ပေါရိသာရမှော် အပိုင်း(၁)
ဒီတုန်းက ရန်ကုန်ထောင်ကြီး ရှိသေးတယ်ဗျ။
အဲဒီမှာ ထောင်မှူးကြီးက တာတေတို့ရွာသား
ဗျ။ ဦးအောင်စိန်တဲ့။ ထောင်မှူးကြီးအောင်
စိန်ဆိုရင် လူတိုင်းသိကြတာပေါ့ဗျာ။ ထောင်
မှူးကြီးအောင်စိန် ဆိုတာကို ရွာက ကထိန်မှာ
လာသွားတာတော့ ကျုပ်တစ်ခါမြင်ဖူးလိုက်
တယ်။ ကျုပ်ကို လာခေါ်တာ သူဗျ။
ဦးအောင်စိန်ကြီးကိုယ်တိုင်လာခေါ်တာ။
ကျုပ်အကြောင်းကို ရွာကလူတွေက ပြော
တာရှိမှာပေါ့ဗျာ။ သူတို့ထောင်ကြီးထဲမှာ
သရဲတစ်ကောင် တော်တော်ကို သောင်း
ကျန်းနေတာတဲ့ဗျ။ ဒီသရဲက ဟိုတုန်းက
တည်းက ရှိတာတဲ့။ ဦးအောင်စိန် သိတာက
တော့ အင်္ဂလိပ်ခေတ်ကတည်းက ကျန်ခဲ့
တဲ့ သရဲဆိုပဲ။ အင်္ဂလိပ်ခေတ်ကတည်းက
ကြိုးပေးသတ်ခံရပြီး သရဲဖြစ်နေတာတဲ့
ဗျ။ သူ့ကိုသတ်တဲ့ တပေါင်းလကွယ်နေ့
ညသန်းခေါင်မှာ အမဲသား သုံးပိဿာချက်
နဲ့ ထမင်းကျွေးရတယ်ဆိုပဲ။
ဒါဆိုရင် ထောင်ကြီးကို ဒီသရဲက စောင့်
ရှောက်သတဲ့ဗျို့။ ထောင်ဖောက်ပြေးတဲ့
လူတွေဆိုရင် အုတ်ရိုးပေါ်က ကန်ချတာ
ဆိုပဲ။ သူ့ကိုတစ်နှစ်တစ်ခါ မပျက်မကွက်
ကျွေးရတယ်တဲ့ဗျာ။ အခုတော့ တပေါင်း
လကွယ် မရောက်သေးဘဲ သရဲက တအား
သောင်းကျန်းနေလို့တဲ့ဗျာ။ အဆောင်တွေ
ခေါင်မိုးပေါ်မှာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့
ညတိုင်း ပြေးလွှားပြီး အဆောင်တွေပေါ်
မှာ ခုန်ချလို့ချတဲ့။ညဆိုရင် ထောင်သား
တွေလည်း ကောင်းကောင်းမအိပ်ကြရ
ဘူးတဲ့ဗျို့။
အားလုံးလည်း ကြောက်နေကြပြီဆိုပဲ။
လူဆိုတာက ခက်တော့ခက်သားလားဗျ။
ထောင်ကျနေတဲ့ လူဆိုးလူမိုက်ကြီးတွေ
ကလည်း သရဲတော့ ကြောက်သားလား
ဗျ။ ကျုပ်ရန်ကုန်ထောင်ကြီးကို ရောက်
တဲ့ညမှာပဲ မျက်ကွင်းဆေးကွင်းပြီးစောင့်
ကြည့်တယ်ဗျ။ ဦးအောင်စိန်ကိုယ်တိုင်
လည်း ကျုပ်နဲ့အတူ လိုက်လာတာဗျ။
"ဝုန်း" "ဗြောင်း" "ဗြောင်း" "ဗြောင်း"
ဟော ညသန်းခေါင်လောက်ရောက်တော့
ဇာတ်လမ်းစတော့တာပဲဗျို့။ မြောက်ဘက်
က အိပ်ဆောင်ကြီးတစ်ခုကစပြီး ပြေးတာ
ဗျို့။ ကျုပ်လည်း အသံကြားတဲ့ဘက်ကို
ပြေးရတာပေါ့ဗျာ။ဦးအောင်စိန်လည်း
ကျုပ်နဲ့ လိုက်ပြေးသဗျ။
