ပေါရိသာရမှော် အပိုင်း(၄) ဇာတ်သိမ်းပိုင်း



ကျုပ်က မဖဲဝါကို မေးလိုက်တယ်ဗျ။

"ဟဲ့ တာတေ၊ ရန်ကုန်ထောင်က မကြာ
ခင် ပိတ်ပစ်တော့မှာ။ ဒါကို တိမ်ညွန့်က
သိတယ်၊ သူ ဒီဘဝကြီးအတိုင်းကျန်ခဲ့
မှာကို စိုးရိမ်ပြီး အခုလို လုပ်နေတာ၊
ထောင်ရဲ့ရှေ့ဘက်က အုတ်ရိုးအတွင်း
ဘက်မှာ ညောင်ပင်ရှိတယ်။

အဲဒီညောင်ပင်ရဲ့ ပင်စည်ကနေ မြောက်
ဘက်ကို ခြေလှမ်းငါးလှမ်း လှမ်းပြီးတူး
လိုက်ရင် သူ့ကိုသတ်တဲ့ကြိုး မြှုပ်ထား
တာ တွေ့လိမ့်မယ်၊ သံပိုက်လုံးနဲ့ထည့်
ပြီး မြှုပ်ထားတာ။ အဲဒါကိုဖော် တိမ်ညွန့်
ကို ခေါ်ပြီး အလှူဒါနလုပ်ပြီး တရားနာ
ခိုင်းလိုက်။

အဲဒီကြိုးကိုလည်း ထောင်ပိုင်ကိုယ်တိုင်
မီးရှို့ဖျက်ဆီးလိုက်၊ တိမ်ညွန့်ကိုလည်း
ထောင်ပိုင်က အမိန့်ပြန်ပြီး လွတ်ရာကျွတ်
ရာ သွားခိုင်းလိုက်၊ တိမ်ညွန့်လည်း ကျွတ်
ချိန်ရောက်ပါပြီ။ နင်တို့ လုပ်ပေးလိုက်ကြ
တာတေ"

"ဟာ စိတ်ချပါ မဖဲဝါ၊ ကျုပ်တို့ ကိုတိမ်ညွန့်
ကြီးကို ကျွတ်အောင်လွတ်အောင် လုပ်ပေး
လိုက်ပါ့မယ်ဗျာ"

မဖဲဝါ ထွက်သွားလို့ သတိလစ်နေတဲ့ ဒေါ်
စိန်ကို မနည်းကို နှာနှပ်ယူရတာဗျို့။မဖဲဝါ
ဝင်ထားတဲ့အချိန် နည်းနည်းကြာသွားတာ
ကိုဗျ။ ကျုပ်တို့ ရန်ကုန်ထောင်ကြီးထဲကို
ပြန်ရောက်တော့ ထောင်မှူးကြီး ဦးအောင်
စိန်က ထောင်ပိုင်ကြီးနဲ့ တွေ့တယ်။

အကျိုးအကြောင်းတွေ ပြောပြပြီး နောက်
နှစ်ရက်အကြာမှာ ဘုန်းကြီးတွေ ပင့်တယ်။
ထောင်ထဲကလူတွေအကုန် မုန့်ဟင်းခါး
ကျွေးပြီး ကိုတိမ်ညွန့်အတွက် ကိုတိမ်ညွန့်
အတွက် ဒါနလုပ်ပေးတယ်။ ပြီးတော့ မဖဲ
ဝါပြောတဲ့အတိုင်း ကြိုးကို ရှာတယ်။

တွေ့တာပေါ့ဗျာ။ သံချေးတွေ တက်
နေတဲ့ သံပိုက်လုံးကြီးထဲက ကိုတိမ်ညွန့်
ကို သတ်တဲ့ ကြိုးခွေကြီးကို ထုတ်ယူပြီး
ရန်ကုန်ထောင်ပိုင်ကြီးကိုယ်တိုင် မီးရှို့
ဖျက်ဆီးပစ်တယ်။

"ပေါရိသာရမှော်အောင်တဲ့ သူရဲကောင်း
ကြီး ဦးတိမ်ညွန့် သင် သွားလိုရာကို သွား
နိုင်ပြီ၊ သင့်အတွက် ရည်စူးပြီး ပြုလုပ်သမျှ
ကုသိုလ်ကောင်းမှု အဖို့ဘောဂတွေကို
ကျုပ် ထောင်ပိုင်ကြီးက သင့်အား အမျှ
ပေးဝေပါတယ်။ ဦးတိမ်ညွန့်သာဓုခေါ်
ပါဗျာ။ အမျှ အမျှ အမျှ ဦးတိမ်ညွန့်ရေ
ကောင်းရာဘုံဘဝကို ရောက်ပါစေဗျာ"

အဲဒီညကတည်းက ထောင်ကြီးတစ်ခုလုံး
ငြိမ်သွားတာပါပဲဗျာ။ ကျုပ်လည်း ညဘက်
မှာ မျက်ကွင်းဆေးကွင်းပြီး ထောင်ကြီးရဲ့
အုတ်ရိုးပေါ်မှာ လိုက်ကြည့်တာ ဘာမှ
မတွေ့တော့ဘူးဗျ။ ကိစ္စတွေ အားလုံး
ပြီးတော့ ဦးအောင်စိန်ကိုယ်တိုင် ကျုပ်
ကို ရွာအရောက်ပြန်ပို့ပေးတယ်။

ထောင်ပိုင်ကြီးကလည်း ကျုပ်ကို
လက်ဆောင်တွေ ပေးလိုက်တာမှ
မနည်းပါဘူးဗျာ။ အဲ ထူးဆန်းတာ
တစ်ခု ပြောရဦးမယ်ဗျ။

ရန်ကုန်ထောင်ကြီးပိတ်တော့မယ့်ကိစ္စကို
မဖဲဝါပြောမှ ထောင်ပိုင်ကြီးရော၊ ထောင်မှူး
တွေရော သိကြတာတဲ့ဗျို့။ သူတို့ လုံးဝမသိ
ဘူးဆိုပဲ။ နောက်တော့ ရန်ကုန်ထောင်ကြီး
တကယ်ပိတ်သွားတာပါပဲဗျာ။

ပြီးပါပြီ

~~~~~~~~
မူရင်းရေးသားသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)