မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၃)



"ဦးတို့ ဆရာကြီးကို လာပင့်တာ ရွာမှာ သရဲမ
တစ်ကောင် သောင်းကျန်းနေလို့ သူသေသွား
တာတော့ နှစ်ခွဲ သုံးလလောက်ရှိပြီ။သူက ရွာမှာ 
အချမ်းသားဆုံးလို့ ပြောရမှာပေါ့၊ သူ့ငွေကြွေး
နဲ့ ကင်းတဲ့လူ ရွာမှာ မရှိသလောက်ပဲ။ ရွာက
လူတွေ ရှာသမျှကလည်း သူ့အတွက် ရှာပေး
နေရသလိုပဲ၊ ပိုက်ဆံဘယ်လောက် ချမ်းသာ
ချမ်းသာ၊ အချိန်တန်သေတော့ သူ့နောက်ပါ
မသွားဘူး အဲဒါကို သူ့လက်မခံနိုင်ဘူး။

အဲဒီစိတ်နဲ့ မကျွတ်မလွတ်ပဲ သူနဲ့အပေးအယူ
ရှိတဲ့လူတွေ အိမ်တိုင်း လိုက်သောင်းကျန်းနေ
တယ်။ဆရာပင့်ပြီး နှင်တယ်၊ ဘုန်းကြီးတွေပင့်
ပြီး ပရိတ်ရွတ်တယ်။ ဘယ်လိုမှ ထွက်မသွား
ဘူး။ ဆရာတွေ ဘုန်းကြီးတွေတော့ သရဲမ
နှောင့်ယှက်တဲ့ဒဏ် မခံနိုင်လို့ လှည့်ပြန်ကုန်
ကျတယ်..."

"ကျတော်...ရအောင်ကူညီပေးပါ့မယ် စိတ်မပူ
ပါနဲ့"

ဦးညိုတို့ ကိုမျိုးဝင်းတို့ သူတို့ရွာက သရဲမကြီး
ကို နှင်ပေးရန် အသက်နှစ်ဆယ်ကျော်ဆရာလေး
အား ထည့်ပေးလိုက်သဖြင့် ပါးစပ်က ဖွင့်မပြော
သော်လည်း ဆရာကြီးဆိုသူကို မကျေနပ်ချင်။

ဆရာကြီးသာလိုက်ပါခဲ့လျင် တစ်ခါတည်းနှင့်
ကိစ္စပြီးနိုင်သည်။ ယခု ဆရာလေးလည်း ရှေ့က
ရွာကို သရဲမကြီးအား နှင်ထုတ်ရန် ရောက်လာ
သော ဆရာများကဲ့သို့ နောက်ကြောင်း ပြန်လှည့်
ပြေးလျင် အေးရွာကို ပြန်ပြီး ဆရာကြီးကို
ခြေသလုံးဖက် ခေါ်ရတော့မည်လားမသိ။

တစ်ခါနှင့် မပြီးပြတ်မှာ စိုးရိမ်နေကြသည်။ သ
ရဲမကြီးအမည်က ဒေါ်ငွေတင်ဖြစ်သည်။ ဒေါ်
ငွေတင်က မျိုးနှင့်ရိုးနှင့် ငွေကြေးပြည့်စုံ ချမ်း
သာလာသူဖြစ်သည်။ မိဘများက လယ်ပိုင်ရှင်
မြေပိုင်ရှင်များ ဖြစ်သည်။

ပေါက်တစ်ပင် တစ်ရွာလုံး ရှိသမျှ လယ်တစ်
ဝက်နီးပါး ပြန်လည်ရောင်းချပြီး သေကာနီး
အမွေပေးခဲ့သည်။ မသေခင်မှာ မိဘများက
မငွေတင်အား ကိုအုံးကြိုင်ဆိုသူနှင့် လက်ထပ်
ပေးစားခဲ့သည်။သားသုံးယောက် သမီးတစ်
ယောက် ရပြီး ကိုအုံးကြိုင် သေဆုံးသွားသည်။

ကိုအုံးကြိုင်သေဆုံးတော့ အကြီးဆုံးသားက
 ဆယ့်လေးနှစ်၊ အငယ်ဆုံးသမီးက ခြောက်နှစ်ရှိ
ပြီ၊ ကလေးလေးယောက် အသက်သုံးဆယ့်ငါးနှစ်
ရှိပြီဖြစ်သော မငွေတင် ရှေ့ခရီးကို အားမာန်
အပြည့်နှင့် ချီတက်ခဲ့သည်။

ယောကျ်ားလည်း သေသွားပြီ၊ မိဘများလည်း
မရှိတော့၊ မငွေတင်မှာ လယ်တွေရှိသည်။ ရွှေ
ငွေပစ္စည်း ရှိသည်။ အိမ်နှင့် ခြံရှိသည်။ စိတ်ပျက်
အားငယ်ခြင်းမရှိ။ မိမိရှိသော ငွေနှင့် အပေါင်ခံ
သည်။ ငွေတိုးစားပေးစားသည်။ လယ်ကို ကိုယ်
တိုင်မလုပ်ပဲ သီးစားချသည်။

လယ်သမားတို့၏ လယ်များ၊ ခြံများ၊ လှည်း
များ၊ နွားများ အပေါင်လက်ခံသည်။ ရက်ချိန်း
ပြည့်၍ ငွေပြန်မပေးနိုင်လျှင် အကုန်သိမ်းယူ
သည်။ ထိုသို့ သိမ်းယူနိုင်ရန်လည်း စာချုပ်စာ
တမ်းနှင့် နှစ်ဦးနှစ်ဖက် သဘောတူကြောင်း
လက်မှတ်ရေးထိုးထားသည်။

နေ့ပြန်တိုးအတွက် နေ့တိုင်း သူ့အိမ်မှာ လူဝင်
လူထွက် ရှိသည်။ ချောင်းကမ်းဘေးရွာ စျေး
လေးမှာ စျေးရောင်းချသူ အားလုံးနီးပါး ဒေါ်
ငွေတင်၏ ငွေကြေးနှင့် မကင်းသူများ ဖြစ်ကြ
သည်။ မနက်စျေးထဲ ရောက်လာပြီး အတိုး
သိမ်းသည်။ မပေးနိုင်လျင် ပစ္စည်းယူသည်။
ငွေနှင့်ပတ်သက်လျင် သနားခြင်း၊ ကြင်နာခြင်း
သူ့မှာ မရှိ။ တစ်ရက် ရွာထဲမှ နေ့ပြန်တိုး ချေး
ထားသော အမျိုးသမီးတစ်ယောက်၏ အိမ်သို့
ဒေါ်ငွေတင် ရေယက်လာသည်။

"ဟဲ့...ပြုံးကြည်...ပြုံးကြည် ဘယ်သွားလဲ"

အိမ်ထဲမှ အသက်ရှစ်နှစ်ခန့် ကောင်လေး ထွက်
လာသည်။

"အမေရွာထဲသွားတယ်"

"ငါလာမယ်မှန်းသိလို့ ရှောင်ထွက်သွားတာပဲ၊
နေ့ပြန်တိုးနှစ်ရက်ခ ရှိပြီ၊ ယူတုန်းကတော့ ယူ
ပြီး ပေးရမယ့်အခါမှ ကပ်သပ်နေတယ်"

တစ်ယောက်ထဲ အိမ်ရှေ့ ကပြင်မှာ ထိုင်ပြီး
မကျေမနပ်ပြောဆိုနေသည်။ ဒေါ်ငွေတင်
အိမ်ပေါ်မော့ကြည့်သည်။ ငွေနှစ်သောင်းယူ
ထားသည်။ တစ်ရက်ငါးကျပ်တိုးဖြစ်၍
အတိုးတစ်ထောင်ရစရာရှိသည်။ မနေ့က
လည်း မပေးသဖြင့် အတိုးနှစ်ရက်ခ နှစ်
ထောင်ရစရာရှိသည်။

ပြုံးကြည် ပြန်လာတဲ့အထိ မစောင့်နိုင်၊ မိမိကို 
မတွေ့ချင်၍ ရှောင်နေသည်ဆိုလျင် အိမ်ပေါ်က 
ထိုင်စောင့်နေသော သူအတွက် အချိန်ကုန်ရုံ
ရှိတော့သည်။ သို့ကြောင့် အိမ်ပေါ်က အတိုးနှစ်
ထောင်အတွက် ရစရာကြည့်သည်။

ဒေါ်ငွေတင် ဖိနပ်ချွတ်လိုက်ပြီး အိမ်ပေါ်သို့ တက်
သွားသည်။ သူ့ခြေလှမ်းတို့က ခေါင်းရင်းသို့ဖြစ်
သည်။ ဘုရားစင်ပေါ်မှ ဘုရားကျောင်းဆောင်
ကို အသာအယာ မယူလိုက်သည်။

"အင်း...နှစ်ထောင်တော့ တန်ပါတယ်"

ကိုယ့်ဟာကိုယ်စျေးဖြတ်ပြီး ဘုရားနှင့်တကွ
ကျောင်းဆောင်ကို ပွေ့ပိုက်ပြီး အိမ်ပြန်လာခဲ့
သည်။

"အစ်မကြီး ဒေါ်ငွေတင် ဘုရားကျောင်းဆောင်
ကို ပိုက်ပြီး ဘယ်ကပြန်လာတာလဲ"

လမ်းမှာတွေ့သော အသိတစ်ယောက်က မျက်နှာ
လွှဲသွားချင်သော်လည်း မဖြစ်သည့်အတွက် မေး
မြန်းစပ်စုလိုက်သည်။

"ပြုံးကြည်တို့အိမ် နှစ်ရက်စာ နေ့ပြန်တိုးသွား
တောင်းတာ ပုန်းနေလို့ နှစ်ထောင်တန်မယ့်
ဘုရားနဲ့ ကျောင်းဆောင်ဆွဲယူလာခဲ့တယ်"

ဒေါ်ငွေတင် စကားကြားလိုက်သူ အမျိုးသမီးကြီး
လည်း ကြက်သီးမွှေးညင်းထမျှ ထိတ်လန့်သွား
သည်။

"ဘုရား...ဘုရား၊ ငွေတိုးမရလို့ ဘုရားကို သိမ်း
လာခဲ့တယ်ဆိုပါလား၊ အတော်ကြောက်ဖို့ကောင်း
တဲ့ မငွေတင်ကြီးပဲ"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသူ = ဧကန်မင်း

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)