ကဝေသိုက် အပိုင်း(၂)
"ခုနှစ်ရွာစားလို့ ခေါ်တာက ဒီလိုကွဲ့။ အဲ့ဒီနေရာမှာ
ကျီတော်၊ ဆင်မ၊ လက်ပံတန်း၊ ယာကြီးကုန်း၊ ကြုံ
ရွာ၊ မြခိုး၊ ဓါတ်တော်ဆိုပြီး ရွာခုနှစ်ရွာ ရှိတယ်ကွဲ့။
တစ်ရွာနဲ့ တစ်ရွာက မလှမ်းမကမ်းတွေပဲ။ ဒီကဝေ
မ ကျီတော်မှာ ကဝေသိုက်ကြီး ဖွဲ့ပြီးနေတာတဲ့ကွဲ့"
"ဗျာ ကဝေသိုက်ဆိုတာ ဘယ်လိုဟာတုံး ဆရာ
ကြီးရဲ့"
"ရွာတစ်ရွာရဲ့ သုံးပုံတစ်ပုံလောက်ကို ဝိုင်းကြီး
ကာပြီး ဝိုင်းထဲမှာ အိမ်တွေ အဆောင်ကြီးတွေ
ဆောက်ပြီး တထီးတနန်း လုပ်ပြီးနေတာတဲ့ကွဲ့။
အဲဒီထဲမှာပဲ တပည့်တပန်းတွေ လက်ခံပြီး စုန်း
ပညာ ကဝေပညာတွေ သင်ပေးတယ်။ ပညာအ
ဆင့်တွေ တက်ပေးတယ်။ လပြည့်လကွယ် ည
တွေဆိုရင် ကျီတော်ကဝေမရဲ့ တပည့်စုန်းမ
တွေက တောက်စားကြတယ်"
တောက်စားတယ်ဆိုတာ သူတို့ ပညာတွေကို နှိုး
ပြီး ပညာစက်တွေ ထုတ်ကြတာပေါ့ဗျာ။ တချို့
လည်း မီးလုံးကြီးတွေ ဖြစ်ပြီး ကောင်းကင်မှာ
ပျံကြ သွားကြတာပေါ့။
"ဒါဆိုရင် ကျီတော်ကဝေမက ကျီတော်ရွာထဲမှာပဲ နေတာပေါ့ ဆရာကြီး"
"မဟုတ်ဘူး မောင်တာတေရဲ့၊ ရွာနဲ့ မလှမ်းမ
ကမ်းမှာ နေတာ ရွာကသတ်သတ် သူတို့က
သတ်သတ်ကွဲ့"
"ဒါဆိုရင် ခုနှစ်ရွာစားလို့ ခေါ်တာကကော
ဆရာကြီး"
"အေး ..စောစောက ကျုပ်ပြောတဲ့ ဆင်မတို့ လက်
ပံကုန်းတို့ ယာကြီးကုန်းတို့ဆိုတဲ့ ရွာခုနှစ်ရွာကနေ
ပြီး ဒီကဝေမကို အခွန်ဆက်သလို ဆက်နေရတာ
တဲ့ကွယ်။ အဲဒီ့ ခုနှစ်ရွာက ဆက်တဲ့ အခွန်တွေနဲ့
ဒီကဝေမက ဘုရင်မလို လုပ်နေတာဆိုပဲ။ သူ့ကို
အချိန်မှန်မှန် မဆက်တဲ့ ရွာဆိုရင် သူတို့တတ်တဲ့
ပညာတွေနဲ့ အမျိုးမျိုး ဒုက္ခပေးကြတာဆိုပဲ။ အဲဒီ့
ခုနှစ်ရွာလုံးက ကျီတော်ကဝေမကိုရော။ သူတ
ပည့်ကဝေကြီးတွေ။ မောက်ကိုင်၊ မောက်ပြားကြီး
တွေ စက်ကြီး နင်းနိုင်တဲ့ ကဝေမတွေ အားလုံးကို
တုန်နေအောင် ကြောက်ကြရတာတဲ့ မောင်တာ
တေရဲ့"
"ဟာ တော်တော်ကို ဗိုလ်ကျတဲ့ ကျီတော်
ကဝေမပဲဗျာ"
"ဗိုက်ကျတာတော့ မပြောနဲ့တော့ မောင်တာတေ
ရေ…ကျီတော်ကဝေမက သူလိုချင်တယ်လို့ ပြော
တာနဲ့ ချက်ချင်းအရောက် ပို့ပေးကြရတာဆိုပဲ။
နည်းနည်းပါးပါး လွဲချော်သွားလို့ကတော့ ကျီ
တော်ကဝေမရဲ့ အမျက်တော်သင့်ရင် တရွာလုံး
ဗိုက်တွေအောင့် ခေါင်းတွေမူးပြီး အော်ဟစ်နေ
ကြရတာဆိုပဲ။ ဒီအထဲမှာ သူတို့ကို ကလန်က
ဆန်လုပ်တဲ့ လူဆိုရင်တော့ အသေဆိုးနဲ့ သေ
အောင် လုပ်ကြတာတဲ့ကွယ်"
"ဟာ တော်တော့်ကို ဆိုးနေတာပါလား ဆရာကြီး
ရယ်"
"အေး …ဒါကြောင့် အထက်ပထမံ ပုဂ္ဂိုလ်ကြီးတွေ
က အဲဒီရွာခုနှစ်ရွာကို ကယ်တင်ဖို့ ကျုပ်ကို တာ
ဝန်ပေးလိုက်တာပေါ့ မောင်တာတေရယ်"
"သူတို့ကို ဘယ်လိုကယ်ရမှာတုံး ဆရာကြီး"
"ကျီတော်ကဝေမရဲ့ ကဝေသိုက်ကို ဖြိုပစ်ရမှာ
ပေါ့ကွယ်။ ပြီးရင် အဲဒီ့ခုနှစ်ရွာထဲမှာ သူတို့ဆီက
ပညာယူထားတဲ့သူတွေကို ပညာစွန့်ခိုင်းရမှာပေါ့"
"သိပ်တော့ မလွယ်ဘူးထင်တယ် ဆရာကြီးရဲ့"
"မောင်တာတေ ပြောတာ ဟုတ်တယ်ကွဲ့။ လွယ်
တော့ လွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အထက်က
ပေးတဲ့ တာဝန်ဆိုတော့ ကျုပ်အနေနဲ့ လွယ်တာ
ခက်တာတွေ အသာထားပြီး ကိစ္စပြီးမြောက်
အောင် လုပ်ရတော့မှာပေါ့ကွယ် အဓိကတော့
လက်ဦးမှု ရဖို့ပဲကွဲ့"
နောက်တစ်နေ့မှာပဲ အဘနဲ့ အမေကို ခွင့်တောင်းပြီး ကျုပ်ဆရာကြီး ဘိုးလူပေနဲ့ ခရီးထွက်ခဲ့တယ်။ ဆရာ
ကြီးပြောတဲ့အတိုင်းပဲဗျို့။ ခြေကျင်တစ်မျိုး၊ ကားနဲ့တ
မျိုး၊ လှည်းနဲ့တမျိုး သွားရင်းနဲ့ နောက်ဆုံးကြတော့
ယာကြီးကုန်းဆိုတဲ့ ရွာကို ကျုပ်တို့ဆရာတပည့်
ရောက်ခဲ့တယ်။
ယာကြီးကုန်းက အိမ်ခြေခုနှစ်ရာလောက် ရှိတဲ့ရွာ
ဗျ။ ရေခံမြေခံကလည်း ကောင်းချက်ဗျာ။ တစ်ရွာ
လုံး သစ်ပင်ကြီးတွေ စိမ်းစိုပြီး ညှို့မှိုင်းနေတာဗျ။
ကျီတော်ကဝေမ အပိုင်းစားနေတဲ့ ရွာခုနှစ်ရွာမှာ
ကျီတော်နဲ့ အဝေးဆုံး ရွာပဲဗျ။ ဒီရွာမှာ ဘိုးလူပေ
ရဲ့ အသိတစ်ယောက် ရှိတယ်တဲ့ဗျ။
ရွာထဲရောက်တာနဲ့ ဘိုးလူပေက သူ့အသိအိမ်ကို ရှာ
တယ်။ လိုက်ပို့တဲ့လူက သေသေချာချာပို့တယ်။ ရွာ
တောင်ပိုင်းမှာဗျ။ နာမည်က ဦးထွန်းတဲ့။ ကျုပ်တို့ကို
လိုက်ပို့တဲ့လူက ကိုဆင်ပေါက်တဲ့။
"ဘိုးထွန်း ဗျို့ ဘိုးထွန်း ဒီမှာ ဧည့်သည်တွေ
လာလို့ဗျ"
ကိုဆင်ပေါက်က အော်လိုက်တော့ နှစ်ဆောင်မြိုင်
အိမ်ကြီးရဲ့အပေါ်ထပ် ပြူတင်းပေါက်ကနေ အ
သက်ခြောက်ဆယ်လောက်ရှိတဲ့ ဘိုးတော်ကြီးတစ်
ယောက် ခေါင်းပြူကြည့်တယ်ဗျ
"ဟ ဆင်ပေါက်ပါလား၊ အိမ်ပေါ်ကို ခေါ်ခဲ့လေကွာ"
ကျုပ်တို့ ခြေတံရှည်အိမ်ကြီးပေါ်ကို တက်ခဲ့ကြတယ်
"ဘိုးထွန်း အိမ်ကို လိုက်ရှာနေလို့ ကျုပ်ခေါ်
လာခဲ့တာဗ်"
ဘိုးထွန်းဆိုတဲ့ ဘိုးတော်ကြီးကလည်း ဘိုးလူပေလိုပဲ
သျှောင်တစောင်းထုံးလို့ဗျ။ ဘိုးလူပေကို မျက်မှောင်
ကျုတ်ပြီး သေသေချာချာ ကြည့်တယ်။
"အကိုထွန်း ကျုပ်ကို မမှတ်မိဘူးလား။ ကျုပ် လူပေ
လေ"
"ဟာ ကိုလူပေ၊ ဝမ်းသာလိုက်တာ ကိုလူပေရာ။
ဗြုန်းစားကြီးဆိုတော့ ကျုပ်က မမှတ်မိဘူးကွဲ့။
မျက်စေ့တွေလည်း မှုံလာပြီ ကိုလူပေရေ"
"အကိုထွန်း အသက်ဘယ်လောက် ရှိပြီတုံး"
"ခြောက်ဆယ်နဲ့ ရှစ်နှစ်ရှိပြီ ကိုလူပေရဲ့၊ ကိုလူပေ
ကတော့ အရွယ်တင်ပါ့ဗျာ၊ နို့ အသက်ဘယ်လောက်
ရှိပြီတုံး"
"ကျုပ်လည်း ငါးဆယ်ကျော်ပြီ အကိုထွန်းရဲ့"
"အော် ကိုလူပေ့အဘ ကျုပ်တို့ဆရာကြီးပထမံ
ဦးပွားမရှိတော့ကတည်းက မဆုံဖြစ်ကြတော့ဘူး
မို့လား ဟိုတုန်းကတော့ တစ်နှစ်တစ်ခေါက်တော့
ဆရာကိုကန်တော့ဖို့ရောက်နေကြလေရော။ ဆ
ရာမရှိတဲ့နောက်တော့ မရောက်ဖြစ်တော့ဘူးပေါ့
ကိုလူပေရယ်"
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment