ပေါရိသာရမှော် အပိုင်း(၃)
လူညည်းသံလို အသံကြီးတွေနဲ့ သူတို့
ဆီကို ရွေ့လာကြတာတဲ့ဗျာ။
"မောင်တိမ်ညွန့် မကြောက်နဲ့၊ မင်း
အောင်တော့မှာမို့လို့ ဝိုင်းဖျက်ဆီးကြတာ၊
မကြောက်နဲ့ မောင်စံမြ၊ ဆရာကြီး ပေး
ထားတဲ့ ခြေမန်းကွင်းတွေ အဆင်သင့်
လုပ်ထား၊ မင်းသူငယ်ချင်းကို ခြေမန်း
ကွင်းရအောင်စွပ်နော်၊လွတ်ထွက်သွား
လို့ကတော့ မင်းသူငယ်ချင်း သွက်သွက်
ခါအောင် ရူးသွားလိမ့်မယ်ဟေ့"
"စိတ်ချပါ ဆရာကြီး"
ကိုစံမြကလည်း သူ့ကိုပေးထားတဲ့
ခြေမန်းကွင်းတွေကို အဆင်သင့်
ပြင်ထားသတဲ့ဗျို့။
သရဲကြီးတွေကလည်း မည်းမည်း မည်းမည်း
နဲ့ သူတို့ဘက်ကို တဖြည်းဖြည်းနီးလာပြီတဲ့
ဗျာ။လျှာကြီးတွေ တွဲလောင်းကြီးတွေကျလို့
ဆိုပဲ။ မျက်လုံးကြီးတွေက နီရဲပြီး ကျွတ်ထွက်
မလို ဖြစ်နေတာတဲ့ဗျို့။
"ကဲ မောင်တိမ်ညွန့်ရေ၊ ဒါ နောက်ဆုံး
အသားတစ်ပဲဟေ့၊ သတိခိုင်ခိုင်ထားပေတော့"
လို့ ပြောပြီး ဆရာကြီးဦးကုန်းဘောင်က
ပေါရိသာရမှော်ကြီးရဲ့နောက်ဆုံးဂါထာကို
ပီပီသသ ရွတ်တော့တာတဲ့ဗျို့။ ဒီမှာတင်
သရဲတွေဟာ အသံနက်ကြီးတွေနဲ့အော်
ပြီး သူတို့ဆီကို တစ်ရှိန်ထိုးပြေးလာကြ
တာတဲ့ဗျာ။
ဒါပေမဲ့ သူတို့တွေက နည်းနည်းမှကို
အကြောက်အလန့် မရှိကြတော့ အနား
ရောက်တာနဲ့ အကုန်လုံး ပျောက်ကုန်
ကြရောတဲ့ဗျို့။ နောက်ဆုံး အသားတစ်
ကို ဆရာကြီးက ပါးစပ်ထဲ ထည့်ပေး
တယ်။ ကိုတိမ်ညွန့်ကလည်း မျိုချတယ်။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
သင်္ချိုင်းကုန်းမြေကြီးဟာ သိမ့်ကနဲ၊
သိမ့်ကနဲ ဖြစ်အောင်ကို လှုပ်သွား
တာတဲ့ဗျို့။ ပြီးတော့ တော်လဲတဲ့
အသံလို အသံကြီးတွေလည်း တ
ဝုန်းဝုန်း မြည်သွားတာတဲ့။ ခဏ
ကြာတော့ ကိုတိမ်ညွန့်ကို မြှုပ်ထား
တဲ့ မြေကျင်းထဲက မြေကြီးတွေဟာ
ပွထလာပြီး ဘေးကို ရွေ့သွားတယ်။
ကိုတိမ်ညွန့်က တဖြည်းဖြည်း မြေကျင်း
ထဲက ပေါ်ပေါ်လာတယ်။ခါးလောက်အ
ထိလည်း ပေါ်လာရောပါးစပ်ကြီးက ပို
ကျယ်လာပြီး ထောက်ထားတဲ့ လူရိုးက
ပြုတ်ထွက်သွားတယ်။
"မောင်စံမြ အဆင်သင့်ပြင်ထား"
လို့ ဆရာကြီး ဦးကုန်းဘောင်က အော်
လိုက်တဲ့အချိန်မှာပဲ ကိုတိမ်ညွန့်က မြေ
ကျင်းထဲကနေ အပေါ်ကို ခုနှစ်လံ၊ရှစ်လံ
လောက် မြောက်တက်သွားပြီး မြေကြီး
ပေါ်ကို 'ဘုတ်'ကနဲ ပြန်ကျလာတယ်။
"ပေါရိသာရတဲ့ဟေ့"
လို့ ကြွေးကြော်ပြီး နောက်တစ်ခါ ထခုန်
ပြန်သတဲ့ဗျို့။ ဒီတစ်ခါ မြေကြီးပေါ် ပြန်
အကျမှာ ကိုစံမြက အတင်းတက်ဖိပြီး
ခြေမန်းကွင်းတွေ ခပ်မြန်မြန် စွပ်ပေး
လိုက်တယ်တဲ့ဗျို့။ ဒီတော့မှ ကိုတိမ်
ညွန့် ငြိမ်သွားရောတဲ့ဗျာ။
"အောင်ပြီဟေ့၊ အောင်ပြီ"
ဆရာကြီး ဦးကုန်းဘောင်ရဲ့ အသံဝါ
ကြီးက တာမွေသင်္ချိုင်းထဲမှာ လွှမ်းသွား
တာဆိုပဲဗ်
"ကဲ ငါ့တပည့် မောင်တိမ်ညွန့် တစ်ရာ
တစ်ယောက်၊ တစ်ထောင်တစ်ယောက်၊
တစ်သောင်းတစ်ယောက် ဆိုသလို မင်း
ကတော့ ထူးထူးခြားခြား ပေါရိသာရမှော်
ကြီး အောင်သွားပြီကွဲ့၊ တုတ်ပြီး၊ ဓါးပြီး
သေနတ်ပြီး ခုန်ရင် ခုနှစ်လံအကျော်ဟေ့
မောင်တိမ်ညွန့်ရဲ့။ ကဲ ငါ့တပည့်ကြီး
ဒီအစွမ်းတွေနဲ့ အမျိုး ဘာသာ သာ
သနာကို စောင့်ရှောက်နိုင်တဲ့အပြင်
အင်္ဂလိပ်တွေရဲ့ ကျွန်ဘဝကနေ ဗမာ
နိုင်ငံကြီးကို ကယ်တင်နိုင်တဲ့ ယောင်္ကျား
ကောင်း ဖြစ်စေဗျာ"
"ဝုန်း" "အား၊ အား၊ အား"
သင်္ချိုင်းကုန်းကြီးတစ်ခုလုံးက ကျီးကန်း
တွေရာနဲ့ချီပြီးပျိုတာဆိုပဲဗျာ။ အဲဒီချိန်က
စပြီးလူစွမ်းကောင်းကြီး ကိုတိမ်ညွန့်ဟာ
အင်္ဂလိပ်တွေကို အမျိုးမျိုး အနှောင့်အ
ယှက်ပေးတော့တာပဲတဲ့ဗျာ။ အင်္ဂလိပ်
စစ်တပ်ထဲဝင်ပြီး အမျိုးမျိုးနှောင့်ယှက်လို့
အင်္ဂလိပ် ဂေါ်ရာပုလိပ်တွေက သေနတ်နဲ့
ဝိုင်းပစ်တာ၊ ကျည်ပြီးနေတော့ မသေ
ဘူးဆိုပဲဗ်။
ကျည်ဆံမှန်တဲ့နေရာက နီနီကြီး စူထွက်
လာပေမယ့် ကျည်က သူ့အသားကို မ
ဖောက်နိုင်ဘူးတဲ့ဗျ။ နောက်တော့ အင်္ဂ
လိပ်စစ်သားတွေဟာ တော်တော်ကို
လန့်ဖျပ်လာကြတဲ့အထိ ဖြစ်တော့တာ
တဲ့ဗျို့။ ကိုတိမ်ညွန့်က နောက်ဆုံး
အင်္ဂလိပ်ဘုရင်ခံကို ဝင်ဖမ်းပြီး ပြန်
ပေးဆွဲမယ်လို့ စဉ်းစားတယ်။ ဘု
ရင်ခံကို ဖမ်းထားပြီး ဗမာပြည်ကနေ
အင်္ဂလိပ်တွေကို ထွက်ခိုင်းမယ်ပေါ့
ဗျာ။ အဲဒီလိုအတွေးနဲ့ ဘုရင်ခံရဲ့
အိမ်တော်ဝင်းကြီးထဲကို ခုန်ဝင်
သွားတယ်ဆိုပဲ။
ဘုရင်ခံကိုလုပ်ကြံဖို့ ကြံစည်တဲ့အမှုနဲ့
ကြိုးပေးသတ်ဖို့ စီရင်ချက်ချပြီး တပေါင်း
လကွယ်နေ့မှာ သတ်ပစ်လိုက်တယ်တဲ့။
ကြိုးစင်ပေါ်တင်တဲ့အထိ သံကြိုးတွေကို
မဖြုတ်ရဲလို့ သံကြိုးတန်းလန်းကြီးနဲ့ကို
ကြိုးပေးရတာဆိုပဲဗျ။
အဲဒီအချိန်က ထောင်ပိုင်းကြီးက အင်္ဂ
လိပ်ဆိုပေမယ့် လောကီပညာ တော်
တော်တတ်တာဆိုပဲဗျာ။ ကိုတိမ်ညွန့်
ကို ကြိုးပေးသတ်တဲ့ကြိုးကို ထောင်
ပိုင်ကြီးက ယူပြီး ကိုတိမ်ညွန့်ကို သူ့
အမိန့်နဲ့ ထောင်အုတ်ရိုးပေါ်မှာစောင့်
ဖို့ အစီအရင် လုပ်လိုက်တာတဲ့ဗျာ။
ဒါကြောင့် ရန်ကုန်ထောင်ကြီးရဲ့အုတ်
ရိုးပေါ်မှာ ပေါရိသာရမှော်အောင်ထား
တဲ့ ဗမာပြည်ကို ကျွန်ဘဝကနေ အ
လွန်ကယ်တင်ချင်တဲ့ သရဲကိုတိမ်ညွန့်
ကြီး အမြဲစောင့်နေရတာတဲ့ဗျာ။
သူ့ကိုသတ်တဲ့ တပေါင်းလကွယ်နေ့
ညတိုင်း အမဲသားဟင်းနဲ့ ထမင်းကျွေး
တယ်ဆိုပဲ။ တောင်ပိုင်တစ်ယောက်
ပြောင်းတိုင်း နောက်တစ်ယောက်ကို
ပြောခဲ့တော့ ဆက်ကျွေးပြီး သူ့ကို
ဆက်ခိုင်းနေကြတာတဲ့ဗျာ။ ဒါတွေကို
မဖဲဝါက သေသေချာချာ ပြောပြတာ
ဗျ။ ကျုပ်ရော၊ ထောင်မှူးကြီး ဦးအောင်
စိန်ရော ကားမောင်းတဲ့ ရဲသားရော
အံ့သြနေကြတာပေါ့ဗျာ
"ဒါဆိုရင် အခု ဘာဖြစ်လို့ သောင်းကျန်း