အသံကြားတဲ့ အိပ်ဆောင်ကြီးခေါင်မိုးကို
ကျုပ်မော့ပြီး ကြည့်လိုက်တယ်။ဟာ ဟုတ်
ပါ့ဗျာ၊ သရဲကြီးဗျ။ ဟော ခုန်ပြီဗျို့။နောက်
ထပ်အိပ်ဆောင်ကြီးတစ်ခုပေါ်ကို ခုန်ကူး
လိုက်ပြီဗျာ။ ဟာ ခုန်လိုက်တာများ အပေါ်
ကို ခုနှစ်လံ ရှစ်လံလောက် မြောက်တက်
သွားတာဗျို့။
"အုန်း" "ဗြောင်း၊ ဗြောင်း၊ ဗြောင်း"
ဟော ခေါင်မိုးကြီးပေါ်မှာ ပြေးပြန်ပြီဗျို့။
ဟာ နောက်တစ်ဆောင်ရဲ့ ခေါင်မိုးပေါ်
ကို ခုန်ကူးသွားပြန်ပြီဗျာ။
"ဗြောင်း၊ ဗြောင်း၊ ဗြောင်း၊ ဗြောင်း"
ပြေးပြန်ပြီဗျို့။ ဟုတ်တာပေါ့ဗျာ။ အိပ်
ဆောင်ထဲက လူတွေ ဘယ့်နှယ်လုပ်
ပြီး အိပ်နိုင်မှာတုံး။ ကျုပ်က မျက်ကွင်း
ဆေးကွင်းထားလို့သာ မြင်နေရတာ
ပေါ့ဗျာ။ ဟာ ခုန်ပြန်ပြီဗျို့။ ဟာ ခုနှစ်
လံလောက်ကို မြင့်သွားတာဗျာ။
ဟော ထောင်အုတ်ရိုးကြီးပေါ်မှာ
မားမားကြီး လျှောက်သွားနေတာဗျာ။
ဒီတော့မှ ကျုပ်လည်း သေသေချာချာ
ကြည့်ရတာဗျို့။ အရပ်ကတော့ ခုနှစ်
ပေလောက် ရှိမယ်ဗျ။ ဆံပင်က ကျော
ကုန်းလောက်အထိ အုပ်နေတာ။ မျက်
နှာကြီးကိုပါ ဆံပင်တွေ အုပ်နေတာ
ဗျို့။ ခါးမှာတော့ ပုဆိုးဖြူဖြူကြီးစည်း
ထားတယ်။ ဟော ထောင်ဘူးဝကြီး
တည့်တည့်မှာ ငုတ်တုတ်ကြီးထိုင်
နေပြီဗျို့။ ကျုပ်က ကျုပ်မြင်တာကို
ဦးအောင်စိန်ကို ပြောပြလိုက်တယ်။
"မောင်တာတေ ဒါဆိုရင် ဘယ်လို
လုပ်မတုံးကွ"
"ကျုပ်လည်း မသိဘူးဗျ၊ ဦးအောင်စိန်ရဲ့၊
ဒီကိစ္စ မနက်ဖြန်ညရောက်မှ ကျုပ်မဖဲဝါ
ကို မေးပေးမယ်"
"ဟေ ဟုတ်လား၊ မဖဲဝါကို မင်းမေးလို့
ရသလားကွ မောင်တာတေရ"
"ရပါတယ်ဗျ၊ ဒါပေမဲ့ ကျုပ်လိုအပ်တာ
လေးတွေတော့ ဦးအောင်စိန် စီစဉ်ပေးမှ
ဖြစ်မယ် "
"ဟာ လုပ်ပေးရမှာပေါ့ကွ မောင်တာတေရ၊
ကဲ ပြော၊ မောင်တာတေ ဘာတွေလိုအပ်တုံး"
"အမဲသား နှစ်ပိဿာ ဟင်းတစ်အိုး ချက်
ပေးပါ၊ ထမင်းတစ်ခွက်တစ်အိုး ချက်ရမယ်
ငှက်ပျောဖက်နဲ့ ထမင်းတောင်းလေး ပြင်
ပေးပေါ့ဗျာ"
ဟာ ရစေရမယ်ကွာ၊ မင်း ဘယ်တော့
လောက် လိုချင်တာတုံး"
"မနက်ဖြန် ညနေခြောက်နာရီရရင်
ပြီးရောဗျာ"
"ဟာ ရတာပေါ့ကွ၊ မောင်တာတေရ၊
ဒါ ရန်ကုန်မြို့ကြီးပဲကွာ၊ အချိန်မရွေး
