ဒုတိယ မဖဲဝါ အပိုင်း(၆) ဇာတ်သိမ်းပိုင်း
"ပညာအားကိုးနဲ့ တစ်ဖက်သားကို အနိုင်
ကျင့်တဲ့ ခင်ဗျားလိုလူကို ဇီဝိန်ခြွေပစ်ဖို့
ကျုပ် လာခဲ့တာပဲ"
"ဘာကွ၊ ဟား၊ ဟား၊ ဟား၊ ဟား"
ဆရာအေးက ကျုပ်အပေါ်မှာ အာရုံလုံးလုံး
ရောက်သွားတယ်ဗျ၊ အဲဒါ သူ့အမှားပဲ။ မဖဲ
ဝါ နှစ်ယောက်ကို ရစ်ပတ်ပြီး ဖမ်းထားတဲ့
ဆရာအေးရဲ့စက်တွေ ရုတ်တရက် အ
ရောင်မှိန်ကျသွားတယ်။
ဒီအချိန်ကို စောင့်နေတဲ့ မဖဲဝါနှစ်ယောက်
က ဆရာအေးရဲ့စက်တွေကို ပြိုင်တူရိုက်
ဖြတ်ပစ်လိုက်ကြရောဗျို့။
"ဖျောင်း" "ဖျောင်း"
ဟာ ဆရာအေးရဲ့ စက်တွေ လုံးဝပြတ်ထွက်
သွားပြီဗျို့။ ဆရာအေး ချက်ချင်းနောက်ကို
လှည့်ကြည့်တယ်။ သူ့လက်ကြီးတွေကို ရှေ့
ကို ဆန့်လိုက်တယ်။
ဒါပေမဲ့ ဒီလူ သိပ်နောက်သွားပြီဗျ။
"ဘုန်း" "ဘုန်း" "ဒုတ်"
"အား၊ အင့်"
မဖဲဝါက နောက်ကနေ ပြေးဝင်လာပြီး
ဆရာအေးရဲ့ ကျောကုန်းကို လက်ဝါး
ကြီးနဲ့ နှစ်ချက်ဆင့်ရိုက်ချလိုက်တယ်ဗျ။
'ဘုန်း၊ ဘုန်း'ဆိုတာ မဖဲဝါ ရိုက်လိုက်တဲ့
အသံပေါ့၊
'ဒုတ်'ဆိုတဲ့အသံက ကိုယ်ခွဲမဖဲဝါက ရှေ့
ကနေ ခုန်ဝင်ပြီး ရင်ဝကို ဒူးနဲ့တိုက်ချလိုက်
တာဗျ။ ပြီးတော့ ဒုတိယမဖဲဝါရဲ့ ကိုယ်ခွဲက
ဆရာအေးရဲ့ခေါင်းကို လက်ကြီးနှစ်ဖက်နဲ့
ကိုင်ပြီး လိမ်ချိုးပစ်လိုက်ရောဗျို့။
ဆရာအေးကြီး'အား'ကနဲ တစ်ချက်ပဲ အော်
လိုက်နိုင်တယ်။ ရှေ့ကို မှောက်ခုံကြီး ထိုး
လဲသွားရောဗျို့။ ဟာ ဆရာအေးရဲ့ မျက်
နှာကြီးက ကျောကုန်းဘက်ကို ရောက်နေ
ပါရောလားဗျာ။ ဒီတုန်းမှာပဲ ကျုပ်လက်ထဲ
ကို မဖဲဝါရဲ့ကိုယ်ခွဲရုပ်ကလေး ပြန်ရောက်
လာတယ်။ မဖဲဝါကလည်း ဆံပင်ဖားလျား
ကြီးနဲ့ ကျုပ်ကို ရပ်ကြည့်နေတယ်။
ကျုပ်က သုံးတောင့်ထိုး ဓါတ်မီးလေးကို
ထိုးပြီး ရွာကို ပြန်ခဲ့တော့တာပေါ့ဗျာ။
ပြီးပါပြီ
မူရင်းရေးသူ =တာတေ

Comments
Post a Comment