ကိုယ်တူကိုယ်ခွဲမဖဲဝါ အပိုင်း(၅)
ကျုပ်ဆရာစောရာမဆိုတဲ့လူကိုကြည့်လိုက်တယ် အရပ်မြင့်မြင့် ပိန်ပိန်ဗျ အသားလည်းညို
ညိုပဲ ထူးခြားတာကတော့ မျက်စိစွေနေတာပဲဗျ
မျက်လုံးကတော်တေိာကိုစောင်းနေတာ ဘယ်ကိုကြည့်လို့ကြည့်မှန်းကို မသိတာဗျို့ကျုပ်ကိူကြည့်နေတာပဲ ဖြစ်မှာပေါ့ဗျာ
မောင်တာတေ ဆရာဝမ်းသာတယ်ကွာ အခုလိုဆရာ့ကိုကူညီဖို့လာတာသိပ်ဝမ်းသာတယ်
ရပါတယ် ဆရာ ကျုပ်ဆရာလိုတာလုပ်ပေးပါ့မယ်
အေး ညကျရင်အချိန်အခါကျပြီကွဲ့ ကျုပ်ကငွေတွင်းကုန်းသင်္ချိုင်းရဲ့အင်္ဂါထောင့်မှာ လူတရပ်မြင့်တဲ့မြေကျင်းတူးမယ် အဲ့ဒိကျင်းထဲမှာကျုပ်ယူလာတဲ့ အရုပ်လေးကို အစီရင်လုပ်ပြီးအသက်သွင်းမှာကွဲ့ ဒီအစီရင်မျိုးကို ကျုပ်တို့လိုကိုးကျင်းအောင်ပြီးသားလူမှလုပ်လို့ရတာ
ဟုတ်ကဲ့ပါဆရာ ကျုပ်ကဆရာကို ဘာလုပ်ပေးရမှာတုံး
မောင်တာတေက ကျုပ်ကိုဆေးလုံးတလုံးပေါက်ပေးဖို့ပါ ဘယ်လိုအနှောင့်ယှက် အဖျက်ဆီးနဲ့ကြုံကြုံ ထွက်မပြေးပဲ ဆေးလုံးကိုပေါက်းပေးဖို့ပါပဲ
ဟာဒီအတွက်ကတော့ဆရာစိတ်ချပါကျုပ်သေသေချာချာပေါက်ပေးပါ့မယ်
မော်တာတေကျုပ်ကိုကူညီတဲ့အတွက်မောင်တာတေကိုလက်ဆောင်တခုပေးချင်တယ် မောင်တာတေဘာလိုချင်သလဲ
ဟာ ကျုပ်ဘာမှမလိုချင်ပါဘူးဗျာ
ဟာ တခုခုတော့ယူပါ
ဆရာစောရာမ သူ့လွယ်အိပ်ကြီးထဲကို ဟိုရှာဒီရှာ လုပ်နေတာဗျ ပြီးတော့ကျုပ်ကိုမက်စေ့လေးနှစ်စေ့ထုတ်ပေးတယ် စက္ကူနဲ့သေချာထုပ်ထားတာဗျ စက္ကူဖြည်တော့မှ မက်စေ့နှစ်စေ့ထွက်လာတာ
ကြောက်တော့မကြောက်နဲ့မောင်တာတေ ဒါယောက်ျားခေါင်းခွံထဲက ကူးတို့ကပိုက်ဆံနဲ့မိန်းမခေါင်းခွံထဲကကူးတို့ကပိုက်ဆံကိုစီရင်ထားတာ ငွေဖိုငွေမလို့ခေါ်တယ် စျေးသည်တွေစျေးရောင်းတဲ့အခါ ပိုက်ဆံထည့်တဲ့သေတ္တာလေးတွေမြင်ဖူးတယ်မို့လား အဲ့သေတ္တာတလုံးဝယ်ပြီးဟောဒီငွေဖိုငွေမ ထည့်ထားလိုက် ပြီးရင်အဲ့ထဲကပိုက်ဆံ ကြိုက်သလောက်ထည့်ထား ပြီးရင် ပိုက်ဆံကိုနှိ ုက်သာသုံး ကြိုက်သလောက်သုံး သုံးလိုက်တဲ့ပိုက်ဆံက သေတ္တာလေးထဲကိုအမြဲပြန်ရောက်နေလိမ့်မယ်
ဟာ စွမ်းလှချည်လား ဆရာ
ကျုပ် အံ့သြပြီးပြောလိုက်မိတာဗျ
အဲ့ဒါကြောင့် မောင်တာတေကိုလက်ဆောင်ပေးချင်တာဗျ
ဟာ မယူပါဘူးဆရာ ဆရာပဲသုံးပါ
ဟာကျုပ်ကဒီညလုပ်မဲ့ အစီရင်အောင်သွားရင်ဒါတွေမလိုတော့ဘူးလေ ဘာမဆိုကျုပ်ဖန်တီးလို့ရပြီ မောင်တာတေရဲ့အောင်လဲအောင်မြင်မှာပါ မောင်တာတေကိုတွေ့လိုက်ကတည်းကဒီညကျုပ်အောင်မယ်ဆိုတုယုံပြီးသားပါကွယ်
ဆရာစောရာမ ကျုပ်ကိုငွေဖိုငွေမ အတင်းပေးတယ် ကျုပ်လည်းမငြင်းတော့ဘဲ ယူလိုက်တယ်
ကိုဘညိုနဲ့ကျုပ် ဆရာစောရာမနဲ့တော်တော်ကြာအောင်စကားပြောကြတယ် သုံးနာရီလောက်ရောက်မှကိုတောကျော်တို့မိသားစုနဲ့ဆရာစောရာမကိုနှ ုတိဆက်ပြီး ပြန်ခဲ့ကြတယ်
ညစာစားပြီးကိုဘညို ကိုဘစိမ်းနဲ့ကျုပ်စကားတွေပြောကြတယ် ဆရာစောရာမ ကငွေတွင်းကုန်းသင်္ချ ိုင်းဇရပ်ပေါ်ကိုညကိုးနာရီအရောက်လာဖို့မှာတယ်
မိုးချုပ်တာနဲ့ကိုဘညိုတို့ခေါ်ထားတဲ့လူလေးယောက်ရောက်လာကြတယ် ပေါက်တူးတွေဂေါ်ပြားတွေပါ တပါတည်းယူလာကြတာဗျ
ကိုဘညိုဦးဆောင်ပြီး ရှစ်နာရီခွဲမှာ ကျုပ်တို့ရွာပြင်ထွက်ခဲ့တယ် ကျုပ်တို့သင်္ချိုင်းဇရပ်ပေါ်ရောက်တော့ဆရာစောရာမကရောက်နှင့်နေပြီ ကိုဘညိုတို့ကို သင်္ချိုင်းရဲ့အင်္ဂါထောင့်ကိုခေါ်သွားပြီး သူရွေးထားတဲ့နေရာကိုပြတယ် ပြီးတော့ကျင်းစတူးခိုင်းတယ်ဗျ ၁၂နာရီမထိုးခင်အပြီးတူးပေးပါလို့ပြောတယ်ဗျ ၁၁နာရီထိုးတော့လူတရပ်လောက်နက်ပြီး အကျယ်သုံးပေလောက်ရှိတဲ့ ကျင်းကြီးတူးပြီးသွားပြီ ဆရာစောရာမ ကကျင်းကိုသေချာကြည့်ပြီးတော့ သဘောကျသွားတယ် သင်္ချိုင်းကုန်းထဲကငှက်ပျောပင်တွေမှာ ငှက်ပျောရွက်ခုတ်ခိုင်းပြီး မြေကျင်းထဲမှာခင်းခိုင်းတယ်
၁၂နာရီထိုးတာနဲ့ဆရာစောရာမ ကအစီရင် စလုပ်ဖို့ပြင်တယ် ကျုပ်ကိုဆေးလုံးကလေးပေးတယ် သူအသံပေးလိုက်ရင် ကျင်းထဲကိုတည့်တည့်ပစ်ပေးဖို့အထပ်ထပ်အခါခါမှာနေတယ်
ကျုပ်ကကျင်းဘေးမှာဘယ်မှမသွားပဲ ရပ်နေဖို့လဲပြောတယ်ဗျ ပြောရဦးမယ်ဗျို့ ကျုပ်ကကိုဘညိုတို့အိမ်ကမထွက်ခင်မျက်ကွင်းဆေးကွင်းလာခဲ့တာဗျ သင်္ချိုင်းကုန်းထဲမသိမသာလျှောက်ကြည့်နေတာဗျ သစ်ပင်ကြီးတွေပေါ်မှာ မျက်လုံးနီနီကြီးတွေနဲ့ကျုပ်တို့ကိုကြည့်နေတာဗျို့
မောင်တာတေ ကျုပ်ရဲ့ဆေးလွယ်အိပ်ကိုစောင့်ရှောက်ထားပါ ကျုပ်ဒီကိစ္စပြီးရင် ရွာထဲပြန်ဝင်မှာမဟုတ်တော့ဘူး ဒီကပဲတန်းသွားတော့မှာ ဒါကြောင့်ဆေးလွယ်အိပ်ပါအပြီးယူလာတာကွဲ့ကဲ ကျုပ်ကျင်းထဲဆင်းp
ခုန်ဆင်းသွားပြီဗျို့
ကဲ ကိုဘညိုတို့ကဇရပ်ပေါ်တက်နေကြတော့ဗျို့
ကျုပ်ပြောတော့ကိူဘညိုတို့ဇရပ်ပေါ်တက်ွားကြတယ် ရွတ်ပြီဗျို့ မြေကျင်းထဲမှာဆရာစောရာမ မန္တန်တွေရွတ်နေတာ တချက်မှကိုမနားတာဗျ
ကျုပ်ပတ်ဝန်းကျင်ကို လှည့်ကြည့်တယ် ဘာမှမထူးခြားဘူး
ကျုပ်လက်မှာပတ်ထားတဲ့နာရီကို သေူချာကြည့်လိုက်တော့ မနက်သုံးနာရီထို းပြီဗျ အဲ့အချိန်မှာ………………
ဝူးးး ဝူးးးးးး အီးးးး
ဟာ ဒါမဖဲဝါရဲ့ခွေးကြီးအူသံပါလား မဖဲဝါကြီးလာတယ်ထင်တယ် တခုခုဖြစ်တော့မယ်ထင်တယ်ဗျို့ ကျုပ်လဲကျောတွေချမ်းသွားတယ် ဇရပ်ပေါ်ကလူတွေကတော့ဘာမှမကြားမမြင်ရတော့ဆေးလိပ်လေးတွေဖွာပြီးငြိမ်နေကြတာပေါ့ဗျာ
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment