စောရဦးခေါင်း ၊အပိုင်း(၃)



" မဟုတ်ဘူးကွ၊ ဘိုးအိုတို့မိဘတွေ
က ဆင်းရဲကြတယ်၊ဘာအမွေမှ ဘိုး
အို မရခဲ့ဘူးကွ၊ ငါ့ကို အားလုံးပြော
ပြတာ၊ ဘိုးအိုငယ်ငယ်က တော်
တော်ဆင်းရဲတာဆိုပဲ တာတေရ၊
တောထဲမှာ တောင်ထဲမှာ ထင်း
ခုတ်ရောင်းရတာတဲ့ကွ"

"ဟင် ဟုတ်လား၊ ဒါဆိုရင် ဒီပစ္စည်း
တွေက"

"အေး အဲဒီအကြောင်းကိုသိတာ 
ငါပဲ ရှိတာကွ၊ ငါကလည်း ဒီအ
ကြောင်းကို ငါ့အစ်ကို ကိုမင်းလွင်
ကိုတောင် ငါမပြောပြဘူး၊ မင်းကို
ပြောရတာကလည်း အကြောင်း
ရှိလို့ တာတေရ"

"ကိုမင်းဒင်ရေ၊ ကျုပ်ဖြင့် ဘိုးအို 
အကြောင်းကို အရမ်းကို စိတ်ဝင်
စားသွားပြီဗျာ"

"အေး ငါ အားလုံးပြောပြမယ် 
တာတေ"

ကိုမင်းဒင်နဲ့ စကားပြောရင်း ကျုပ်က
မီးဖိုထဲကို မီးမသေအောင် နှမ်းရိုးတွေ
ထပ်ထည့်လိုက်တယ်။

"သြော် နေဦး ကိုမင်းဒင်ရဲ့၊ ကျုပ်
တစ်ခု မေးရဦးမယ်၊ဘိုးအိုမှာ သား
သမီး ဘယ်နှယောက် ရှိတာတုံးဗျ"

"သုံးယောက်လေကွာ၊ ငါတို့ဘကြီး
ဖိုးသောင်းရယ်၊ငါတို့အဖေ ဖိုးကောင်း
ရယ်၊ ငါတို့ဒွေးလေး မပုကြည်ရယ်
လေကွာ၊ ဒွေးလေးက မင်းတို့ရွာမှာ
နေတာလေ"

"ဒီတော့ ဘိုးအိုဆုံးတဲ့အခါ သူတို့
ကိုရော အမွေခွဲမပေးရဘူးလား"

"ဟာ ဘိုးအို မသေခင်ကတည်းက
အားလုံးကို ပေးပြီးသားကွ၊ ဘကြီး
ဖိုးသောင်းတို့မောင်နှမနှစ်ယောက်
ကို ရွှေတွေပေးလိုက်တာ ဘယ်
လောက်မှန်းတော့ မသိဘူး။သိပ်
တော့ နည်းမှာ မဟုတ်ဘူးကွ၊ငါတို့ 
ညီအစ်ကိုကိုတော့ ရွာက အိမ်ကြီး
ရယ်၊ ထန်းတောတွေရယ်၊ ယာ
တွေရယ် ပေးတာပေါ့ကွာ၊ ဘကြီး
ဖိုးသောင်းတို့ ဒွေးလေးပုကြည်တို့
ကလည်း လူချမ်းသာတွေပဲလေ
တာတေရာ၊ ကျေနပ်ကြတာပေါ့"

"နို့ ဘိုးအိုသေတ္တာထဲမှာ တွေ့တဲ့
ရွှေတွေ ရတနာတွေကို ခွဲမပေး
တော့ဘူးလားလို့ မေးတာ"

"အေး ရှင်းရှင်းပြောရရင် အဲဒီသေ
တ္တာနဲ့ ဟောဒီပစ္စည်းက ငါ့က ပေး
ခဲ့တာကွ တာတေရ"