နေတာတုံး မဖဲဝါ"
ဆီကို ရွေ့လာကြတာတဲ့ဗျာ။
"မောင်တိမ်ညွန့် မကြောက်နဲ့၊ မင်း
အောင်တော့မှာမို့လို့ ဝိုင်းဖျက်ဆီးကြတာ၊
မကြောက်နဲ့ မောင်စံမြ၊ ဆရာကြီး ပေး
ထားတဲ့ ခြေမန်းကွင်းတွေ အဆင်သင့်
လုပ်ထား၊ မင်းသူငယ်ချင်းကို ခြေမန်း
ကွင်းရအောင်စွပ်နော်၊လွတ်ထွက်သွား
လို့ကတော့ မင်းသူငယ်ချင်း သွက်သွက်
ခါအောင် ရူးသွားလိမ့်မယ်ဟေ့"
"စိတ်ချပါ ဆရာကြီး"
ကိုစံမြကလည်း သူ့ကိုပေးထားတဲ့
ခြေမန်းကွင်းတွေကို အဆင်သင့်
ပြင်ထားသတဲ့ဗျို့။
သရဲကြီးတွေကလည်း မည်းမည်း မည်းမည်း
နဲ့ သူတို့ဘက်ကို တဖြည်းဖြည်းနီးလာပြီတဲ့
ဗျာ။လျှာကြီးတွေ တွဲလောင်းကြီးတွေကျလို့
ဆိုပဲ။ မျက်လုံးကြီးတွေက နီရဲပြီး ကျွတ်ထွက်
မလို ဖြစ်နေတာတဲ့ဗျို့။
"ကဲ မောင်တိမ်ညွန့်ရေ၊ ဒါ နောက်ဆုံး
အသားတစ်ပဲဟေ့၊ သတိခိုင်ခိုင်ထားပေတော့"
လို့ ပြောပြီး ဆရာကြီးဦးကုန်းဘောင်က
ပေါရိသာရမှော်ကြီးရဲ့နောက်ဆုံးဂါထာကို
ပီပီသသ ရွတ်တော့တာတဲ့ဗျို့။ ဒီမှာတင်
သရဲတွေဟာ အသံနက်ကြီးတွေနဲ့အော်
ပြီး သူတို့ဆီကို တစ်ရှိန်ထိုးပြေးလာကြ
တာတဲ့ဗျာ။
ဒါပေမဲ့ သူတို့တွေက နည်းနည်းမှကို
အကြောက်အလန့် မရှိကြတော့ အနား
ရောက်တာနဲ့ အကုန်လုံး ပျောက်ကုန်
ကြရောတဲ့ဗျို့။ နောက်ဆုံး အသားတစ်
ကို ဆရာကြီးက ပါးစပ်ထဲ ထည့်ပေး
တယ်။ ကိုတိမ်ညွန့်ကလည်း မျိုချတယ်။
"ဝုန်း၊ ဝုန်း၊ ဝုန်း"
သင်္ချိုင်းကုန်းမြေကြီးဟာ သိမ့်ကနဲ၊
သိမ့်ကနဲ ဖြစ်အောင်ကို လှုပ်သွား
တာတဲ့ဗျို့။ ပြီးတော့ တော်လဲတဲ့
အသံလို အသံကြီးတွေလည်း တ
ဝုန်းဝုန်း မြည်သွားတာတဲ့။ ခဏ
ကြာတော့ ကိုတိမ်ညွန့်ကို မြှုပ်ထား
တဲ့ မြေကျင်းထဲက မြေကြီးတွေဟာ
ပွထလာပြီး ဘေးကို ရွေ့သွားတယ်။
ကိုတိမ်ညွန့်က တဖြည်းဖြည်း မြေကျင်း
ထဲက ပေါ်ပေါ်လာတယ်။ခါးလောက်အ