ဝယ်လို့ရပါတယ်၊ ကဲ နောက်ထပ်
ကော ဘာလိုသေးတုံး"
"နတ်ဝင်သည်တစ်ယောက် ခေါ်ပေးဗျာ"
"ဟေ နတ်ဝင်သည် ဟုတ်လား၊
နတ်ကတော်ပေါ့"
"ဟုတ်တယ်ဗျ၊ မဖဲဝါ ဝင်မှာလို့လည်း
ပြောဗျာ၊ ဒါကိုကူညီရင် ကျန်းမာမယ်၊
စီးပွားတက်မယ်လို့လည်း ပြောဗျာ"
"သြော် ဒီလိုလား၊ ရတယ်၊ ရတယ်၊
ဒီအတွက်တော့ နည်းနည်းမှကို မပူနဲ့၊
မောင်တာတေ၊ ဟောဒီထောင်ကြီးထဲ
က ထောင်မှူးကတော်တွေက အလ
ကားနေရင် နတ်ပဲ မေးနေတာကွ၊
သူတို့ကို ခေါ်ခိုင်းလိုက်ရင် နတ်ဝင်
သည်တစ်ယောက် မကဘူး၊ နှစ်
ဆယ် သုံးဆယ်လောက်တောင်
ရဦးမယ်"
"ဟာ တစ်ယောက်ပဲ၊ တစ်ယောက်ပဲ၊
တစ်ယောက်ဆိုရင် ရပြီဗျ"
ရန်ကုန်မြို့ကြီးဆိုတော့လည်း လိုတာ
အကုန်ရတာပေါ့ဗျာ။ ကျုပ်တို့တောလို
မရှားဘူးပေါ့။ နောက်နေ့ညနေ ငါးနာရီ
ထိုးတာနဲ့ ကျုပ်လိုချင်တာတွေအားလုံး
ရနေပြီဗျ။ နတ်ကတော်က ဒေါ်စိန်တဲ့။
ကျုပ်တို့အညာသူ နတ်ကတော်တွေ
လို မဟုတ်ဘူးဗျ။ အသားဖြူဖြူပိန်ပိန်
ပါးပါးပဲ။ ညကိုးနာရီလောက်မှ ရန်ကုန်
မှာက လူခြေတိတ်တာကိုဗျ။
အဲဒီမှာ ထောင်မှူးကြီးက တာတေတို့ရွာသား
ဗျ။ ဦးအောင်စိန်တဲ့။ ထောင်မှူးကြီးအောင်
စိန်ဆိုရင် လူတိုင်းသိကြတာပေါ့ဗျာ။ ထောင်
မှူးကြီးအောင်စိန် ဆိုတာကို ရွာက ကထိန်မှာ
လာသွားတာတော့ ကျုပ်တစ်ခါမြင်ဖူးလိုက်
တယ်။ ကျုပ်ကို လာခေါ်တာ သူဗျ။
ဦးအောင်စိန်ကြီးကိုယ်တိုင်လာခေါ်တာ။
ကျုပ်အကြောင်းကို ရွာကလူတွေက ပြော
တာရှိမှာပေါ့ဗျာ။ သူတို့ထောင်ကြီးထဲမှာ
သရဲတစ်ကောင် တော်တော်ကို သောင်း
ကျန်းနေတာတဲ့ဗျ။ ဒီသရဲက ဟိုတုန်းက
တည်းက ရှိတာတဲ့။ ဦးအောင်စိန် သိတာက
တော့ အင်္ဂလိပ်ခေတ်ကတည်းက ကျန်ခဲ့
တဲ့ သရဲဆိုပဲ။ အင်္ဂလိပ်ခေတ်ကတည်းက
ကြိုးပေးသတ်ခံရပြီး သရဲဖြစ်နေတာတဲ့
ဗျ။ သူ့ကိုသတ်တဲ့ တပေါင်းလကွယ်နေ့
ညသန်းခေါင်မှာ အမဲသား သုံးပိဿာချက်
နဲ့ ထမင်းကျွေးရတယ်ဆိုပဲ။
ဒါဆိုရင် ထောင်ကြီးကို ဒီသရဲက စောင့်
ရှောက်သတဲ့ဗျို့။ ထောင်ဖောက်ပြေးတဲ့
လူတွေဆိုရင် အုတ်ရိုးပေါ်က ကန်ချတာ
ဆိုပဲ။ သူ့ကိုတစ်နှစ်တစ်ခါ မပျက်မကွက်
ကျွေးရတယ်တဲ့ဗျာ။ အခုတော့ တပေါင်း
