"သားပျောက် ” အပိုင်း(၃)



သူတို့ရွာမှာက ဗုဒ္ဓဘာသာအပြင် ဟိန္ဒူဘာသာ၀င်တွေလည်းတော်တော်များများနေကြတဲ့ရွာလေး ၊
ညဘက်ကြီး ဗိုက်ကြီးသည်တစ်ယောက်ဆုံးသွားတယ်ဆိုတာ ရွာနာတယ်လို့
အများက သတ်မှတ်ကြတယ်…. ၊ ရွာအယူအဆနဲ့အတူ ညတွင်းချင်းပဲ အသုဘကိစ္စကို
တစ်ရွာလုံးဝိုင်းပြီးပြင်ဆင်ကြတယ် ၊ အလောင်းကိုညတွင်းချင်းရွာအပြင်ထုတ် ၊ ကမ်းနားက
သုသာန်မှာ ထင်းတွေလောင်စာတွေပုံပြီး အလောင်းကို မီးသဂြိုလ်ကြတာပေါ့… ၊ 
ရွာသားတွေက ဗဟုသုတမရှိကြတော့ ကိုယ်၀န်ဆောင်တစ်ယောက်ကို မီးသဂြိုလ်ရင်
ဗိုက်ထဲက ကလေးကို ခွဲထုတ်ပြီးမှ သဂြိုလ်ရတယ်ဆိုတာ နားမလည်ကြဘူး… ၊ ဒီတော့
မိချိုကို ဒီအတိုင်း မီးသဂြိုလ်လိုက်ကြတယ် ၊ အဲ့လို မီးသဂြိုလ်နေတုန်းမှာပဲ မိချိုအလောင်းကို
မီးတွေလှိုက်လောင်နေရင်းက ဗိုက်နားကိုလည်းမီးလောင်လာရော…မိချိုဗိုက်ကြီးက 
ဖုန်း….ဆိုတဲ့ အသံကြီးနဲ့ ……….. ပွင့်ထွက်လာပြီး
အူတွေ ကလီစာတွေနဲ့အတူ ဗိုက်ထဲကကလေးကလည်း
သချိ င်္ုင်းဘေးနားက ချောင်းထဲကိုလွင့်ထွက်သွားတယ်…
ကလေးအလောင်းကတော့ ချောင်းရေစီးအတိုင်းပါသွားတော့ ဘယ်လိုမှလိုက်ကောက်လို့
မရခဲ့ကြဘူး… ၊ အလောင်းစင်ပေါ်မှာတော့ မီးတွေတောက်လောင်နေတဲ့
ဗိုက်ကြီးသည် မိချိုအလောင်းကောင်ကြီးက ဆန့်ဆန့်ကြီးလှဲနေတယ်… ၊ 
အဖြစ်အပျက်ကို ဝိုင်းကြည့်နေရင်းအတိုင်းသားမြင်နေရတဲ့ရွာသားတွေက
ကြောက်လည်းကြောက် မိချိုကို သနားလည်းသနားဂရုဏာသပ်မိနေကြတုန်း
မိချိုအလောင်းကြီးက ဆက်ခနဲ့ ကောက်ထိုင်လာပါလေရော…အဲ့လိုထထိုင်တာနဲ့
ကြည့်နေတဲ့သူတစ်၀က်ကျော်ကျော်လောက်က အော်ပြီးတော့ ရွာထဲ၀င်ပြေးသွားကြတယ်.. ၊
အမှန်စင်စစ်က လူသေအကြောဆန့်ပြီး ထထိုင်တဲ့သဘောတစ်ခုပါပဲ… ၊
ဒါမှမဟုတ်…မိခင်တစ်ယောက်က သူ့ကလေးကိုလိုက်ရှာဖို့ ဟန်ပြင်နေတာလည်းဖြစ်မှာပေါ့ ။

~~~~~~~~~

မိချိုဆုံးပြီး ပထမနေ့…

“ ညိုထွေး…နင်းတို့သိပြီးပြီလား ”

“ ဘာတုန်းဟ ”

“ မိချိုလေ…ဗိုက်ကြီးသည်မိချို…သူ့ကိုမီးသဂြိုလ်တုန်းက
ဗိုက်ပေါက်ပြီး ဗိုက်ထဲက ကလေးအသေလေးကချောင်းထဲလွင့်ပါသွားတော့
အစိမ်းသေဖြစ်နေရာက သူ့သားဇောနဲ့ မကျွတ်ရှာဘူး… ”

“ မိချိုသနာပါတယ် ”

“ ဟယ်ကြောက်စရာကြီး ”

 တစ်ယောက်တစ်ပေါက်မှတ်ချက်ပေးနေကြတုန်း
အပျိုတစ်စုထဲက တစ်ယောက်ကထမေးလိုက်တယ် ။

“ ဒါနဲ့နေပါဦး မိချိုမကမတ်တာကို နင်က ဘယ်လိုသိတာလဲ ”

“ သိတာပေါ့ဟ ငါအဲ့နေ့ညက မိချိုကို သဂြိုလ်ပြီးပြီးချင်း
ကိစ္စတစ်ခုနဲ့ ဟိုဘက်ရွာဘက်ကို အရီးလေးနဲကအတူဖော်လိုက်ပေးပြီး
ပြန်လာတော့ ညတော်တော်နက်နေပြီ…အဲ့မှာ သချိ င်္ုင်းကို ဖြတ်ပြီးတဲ့အထိ
ဘာမှမဖြစ်သေးဘူး ခွေးလည်းမအူဘူးအေးဆေးပဲ…နင်တို့သိတဲ့အတိုင်း
တို့ရွာသချိ င်္ုင်းက အခြောက်အလန့်ရှိတာမှမဟုတ်ဘဲလေ… ”

“ အေးလေ…ဆက်ပါဦးဟယ်… ”

“ ဒီလိုဟ..အဲ့ဒီ့ရွာသချိ င်္ုင်းနားရောက်တော့ မိချိုကို သဂြိုလ်ထားတာမကြာသေးလို့ထင်တယ်
အသားကင်ညှော်နံ့ကြီးရတယ်…အဲ့အထိငါတို့မကြောက်သေးဘူး… ၊
ပတ်၀န်းကျင်ကလည်း သိပ်မမှောင်းဘူး.ရွာနဲ့လည်းကပ်နေတော့ သိပ်မကြောက်ဘူးအားရှိသေးတယ်…
နောက် ရွာအ၀င်နားက ကျောင်း၀င်းနားလည်းရောက်ရော ငါရော အရီးလေးရော
ကျောချမ်းသွားသလိုခံစားလိုက်ရတာနဲ့ ပြိုင်တူ အနောက်လှည့်ကြည့်တော့
ဘယ်သူမှမတွေ့ဘူး… ၊ စိတ်ထဲမသင်္ကာဖြစ်တာနဲ့ ပတ်၀န်းကျင်ဝေ့ကြည့်တော့မှ
အမလေး…ပြောရင်းတောင်ကြက်သီးထတယ်…ငါတို့မြင်လိုက်ရတာ
ရွာကျောင်းခြံစည်းရိုး အုတ်တိုင်ပေါ်မှာ ဆောင့်ဆောင့်ကြီးထိုင်နေတဲ့
မိချို….ဆံပင်ဖားလျားကြီးနဲ့ ...အသက်အက်ကွဲကွဲကြီးနဲ့
လှမ်းပြောသေးတယ်… ငါ့သားလေးကိုပြန်ရှာပေးပါ.. တဲ့…
ငါလည်းတစ်ခါတည်းသုတ်ခြေတင်ပြေးတာ ရွာထဲတန်းနေတာပဲ
အနောက်က အရီးလေးပါလာလား မပါလာလားတောင်မသိတော့ဘူး..
ငါအိမ်ပြန်ရောက်ပြီးမကြာဘူး…ငါ့အရီးလေးကအနောက်ကပါလာတယ် ၊
အရီးက ခါတိုင်းဆိုရင်တုန်တုန်ယင်ယင်နဲ့ အခုများပြေးလာတာ
ဘယ်လိုရောက်လာမှန်းမသိဘူး…. ”

“ ဟာ… ”

“ ဟင်… ”

“ နင်ပြောတာတကယ်ပဲလား ဝိုင်းချစ် ”

“ နင်တို့ကို လိမ်ပြောလို့ ငါ့အတွက်ဘာအကျိုးရှိမှာလဲ…
မယုံရင်အိမ်ပေါ်မှာ ငါ့အရီးလေးရှိတယ် သွားမေးကြည့်ကြ… ”

 ဝိုင်းချစ်တို့ မိချိုသရဲမနဲ့ကြုံခဲ့တဲ့အကြောင်းက
သတင်းဖြန့်ဖြူးရေးမှာ အမြန်ဆုံးဖြစ်တဲ့ ရွာထဲကအပျိုမိန်းကလေးတစ်သိုက်
ကြောင့် နာရီပိုင်းအတွင်း ရွာငယ်လေးတစ်ခုလုံးပြန့်သွားခဲ့တယ်… ၊
နောက်ရက်တွေမှာလည်း မကြာမကြာ အဲ့လိုသတင်းတွေကြားနေကြရလို့
တစ်ရွာလုံးချောက်ချားနေကြတယ် ၊ တစ်ချို့က အမှန်အတိုင်းပြောသလို
တစ်ချို့က လေတိုးသံကိုတောင်သရဲမငိုသံဆိုပြီးချဲ့ကားပြောကြတယ် 
ဒါပေမယ့် တကယ်ကြုံခဲ့ဖူးတဲ့သူတွေထဲမှာ အဆိုးဆုံးကြုံရတဲ့သူတစ်ယောက်လည်း
ရှိသေးတယ်…သူ့နာမည်က ကျော်ဆန်းဌေး …. ။

~~~~~~~~~~~

ကျော်ဆန်းဌေးလို့ပြောလိုက်တာနဲ့ ကလေးကအစ ခွေးအဆုံး
တစ်ရွာလုံးသိကြတယ်.. ၊ ဘာလို့လဲဆိုတော့ သူက ရွာကျောင်းမှာ ကျောင်းစောင့်လုပ်တဲ့သူမို့လို့လေ ၊

အပိုင်း(၄)ဆက်ရန်...

မူရင်းစာရေးသူ = တာတေ

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)