တစ္ဆေတွေနေတဲ့၊ အပိုင်း ၆။
တစ္ဆေတွေနေတဲ့အိမ်၊ အပိုင်း ၆။
ကျုပ်က ကျုပ်ကို လှုပ်နှိုးတဲ့ အဘိုးကြီးကို
ကြည့်ပြီး…
"ဟိုသူငယ်လား၊ ဟိုအုတ်ဂူကြီးပေါ်မှာ အိပ်
နေတဲ့ လူငယ်မို့လား"
"ဗျာ…ဘယ်မှာတုံး၊ ဘယ်က အုတ်ဂူတုံး"
"ဟာ …ဟုတ်ပါရဲ့ဗျာ။ ကိုဘထွန်းက အုတ်ဂူ
ဖြူဖြူကြီး တစ်လုံးပေါ်မှာ ဆန့်ဆန့်ကြီး အိပ်
ပျော်နေတာဗျ။ ကျုပ် ချက်ချင်း ထပြီး ကိုဘ
ထွန်းကို ပြေးနှိုးလိုက်တယ်
"ကိုဘထွန်း၊ ကိုဘထွန်း"
"အင် တာတေ၊ ငါတို့ ဘယ်ရောက်နေတာတုံး၊
အား ကျွတ် ကျွတ်၊ ငါ့ခြေထောက်မှာ ဘာလုပ်
ထားတာတုံး"
"ဟင် ဒီသူငယ်က ခြေထောက်ကျိုးထားတာ
လား၊ ဝါးခြမ်းနဲ့ညှပ်ပြီး ကျပ်စည်းထားတာပဲ"
ကျုပ်တို့ကိုနှိုးတဲ့ အဘိုးကြီးက ပြောတယ်။
"ဟုတ်တယ်အဘ၊ ညက ကျုပ်တို့နှစ်ယောက်
ယင်းချောင်းထဲမှာ ဖြတ်ကူးနေတုန်း တောင်ကျ
ရေနဲ့ ပါသွားကြတာ ကိုဘထွန်းက သစ်တုံးနဲ့
ဆောင့်မိပြီး ခြေကျိုးသွားတာဗျ။ နို့ နေပါဦး အ
ဘရဲ့၊ ကျုပ်တို့နှစ်ယောက် ညက အိမ်မဲကြီးထဲ
မှာပါ၊ ကိုဘထွန်းကို ကျုပ်က ကုတင်ကြီးတစ်
လုံးပေါ် တင်ပေးထားတာ၊ အဲဒီအိမ်မဲကြီးထဲက
လူကြီးတစ်ယောက်က ဆေးကုပေးတာဗျ။ အ
သံပဲ ကျုပ် ကြားရတာ၊ လူကိုတော့ မမြင်ဘူး၊
အခု အဲဒီအိမ်ကြီးက ဘယ်မှာတုံး၊ ကျုပ်တို့က
ဒီနေရာကို ဘယ်လိုရောက်နေတာတုံးဗျ"
"အိမ်မဲကြီး ဟုတ်လား သူငယ်၊ ကျုပ်တို့ မ
မွေးခင်တုန်းကတော့ ဒီနေရာဟာ ဆေးဆရာ
ကြီးတစ်ယောက် နေခဲ့တဲ့ ခြံဝင်းကြီးလို့ ပြော
သံကြားဖူးတယ်၊ အဲဒီဆေးဆရာကြီးမိသားစု
က အိမ်မဲကြီး အကြီးကြီးတစ်လုံးနဲ့ နေကြတာ
တဲ့ကွ၊ ဟိုသူငယ်တက်အိပ်နေတဲ့ အုတ်ဂူကြီး
က အဲဒီဆေးဆရာကြီးရဲ့ဂူပေါ့၊ သူသေတော့
သူ့မိသားစုက ဒီခြံဝင်းကြီးထဲမှာပဲ သူ့ကို ဂူ
သွင်းပြီး သဂြုင်္ိဟ်ထားကြတယ်လို့ ပြောတယ်။
အဲဒီခြံကြီးတို့၊ အိမ်မဲကြီးတို့ဆိုတာကို အဘ
တို့ရွာက အသက်ရှစ်ဆယ်ကျော် ကိုးဆယ်
ကျော်ရှိတဲ့ လူတွေတောင် မမီလိုက်ကြဘူး
ကွ၊ စကားပဲ ကျန်နေတာ၊ ဒါပေမဲ့ ဒီအုတ်ဂူ
ကြီးက ရှိနေသေးတော့ ဒီအကြောင်းတွေက
လည်း ဟုတ်မှာပဲလို့ ယုံကြရတာပေါ့ကွာ"
ကျုပ်လည်း ဘာပြန်ပြောရမှန်းတောင် မသိ
တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားတာ
ပေါ့ဗျာ။
"နို့ အဘနာမည်က ဘယ်သူတုံးဗျ၊ အဘတို့
ရွာက ဘာတဲ့တုံး၊ ဝေးသေးလား"
"ကျုပ်နာမည်က ဦးစံတဲ့ဗျ၊ ကျုပ်တို့ရွာက
မဝေးတော့ဘူး၊ ဒီလှည်းလမ်းအတိုင်း လိုက်
ရင် နာရီဝက်ဆို ရောက်ပြီ၊ ရွာနာမည်က သ
မားကုန်းရွာလို့ ခေါ်တယ်၊ ဒီဆေးဆရာကြီး
ကို အစွဲပြုပြီး ခေါ်တာလို့ ပြောတယ်ကွ။ နို့
မင်းတို့က ဘယ်က လာကြတာတုံး"
"ကျုပ်တို့ နေတာက ထနောင်းကုန်းဗျ။ ထီး
ဂလိုင်အလှူကို သွားကြတာပါ။ တောင်ချိုင့်
မှာ ညစာ ဝင်စားပြီး ထွက်ခဲ့ကြတာ အဘရဲ့"
"ဟာ တောင်ချိုင့်က တော်တော်တောင်
လှမ်းနေပြီပဲ၊ မင်းတို့ အဝေးကြီး မျောလာ
တာကြ"
"ဟင် ဟုတ်လား အဘ"
"အေး ဟုတ်တယ်၊ ကဲ လာကြပါ၊ ကျုပ်မှာ
လှည်းပါပါတယ်၊ ချောင်းရေလည်း ကျနေပါ
ပြီ၊ ကျုပ် ရွာအရောက် ပို့ပေးပါမယ်၊ ဟိုသူ
ငယ်က ခြေထောက်လည်း ကျိုးနေတာမို့
လား၊ ဒီယင်းချောင်း ကျော်လိုက်ရင် ထ
နောင်းကုန်းကို သိပ်မမောင်းရပါဘူး။ ကျုပ်
နွားတွေက နွားသန်ကြီးတွေပါ၊ ကဲ လာ၊
လာ၊ ကျုပ်လှည်းပေါ်တက်"
ကျုပ်လည်း မငြင်းတော့ဘူးဗျာ။ ကိုဘထွန်း
ကို ဂူပေါ်က တွဲချရင်း အုတ်ဂူကို တစ်ပတ်
ပတ်ပြီး ကျုပ်ကြည့်တယ်။ အင်းဂတေတွေ
က ကွာနေပြီဗျ။ ဘာစာမှ ဂူပေါ်မှာ မရှိတော့
ဘူး။ လှည်းပေါ်ရောက်တော့ ဦးစံ ဆိုတဲ့ အ
ဘိုးကြီးက ခြေထောက်မှာ ကျပ်စည်းထား
တဲ့ ကိုဘထွန်းကို သေသေချာချာ ကြည့်ပြီး
မေးတယ်ဗျ။
"သူငယ်တို့ ညက အိမ်မဲကြီးထဲကို ရောက်
ခဲ့တယ်ဆိုတာ တကယ်လားကွဲ့"
"တကယ်ဗျ၊ အဘစံရဲ့၊ ဟောဒီ ကိုဘထွန်း
က ခြေထောက်လည်း ကျိုး၊ ပိုးလည်းထိဆို
တော့ သတိမေ့သွားတာ၊ သူ့ကို ကျောပိုးပြီး
ကျုပ်က ဒီအိမ်ကြီးထဲကို ဝင်ခဲ့တာ၊ မှောင်ထဲ
က အသံကြီးပဲ ကျုပ်ကြားခဲ့တာဗျ အဘစံရဲ့၊
ကိုဘထွန်းကို သူက နာမည်တောင် ခေါ်လိုက်
သေးတယ်၊ ကုတင်ပေါ်တင်ဆိုလို့ ကျုပ်က
မှောင်ထဲမှာ စမ်းပြီး တင်လိုက်တာ၊ အဲဒါ
အုတ်ဂူကြီး ဖြစ်နေတာပေါ့ဗျာ။ ဒီတော့ ကျုပ်
အထင်ပြောရရင် ဒီအိမ်ကြီးက ဒီနေရာမှာပဲ
ရှိနေတာဗျ အဘစံရဲ့၊ ကိုဘထွန်းကို ညက
အမှောင်ထဲမှာ ဆေးကုပေးခဲ့တာလည်း အ
ဘစံပြောတဲ့ ဆေးဆရာကြီးပဲ ဖြစ်မှာဗျ"
ကျုပ်က သေသေချာချာ ပြောပြလိုက်တော့
မှ အဘစံဆိုတဲ့ အဘိုးကြီး မျက်နှာပျက်သွား
တယ်ဗျ
"ဟေ ဟုတ်လား၊ ဒါဆို ဆေးဆရာကြီး ခုထိ
မကျွတ်သေးဘူးပေါ့"
အဘိုးကြီး တော်တော်ကို ကြောက်သွားတဲ့
ပုံပဲ။ ပြီးတော့ ဆေးဆရာကြီးရဲ့ အုတ်ဂူကို
တစ်ချက်လှမ်းကြည့်လိုက်တယ်။
"ဟဲ့ နွား၊ ဖျန်း"
အဘစံက သူ့နွားတွေကို ခပ်ကြမ်းကြမ်းရိုက်
လိုက်ပြီး အဲဒီနေရာကနေ တရကြမ်း မောင်း
ပြေးတာပါပဲဗျာ။
ပြီးပါပြီ
#CrdOrginalUploader
Comments
Post a Comment