လကွယ် မရောက်သေးဘဲ သရဲက တအား
သောင်းကျန်းနေလို့တဲ့ဗျာ။ အဆောင်တွေ
ခေါင်မိုးပေါ်မှာ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့
ညတိုင်း ပြေးလွှားပြီး အဆောင်တွေပေါ်
မှာ ခုန်ချလို့ချတဲ့။ညဆိုရင် ထောင်သား
တွေလည်း ကောင်းကောင်းမအိပ်ကြရ
ဘူးတဲ့ဗျို့။
အားလုံးလည်း ကြောက်နေကြပြီဆိုပဲ။
လူဆိုတာက ခက်တော့ခက်သားလားဗျ။
ထောင်ကျနေတဲ့ လူဆိုးလူမိုက်ကြီးတွေ
ကလည်း သရဲတော့ ကြောက်သားလား
ဗျ။ ကျုပ်ရန်ကုန်ထောင်ကြီးကို ရောက်
တဲ့ညမှာပဲ မျက်ကွင်းဆေးကွင်းပြီးစောင့်
ကြည့်တယ်ဗျ။ ဦးအောင်စိန်ကိုယ်တိုင်
လည်း ကျုပ်နဲ့အတူ လိုက်လာတာဗျ။
"ဝုန်း" "ဗြောင်း" "ဗြောင်း" "ဗြောင်း"
ဟော ညသန်းခေါင်လောက်ရောက်တော့
ဇာတ်လမ်းစတော့တာပဲဗျို့။ မြောက်ဘက်
က အိပ်ဆောင်ကြီးတစ်ခုကစပြီး ပြေးတာ
ဗျို့။ ကျုပ်လည်း အသံကြားတဲ့ဘက်ကို
ပြေးရတာပေါ့ဗျာ။ဦးအောင်စိန်လည်း
ကျုပ်နဲ့ လိုက်ပြေးသဗျ။
အသံကြားတဲ့ အိပ်ဆောင်ကြီးခေါင်မိုးကို
ကျုပ်မော့ပြီး ကြည့်လိုက်တယ်။ဟာ ဟုတ်
ပါ့ဗျာ၊ သရဲကြီးဗျ။ ဟော ခုန်ပြီဗျို့။နောက်
ထပ်အိပ်ဆောင်ကြီးတစ်ခုပေါ်ကို ခုန်ကူး
လိုက်ပြီဗျာ။ ဟာ ခုန်လိုက်တာများ အပေါ်
ကို ခုနှစ်လံ ရှစ်လံလောက် မြောက်တက်
သွားတာဗျို့။
"အုန်း" "ဗြောင်း၊ ဗြောင်း၊ ဗြောင်း"
ဟော ခေါင်မိုးကြီးပေါ်မှာ ပြေးပြန်ပြီဗျို့။
ဟာ နောက်တစ်ဆောင်ရဲ့ ခေါင်မိုးပေါ်
ကို ခုန်ကူးသွားပြန်ပြီဗျာ။
"ဗြောင်း၊ ဗြောင်း၊ ဗြောင်း၊ ဗြောင်း"
ပြေးပြန်ပြီဗျို့။ ဟုတ်တာပေါ့ဗျာ။ အိပ်
ဆောင်ထဲက လူတွေ ဘယ့်နှယ်လုပ်
ပြီး အိပ်နိုင်မှာတုံး။ ကျုပ်က မျက်ကွင်း
ဆေးကွင်းထားလို့သာ မြင်နေရတာ
ပေါ့ဗျာ။ ဟာ ခုန်ပြန်ပြီဗျို့။ ဟာ ခုနှစ်
လံလောက်ကို မြင့်သွားတာဗျာ။
ဟော ထောင်အုတ်ရိုးကြီးပေါ်မှာ
မားမားကြီး လျှောက်သွားနေတာဗျာ။
ဒီတော့မှ ကျုပ်လည်း သေသေချာချာ
ကြည့်ရတာဗျို့။ အရပ်ကတော့ ခုနှစ်
ပေလောက် ရှိမယ်ဗျ။ ဆံပင်က ကျော
ကုန်းလောက်အထိ အုပ်နေတာ။ မျက်
နှာကြီးကိုပါ ဆံပင်တွေ အုပ်နေတာ
