မဖဲဝါနဲ့ အိမ်ကြီးရှင် သရဲမ ၊အပိုင်း(၆)



"ဟင်...ထမင်းတွေထဲမှာ လောက်တွေ"

"ဟုတ်ပါရဲ့ ထမင်းပူပူလောင်လောင်ကို ဘယ်
ကလောက် ရောက်လာတာလဲ"

"ဒေါ်ငွေတင် ဖြစ်မှာပေါ့ ညည်းယောက္ခမ သူ့ပစ္စည်း
ဘုန်းကြီးတောင် မသထာဘူး ဘယ်လိုလုပ်ရမလဲ"

တစ်ယောက်တစ်ခွန်း ပြောနေစဥ် ဘုန်းတော်ကြီး
များလည်း ကြားသွားသည်။

"အင်း... ဘုန်းကြီးတို့ကျောင်းပြန်ပြီး ဘုန်းလို့အချိန်
မီပါသေးတယ် ကဲ...ကဲ လိုက်ပို့ကြ"

"ဒကာမကြီး လူ့ဘဝက စိတ်ထားမကောင်းခဲ့လို့
သေပြီးတာနဲ့ ခန္ဓာကိုယ်ပုပ်ပြီး လောက်တွေ
တဖွားဖွားအတက်ခံလိုက်ရတယ်မဟုတ်လား
အခုလဲ သားတွေ သမီးတွေက ကုသိုလ်ရအောင်
လုပ်ပေးမလို့ ဆွမ်းကပ်တာတောင် တစ်ပါးသူ
စားမှာစိုးပြီး ဖျက်ဆီးပစ်တယ် အသိတရား
ရပါတော့ ဒကာမကြီး ကောင်းရာမွန်ရာ ရောက်
အောင် အသိတရားရပါတော့"

ဘုန်းတော်ကြီးငါးပါးက လှည်းနှင့် တင်ပြီး ဒေါ်
ငွေတင်သားအငယ်က လိုက်ပို့သည်။ လောက်
တက်နေသော ထမင်းများကို အိမ်နောက်ဖက်မှာ
သွားပုံလိုက်ပြီး အိုးကိုဆေးကာ ဆန်တစ်ပြည်
​ထည့်ပြီး ချက်လိုက်သည်။

ဆန်လေးပြည်ချက်ထားသော ထမင်းတစ်အိုး
သွန်ပစ်ရသဖြင့် တစ်ပြည်သာလျှင်ချက်ကြည့်
ရန် ဆုံးဖြတ်လိုက်သည်။ ဘုန်းတော်ကြီးက
ပြောဆိုသွားသဖြင့် အသိတရားရပြီး ထမင်း
နှင့် ဟင်းတို့ကို စားခွင့်ပြုမည် ထင်ထားသည်။

အထင်နှင့်အမြင် တစ်ခြားစီ ဖြစ်သွားသည်။
ထမင်းချက်နေသည်အထိ  ဟင်းအိုးများထဲမှာ
လောက်တစ်ကောင်မှမတွေ့။

ထမင်းကျက်၍ စားမည်ပြင်တော့ ဟင်းတွေ
ထဲမှာ လောက်တွေ ဘယ်က ဘယ်လို ရောက်
လာမှန်းမသိ အားလုံးတွေ့ကြရသည်။ သား
ကြီးဖြစ်သူလည်း မိခင်၏ လုပ်ရပ်ကို စိတ်
ကုန်သွားသည်။ ထမင်းတွေ ဟင်းတွေ အား
လုံး ခြံနောက်ဘက်သို့ သယ်သွားပြီး မြေပေါ်
သွန်ချ ပစ်လိုက်သည်။

"ကဲ...ဘယ်သူမှစားတာ မသထာရင် အမေ
တစ်ယောက်ထဲ စားပစ်လိုက်တော့"

ပြောဆိုပြီး ထိုနေရာက ပြန်ထွက်လာခဲ့သည်။

ထိုည အသုဘအိမ်မှာ တစ်ယောက်မှ စောင့်မ
အိပ်တော့၊ ဒေါ်ငွေတင်၏ သမီးလည်း အစ်
ကိုအကြီးဆုံးအိမ်သို့ လိုက်သွားတော့သည်။
အိမ်ကို တံခါးပိတ်ပြီး ထားခဲ့သည်။

ရက်လည်တရားနာလိုက်ကြရသော်လည်း
ဒေါ်ငွေတင် တရားနာမည်မဟုတ် ထိုည တစ်
ညလုံး အိမ်ကြီးပေါ်မှာ အသံမျိုးစုံ ကြားရ
သည်ဟု ဆိုသည်။ ဝုန်းဒိုင်းကျဲ နေတာပဲဟု
ဆိုကြသည်။

နောက်ပိုင်း အကြွေးယူထားသူများ၏ အိမ်ခေါင်
မိုးများပေါ် ခဲတွေနှင့် သွားပစ်သည်ဟု ဆိုသည်။
ခြံထဲမှာ တစ်ညလုံး အပုပ်နံတွေ လှိုင်နေသည်ဟု
ပြောကြသည်။ အချို့အိမ်များက ဒေါ်ငွေတင်၏
အကြွေးရှိသည်ဟု အထင်မခံလိုသဖြင့် အပုပ်နံ့
နံသည်ဟု ထုတ်မပြောကြ။

ခဲလုံးအပစ်ခံရသော အိမ်များက အနီးဝန်းကျင်
ကပါ ကြားရသဖြင့် တိတ်တိတ်လျှိုနေ၍မရ။
ကြွေးမကင်းသူများဟု အထင်ခံရသည်။ ရက်
ခြားဆိုသလို ခဲများနှင့် အပစ်ခံရ၊ အပုပ်နံ့ပေး၊
အိမ်ကို ထုရိုက်ခြင်းခံကြရ၍ အိပ်ရေးပျက်
ပေါင်း များကုန်သည်။

အိမ်ကြီးပေါ်မှာ ညရောက်သည်နှင့် တက်ခေါက်
သံများ ခုန်ပေါက်နေသံများ အနီးအပါးအိမ်တို့
က ကြားကြရသည်။ တစ်ခြံလုံး ညရောက်သည်
နှင့် အပုပ်နံ့များလှိုင်နေသည်။ အနီးအပါးအိမ်
များကပါ အပုပ်နံ့ကို မခံနိုင်၊

ပိတ်ထားသောတံခါးများ ညဘက်ရောက်သည်
နှင့် ပွင့်ကုန်ပြီး အိမ်ပေါ်မှာ သရဲမကြီး လမ်း
လျှောက်နေသည်ကို တွေ့ကြရသည်ဟု ဆိုသည်။
တစ်ခါတစ်ခါ လှေကားထိပ်မှာ ထိုင်နေသည်
ကိုလည်း မြင်သူမြင်ကြရသည်။

သို့ကြောင့် အနီးအပါးနေထိုင်သူတို့က သရဲကို
နှင်ရန် ဆရာပင့်ကြသည်။ ဒေါ်ငွေတင်၏သား
ကြီး ကိုယ်တိုင် ဆရာကို ပင့်ခေါ်လာသည်။

အိမ်ပေါ်ရောက်လာသော ဆရာက သရဲမကို
ဆင့်ခေါ်သည်။ သရဲမက မည်သူ့ထံမှ ဝင်မလာ
ဘဲ ဆရာကို ဂျွမ်းထိုး မှောက်ခုံဖြစ်အောင်
လုပ်သည်။ နောက်ဘက် အဝေးကြီးရောက်
အောင် ကန်ပစ်သည်။

တိုင်နှင့် ခေါင်းကို ဆွဲဆောင့်သည်။ ဆရာလည်း
သရဲမကြီးကို သူမနိုင်တော့ဟု ဆိုကာ လွယ်အိတ်
ဆွဲပြီး ဆင်းပြေးတော့သည်။

ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ကြပြန်သည်။ အိမ်
ပေါ် အိမ်အောက် အပုပ်နံ့ မခံနိုင်လွန်းသဖြင့်
ဘုန်းတော်ကြီးများ ပရိတ်ကို ဆုံးအောင် မရွတ်
နိုင်တော့ပဲ အသက်ရှုကြပ်ကာ ဆင်းသွား
ရတော့သည်။

နှစ်​ဆောင်မြိုင် ခြေတံရှည် အိမ်ကြီးပေါ်မှ သရဲ
မကြီး မင်းမူနေလေတော့သည်။ ဆရာလေးကျော်
သိုက်ကို လာပင့်ခေါ်သူ ဦးညိုနှင့် ကိုမျိုးဝင်းတို့
က သရဲမကြီးဒေါ်ငွေတင်အကြောင်းကို တစ်
လမ်းလုံး ပြောပြလာခဲ့သည်။

"ဦးညိုတို့ ပြောတဲ့အတိုင်းဆို လူဘဝကတည်းက
ဘုရားကိုလည်း မရိုသေ၊ လူတွေကိုလည်း သ
နားဂရုဏမရှိဆိုတော့ သေပြီးသရဲဖြစ်တာ
မဆန်းပါဘူး "

"သေပြီးသရဲဖြစ်တာ မဆန်းပါဘူး"

"အဲဒီအဘွားကြီး သရဲဖြစ်မယ် မထင်ဘူး
ပြိတ္တာဘဝကို ရောက်သွားမှာ သေချာသလောက်
ဘဲ"

"သေပြီးတာတောင် သူ့ပစ္စည်း လူတွေ ဘုန်းကြီး
တွေ စားသောက်ပစ်မှာစိုးလို့ အနှောက်အယှက်
မျိုးစုံ လိုက်ပေးတယ်ဆို အတော့ကို ဆိုးတဲ့
သရဲမကြီးပဲ"

"ရွာကိုရောက်ရင် ကျတော် ဘယ်သူ့အိမ်မှာနေ
ရမှာလဲ၊ သရဲမကြီးရှိတဲ့ အိမ်ကို သွားလို့
မဖြစ်ဘူး"

"ညမသွားရင် မနက်ဖြန်သွားမှ ဖြစ်မှာပေါ့
ဆရာလေး၊သရဲမကြီးကို နှင်ပေးရအောင်
ဆရာလေးကို ပင့်လာတာလေ"

"သရဲမကြီးကို သူ့အိမ်ကြီးက ထွက်သွားအောင်
နှင်ပေးမှာပါ ဒါပေမယ့် အဲဒီကိစ္စကို သူ့အိမ်
ကိုမသွားဘဲ လုပ်လို့ရပါတယ်"

"ဆရာလေးတည်းဖို့ကတော့ ကျတော့်အိမ်ဖြစ်
ဖြစ် ဦးညိုတို့ အိမ်မှာဖြစ်ဖြစ် နေလို့ထိုင်လို့
ဖြစ်ပါတယ်"

အပိုင်း(၇)ဆက်ရန်...

မူရင်းရေးသူ = ဧကန်မင်း

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)