ထိလည်း ပေါ်လာရောပါးစပ်ကြီးက ပို
ကျယ်လာပြီး ထောက်ထားတဲ့ လူရိုးက
ပြုတ်ထွက်သွားတယ်။
"မောင်စံမြ အဆင်သင့်ပြင်ထား"
လို့ ဆရာကြီး ဦးကုန်းဘောင်က အော်
လိုက်တဲ့အချိန်မှာပဲ ကိုတိမ်ညွန့်က မြေ
ကျင်းထဲကနေ အပေါ်ကို ခုနှစ်လံ၊ရှစ်လံ
လောက် မြောက်တက်သွားပြီး မြေကြီး
ပေါ်ကို 'ဘုတ်'ကနဲ ပြန်ကျလာတယ်။
"ပေါရိသာရတဲ့ဟေ့"
လို့ ကြွေးကြော်ပြီး နောက်တစ်ခါ ထခုန်
ပြန်သတဲ့ဗျို့။ ဒီတစ်ခါ မြေကြီးပေါ် ပြန်
အကျမှာ ကိုစံမြက အတင်းတက်ဖိပြီး
ခြေမန်းကွင်းတွေ ခပ်မြန်မြန် စွပ်ပေး
လိုက်တယ်တဲ့ဗျို့။ ဒီတော့မှ ကိုတိမ်
ညွန့် ငြိမ်သွားရောတဲ့ဗျာ။
"အောင်ပြီဟေ့၊ အောင်ပြီ"
ဆရာကြီး ဦးကုန်းဘောင်ရဲ့ အသံဝါ
ကြီးက တာမွေသင်္ချိုင်းထဲမှာ လွှမ်းသွား
တာဆိုပဲဗ်
"ကဲ ငါ့တပည့် မောင်တိမ်ညွန့် တစ်ရာ
တစ်ယောက်၊ တစ်ထောင်တစ်ယောက်၊
တစ်သောင်းတစ်ယောက် ဆိုသလို မင်း
ကတော့ ထူးထူးခြားခြား ပေါရိသာရမှော်
ကြီး အောင်သွားပြီကွဲ့၊ တုတ်ပြီး၊ ဓါးပြီး
သေနတ်ပြီး ခုန်ရင် ခုနှစ်လံအကျော်ဟေ့
မောင်တိမ်ညွန့်ရဲ့။ ကဲ ငါ့တပည့်ကြီး
ဒီအစွမ်းတွေနဲ့ အမျိုး ဘာသာ သာ
သနာကို စောင့်ရှောက်နိုင်တဲ့အပြင်
အင်္ဂလိပ်တွေရဲ့ ကျွန်ဘဝကနေ ဗမာ
နိုင်ငံကြီးကို ကယ်တင်နိုင်တဲ့ ယောင်္ကျား
ကောင်း ဖြစ်စေဗျာ"
"ဝုန်း" "အား၊ အား၊ အား"
သင်္ချိုင်းကုန်းကြီးတစ်ခုလုံးက ကျီးကန်း
တွေရာနဲ့ချီပြီးပျိုတာဆိုပဲဗျာ။ အဲဒီချိန်က
စပြီးလူစွမ်းကောင်းကြီး ကိုတိမ်ညွန့်ဟာ
အင်္ဂလိပ်တွေကို အမျိုးမျိုး အနှောင့်အ
ယှက်ပေးတော့တာပဲတဲ့ဗျာ။ အင်္ဂလိပ်
စစ်တပ်ထဲဝင်ပြီး အမျိုးမျိုးနှောင့်ယှက်လို့
အင်္ဂလိပ် ဂေါ်ရာပုလိပ်တွေက သေနတ်နဲ့
ဝိုင်းပစ်တာ၊ ကျည်ပြီးနေတော့ မသေ
ဘူးဆိုပဲဗ်။
ကျည်ဆံမှန်တဲ့နေရာက နီနီကြီး စူထွက်
လာပေမယ့် ကျည်က သူ့အသားကို မ
ဖောက်နိုင်ဘူးတဲ့ဗျ။ နောက်တော့ အင်္ဂ
လိပ်စစ်သားတွေဟာ တော်တော်ကို
လန့်ဖျပ်လာကြတဲ့အထိ ဖြစ်တော့တာ
တဲ့ဗျို့။ ကိုတိမ်ညွန့်က နောက်ဆုံး
အင်္ဂလိပ်ဘုရင်ခံကို ဝင်ဖမ်းပြီး ပြန်
ပေးဆွဲမယ်လို့ စဉ်းစားတယ်။ ဘု
ရင်ခံကို ဖမ်းထားပြီး ဗမာပြည်ကနေ
အင်္ဂလိပ်တွေကို ထွက်ခိုင်းမယ်ပေါ့
ဗျာ။ အဲဒီလိုအတွေးနဲ့ ဘုရင်ခံရဲ့
အိမ်တော်ဝင်းကြီးထဲကို ခုန်ဝင်
သွားတယ်ဆိုပဲ။
ဘုရင်ခံကိုလုပ်ကြံဖို့ ကြံစည်တဲ့အမှုနဲ့
ကြိုးပေးသတ်ဖို့ စီရင်ချက်ချပြီး တပေါင်း
လကွယ်နေ့မှာ သတ်ပစ်လိုက်တယ်တဲ့။
ကြိုးစင်ပေါ်တင်တဲ့အထိ သံကြိုးတွေကို
မဖြုတ်ရဲလို့ သံကြိုးတန်းလန်းကြီးနဲ့ကို
ကြိုးပေးရတာဆိုပဲဗျ။
အဲဒီအချိန်က ထောင်ပိုင်းကြီးက အင်္ဂ
လိပ်ဆိုပေမယ့် လောကီပညာ တော်
တော်တတ်တာဆိုပဲဗျာ။ ကိုတိမ်ညွန့်
ကို ကြိုးပေးသတ်တဲ့ကြိုးကို ထောင်
ပိုင်ကြီးက ယူပြီး ကိုတိမ်ညွန့်ကို သူ့
အမိန့်နဲ့ ထောင်အုတ်ရိုးပေါ်မှာစောင့်
ဖို့ အစီအရင် လုပ်လိုက်တာတဲ့ဗျာ။
ဒါကြောင့် ရန်ကုန်ထောင်ကြီးရဲ့အုတ်
ရိုးပေါ်မှာ ပေါရိသာရမှော်အောင်ထား
တဲ့ ဗမာပြည်ကို ကျွန်ဘဝကနေ အ
လွန်ကယ်တင်ချင်တဲ့ သရဲကိုတိမ်ညွန့်
ကြီး အမြဲစောင့်နေရတာတဲ့ဗျာ။
သူ့ကိုသတ်တဲ့ တပေါင်းလကွယ်နေ့
ညတိုင်း အမဲသားဟင်းနဲ့ ထမင်းကျွေး
တယ်ဆိုပဲ။ တောင်ပိုင်တစ်ယောက်
ပြောင်းတိုင်း နောက်တစ်ယောက်ကို
ပြောခဲ့တော့ ဆက်ကျွေးပြီး သူ့ကို
ဆက်ခိုင်းနေကြတာတဲ့ဗျာ။ ဒါတွေကို
မဖဲဝါက သေသေချာချာ ပြောပြတာ
ဗျ။ ကျုပ်ရော၊ ထောင်မှူးကြီး ဦးအောင်
စိန်ရော ကားမောင်းတဲ့ ရဲသားရော
အံ့သြနေကြတာပေါ့ဗျာ
"ဒါဆိုရင် အခု ဘာဖြစ်လို့ သောင်းကျန်း
နေတာတုံး မဖဲဝါ"
အပိုင်း(၄)ဆက်ရန်..
မူရင်းရေးသားသူ = တာတေ

Comments
Post a Comment