ဗျို့။ ခါးမှာတော့ ပုဆိုးဖြူဖြူကြီးစည်း
ထားတယ်။ ဟော ထောင်ဘူးဝကြီး
တည့်တည့်မှာ ငုတ်တုတ်ကြီးထိုင်
နေပြီဗျို့။ ကျုပ်က ကျုပ်မြင်တာကို
ဦးအောင်စိန်ကို ပြောပြလိုက်တယ်။
"မောင်တာတေ ဒါဆိုရင် ဘယ်လို
လုပ်မတုံးကွ"
"ကျုပ်လည်း မသိဘူးဗျ၊ ဦးအောင်စိန်ရဲ့၊
ဒီကိစ္စ မနက်ဖြန်ညရောက်မှ ကျုပ်မဖဲဝါ
ကို မေးပေးမယ်"
"ဟေ ဟုတ်လား၊ မဖဲဝါကို မင်းမေးလို့
ရသလားကွ မောင်တာတေရ"
"ရပါတယ်ဗျ၊ ဒါပေမဲ့ ကျုပ်လိုအပ်တာ
လေးတွေတော့ ဦးအောင်စိန် စီစဉ်ပေးမှ
ဖြစ်မယ် "
"ဟာ လုပ်ပေးရမှာပေါ့ကွ မောင်တာတေရ၊
ကဲ ပြော၊ မောင်တာတေ ဘာတွေလိုအပ်တုံး"
"အမဲသား နှစ်ပိဿာ ဟင်းတစ်အိုး ချက်
ပေးပါ၊ ထမင်းတစ်ခွက်တစ်အိုး ချက်ရမယ်
ငှက်ပျောဖက်နဲ့ ထမင်းတောင်းလေး ပြင်
ပေးပေါ့ဗျာ"
ဟာ ရစေရမယ်ကွာ၊ မင်း ဘယ်တော့
လောက် လိုချင်တာတုံး"
"မနက်ဖြန် ညနေခြောက်နာရီရရင်
ပြီးရောဗျာ"
"ဟာ ရတာပေါ့ကွ၊ မောင်တာတေရ၊
ဒါ ရန်ကုန်မြို့ကြီးပဲကွာ၊ အချိန်မရွေး
ဝယ်လို့ရပါတယ်၊ ကဲ နောက်ထပ်
ကော ဘာလိုသေးတုံး"
"နတ်ဝင်သည်တစ်ယောက် ခေါ်ပေးဗျာ"
"ဟေ နတ်ဝင်သည် ဟုတ်လား၊
နတ်ကတော်ပေါ့"
"ဟုတ်တယ်ဗျ၊ မဖဲဝါ ဝင်မှာလို့လည်း
ပြောဗျာ၊ ဒါကိုကူညီရင် ကျန်းမာမယ်၊
စီးပွားတက်မယ်လို့လည်း ပြောဗျာ"
"သြော် ဒီလိုလား၊ ရတယ်၊ ရတယ်၊
ဒီအတွက်တော့ နည်းနည်းမှကို မပူနဲ့၊
မောင်တာတေ၊ ဟောဒီထောင်ကြီးထဲ
က ထောင်မှူးကတော်တွေက အလ
ကားနေရင် နတ်ပဲ မေးနေတာကွ၊
သူတို့ကို ခေါ်ခိုင်းလိုက်ရင် နတ်ဝင်
သည်တစ်ယောက် မကဘူး၊ နှစ်
ဆယ် သုံးဆယ်လောက်တောင်
ရဦးမယ်"
"ဟာ တစ်ယောက်ပဲ၊ တစ်ယောက်ပဲ၊
တစ်ယောက်ဆိုရင် ရပြီဗျ"
ရန်ကုန်မြို့ကြီးဆိုတော့လည်း လိုတာ
အကုန်ရတာပေါ့ဗျာ။ ကျုပ်တို့တောလို
မရှားဘူးပေါ့။ နောက်နေ့ညနေ ငါးနာရီ
ထိုးတာနဲ့ ကျုပ်လိုချင်တာတွေအားလုံး
ရနေပြီဗျ။ နတ်ကတော်က ဒေါ်စိန်တဲ့။
ကျုပ်တို့အညာသူ နတ်ကတော်တွေ
လို မဟုတ်ဘူးဗျ။ အသားဖြူဖြူပိန်ပိန်
ပါးပါးပဲ။ ညကိုးနာရီလောက်မှ ရန်ကုန်
မှာက လူခြေတိတ်တာကိုဗျ။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment