မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၂)
"ငါးခူစင်းကောသာချက် ကျတော်ခြံထဲက
ရက်ယိုရွက်ခူးပေးမယ် ဟင်းခါးတစ်ခွက်ချက်
လိုက်ပေါ့"
"နင်...အဖေက ငါးခူကြော်နှပ် ကြိုက်တယ်"
"ဒါများ...ဟိုဟာချက်ရင် ကောင်းမလား ဒီဟာ
ချက်ရင် ကောင်းမလား လုပ်နေရသေးတယ်
အစကတည်းက ယောကျ်ားအကြိုက် ချက်မ
လို့ ဝယ်ခဲ့တာများ"
"ဒီကောင်လေး...သွားစမ်း...စကားကြောရှည်
မနေနဲ့ ဟင်းခါးချက်ရအောင် ဒန့်ဒလွန်ရွက်
ဖြစ်ဖြစ် ပဲညွှန့်ဖြစ်ဖြစ် သွားခူးလာခဲ့"
"ကောင်းပါပြီခင်ဗျာ ပဲညွန့်ပဲ ခူးခဲ့ပါ့မယ်"
ကျော်သိုက်က ခြံနောက်ဘက်သို့ ထွက်ခဲ့သည်။
ပဲညွန့်ခူးမည်ပြင်ပြီးမှ ဘူးညွန့်သုံးလေးညွန့်
ခူးလိုက်သည်။ ဘူးညွန့် အရည်သောက်ထဲ ခ
ရမ်းချဥ်သီး လှီးထည့်၊ ငရုတ်သီးစိမ်းခပ်လိုက်
လျင် ထမင်းမြိန်သည့် အရည်သောက်တစ်
ခွက် ရသည်။ ဟင်းပန်းကန်ထဲက ဘူးညွန့်ဘူး
ရွက်ကို ငါးပိရည်နှင့် တို့လျင်လည်း ရသေး
သည်။
"အမေ...ဒီမှာ ဘူးညွန့် အရည်သောက်ပဲ ချက်
တော့"
"ပဲညွန့် မရှိဘူးလား"
"ရှိပါတယ်...ဘူးညွန့်က တို့စရာပါ တစ်ခါတည်း
ပြီးတယ် အဖေက နေ့ခင်း ထမင်းပြန်စားမှာလား"
"မင်း...သွားပို့မယ်ဆို ပြန်လာစရာမလိုဘူး သွား
ပို့ပေးမလား"
"ကျတော် သွားစရာရှိသေးတယ် အမေပဲ သွား
ပို့လိုက်ပါ"
"မင်းအကြောင်း မသိရင်ခက်မယ် အောက်မ
ဆင်းခင် ရေတစ်ပုံး ဒီနားပို့ပေးသွား"
ကျော်သိုက်လည်း စဥ့်အိုးထဲမှ ရေကို ပုံးထဲကဲ့
ထည့်ပြီး ငါးကိုင်နေသော မိခင်ဖြစ်သူအနား
ချပေးလိုက်သည်။
"ကိုကျော်သိုက် ကိုကျော်သိုက်"
အိမ်အောက်မှ တာတီးအသံကြောင့် အိမ်ရှေ့
ထွက်လာခဲ့သည်။
"ကွပ်ပျစ်ပေါ်မှာ ထိုင်စောင့် ငါလာခဲ့မယ်"
ကျော်သိုက် အိမ်အောက်သို့ ဆင်းလာခဲ့သည်။
"မင်း အခု ဘယ်ကလာတာလဲ"
"အေးရွာက လာခဲ့တာ ကိုကျော်သိုက် ဆရာကြီး
လွှတ်လိုက်လို့"
"ဆရာကြီးက ဘာမှာလိုက်လဲ"
"ကိုကျော်သိုက် နေ့ခင်းစားသောက်ပြီးရင်
ဆရာကြီးဆီ လာခဲ့လို့ မှာလိုက်တယ်။ ယူစ
ရာရှိတာတွေလဲ ယူခဲ့ပါတဲ့"
"ဘယ်သွားရမယ် မမှာလိုက်ဘူးလား"
"မမှာဘူး...ကိုကျော်သိုက် ဆရာကြီးအိမ်မှာ
မနက်က လူကြီးနှစ်ယောက်ကို တွေ့လိုက်တယ်၊
သူတို့အိမ်ပေါ်က ဆင်းသွားတာနဲ့ ကျတော့်ကို
ခေါ်ပြီး ဒီကိုလွှတ်လိုက်တာ"
"မင်း...အေးရွာကို ဘယ်တော့ပြန်မှာလဲ"
"ဒီနေ့မပြန်တော့ဘူး အမေတို့နဲ့ ဒီည အိပ်ဦးမယ်
မနက်မှ ပြန်လာမယ်လို့ ပြောခဲ့တယ်"
"အေး...ဒါဆိုလဲ ငါတစ်ယောက်ထဲပဲ သွားရ
တော့မှာပေါ့ မင်းပြန်ရင် အတူတူ သွားမလားလို့"
"ကျတော်က ဟိုမှာ နေရတာ အားရတယ်မရှိဘူး
အစ်မရဲ့ကလေးကို ထိန်းနေရတာ၊ ဟိုကောင်
လေးကလဲ မျောက်လောင်းလေး ဆွဲမနိုင်ပဲ"
"မင်း...ငယ်ငယ်တုန်းက အတိုင်း နေမှာပေါ့"
"ဟာ...ကျတော်က အဲဒီလောက် ကဲမယ် မထင်
ပါဘူး"
"မင်းကမှ ပိုဆိုးတာကွ"
တာတီးက ခြံထဲက ပြေးထွက်သွားသည်။ တာ
တီးအစ်မက အေးရွာမှာ အိမ်ထောင်ကျသဖြင့်
တာတီးက ကလေးသွားဝိုင်းထိန်းပေးနေရသည်။
တာတီးအစ်မတို့နေသော အိမ်နှင့် ကျော်သိုက်
ဆရာကြီး ဘိုးရှိုင်းအိမ်က ခြံချင်း ကပ်လျှက်
ရှိသဖြင့် ကျော်သိုက်ကို ကိစ္စရှိ၍ ခေါ်လျှင်
တာတီးကို လွှတ်လေ့ရှိသည်။
တာတီးကလည်း ထိုအခွင့်အရေးကို စောင့်နေသူ
ဖြစ်သည်။ သို့မှသာ ကလေးထိန်းတာဝန် သက်သာ
မည်ဖြစ်သည်။ ကျော်သိုက်လည်း နေ့တစ်နာရီ
ခန့် အေးရွာသို့ ဆိုက်ကားငှားစီးပြီး ထွက်လာ
သည်။ ကျော်သိုက်ရောက်တော့ ဆရာကြီးအိမ်
မှာ ဧည့်သည်အမျိုးသားကြီးနှစ်ယောက် ရောက်
နေသည်။
"လာထိုင်...မောင်ကျော်သိုက်"
ကျော်သိုက်က ဘုရားစင်ရှေ့သွားပြီး ဦးသုံးကြိမ်
ချ ရှိခိုးလိုက်သည်။ ဘုရားရှိခိုးပြီးသည်နှင့် ဆရာ
ကြီးကိုပါ ရှိခိုးလိုက်သည်။
"ကဲ...မောင်ကျော်သိုက်...ဒီက မောင်မျိုးဝင်းတို့
ရွာကို လိုက်သွား သိချင်တာ လမ်းသွားရင်းမေး
မောင်မျိုးဝင်းတို့ကလည်း ဘာကြောင့် လာအကူ
အညီတောင်းရတယ်ဆိုတာ ရှင်းပြသွားလိမ့်မယ်"
"ဟုတ်ကဲ့ ဆရာကြီး"
"အခု သွားရမယ့်ရွာက ပေါက်တစ်ပင်ရွာပဲ
ပဲ့ထောင့်နဲ့ နှစ်နာရီနီးပါးလောက်ပဲ သွားရမယ်
ထင်တယ်"
"နှစ်နာရီခွဲလောက်ကြာမယ် ဆရာကြီး၊ အခု
ချိန်သွားရင် ရွာကို သုံးနာရီဝန်းကျင်ဆို ရောက်
မှာပါ"
"မောင်ကျော်သိုက် မင်းနဲ့ပဲပြီးမှာမို့ ဆရာကြီး
စိတ်ချလက်ချ လွှတ်လိုက်တာ သေချာစဥ်းစား
ဆုံးဖြတ်ပြီး အလုပ်,လုပ် မုချအောင်မြင်ရမယ်"
"ဟုတ်ကဲ့...ကျတော်တို့ကို ခွင့်ပြုပါဦး"
ကျော်သိုက်က အိမ်ဝင်အိမ်ထွက် ဆရာကြီးကို
ရှိခိုးနေသဖြင့် လာခေါ်ကြသော ဧည့်သည်များ
လည်း ဆရာကြီးကို ရှိခိုးကြသည်။
ထို့နောက် အိမ်ပေါ်က ဆင်းလာခဲ့ကြသည်။
ရွာနှင့်ချောင်းက သိပ်မဝေး၊ နွေရော မိုးပါ
ရေမခမ်းသည့်ချောင်းဖြစ်သည်။ ချောင်းနှင့်
နီးသော ရွာများကို ပဲ့ထောင်လှေများနှင့် သွား
လာကြသည်။ ကျော်သိုက်တို့ စက်လှေပေါ်
ရောက်သည်နှင့် ကိုမျိုးဝင်းဆိုသူက ပဲ့ထောင့်
စက်ကို နှိုးလိုက်သည်။ ကိုမျိုးဝင်းက အ
သက်သုံးဆယ့်ငါးနှစ်ခန့်ရှိမည်။
ဦးညိုဆိုသူက အသက်လေးဆယ်ဝန်းကျင်ခန့်
ရှိမည်ဟု ကျော်သိုက် ခန့်မှန်းကြည့်နေသည်။
နေကပူပူ ပဲ့ထောင်ကပြေးနေသဖြင့် အပူရှိန်အနည်းငယ်သက်သာသလိုရှိသည်။ နတ်တော်လဖြစ်သဖြင့် ချွေးထွက်အောင်တော့မပူ။
အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသူ = ဧကန်မင်း

Comments
Post a Comment