ဒုတိယ မဖဲဝါ အပိုင်း(၁)
တာတေဆိုတဲ့ ကျုပ်က စပ်စပ်စုစု သိပ်လုပ်
တော့ နှိုက်နှိုက်ချွတ်ချွတ်တွေလည်း သိတာ
ပေါ့ဗျာ။ကျုပ်တို့အညာသားများ နွားများတော့
တအားချစ်တာဗျ။ ကိုယ့်အိမ်က နွားကြီးတွေ
ဆိုရင် မျက်ခြည်မပြတ် ကြည့်နေကြတာ။
အစာကျွေးချိန် မှန်ရတယ်။ ရေချိုးရန် မှန်ရ
တယ်။ ပြီးရင် သူတို့ ဆီးသွားတာ၊ ဝမ်းသွား
တာကို အမြဲတမ်း အကဲခတ်နေရတာဗျ။ ဆီး
နဲ့ဝမ်းကို ကြည့်ပြီးမှ လိုတဲ့ ဆေးဝါးတိုက်ကျွေး
ပေးရတာဗျို့။ ခုနက စကားပဲ ပြန်ဆက်ရဦး
မယ်။ ကျုပ်က လွှတ်စပ်စုတဲ့ကောင်ဆိုတော့
နှိုက်နှိုက်ချွတ်ချွတ်တွေ အတော်သိသားဗျ။
ကျုပ်တစ်ခါက ခရီးသွားတုန်း ဟင်္သာတဘက်
က ဘိုးတော်တစ်ယောက်နဲ့ ဆုံဖူးသဗျ။ ဒီဘိုး
တော်က နွား အားကြီးချစ်တာဗျို့။ ကျုပ်က
လည်း နွားချစ်တဲ့အကောင်ဆိုတော့ တန်းခင်
သွားတော့တာပေါ့ဗျာ။
ဒီမှာတင် သူပြောပြတဲ့ နွားဆေးကို ကျုပ်သိခဲ့
ရတာဗျ။ လူတိုင်းတော့ ကြိုက်ချင်မှ ကြိုက်မှာ
ဗျ။ ကျုပ်ကတော့ စူးစမ်းချင်တဲ့အကောင်ဆို
တော့ အဘနွားကြီးတွေကို စမ်းကြည့်တာ
ကျုပ်အဘတောင် မသိဘူးဗျ။
ဘာပြောကောင်းမတုံးဗျာ။ ကျုပ်တို့နွားကြီး
တွေ ဝဖီးတက်လာပြီး ကျန်းမာရေးဆို ဒေါင်
ဒေါင်ကို မြည်နေရောဗျာ။ဒီလိုဗျ။ ခင်ဗျားမှာ
နွားရှိရင် စမ်းကြည့်လေ။ မလုပ်ရဲလည်း မ
လုပ်နဲ့ပေါ့ဗျာ။ မြွေပွေးဖြစ်ဖြစ်၊ မြွေဟောက်
ဖြစ်ဖြစ်ပေါ့ဗျာ။အသေရခဲ့ရင် ဝါးဘိုးဝါးကျည်
တောက်ထဲမှာ အဲဒီမြွေသေကို ခွေပြီထည့်ဗျ။
ပြီးရင် ကျည်တောက်ကို ဆားအပြည့်သိပ်
လိုက်။ နွားတင်းကုတ်ထဲက တိုင်တစ်တိုင်မှာ
အဲဒီဝါးဘိုးကျည်တောက်ကို ချိတ်ထား။
ဆားက တဖြည်းဖြည်း ကျသွားလိမ့်မယ်။
ဆားထပ်သိပ်။ အဲဒီလို ဆားကျလိုက် ထပ်
သိပ်လိုက် လုပ်ပေးရင်းနဲ့ နောက်တော့ ဝါး
ကျည်တောက်ရဲ့မျက်နှာပြင်ပေါ်မှာ ရေစက်
ကလေးတွေလို အရည်တွေသီးပြီး ထွက်လာ
လိမ့်မယ်။ ဒီတော့မှ နွားကို ဝါးကျည်တောက်
နားခေါ်သွားပြီး ပေးလိုက်။နွားက အဲဒီအရည်
ကလေးတွေကို အငမ်းမရလျက်လိမ့်မယ်။
ဆားက သိပ်သိပ်ပေး။
ဝါးကျည်တောက်ရဲ့ မျက်နှာပြင်ပေါ်မှာ အ
ရည်ကလေးတွေ သီးနေလိမ့်မယ်။ နွားက
လည်း အငမ်းမရကို လျက်မှာဗျ။ ခင်ဗျားနွား
တွေကို စောင့်ကြည့်လေ။ ဝဖီးတက်လာရော
ဗျို့။ အဘ မသိအောင် ကျုပ်က တိတ်တိတ်
လုပ်ပြီး နွားတွေကို လျက်ခိုင်းတာဗျ။ ကျုပ်
အဘကတော့ လူတွေ ချီးမွမ်းတိုင်း ပြော
တာပေါ့ဗျာ။
"ကိုဥာဏ်တို့များ နွားကိုင်တဲ့နေရာမှာ ကောင်း
ချက်တော့ မပြောနဲ့တော့ဗျို့။ နွားကြီးတွေများ
ဖီးတက်နေတာပဲဗျာ"
"ဟာ ကျုပ်တော်တာ မဟုတ်ဘူးဗျ။ ကျုပ်
သား တာတေကြောင့်ပါဗျာ၊ တာတေက သူ့
နွားကြီးတွေကို လွှတ်ဂရုစိုက်တဲ့ကောင်ဗျ"
ကျုပ် ကြိတ်လုပ်နေတဲ့ နွားဆေးကိုတော့ သူ
တို့ မသိကြဘူးဗျ။ ကျုပ်လည်း မပြောရဲတော့
ငြိမ်နေရတာပေါ့ဗျာ။ ကျုပ်သာ ဖွင့်ပြောလိုက်
ရင် အဘက ကျုပ်ကို ထတောင်ကန်မလားပဲ
ဗျ။ သူ့နွားတွေကို ပေါက်ကရလုပ်တယ် ဆိုပြီး
တော့လေ။ ဒီကနေ့တော့ တာတေ အိမ်မြဲတဲ့
နေ့ပဲဗျ။ မမြဲလို့လည်း မရဘူးလေ။
အဘနဲ့ အမေက ကျုပ်ကို ဆီကြိတ်ခိုင်းထား
လို့ဗျ။ မနက်စောစောထပြီး ကျုပ်မှာ ဆီဆုံ
ကြိတ်နေရတာဗျ။ ဒါပေမဲ့ ဆီကြိတ်ရတာ
သက်သာပါတယ်ဗျာ။ ကျုပ်တို့နွားကြီးတွေ
က ဟဲ့တစ်ချက်လုပ်ရတာ မဟုတ်ဘူးလေ
ဗျာ။ တစ်ကောင်ညောင်းရင် တစ်ကောင်
ပြောင်းတတ်ရုံပဲဗျ။ နှမ်းဆီအစစ်၊ ပဲဆီအ
စစ် ဆိုတာကတော့ ကျုပ်တို့ကြိတ်တဲ့ ဆုံ
ဆီတွေကို ပြောတာပေါ့ဗျာ။
အဘတို့ အမေတို့ကတော့ အိမ်မှာကြိတ်တဲ့
ဆုံဆီကလွဲရင် တခြားဘယ်ဆီကိုမှ မစား
တတ်ဘူးဗျ။ ဒါကတော့ တောင်သူတွေကို
ဗျာ။ ကျုပ်လည်း ထမင်းစားချိန်ရောက်မှ
နွားဖြုတ်ပြီး နားရတော့တာဗျို့။ ကိုပိန်တို့
ဘက်မှာ ဝက်ပေါ်လို့ အမေက ဝက်သား
သွားပြီးဆုံတယ်။
ကိုပိန်က ကျုပ်စားဖို့ဆိုပြီးတော့ ကလီစာ
တွေ အဆစ်ပေးလိုက်ဆိုပဲ။ ကျုပ်ပြောခဲ့ဖူး
ပါတယ်။ ကျုပ်အမေက ဝက်သားချက်
အားကြီးကောင်းတာဗျ။ ကျုပ်လည်း တစ်
မနက်လုံး ဆီကြိတ်နေရတော့ မောမောနဲ့
စားလိုက်တာ။ ထမင်းသုံးပန်းကန်ကို ချော
ရောဗျာ။ ဆီကြိတ်တာက မပြီးသေးဘူးဗျ။
ဒါပေမဲ့ တစ်မှေးတော့ အိပ်ရဦးမယ်ဗျို့။ မန်
ကျည်းပင်ကြီးအောက်မှာ ဝါးဘိုးခြမ်းလေး
ခေါင်းအုံးပြီး ကျုပ်အိပ်တယ်။ဒါပေမဲ့ အလုပ်
ရှိတော့ စိတ်လွတ်ကိုယ်လွတ်တော့ မအိပ်ရဲ
ဘူးဗျ။ မှေးရုံလောက်ပါပဲ။ ကျုပ်နိုးလာတာ
နဲ့ ဆီဆုံမှာ နွားပြန်တပ်တယ်။ ဒီတစ်ခါ နွား
ညိုကြီးနဲ့ ကြိတ်ရမှာဗျ။ ကျုပ် ဆီကြိတ်ပြီး
အရှိန်ရရုံလောက်ကလေးပဲ ရှိသေးတာဗျ။
"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
ကျောက်ခဲအသံဗျ၊ ဝိုင်းဝကနေ အော်ခေါ်
နေတာ။
"ကျောက်ခဲလား၊ ငါ ဒီမှာကွ၊ လာလေ၊ ဆီဆုံ
မှာ ဆီကြိတ်လို့ "
"သြော် လာပြီ၊ လာပြီ"
ကျောက်ခဲရော၊ သံမဏိရောဗျ၊ ကျုပ် ဆီ
ကြိတ်တာကို ဒီကောင်နှစ်ကောင် သေသေ
ချာချာ ကြည့်နေတယ်။
"ကဲ ကိုကြီးတာတေ နားဗျာ၊ ကျုပ်နဲ့ သံမဏိ
ကြိတ်ပေးမယ်၊ ပြီးတော့ ကိုကြီးတာတေကို
ပြောစရာရှိလို့ဗျ"
"ဟေ ဘာတုံးကွ၊ ဘာပြောစရာရှိလို့တုံး"
ကျုပ်နဲ့ ဒီကောင်နှစ်ကောင် ပြောတုန်းရှိသေး
တယ်။အဘက အိမ်ပေါ်ကနေ ဆင်းလာတယ်
"လူလေး မင်း တစ်မနက်လုံးကြိတ်နေတာ၊
ွှအဘတစ်လဲကြိတ်ဦးမယ်၊ နို့ ခုနက ကျောက်
ခဲပြောတာ ဘိုး နားစွံနားဖျာ ကြားလိုက်ပါ
တယ် ဘာများတုံးကွ"
ကျုပ်က ဆီဆုံကို ဆက်ပြီးစီးနေတုန်းဗျ။
မဖယ်သေးပါဘူး။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူ =တာတေ

Comments
Post a Comment