တမလွန်ရွာသူမြစောဖြူ ~~~ အပိုင်း(၂) ဇာတ်သိမ်းပိုင်း
မြစောမူဆိုသောအမျိုးသမီးနှင့်တွေ့ခြင်းဖြစ်သည်။
ဆရာမသာဆိုသည်••ကိုယ့်ဘာသာဘယ်လို
ကျန်ရစ်လို့ဘယ်ရောက်နေမှန်းမသိ•••
အူကြောင်ကြောင်နိုင်လှသည်။
သူအမေ့အင်္ကျီထုတ်ပေးလိုက်ရင်းအခန်းတစ်ခန်းစီစဉ်ပေး
လိုက်သည်။
ဘကြီးကိုအကြောင်းစုံရှင်းပြလိုက်တော့
""ထူးဆန်းတယ်ကွ•••
ကိုယ့်ဘာသာကိုယ်ဘယ်မှာကျန်ခဲ့တယ်ဆို
တာမသိဘူးဖြစ်နိုင်လား"""
""အက်စီးဒင်းဖြစ်ပြီးအကြောက်လွန်သွားလို့
သွားမိသွားရာသွားနေမိတာများလား""
ညီထွဋ်က
""မသိတော့ဘူးဗျာ•••တော်ပြီ•••
ဟိုမှာထွက်လာပြီ""
မြစောမူအဝတ်အစားလဲပြီး
အခန်းထဲကထွက်လာပြီမို့ဘကြီးညနေကချက်ထားသော
ထမင်းနှင့်ဟင်းကိုကျွေးလိုက်သည်။
ထို့နောက်••သူမအခန်းထဲပြန်ဝင်သွားတော့
ဘကြီးနှင့်ညီထွဋ်သာကျန်ခဲ့သည်။
ဘကြီးကမေမေ့အစ်ကိုဖြစ်သည်။
မေမေတို့အက်စီးဒင့်ဖြစ်တဲ့နေ့ကမေမေအပါအဝင်
အားလုံးငါးယောက်သေတာမို့
ကျန်လူနားများကိုရက်ချင်းမြို့ဆေးရုံပို့သလို
သေဆုံးသူများကိုလည်း•••
ရက်ခွဲရုံချက်ချင်းပို့ကာ••မိသားစု
အစုံအလင်ရောက်သည်နှင့်ချက်ချင်းသဂြိုလ်သည်။
တခြားသေဆုံးသူများ၏အလောင်းများကိုလည်း
မိသားစုမစုံသေးတာမို့မသဂြိုလ်သေးတာလည်းရှိသည်။
ဘကြီးကနှလုံးမကောင်းတာမို့မလိုက်စေတော့ပဲ
မိဘနှစ်ပါး၏နောက်ဆုံးခရီးကို••
ညီထွဋ်ကပင်ဦးဆောင်ဖြေရှင်းခဲ့သည်။
အားလုံးကတရားသမားမို့တရားနှင့်
ဖြေသိမ့်နိုင်ကြသော်လည်း
ရုတ်တရက်ကြီးခွဲသွားသောမိဘနှစ်ပါးကြောင့်
ရင်နာလှသည်။သူ့တစ်ကိုယ်ထဲဆိုလွင့်ချင်ရာ
လွင့်နေမိမည်ဖြစ်သော်လည်း••ခြံထဲအလုပ်သမား
တွေနှင့်ဘကြီးတစ်ယောက်ထဲစိတ်မချပေ။
ထို့အပြင်မိနှစ်ပါးအတွက်ရက်လည်ဆွမ်းလည်း
ကျွေးရဦးမည်မို့ပစ္စည်းဝယ်ကာ
ပြန်လာခဲ့ခြင်းဖြစ်သည်။
""ကဲ••ဘကြီး••အိပ်ရအောင်ဗျ""
""အေးအေးကောင်းပြီ""""
ညီထွဋ်••အိပ်ရာထဲရောက်ရုံရှိသေး။
""အူ•••ဝုးးးးးးဝူးးးး"""
""ဝုတ်•••ဝုတ်•••••"""
"""အူ•••ဝူးးးးးးးးဝူးးးးးးး"""
ညီထွဋ်အခန်းပြင်ထွက်လာတော့•••
ဘကြီးလည်းမီးအိမ်တစ်ခုနှင့်•••အိမ်အောက်ဘက်သို့
ကြည့်နေလေသည်။
""ဘာဖြစ်တာလဲဘကြီးး
ဒီခွေးတွေက••ဘယ်ကလာတာလဲ••မသိဘူး
ထူးဆန်းတယ်ဗျ""
""အေးကွ•••ငါလည်းထူးဆန်းနေတာ•••
ဟိုဆရာမလေးအခန်းဘက်ကို•••
ဟောင်နေတာ""""
ညီထွဋ်ကမီးအိမ်တစ်လုံးယူ၍•••
အိမ်အောက်ဆင်းကာခွေးများကိုနှင်လွတ်လိုက်သည်။
မြစောဖြူအခန်းဘက်ကြည့်လိုက်တော့
"""ဟာ"""
ဆံပင်ဖညးလျားနှင့်မျက်လုံးတောက်တောက်ကြီးကြောင့်
လန့်သွားရသည်။
နောက်တစ်ခါထပ်ကြည့်လိုက်တော့ပြတင်းတခါးကို
ပိတ်လျက်ပင်တွေ့ရသည်။
""ငါမျက်စိမှားတာပါလေ'"
ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရင်း•••အိပ်ရာဝင်လိုက်မိသည်။
အိပ်မက်ထဲမှာ••မြစောဖြူသည်•••
သူ့ရင်ခွင်ထဲရောက်နေပြီးးး
သူပြုံးကြည့်နေရင်းမျက်နှာကြီးက
သွေးအလိမ်းလိမ်းနှင့်•••
ပြိုကျလာလေသည်။
~~~~~
{၃}
ဇာတ်သိမ်း
~~~~
ညီထွဋ်••အိပ်မက်ဆိုးကြောင့်•••အိပ်မရပဲ
မနက်အစောကြီးနိုးနေလေသည်
မြစောဖြူအားပေးထားသောအခန်းကတိတ်ဆိတ်လျက်ပင်။
သူကားထုတ်လိုက်ပြီး
ပန်းလှရွာဆီဦးတည်လိုက်သည်။•••
မြစောဖြူကိစ္စနှင့်ပင်။
သိပ်မဝေးလှတာမို့•••
ခဏအကြာသူကြီးအိမ်ရောက်လာသည်။
သူကြီးအားပြင်ပြင်ဆင်ဆင်နှင့်တွေ့ရတာမို့
အပြင်သွားမည့်ပုံပေါ်သည်။
""ဟာ•••မောင်ညီထွဋ်အတော်ပဲ
ကားလာငှားတော့မလို့"""
""သူကြီးကဘယ်လဲဗျ"""
""ဒီလိုကွာ••••ဟိုနေ့ကမင်းအမေနဲ့အဖေအက်စီးဒင့်
လေ••ဒီမှာလူငါးယောက်ဆုံးတာ
ငါတို့ရွာကိုလာတဲ့ဆရာမလေးလည်းပါတယ်တဲ့
သူ့မိဘတွေရောက်နေကြပြီ
ငါတို့ရွာကလူကြီးတွေစုပြီးသွားရမှာပေါ့
ကိုယ့်ရွာလာလို့ဖြစ်တဲ့ကိစ္စ"""
""••ဗျာ•••ဒါနဲ့ဆရာမဆိုတာဘယ်သူလဲသိလား"""
""မြစောဖြူတဲ့"""
"""ဗျာ••••"""
ညီထွဋ်မှာအရှင်လတ်လတ်ကြီးမိုးကြိုးပစ်လိုက်သည့်
နှယ်ထုံကျင်သွားရသည်။
သူကြီးက•••
""ဘာဖြစ်တာလဲကွ•••
ငါတို့လည်းစိတ်မကောင်းဖြစ်ရပါတယ်ကွာ
ငါတို့ရွာလည်းနစ်နာတယ်လေ"""
""ကျွန်တော်ဘာပြောရမလဲမသိတော့ဘူး
ဒီလိုလုပ်ဗျာ•••သူကြီးကျုပ်အိမ်လိုက်ခဲ့""
""ဟေ""
""ဟိုရောက်ရင်ရှင်းသွားပါလိမ့်မယ်•••
မြစောဖြူကမသေပါဘူး"""
သူပြောလည်းပြောသူကြီးကို
အိမ်ခေါ်လာလိုက်သည်။
ခြံထဲမှဘကြီးကိုလည်းခေါ်လိုက်ကာ
"'ဘကြီး••ညကကျွန်တော်ခေါ်လာတဲ့ဆရာမမြစောဖြူရော""
""အိပ်နေတုန်းထင်တယ်ကွ""
သူအိမ်ပေါ်စိတ်လှုပ်ရှားစွာတက်လာလိုက်ကာ
မြစောဖြူအားပေးထားသော
အခန်းတံခါးအားခေါက်လိုက်သည်။
အခန်းကပွင့်မလာတာမို့တခါးကိုဖျက်လိုက်သည်။
ကုတင်ပေါ်တွင်•••
ညကထုတ်ပေးထားသော••အမေ့အင်္ကျီတစ်စုံမှ
လွဲ၍••••မြစောဖြူအားအစအနပင်မတွေ့ရပေ။
သူကြီးအားညကမြစောဖြူနှင့်တွေ့၍ခေါ်လာ
သည်မှစ၍အစအဆုံးရှင်းပြလိုက်ရာ
""မြစောဖြူမဖြစ်နိုင်ဘူး•••
မြစောဖြူဝိညာဉ်ပဲ့ဖြစ်မယ်••ဒီထက်ရှင်း
ချင်ရင်••မောင်ရင်တို့တူဝရီးမြို့လိုက်ခဲ့ပေတော
အလောင်းကမသဂြိုလ်သေးဘူး
အဖြစ်အပျက်ကမယုံနိုင်တာမို့သူကြီးနှင့်
အဖွဲ့နှင့်အတူမြို့သို့လိုက်ခဲ့ရာ•••
တကယ်ပင်သေဆုံးသူမှာ•••
မြစောဖြူဖြစ်နေလေသည်။
တကယ်ပင်ညီထွဋ်ခေါ်လာမိသောသူမှာ
မြစောဖြူဝိညာဉ်ပေလော။
သေချာတာကတော့သူ့ရှေ့မှာရှိနေသည်ကား
မြစောဖြူအလောင်းပင်။
ညီထွဋ်မှာမယုံနိုင်ခြင်းများစွာဖြင့်
အိမ်ပြန်ရောက်၍••ဖေဖေမေမေအတွက်အမျှဝေ
ရင်းမြစောဖြူအတွက်ပါအမျှဝေလိုက်လေသည်။
ညီထွဋ်မှာဆန်းကြယ်လှသောရေစက်ကို
အံ့သြရုံမှတစ်ပါးအခြားမတတ်နိုင်တော့ပြီတည်း။
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment