သရဲ နက်ကျော် အပိုင်း(၄)
"သြော် ဒီလိုပါ သင်္ချိုင်းရှင်မ မဖဲဝါ ကျုပ်တို့ရွာထဲကို
ကျားဝင်လို့ဗျ။ တောပိုင်ကြီး ဘနက်ကျော်
ပြောတာကတော့ ကျားနက်မှော်ထားတဲ့
ကဝေတစ်ယောက် သူပိုင်တဲ့ တောထဲကို
ရောက်နေတယ်ဆိုပဲ။ဒီကဝေက သူ့ကိုယ်သူ
ကျားနက်ကြီး လုပ်လိုက်ပြီး သားကောင်တွေ
ဖမ်းစားနေတယ်တဲ့ဗျ။အဲဒီ လူများ ကျားအသွင်နဲ့
ကျုပ်တို့ ရွာထဲကို ဝင်သလားလို့ပါ
ပြီးတော့ ကျုပ်တို့ရွာက ဆုံးသွားတဲ့ စုန်းမကြီး
အရီးမယ်ခရဲ့ အိမ်ဝိုင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်
လျှောက်ထားတဲ့ ကျားခြေရာတွေ တွေ့ရတယ်ဗျ
ကျုပ်တို့တစ်ရွာလုံးလည်း လန့်ကုန်ကြပြီဗျ"
"ဟဲ့ တာတေ အဲဒါ ကျားနက်မှော်အောင်ထားတဲ့
ငမှုန်ဆိုတဲ့အကောင်ပေါ့။ အသက်က ရာကျော်နေပြီ
ခုထိမိုက်တုန်း။စုန်းမ မယ်ခရဲ့ နှလုံးကို ဖောက်ထုတ်ပြီး
စားရမှာ ။ ဒါမှ ဒီကောင် အသက်ဆက်လို့ရမယ်
အခုတော့ သူရောက်လာတဲ့အချိန်မှာ မယ်ခက
ရှိမှမရှိတော့တာ။ ဒီကောင် ကိုယ်အတတ်ကိုယ်စူးပြီးလေ
ကျားနက်ကြီး ဖြစ်သွားပြီ။ လူပြန်မဖြစ်တော့ဘူးဟဲ့"
"ဟာ ဒုက္ခပါပဲဗျာ ကျုပ်တို့ရွာက လူတွေကို
ဒုက္ခပေးတော့မှာလားဗျ"
"နင် မပူနဲ့ တာတေ ငနက်ကျော်ကို တွေ့အောင်ရှာပြီး
ပြောလိုက် ဒီည အဲဒီကျားနက်ကိုစီးပြီး ငါ့ဆီလာခဲ့လို့
ငါ ငနက်ကျော်ကို ကြိမ်လုံးတစ်လုံး အပ်လိုက်မယ်
သူလည်း အဆင့်တက်လိမ့်မယ် တောပိုင် ကြိမ်ပိုင်
ငနက်ကျော် ဖြစ်ပြီပေါ့"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ မဖဲဝါ"
မဖဲဝါ ပြန်ကြွတယ် ။ ကျုပ်တို့လည်း ရွာကို ခပ်သုတ်သုတ်
ပြန်ခဲ့ကြတယ်ဗျ။ ညည့်နက်ရင် ရွာထဲ ကျားဝင်မှာ
ကြောက်ရသေးတယ်လေဗျာ။
နောက်နေ့ရောက်တော့ ရွာထဲက လူကြီးတွေကို
ကျုပ် ပြောပြလို့ လူကြီးတွေက ကြက်တစ်ကောင်နဲ့
အရက်နှစ်ပုလင်းဝယ်ပြီး ချက်ကြပြုတ်ကြတယ်ဗျ။
ဒီတစ်ခါတော့ ဘိုကိုးကိုပဲ သုံးရတော့တာပေါ့ဗျာ
သူနဲ့ ဘနက်ကျော်က မနောဆက်တုန်းရှိသေးတာလေဗျာ
ဘိုကိုးကို ဘုရားစင်ရှေ့မှာ ထိုင်ခိုင်းပြီး
ကျုပ် ဘနက်ကျော်ကို ပင့်တယ်။
မဖဲဝါကိုလည်း အကြောင်းကြားရတာပေါ့ဗျာ။
မဖဲဝါ အမိန့်ကြောင့် ထင်တယ်ဗျ။ ဘနက်ကျော်ကြီး
ကျုပ်တို့ဆီ ရောက်လာတယ်။
ဘိုကိုးကို ဝင်ပူးပြီဗျို့။
"ဟီး ဟီး ဟီး ဟီး ဘာကိစ္စတုံးကွ တာတေရ"
"ဟာ တောပိုင်ရှင်ကြီးဗျာ မဖဲဝါရဲ့ အမိန့်ကြောင့်
ပင့်ရတာပါ ။ ဟောဒီမှာ အသင့်ပြင်ထားတဲ့
စားပွဲသောက်ပွဲကို ဆင်နွှဲပါဦး ဘနက်ကျော်
စားရင်းသောက်ရင်း ပြောပါမယ်"
စားပွဲပုလေးပေါ်မှာ
ငှက်ပျောဖက်ခင်းပြီး ပြင်ထားတဲ့ ကြက်တစ်ကောင်နဲ့
ထမင်းတစ်ခွက်ချက်ကို ကြုံးစားတော့တာဗျို့။
အသင့်ဖွင့်ထားတဲ့ ။ အရက်ပုလင်းကိုလည်း
ကောက်မော့ လိုက်သေးသဗျ။တစ်ပုလင်းများ
ဘနက်ကျော်တို့က တစ်မော့ပဲဗျို့။
စားပွဲပုလေးပေါ်ကို 'ဒုန်း'ကနဲ ပုလင်းပြန်ချလိုက်ရင်
ပုလင်းထဲမှာ ပြောင်နေရောဗျ။
"ဒီလိုပါ ဘနက်ကျော် မဖဲဝါက အမိန့်ရှိလိုက်လို့ပါ
ဟို့နေ့က ညဘက် ကျုပ်တို့ ရွာကို ကျားဝင်တဲ့ကိစ္စပါ
ဘနက်ကျော်"
"ဟီး ဟီး ဟီး တာတေ ငါ ပြောသွားသားပဲ
ဟိုကောင်လေ ကျားနက်မှော်အောင်ထားတဲ့ကောင်
ဝင်တာကွ အေး ပြောရဦးမယ် အခု ဒီကောင်က
ကျားဘဝကနေ လူဘဝကို ပြန်မပြောင်းတော့ဘူးကွ
ကျားနက်ကြီးအတိုင်းပဲ နေနေတာ"
"မဟုတ်ဘူး ဘနက်ကျော် မဖဲဝါ ပြောတာက
ဒီရွာက စုန်းမကြီး အရီးမယ်ခရဲ့ နှလုံးကို ဖောက်စားရမှ
သူ့ပညာဆက်လို့ရမှာတဲ့ဗျ။အခု သူရောက်လာတဲ့
အချိန်က သိပ်နောက်ကျသွားပြီတဲ့ဗျ။
အရီးမယ်ခက ရှိမှ မရှိတော့တာ။ဆုံးသွားတာ
ကြာပြီလေဗျာ။ ဒါကြောင့် ဒီလူ ကျားဘဝကို
လုံးလုံးကူးသွားပြီတဲ့ဗျ။ အဲဒါ ဒီည ၉ နာရီတိတိမှာ
ဘနက်ကျော်က အဲဒီကဝေကျားနက်ကြီးကို စီးပြီး
ထနောင်းကုန်း သင်္ချိုင်းကို လာခဲ့ရမယ်တဲ့ဗျ။
အဲဒီမှာ မဖဲဝါက မယ်တော်လေးပါးဆီက
ကြိမ်လုံးကို ဘနက်ကျော်ကို ဒီည အပ်မှာ။
ဘနက်ကျော်လည်း အဆင့်မြင့်သွားပြီလို့
ပြောတယ်ဗျ။ တောပိုင်တင် မဟုတ်တော့ဘဲ
ကြိမ်ပိုင် ငနက်ကျော် ဖြစ်မယ်လို့ မဖဲဝါက မိန့်လိုက်တယ်"
ဘနက်ကျော်ကြီးက စားရင်းသောက်ရင်းနဲ့ ခေါင်းကြီး
တဆတ်ဆတ် ညိတ်ပြသဗျ။
"စိတ်ချ စိတ်ချ တာတေ ငါ ဒီအကောင်ကို စီးပြီး
လာခဲ့မယ်"
ဘနက်ကျော် ပြန်ကြွသွားတော့မှ ကျုပ်တို့လည်း
အိမ်ပြန်လာခဲ့တယ်။
ညရောက်တော့ ရှစ်နာရီမခွဲခင်ကတည်းက
ကျုပ်နဲ့ ကျောက်ခဲနဲ့ သင်္ချိုင်းဇရပ်ပေါ် ရောက်နေပြီဗျ။
ကိုးနာရီအတိ ထိုးတာနဲ့ …
"ဝူး ဝူး ဝူး ဝူး ဝူး"
မဖဲဝါရဲ့ ခွေးကြီး အူတော့တာပဲဗျာ။
ဟော ဟော မဖဲဝါကြီး ရောက်ပြီဗျို့။
ဂူပေါ်မှာ မတ်တတ်ကြီး ရပ်လို့ဗျ။
"ဝုန်း ဝုန်း ဝုန်း"
ဟာ ကျားဟိန်းသံကြီးလည်း ကြားရပြီဗျို့။
ဟာ ယာခင်းကိုဖြတ်ပြီး ပြေးလာတာ။
ကျားနက်ကြီးဗျို့။ နည်းတဲ့အကောင်ကြီးမှ
မဟုတ်တာဗျာ။ ဖုန်တွေမှ တထောင်းထောင်း
ဖြစ်နေတာဗျို့။
ကျုပ်ကတော့ မျက်ကွင်းဆေးကွင်းထားတော့
ကျားပေါ်က ငနက်ကျော်ကြီးကိုပါ မြင်တာပေါ့ဗျာ။
ကျောက်ခဲကတော့ ကျားနက်ကြီးပဲ မြင်ရတာဗျ။
ကျားပေါ်မှာ ကားယားခွထိုင်ပြီး ကျားနက်ကြီးကို
မြင်းစီးသလို စီးလာတဲ့ ငနက်ကျော်ကြီးကိုတော့
ဒီကောင် ဘယ်မြင်မှာတုံးဗျာ။
ငနက်ကျော် ဆိုတာကို ကျုပ်လည်း ခုမှ မြင်ဖူးတာဗျို့။
ဆံပင်ရှည် ဖားလျားကြီးနဲ့ဗျာ။ ဟော သင်္ချိုင်းထဲကို
တန်းဝင်တော့တာဗျို့။
"ဟဲ့ ငနက်ကျော် ရော့"

အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment