ရိုးမသစ်လုပ်ကွက်မှ ထူးဆန်းသော အကြောင်းအရာများ /အပိုင်း(၇)
အစပထမစောမောင်အလောင်းထလာသည်ဟုပြောခြင်းကိုနောက်ပြောင်
ပြောနေသည်ထင်မှတ်ကြသော်လည်း
အမှန်တကယ် ထလာကြောင်းသိရချိန်တွင် အားလုံးကြောက်လန့်တကြားဖြင့်
ဖဲဝိုင်းမှအူယားဖားထပြေးကြသည်မှာ
တချိုဆိုလျှင်ကြောက်လွန်း၍တောင်
ထိပ်မှချောက်အောက်သိုပင်ရောက်သွားကြသည် ။
အားလုံးပြေးမိပြေးရာပြေးကြရင်း
ဝရုန်းသုန်းကားဖြင့်ရှိနေကြတော့သည် ။
” ဟေ့..ဟေ့.. တောကြီးမျက်မည်းထဲ
ညဖက်ကြီးလျှောက်ပြေးမနေကြနဲ့
အားလုံးသေကုန်ကြလိမ့်မယ်..၊ နတ်ဆက်ဓားအမြန်သွားယူကြ....”
ဦးစိုးနိူင်မှာတောင်ကြောအလယ်စခန်းရှေ့တွင်ရပ်၍ ဝရုန်းသုန်းကား
ရောက်ရာပေါက်ရာညဖက်ကြီးပြေးနေသူများကိုသတိပေးလိုက်သည် ။
သူတိုပြေးသည်ကိုလည်းအပြစ်မဆိုသာပေ ။
ရုပ်ပျက်ဆင်းပျက်ဖြင့်အူအခွေလိုက်ထွက်နေသော စောမောင်က ခြေတရွတ်
ဆွဲ၍သူတိုရှိရာလာနေရာ လူသေထ၍
လမ်းလျှောက်သည်ကို မကြောက်သည့်
လူမရှိ၊အားလုံးကြောက်လန့်သည်မိုပြေးမိပြေးရာ ပြေးကြခြင်းဖြစ်သည်။
ဦးစိုးနိူင်မှာ အလောင်းဖုတ်ဝင်သွားခြင်းဟုသိလိုက်ပြီး ဝင်သွားသောဖုတ်
ကိုထုတ်ရန်နတ်ဆက်ဓားကိုတောင်းလိုက်ခြင်းဖြစ်သည် ။
သူတိုသစ်စခန်းစတည်ချိန်ကပင် ဗန့်ဗွေးပင်ကြီးတစ်ပင်အောက်တွင်နတ်ကွန်းဆောက်ထားကြရာ ထိုနတ်စင်မှနတ်ဆက်ဓားကို ယူခိုင်းဖြစ်သည် ။
သွက်သွက်လက်လက်ရှိသော လူငယ်တစ်ယောက်မှာ စခန်းထိပ်ဖျားပိုင်း ဗန့်ဗွေးပင်ကြီးအောက်နတ်စင်မှ
နတ်ဓားကို စိတ်မှခွင့်တောင်း၍ငှားလာ
ခဲ့သည် ။
လူငယ်ကသူယူလာသောနတ်ဓားကို
ဦးစိုးနိူင်လက်သိုပေးလိုက်သည် ။
” ...ဟေ့..ဘယ်သူတွေ ဒီဖုတ်ကောင်ကို
ဟောဒီဓားနဲ့ ခုတ်ရဲလဲကွ...၊ မင်းတိုလူငယ်တွေဖြစ်ပြီး သတ္တိနည်းလှချည်
လားကွ....”
ဦးစိုးနိုင်က နတ်ဆက်ဓားကို ဓားအိမ်မှဆွဲထုတ်၍ ဖုတ်ဝင်နေသော စောမောင်အလောင်းကိုခုတ်ခိုင်းရာ မည်သူမျ မခုတ်ရဲကြသောကြောင့် ဒေါသဖြစ်
စွာအော်ဟစ်လိုက်သည် ။
သူလိုလူကြီးတစ်ယောက်က ညအချိန် မျက်စိမကောင်းသောကြောင့်
ဖုတ်ကောင်ကို ခုတ်ပိုင်းရာတွင်လွဲချော်၍ဒုက္ခများမည်စိုးသောကြောင့်
လူငယ်များကိုခုတ်ခိုင်းရာ အူတန်းလန်း
ဖြင့်လျှောက်သွားနေသော ဖုတ်ကောင်
အားမည်သူမျ မခုတ်ရဲကြခြင်းဖြစ်သည် ။
ထိုအချိန်...။
”...ကျွန်တော် ခုတ်မယ် အဘ ဓားပေး..”
” အော်..အေး..မိုးအောင်..လည်ပင်းကို
တခါတည်းပြတ်ကျအောင်ခုတ်လိုက်......သတိလည်းထားအုံး.....”
ဖုတ်ကောင်အားခုတ်မည့်သူမှမိုးအောင်ပင်ဖြစ်သည်။
မိုးအောင်တစ်ယောက်အရက်များမူး
ယစ်နေသော်လည်း သူငယ်ချင်းဖြစ်သူ
ဖုတ်ဝင်နေခြင်းကို မြင်ရာအစပထမကြောက်သော်လည်း သေသည့်တိုင်အောင် အူတန်းလန်းထွက်၍ ခြေတရွတ် ဆွဲသွားနေရသောစောမောင်
အဖြစ်ကိုမကြည့်ရက်စွာ ဦးစိုးနိူင်ထံမှ
ဓားတောင်းလာခြင်းဖြစ်သည် ။
....ကျား...ယား......
.....ဝှီး...ဒုတ်....ဒုတ်....ဒုတ်....
....ဘုတ်.....
မိုးအောင်တစ်ယောက်ပုလင်းဖင်ကပ်နေပြီဖြစ်သောနောက်ဆုံးလက်ကျန်အရက်ကိုရဲဆေးတင်သည့်အနေဖြင့်
မော့လိုက်သည် ။
ပြီးနောက်ဖြစ်လိုရာဖြစ်စေတော့ဟု
မာန်သွင်းကာ အော်ဟစ်ပြေးသွားရင်း
စောမောင်၏ဖုတ်ဝင်နေသောကိုယ်ခန္ဓာ
လည်ပင်းနေရာကို ဓားဖြင့် အရှိန်ဖြင့်
လွဲ၍ခုတ်လိုက်ပါတော့သည် ။
ဓားထိသွားသောလည်ပင်းနေရာမှ
မီးလောင်သလိုညှော်နံ့များထွက်လာ၍
ဖုတ်ကောင်လည်ပင်းမှာ တဝက်ခန့်ပြတ်ကာ ဘေးသို စောင်းကျသွားသော်
လည်း မိုးအောင်အားအန္တာရယ်ပြုရန်
ရှေ့တိုးလာသောကြောင့်မိုးအောင်တစ်
ယောက်လည်ပင်းပြတ်နေရာကိုပင်နှစ်ချက်ခန့်ဆင့်၍ ခုတ်ချလိုက်ရာ ခေါင်းကအောက်သိုပြတ်ကျသွားသည် ။
...ဟေ့ကောင်တွေ အမြန်ဝိုင်းဖမ်းကြ
လေ.. ရေနံဆီပုံးယူခဲ့ကြဟေ့.. အမြန်လုပ်ကြ....
ခေါင်းပြတ်သွားသော်လည်း ဖုတ်ကောင်မှာ ဒယိမ်းဒယိုင်သွားနေသောကြောင့် ဦးစိုးနိုင်ကအော်ဟစ်လိုက်ရာ အဝေးမှပုန်း၍ချောင်းမြောင်း
ကြည့်နေသူထဲမှတစ်ချိုမှာပြေးလာပြီး
အနီးအနားတွင်အလွယ်တကူတွေ့ရသော ဝါးလုံးတစ်လုံး တစ်ယောက်အစွန်းတစ်ဖက်စီကိုင်၍ပြေးလာကြပြီး
ခေါင်းပြတ်ကြီးဖြင့်လျောက်သွားနေသော သောခန္ဓာကိုယ်အား ဝါးလုံးဖြင့်
ဆွဲလိုက်သောအခါ ဖုတ်ကောင်ကမြေပြင်ပေါ်လဲသွားသည် ။
နှစ်ယောက်သားမှာလည်း ဖုတ်ကောင်ပြန်မထလာနိုင်စေရန် ဖုတ်ကောင်ရင်ဘတ်တွင်ဝါးလုံးတင်၍
ကိုင်ထားသော ဝါးလုံး
ကိုမြေပြင်ပေါ်တင်းတင်းကြပ်ကြပ်ဖိထားကြသည်။
ခေါင်းပြတ်နေသော ဖုတ်ကောင်က
ခုန်ထနေရာ ဝါးလုံးအစွန်းနှစ်ဖက်ကိုင်ထားသူနှစ်ယောက်မှ ဖိထားသောဝါး
လုံးကကြွတက်သွားသောကြောင့် ခက်ခက်ခဲခဲရှိနေကြသည် ။
ထိုအချိန်ကျမှတစ်ခြားသူများရောက်လာပြီး ဝါးလုံးများ၊ သစ်ချောင်း
ရှည်များရှာဖွေ၍ နှစ်ယောက်တစ်တွဲစီ
ဖုတ်ကောင်ကိုဖိထားလိုက်ကြသည် ။
ရေနံဆီပုံးရောက်လာသောအခါဦးစိုး
နိူင်မှာရေနံဆီများကို ဖုတ်ကောင်ကိုယ်
လုံးအနှံလောင်းချလိုက်သည် ။
ပြီးနောက် မီးခြစ်ကိုခြစ်၍ ဖုတ်ကောင်ကိုမီးရိူလိုက်ရာ ခပ်လှမ်းလှမ်းတွင်ပြတ်ျနေသော ခေါင်း
ပြတ်မှအော်ငြီးသံများထွက်လာသည် ။
ဦးစိုးနိူင်လည်းခေါင်းပြတ်ကိုပါရေနံ
ဆီလောင်း၍ မီးရိူလိုက်တော့သည် ။
မိုးအောင်တစ်ယောက်နတ်ဆက်ဓားကိုကိုင်၍ငူငူကြီးရပ်လျှက်ရှိနေပါသည်
။
အပိုင်း(၈)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment