတေပါ"
"ဟေ မင်းက တာတေလား မဖဲဝါ စောင့်ရှောက်တဲ့
ကောင်ပေါ့"
"ဗျာ …အဲ ဟုတ် ဟုတ်ပါတယ်ဗျ"
"အေး အေး မင်းအကောင် ဘိုကိုး ဟုတ်လား"
"ဟုတ်ပါတယ် အဘရယ် ဟုတ်ပါတယ်"

အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူ= တာတေ

Comments
Post a Comment