ရွာတော်စောင့်သရဲ ..အပိုင်း(၃)
"ဟ……ဒါဆိုရင် တောင်ဘက်ဝိုင်းက ဘိုးဆင်ကို
အကျိုးအကြောင်းသွားပြောလိုက် စံဘော်ရေ"
"ဟုတ်ကဲ့အဘ" အဲဒီညက ကျုပ်ထမင်းစားပြီးတာနဲ့ နဂါးဆေးပေါ့လိပ်ကလေးဖွာတယ်။စကားလေး ဘာလေး ခဏတစ်ဖြုတ်ပြောပြီး
မျက်ကွင်းဆေး ကွင်းထားလိုက်တယ်။
"စံဘော်ရေ မင်းသူငယ်ချင်းကို ခေါ်ကွာ၊သွားကြရအောင်ဟေ့"
"ဟော………ဘိုးဆင် ခေါ်နေပြီဟေ့၊သွားစို"
ကျုပ်က ဆေးလွယ်အိတ်ကို စလွယ်သိုင်းပြီး ထလိုက်တယ်စံဘော် ပြောတဲ့အတိုင်းပါပဲဗျာ။ရွာထိပ်က တမာပင်လေးကပုပုလေးဗျ။မြိုမှာ ပန်းအိုးနဲ့ ထည့်ရောင်းတဲ့ ဘွန်ဇိုင်းလိုခေါ်
တဲ့ သက်ကြီးပုပင်မျိုး ဖြစ်နေတာဗျ။
ဘိုးဆင်က ဝက်သားဟင်းအိုးကြီးကို အဖုံးဖွင့်ပြီး ပါးစပ်ကပြောတယ်။"သင် ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ် ဒီဝက်သားဟင်းကိုစားပါ။
ကျုပ်တို ရွာတော်ကြီးသားတွေ ကျွေးမွေးတာပါ။ကျုပ်တိုရွာကို မနှောင့်ယှက်ပါန၊ဲ့စောင့်ရှောက်ပါဗျာ၊စားပါ စားပါ"ဘိုးဆင်က ပြောပြီး ခပ်သုတ်သုတ် ထွက်သွားတယ်။ကျုပ်နဲ့ စံဘော်က ရောက်ကတည်းက မလှမ်းမကမ်းက မကျည်းပင်
ကြီး နောက်မှာ ကွယ်ပြီး နေကြတာဗျ။
ဘိုးဆင် ပြန်သွားတော့ ကျုပ်တိုနှစ်ယောက် ကျန်ခဲ့တာပေါ့ဗျာ။စံဘော်က မြိုကျောင်းမှာ တက်ကတည်းက ဘချစ်နောက်ကို ကျုပ်နဲ့ အတူတူလိုက်နေကြလေဗျာ။အခုလည်း စံဘော်က ကျုပ်နဲ့ လိုက်ခဲ့ရတာကိုပျော်နေတာဗျ။ "ဝေါ ၊ ဖလပ်၊ ဖလပ်"ဟာ လေအေးကြီး တိုက်လိုက်တာဗျို။သစ်ပင်တွေဆိုတာယိမ်းထိုးပြီး သစ်ရွက်ခတ်သံတွေ မြည်နေတာဗျ။"အာ အာ ၊ အာ ၊ အာ"
ဟော ကျီးကန်းတွေတောင် လန့်ပြီးအော်နေပြီဗျို။
"ဟိုမှာ ၊ ဟိုမှာ တာတေ၊တမာပင်ပုလေးကိုကြည့်"
ဟုတ်တယ်ဗျ။တမာပင်ပုလေးက လေတိုက်သလို ယိမ်းနေတာဗျ။ဟာ ဘာကြီးတုံးဗျ။တမာပင်ကလေးထဲက ထွက်လာတာ။မဲမဲအတန်းကြီးဗျ။မီးခိုးလိုလို ဘာလိုလိုနဲ့။မဲမဲ အခိုးလုံးက ကြီးကြီးလာတာဗျိုတမာပင်ပုလေးကို ကာထားတဲ့ခြံစည်းရိုးကို ကျော်ပြီး ထွက်လာပြီဗျို။
ဟာ သရဲကြီးဗျာ၊နည်းတဲ့ အကောင်ကြီးမှ မဟုတ်တာ။ဟုတ်ပါ့ဗျာ။အရီးမြတင် ပြောတဲ့အတိုင်းပဲဗျ။ဆင်ကြီးတစ်
ကောင် မတ်တပ်ရပ်နေသလိုကို ထင်ရတာဗျ။နည်းတဲ့ ကိုယ်လုံးကြီး မဟုတ်ပါဘူးဗျာ။အမွှေးကြီးတွေမှ
တစ်တောင်လောက်ကို ရှည်တာဗျို။မျက်လုံးနီနီကြီးတွေနဲ့ပါးစပ်ပြဲပြဲကြီးထဲမှာအစွယ်ဖွေးဖွေးကြီးတွေက တစ်ထွာလောက်ကို ရှည်မယ်ထင်တယ်။ဝက်သားဟင်းတွေကို
လက်ခုပ်ကြီးတွေနဲ့ကျုံးကျုံးပြီး ပါးစပ်ကြီးထဲကို ထည့်နေလိုက်တာဗျာ။ဒီကောင်ကြီးကိုကြည့်ရင်း ကျုပ်တောင် ဝက်သားစားချင်လာရောဗျို။အမေချက်တဲ့ဝက်သားနီချက်ကိုသတိရလိုက်တာမပြောပါနဲ့တော့ဗျာ။ ဝက်သားဟင်းကို တစ်အိုးလုံး ကုန်အောင်စားပြီးတော့တမာပင်ပုလေးကို ဝိုင်းထားတဲ့ ခြံဝင်းထဲကို လှမ်းကျော်ပြီး
ဝင်လိုက်တယ်။ဟာ…………ပျောက်သွားပြီဗျို၊အကောင်ကြီးပျောက်သွားပြီ။ကျုပ်တောင် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့တာဗျ။
ကျုပ်ကို ကြည့်ပြီး အကဲခတ်နေတဲ့ စံဘော်က ကျုပ်ကို လေသံလေးနဲ့ မေးတယ်။
"တာတေ မင်း ဘာမြင်လိုတုံး"
"စံဘော် ငါက ဆရာကြီးတွေ ချီးမြှင့်ထားတဲ့ မျက်ကွင်းဆေးကွင်းထားတာကွဒီလိုဟာတွေကိုမြင်ရတယ်၊မင်းတိုရွာက အရီးမြတင် ပြောတဲ့အတိုင်းပဲကွ၊နည်းတဲ့အကောင်ကြီး မဟုတ်ဘူးကွ၊ဒါကြီးကိုနှင်ထုတ်ဖိုဆိုတာ တော်ရုံတန်ရုံ
ဆရာ လုပ်နိုင်မယ် မထင်ဘူးကွ"ဒါဆိုရင် အစွမ်းထက်တဲ့ ဆရာတွေ ဘာတွေ မင်းသိတာ
ရှိသလား။မင်းနဲ့ငါသွားခေါ်မယ်ကွာ"
"နေပါဦး စံဘော်ရဲ့၊ငါလုပ်ကြည့်ပါဦးမယ်"
"မင်းက ဘယ်လိုလုပ်မှာတုံး တာတေ"
"ငါမဖဲဝါကို အကူအညီတောင်းကြည့်ပါဦးမယ်ကွာ"
"ဟာ မဖဲဝါ ဟုတ်လား|သင်္ချိုင်းစောင့် မဖဲဝါဆိုတာလား""အေး……………ဟုတ်တယ်လေ"
"မဖဲဝါဆီက အကူအညီတောင်းမယ်ဆိုတော့ မင်းကမဖဲဝါကို သိလိုလား""အေး ပေါ့ကွ စံဘော်ရ"
"ဟေ………ဟုတ်လား"
ကျုပ် အဲဒီညက စံဘော်တိုအိမ်မှာ အိပ်တယ်။မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး မဖဲဝါကို ပင့်လိုက်တယ်။"သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ကျုပ်က ရွာတော်ကြီးမှာ ရောက်နေတာပါ၊ရွာတော်ကြီးမှာ သရဲကြီးတစ်ကောင်ကို ရွာသားတွေက
တစ်ရက်မပျက်ဝက်သားဟင်းချက်ပြီးကျွေးနေရပါတယ်။အဲဒီလိုမကျွေးရင် ဒီသရဲကြီးက ရွာထဲက ကလေးတစ်ယောက်ကို သတ်ပြီး အူအသည်းတွေကို နှုတ်ပြီးစားပစ်တယ်ဗျ မဖဲဝါရဲ့၊အဲဒီကိစ္စကို ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပါ။
သင်္ချိုင်းရှင်မကြီးဗျာ”မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံးအောက်မှာထားပြီး ကျုပ်အိပ်လိုက်တယ်။
လေတွေတဝုန်းဝုန်းတိုက်နေတဲ့ကြားမှာဆယ့်နှစ်ရာသီ
ပင်ကြီးက ယိမ်းထိုးနေတာဗျ။တစ်ပင်လုံး ဝါအောင်ပွင့်နေတဲ့ဆယ့်နှစ်ရာသီပန်းတွေကတော့ တစ်ပွင့်မှကို ကြွေကျတာ မတွေ့ရဘူးဗျို။ကျုပ်နဲ့ရွယ်တူလောက်အရွယ် ဖန်ဆင်းထားတဲ့
မဖဲဝါက ဆယ့်နှစ်ရာသီ ပင်ကြီးအောက်မှာ ရပ်လို။လေတွေတဝုန်းဝုန်းတိုက်နေပေမယ့် မဖဲဝါရဲ့ဆံပင်တွေ အဝတ်အစားတွေက မလွင့်ဘူးဗျ။
"တာတေနင်နားထောင်နင်အခုတွေ့နေတဲ့သရဲကြီးက
အပိုင်း(၄)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment