တစ္ဆေရင်သွေး ၊ အပိုင်း (၂)
"ဘိုးအသက် ငါးဆယ်လောက်က ထူးထူး
ဆန်းဆန်း တစ်ခု ကြုံဖူးတာ ပြောရဦးမယ်၊
ဒီတုန်းက ဘိုးတစ်ယောက်တည်း တော
တက်တာကွဲ့၊ အင်း စကားဖြတ်ပြီး ပြောရဦး
မယ် တာတေရ၊ ဘိုးက တောထဲတောင်ထဲ
မှာ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို
ခဏခဏ ကယ်ဖူးတယ်ကွဲ့၊ ဝါးရုံကြားမှာ
ညပ်နေတဲ့ ချေတို့၊ ဆတ်တို့ တွေ့ရင် အမြဲ
တမ်း လွှတ်ပေးတယ်။ ဘယ်တော့မှ ဘတ်
ဖျတ်ပြီး အိမ်ကို ယူလာတာမျိုး မလုပ်ဘူးကွ၊
တစ်ခါတော့ ဘိုးကယ်ရတာ တိရစ္ဆာန် မဟုတ်
ဘူးကွ၊ တစ္ဆေသားအမိကို ကယ်ရတာ"
"ဗျာ …တစ္ဆေသားအမိ ဟုတ်လား ဘိုး"
"ဟုတ်ပါ့ဗျာ၊ အလယ်ရိုးမအနောက်
ဘက်ခြမ်းမှာ မီးတွေ လောင်ပါရောကွာ၊
တောမီးကလည်း ကူးတာမြန်ပါ့ကွာ၊ ဘိုး
ဆိုတာ တောခုတ်ဓါးတစ်ချောင်းကိုင်ပြီး
ဘယ်ဘက်က ထွက်ရမှန်းတောင် မသိ
ဘူးဖြစ်နေတာဟေ့။ တဖြည်းဖြည်းနဲ့မိုးက
လည်း ချုပ်သွားရော၊ ဘိုးလည်း တောထဲ
က ထွက်လို့မရအောင် ဖြစ်နေရောဟေ့။
ဒီမှာတင် တောထဲက အော်သံကြားရတာ
ကွ။'အီး၊ အီး၊ အီး၊ ဟီး၊ ဟီး'ဆိုတဲ့ အသံကြီး
ကွ၊ဘိုးလည်း ကြက်သီးတွေ တဖျန်းဖျန်းထ
သွားတာပေါ့ကွာ။ဘာသံကြီးတုံးဆိုပြီး ဘိုးက
သေသေချာချာ နားထောင်ကြည့်တော့ 'အီး
အား၊ အား၊ ဟီး၊ အား၊ ဟား'ဆိုတဲ့ အသံက
'ကယ်ကြပါ၊ ကယ်ကြပါ 'လို့ အော်နေတာ
ကွ၊ ဒါနဲ့ တောမီးတွေလောင်တဲ့ ကြားကပဲ
အသံကြီးကြားတဲ့ဘက်ကို ဘိုး ပြေးသွားခဲ့
တယ်။ ညဘက်ကြီးဆိုပေမယ့် တောမီးကြီး
လောင်နေတော့ တစ်တောလုံးကို လင်းထိန်
နေတာဟေ့။ တစ်နေရာရောက်တော့ တော
မီးတွေ ဝိုင်းနေတဲ့ နေရာမှာ ဆံပင်ဖားလျား
ကြီးနဲ့ ထမီအင်္ကျီစုတ်စုတ်ပြတ်ပြတ် သရဲမ
ကြီးရယ် သူ့လက်ကိုကိုင်ပြီး ရပ်နေတဲ့ တစ္ဆေ
မလေးတစ်ယောက်ကို တွေ့လိုက်ရသဟေ့"
"ဟာ …ဘိုး သရဲမြင်ရတယ် ဟုတ်လား"
"ဘယ်တုန်းကမှ မမြင်ရပါဘူးကွာ၊ အဲဒီည
ကမှ ဘယ်လိုဖြစ်ပြီး မြင်ရတာတုံးဆိုတာ
တော့ ဘိုးမပြောတတ်ဘူး တာတေရာ၊ ရှေး
လူကြီးတွေပြောကြသလိုပဲ ကံနိမ့်လို့ မြင်ရ
တာနေမှာပေါ့ကွ"
"ဒါနဲ့ ဘိုး ဘာလုပ်တုံးဗျ"
"ပထမတော့ ဘိုးလန့်သွားတာပေါ့ကွာ၊
တစ္ဆေသရဲဆိုတာ ဘိုးတစ်သက်မှာ တစ်
ခါမှ မြင်ခဲ့ဖူးတာမှ မဟုတ်တာ၊ အခုလို
တောနက်ကြီးထဲမှာ ညဘက်ကြီး တော
မီးတွေကလည်း လောင်နေတာ ဆိုတော့
တော်တော်ကို လန့်သွားတာပေါ့ကွာ၊ ဒါ
ပေမဲ့ တောထဲမှာ ဒုက္ခရောက်တဲ့ တိရ
စ္ဆာန်လေးတွေကို ဘိုးက ကယ်နေကြဆို
တော့ သရဲမသားအမိကို ကယ်ဖို့ ဘိုးချက်
ချင်းတွေးလိုက်တယ်။ အချိန်ကလည်း မ
ရတော့ဘူးဆိုတော့ ဘိုးက လက်ထဲက
တောခုတ်တဲ့ဓါးနဲ့ သစ်ပင် ခပ်သေးသေး
တွေကို ခုတ်ပြီး မီးလမ်းဖြတ်ပစ်လိုက်
တယ်။ ဘိုးတစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်
အောင် ခုတ်လိုက်တော့ တစ်နေရာမှာ
မီးလမ်းပြတ်သွားရောဟေ့။
ဒါပေမဲ့ တောမီးက အရှိန်ပြင်းနေတော့ မီး
လမ်းက ခဏပဲ ပြတ်မှာ။ ပြီးရင် လှမ်းကူး
ပြီး လောင်မှာပဲ။ ဒီတော့ မီးလမ်းပြတ်တာ
နဲ့ ဘိုးက သရဲမသားအမိကို လှမ်းအော်
ရတာကွ၊
'ပြေး ပြေး ဒီဘက်ကိုပြေး၊ မြန်မြန်ပြေးဟဲ့'
လို့ အော်လိုက်တော့မှ ဘိုးလုပ်နေတာ
တွေကို ငေးပြီး ကြည့်နေတဲ့ သရဲမက
သတိဝင်ပြီး သူ့သမီးကို လက်ဆွဲပြီး ပြေး
ပြေးတော့တာဟေ့။ သရဲမကြီးရော သရဲ
မလေးရော ဆံပင်တွေဆိုတာ လေထဲမှာ
လွင့်နေတာဟေ့။ သရဲမသားအမိ လွတ်
သွားတော့ ဘိုးလည်း လေညာကို တက်
ပြီး မီးလွတ်အောင် ရှောင်ရတော့တာပေါ့
ကွာ။ အဲဒီညတော့ တောထဲမှာပဲ တစ်ည
အိပ်လိုက်ရတယ်
မနက်မိုးလင်းလို့ ဘိုးလန့်နိုးလာတော့ ဘိုး
အိပ်တဲ့ ဘေးနားမှာ ဝင်းမှည့်နေတဲ့ ငှက်
ပျောသီးတွေကွ။ ဘိုးလည်း ငှက်ပျောသီး
တွေခွာပြီး ဆာဆာနဲ့ စားပစ်လိုက်တာ
ဗိုက်ကို ကားသွားရောဗျာ။ နောက်မှတွေး
မိတာကွာ ညက ဘိုး ကယ်ခဲ့တဲ့ သရဲမ
သားအမိများ ဘိုးစားဖို့ ငှက်ပျောသီးတွေ
လာထားသွားသလားလို့ "
"ဟာ…ဟုတ်မှာပေါ့ ဘိုးရဲ့"
ကျောက်ခဲက ဘိုးကို လှမ်းပြောတာဗျ။
သံမဏိကတော့ မျက်လုံးကြီးပြူးပြီး နား
ထောင်နေတယ်
"စကားကြုံလို့ ကျုပ်လည်း ပြောရဦးမယ်
ကျုပ်ကတော့ ဘိုးလို တစ္ဆေသားအမိကို
တွေ့တာမဟုတ်ဘူးဗျ။ မြင်းစီးလာတဲ့
လင်မယားနှစ်ယောက်ကို တွေ့တာဗျ"
"ဟာ…စိန်ညှက်ရဲ့ မြင်းစီးလာတဲ့ လင်
မယားတွေ့တာများ အဆန်းလားဟဲ့။
လင်မယားပဲ မြင်းစီးချင်လည်း စီးလာမ
ပေါ့။ ကားမောင်းချင်လည်း မောင်းလာ
မှာပေါ့"
"ဟာ ကိုရှိန်ရာ မထူးဘဲ ကျုပ်က ပြောမတဲ့
လားဗျ။ကျုပ်က ဒီတုန်းက ဘုရားပြိုကို သွား
တာဗျ။ မန်ကျည်းတန်းအထိ ကားနဲ့လိုက်
သွားပြီး ဟိုကျတော့ လှည်းငှားသွားရတာ"
"နို့ နေပါဦး စိန်ညှက်ရဲ့၊ မင်းက ဘုရားပျို
ရွာအထိ ဘာသွားလုပ်ရတာတုံး"
"ဒီလိုကွာ၊ ငမောင်ရဲ့၊ ဒီတုန်းက ရှေး
ဟောင်းဒင်္ဂါးပြားတွေ ခေတ်ထနေတာ
ဟေ့၊ဒင်္ဂါးဟောင်းတွေကို စျေးကောင်း
ပေးဝယ်နေကြလို့၊ ငါက အဲဒီဘက်ကို
ဒင်္ဂါးပြားတွေ ဝယ်ဖို့ သွားတာကွ"
"အလုပ်ကော ဖြစ်ရဲ့လား"
"ပထမအခေါက်တော့ ဖြစ်တယ်ကွ၊ နောက်
တစ်ခေါက်တော့ ထင်သလောက် မဖြစ်တော့
ဘူး၊ နေစမ်းပါဦးကွာ၊ ငါ့စကားတောင် ဘယ်
ရောက်သွားပြီတုံး မသိတော့ဘူး"
"မန်ကျည်းတန်းက လှည်းငှားသွားတာ
လေ ဘိုး"
ကျောက်ခဲက ဦးစိန်ညှက်ကို ဘုန်းကြီးတရား
ထောက်သလို ထောက်ပေးလိုက်တာဗျ
အပိုင်း(၃) ဆက်ရန်
မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments
Post a Comment