"တိုက်အိုကြီးထဲက တစ္ဆေ" အပိုင်း(၅) / ဇာတ်သိမ်းပိုင်း

 




ထိုအခါ ဘုန်းကြီးက ပါးစပ်ကို ဖြဲလိုက်တဲ့အခါ သွားချွန်ချွန်တွေကိုပါ မြင်လိုက်ရတော့သည်။ သူတိုသုံးယောက်ကို တစ်ချက် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အကင်ထုတ်ကို ဖျပ်ခနဲ လှမ်းယူလိုက်ကာ အသာငမ်းငမ်းတက်ပင် စားနေတာကို တွေ့နေရလေသည်။ စားတာမှ ပလုပ်ပလောင်းနှင့်ပင် စားနေတာပါ။ အကင်တွေက အချဉ်ရည်ပါ တစ်ခါထဲစမ်းလာတာဖြစ်လို ဘုန်းကြီးက အသားကုန်ကို စားနေတဲ့အခါ ပါးစပ်တစ်ဝိုက်မှာ အချဉ်ရည်တွေက ယိုစီးကြလျက်ရှိသည်။ ရုတ်တရက်ကြည့်လျင် ထိုအချဉ်ရည်တွေက သွေးတွေစီးကြသလိုပင် တူနေသေးသည်။ သူတိုလည်း မှင်တက်ကာ ကြည့်နေမိပြီး ဘာမှလည်း မပြောတတ်တော့ပေ။ အသားတွေလည်း တဆတ်ဆတ်ပင် တုန်နေပေမဲ့ ဘယ်ကိုမှ မပြေးရဲ။ တော်ကြာ ပြေးလိုက်မှ အနောက်က လိုက်ဆွဲနေရင် အခက်ပဲ ဆိုပြီးတွေးကာ ငြိမ်နေခဲ့ရသည်။ ဒါဟာ ဘာလည်း တကယ့်ဘုန်းကြီးလား ဘာလည်းဆိုတာတော့ သူတိုလည်း မသိတော့။ 
"ဟား.. ဟား.. ကောင်းလိုက်တဲ့ အကင် နောက်လည်း ဒီလိုဝယ်လာခဲ့ပါအုန်း"
ဆိုပြီး ပြောတာကို ကြားလိုက်သည်။ ဒါပေမဲ့ ဘုန်းကြီးရဲ့ အသံက ဩဩကြီး ဖြစ်နေတာကို သတိထားလိုက်မိသည်။ ဒီတော့ မင်းရဝေကပဲ ခပ်တိုးတိုးဖြင့် ဘုရားစား ရွတ်ဆိုလိုက်မိသည်။ ထိုအခါမှာတော့ ဘုန်းကြီးရဲ့ ပုံစံက ပြောင်းလာတာကို သတိထားလိုက်မိတော့သည်။ သင်္ကန်းတွေက စောစောကတွေ့သလို အကောင်းတွေ မဟုတ်တော့။ တဖြေးဖြေးနဲ့ ပြဲစုတ်လာတာကို မြင်လိုက်ရသည်။ မျက်နှာမှာလည်း အဖုအပိမ့်တွေကလည်း ပိုများလာလေသည်။ ပြီးတော့ မျက်ထောင့်နီကြီးဖြင့် သူတိုကို ကြည့်ကာ အသံသြသြကြီးကလည်း ကြောက်စရာကောင်းလာခဲ့သည်။
"ဟေ့.. ဘုရားစာ ဘယ်သူရွတ်နေတာလည်း ရပ်စမ်း.. အခုချက်ချင်းရပ်.. ဟင်း.. ငါက စားချင်လိုလာတာ ဒုက္ခပေးဖို မဟုတ်ဘူး ဘုရားစာရွတ်လည်း ငါက ဘာမှမဖြစ်ဘူးနော် မကြားချင်ဘူး ခုရပ်တော့.."
ဆိုပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြောလိုက်တော့သည်။ ထိုအခါ သူတိုလည်း တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြပြီး တံခါးဆီသို ဝရုန်းသုန်းကားဖြင့် ပြေးကြလေတော့သည်။ တခါးဆီကို ရောက်တော့ တံခါးကို ဖွင့်တုန်းမှာ သူတိုအနောက်ကို လိုက်လာသည့် ဘုန်းကြီးကို တွေ့လိုက်လေတော့ သုံးယောက်သား အမယ်လေး အော်ကာ အလျင်အမြန် တံခါးဖွင့်ကာ အပြင်ကို ပြေးထွက်လိုက်ကြတော့သည်။ 
   ပြီးနောက် ကျောင်းတိုင်ဘုန်းကြီးရဲ့ ကျောင်းဆောင်ကို ပြေးသွားလိုက်ကြပြီး အော်ဟစ်နှိးကာ တံခါးဖွင့်ခိုင်းရတောသည်။ ခဏနေတော့ တံခါးပွင့်လာပြီး ဘုန်းကြီးထွက်လာတော့ ရုပ်ပျက်ဆင်းပျက်ဖြင့် ကြောက်လန့်နေတဲ့ သူတိုကိုတွေ့တော့ ဘုရားခန်းထဲကို ခေါ်သွားကာ ပရိတ်ရေတွေ ဖြန်းကာ တစ်ယောက်ချင်းစီကို တိုက်လိုက်ရသည်။ ခဏနေမှသာ အကြောက်ပြမှသာ အကျိုးအကြောင်းပြောပြလိုက်တော့ ဘုန်းကြီးက ပြန်လည်ပြောပြတာကို ထိတ်လန့်ဖွယ် ကြားလိုက်ရသည်။
   လွန်ခဲ့တဲ့ ငါးလလောက်က ဒီကျောင်းမှာ ဦးဇင်းတစ်ပါးရှိပါသည်။ ထိုဦးဇင်းက ကိုရီးယားကင်ကို အတော်လေးလည်း ကြိုက်လှသည်။ တစ်နေ့မှာ ကိုရင်တပါးကို အကင်သွားဝယ်ခိုင်းပြီး သူက ကန်ထဲမှာ ရေဆင်းကူးရင်း စောင့်နေသည်။ ဒီလြိုးနေရင်းနဲ့ ရေအောက်ထဲက ငုတ်တစ်ခုထိုးမိပြီး ပြနအတက်မှာ ကြွက်တတ်နေ၍ ငုတ်ထိုးတဲ့ ဒဏ်ရာအပြင် ကြွက်တတ်တာကိုပါ ခံရင်း ပျံလွန်တော်မူခဲ့လေသည်။ ဒါ့ကြောင့် ထိုဦးဇင်းကို ကျောင်းမှာ တစ်ခါတစ်ခါတော့ တွေ့တတ်သည်။ အကင်ကိုစွဲသွားလားတော့မသိ မကျွတ်လွတ်နိုင်ပဲ ရှိနေလေသည်။ အခုတော့ သူတိုက တိုက်တိုက်ဆိုင်ဆိုင် အကင်ဝယ်လာခဲ့တော့ ဒီလို ကြောက်လန့်စရာတွေ ဖြစ်လာတော့သည်။
   ထိုညမှာတော့ သူတိုလည်း ဘုရားခန်းရှေ့မှာပင် အိပ်ခဲ့ပြီး နောက်နေ့ရောက်တော့ အထုတ်ကိုယ်စီ ပြန်ဆွဲကာ ရွာလူကြီးအိမ်ကို ပြောင်းလာခဲ့တော့သည်။ ရွာလူကြီးကတော့ ထိုအကြောင်းကို သိပြီး သဘောကောင်းကောင်းဖြင့် သူ့ရဲ့အိမ်မှာပဲ နေခိုင်းခဲ့တော့ သူတိုလည်း ပိုပြီး အဆင်ပြေသွားတော့လေသည်။ ဘုန်းကြီးကျောင်းမှာတော့ ဘယ်လိုမှ ဆက်၍ မနေရဲတော့ပေ။ ထိုအဖြစ်ပျက်တော့ သူတိုအတွက် မမေ့နိုင်စရာ အဖြစ်ပျက်တစ်ခုပင်။
**********
.. ပြီးပါပြီ ..

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်.




Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)