"ဟင် ဘာပစ္စည်းတုံး ကိုမင်းဒင်"

ဒီတော့မှ ကိုမင်းဒင်က သူ့ပေါင်
အောက်မှ ဖိထိုင်ထားတဲ့ ပုဆိုးနဲ့
ပတ်ထားတဲ့ ခပ်ပြားပြား အထုပ်
ကလေးကို ထုတ်ပြတယ်ဗျ။ကျုပ်
စိတ်ထဲမှာ စာအုပ်ထူထူကြီးတစ်
အုပ်ကို ပုဆိုးနဲ့ ပတ်ထားတာလို့
ထင်သွားတယ်။ ကိုမင်းဒင် ဝင်
လာတုန်းက အဲဒီအထုပ်ကလေး
ပါလာတာကို ကျုပ်က သတိမ
ထားမိလိုက်ဘူးဗျ။

"ဒါ ဘာတုံး ကိုမင်းဒင်"

ကျုပ်က စပ်စုပြီပေါ့ဗျာ၊ ကိုမင်းဒင်
က ခေါင်းလေးညိတ်ပြီး သူ့လက်ထဲ
က စာအုပ်လို ခပ်ပြားပြားအထုပ်ရဲ့
ပတ်ထားတဲ့ ပုဆိုးကလေးကို ဖြေ
တယ်ဗျ။ ပုဆိုးစကို ဖယ်လိုက်တော့
အထဲက ထွက်လာတာ သစ်သား
သေတ္တာပြားပြားကလေးတစ်ခုဗျ။

စာအုပ်ထူထူ တစ်အုပ်အရွယ်
လောက်ရှိတယ်။ ကျွန်းသေတ္တာ
လေးဗျ။ ပေါ်လစ်တွေ ဘာတွေ 
အကျအန သုတ်ထားတာ။

အတွင်းမှာ ဘာပစ္စည်းရှိမှန်း မသိ
ပေမဲ့ ဒီပစ္စည်းကို ပိုင်တဲ့ ပိုင်ရှင်က 
တော်တော်ကို မြတ်နိုးတဲ့ပုံပဲဗျ။

"သြော် သေတ္တာကလေးပဲ၊ သော့
ခလောက်ကလေးလည်း ခတ်ထား
တာကိုး"

လို့ ကျုပ်က ပြောလိုက်တယ်။
ကိုမင်းဒင်ကသူ့အိတ်ထဲက သော့
တံကလေးကို နှိုက်ယူပြီး သော့ခ
လောက်ကို ဖွင့်တယ်။

"ထောက်"

တစ်ချက်ပါပဲ။ သော့ပွင့်သွားတယ်။
ဟော သေတ္တာကလေးကို ဖွင်ပြီး…

" ဟာ ဒါ ဘာတုံးဗ်"

ကျုပ်ဖြင့် အံ့သြလွန်းလို့ ပါးစပ်ဟောင်း
လောင်း ဖြစ်သွားရောဗျို့။ ဖြူဖြူကြီးဗျ။
လူမျက်နှာပုံ၊ မျက်လုံးပေါက်၊ နှာခေါင်း
ပေါက်၊ပါးစပ်ပေါက်တွေအားလုံးပါတယ်၊
ဘယ်လိုဟာကြီးတုံး။မျက်နှာဖုံးလား။

"တွေ့လား တာတေ၊ ဘိုးအိုးပေးခဲ့တဲ့
ပစ္စည်းလေ"

"တွေ့တယ် ကိုမင်းဒင်၊ အဲဒါကို ကျုပ်
ကြည့်နေတာဗျ မျက်နှာဖုံးလားလို့"

"လူ့ခေါင်းခွံကွ၊ လူ့ခေါင်းခွံကို မျက်နှာ
ဘက်ကနေ သံဖြတ်လွှနဲ့ လွှာထားတာ"

"သြော် ဟုတ်သားပဲဗျ။ နို့ ဒါကြီးကို
ဘာလုပ်တာတုံး"

"ဒါကို စောရဦးခေါင်းလို့ ခေါ်တယ်ကွ၊
ဒီလူက စောရနက္ခနဲ့ မွေးလာတဲ့လူဆို
ပဲ၊ မခိုးရရင် နေကိုမနေနိုင်တာတဲ့၊ဒီလူ 
ခိုးမှန်းသိပေမဲ့ တစ်ခါမှ မိတာ မဟုတ်
ဘူးဆိုပဲ၊ အိမ်ခေါင်အမြင့်ကြီးပေါ်က
နေ မြေကြီးပေါ်ကို ခုန်ချတာတောင်
ဘာမှမဖြစ်ဘူးတဲ့ကွ"

" ဟင် ဒါဆိုရင် စွမ်းလည်းစွမ်းနေတာ
ထင်တယ်"

"သေချာတာပေါ့ကွာ၊ ဒီလူရဲ့အဘိုး
က ဆရာကြီး တစ်ယောက်တဲ့ကွ၊ 
အင်းဘက် ဆေးဘက်မှာ အားကြီး
စွမ်းတာဆိုပဲ။ သူ့မြေးက စောရ
နက္ခတ်မှန်းသိတော့ အန္တရာယ်ကင်း
အောင်ဆိုပြီး ကြောင်ဆေးထိုးပေး
လိုက်တာတဲ့။ ငှက်ပျောရွက်ပေါ်မှာ
တောင် အိပ်နိုင်တာတဲ့ကွ"

"အို တော်တော်ကို စွမ်းတဲ့သူခိုး
ဖြစ်သွားပဲကိုး"

"အေးပေါ့ တာတေရ၊ အင်းဝခေတ်က
 သူခိုးကြီး ငတက်ပြားလို ရှိမှာပေါ့ကွာ"

"ဆက်ပါဦး ကိုမင်းဒင်ရဲ့၊ ကျုပ်ဖြင့်
စိတ်ဝင်စားလိုက်တာဗျာ"

"အေး ဂျပန်ခေတ်ရောက်တော့ အခိုး
ခံရတဲ့လူတွေက မကျေနပ်ကြဘူးဆို
တော့ ဂျပန်ကို တိုင်တာပေါ့ကွာ၊ ဒီ
မှာတင် ဂျပန်က ဒီလူကို ရအောင်
ဖမ်းပြီး ခေါင်းဖြတ်သတ်လိုက်တာ
တဲ့ဟေ့"

"သြော်"

"ဒီလူ့အကြောင်းကို ဘိုးအိုက ဆရာ
ကြီးတစ်ယောက်ကို ပြောပြမိတယ်တဲ့
ကွ၊ အဲဒီမှာတင်အဲဒီဆရာကြီးက မောင်
အို မင်းတော့ ကြီးပွားပြီကွ၊ အဲဒီ စောရ
ကြီးမြှုပ်တဲ့နေရာ သိသလားလို့ မေးသ
တဲ့၊ငါတို့အဘိုးကလည်း သိနေတော့ သိ
တာပေါ့ ဆရာကြီးရယ်၊ ဒီလူကို ကျုပ်
ကိုယ်တိုင် မြှုပ်ခဲ့တာပဲလို့ ပြောသတဲ့"

"ဟင် ဘိုးအိုက ဂျပန်တွေနဲ့ ပတ်
သက်နေလို့လား"

"ဘိုးအိုက ဂျပန်ချွေးတပ်ဆွဲခံထား
ရတာတဲ့ကွ၊ အဲဒါနဲ့ ဂျပန်က သူတို့
ကို ဒီသူခိုးယူသွားပြီး ကျင်းနက်နက်
တူးမြှုပ်ပစ်လိုက်လို့ ပြောသတဲ့"

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)