ရွာဖျက်တဲ့ အလောင်း...အပိုင်း(၂)



သမီး မိနွေးနင့်အကိုသာဒင်ကိုသွားနိုးစမ်း
တရားနာသွားမယ်လို့

ဟုတ် အဖေ

အားးးးးးးးးးးး 

ဟဲ့ သမီးဘာဖြစ်လို့လဲ

သူကြီးက သေနပ်တိုက်နေတဲ့နေရာကနေ
နှစ်လုံးပြူးကိုဆွဲပီး သာဒင်အခန်းကိုပြေးဝင်လိုက်တယ်
သာဒင်က ပြုံးပြုံးလေးသေနေပီလေ

ဟာ မဖြစ်တော့ဘူး တရက်တစ်ယောက်နဲ့
အားလုံးကုန်တော့မှာပဲ

သူ့အလောင်းကို လူတချို့နဲ့စီစဉ်ခိုင်းထားခဲ့ပီး
တရားနာထွက်ခဲ့တော့

သူကြီး သူကြီး ရွာထဲကလူငါးဆယ်လောက်ပြောင်း
သွားပီဗျ

အော် အေးး ပြောင်းပါစေကွာ
ကဲကဲ တရားနာဖို့ပြင်ဟေ့

တစ်နေ့လုံးတရားနာ ပရိတ်ရွတ်ပီးမှ
ဆရာတော်ကိုပြန်ပို့ လိုက်သတဲ့
နောက်နေ့မနက်ကို ဘယ်သူဖြစ်မလဲ
ငါများလားဆိုတဲ့အတွေးတွေနဲ့ မအိပ်နိုင်ကြဘူး
မနက်ရောက်တော့့ဘယ်သူမှမသေဘူးတဲ့
တစ်ရွာလုံးပျော်ကြဒါပေါ့
နေ့လယ်ရောက်တော့ ကြို့ကုန်းက
မောင်ပိန် မြင်းကိုစိုင်းပီးရောက်ချလာတော့တယ်

သူကြီး ကျွန်တော်တို့ရွာကိုပြောင်းခဲ့တဲ့
စောနွယ် မနက်ကဆုံးပီ

ဟာ ဒုက်ခပဲ

ရွာပြောင်းလဲမလွတ်ပါလား

ကျွန်းလှရွာဟာ လူပေါင်း ၁၅၀၀ကျော်ရှိပါတယ်
ဒီလိုနဲ့ ရွာမှာမသေရင်ပြောင်းသွားတဲ့ထဲကသေတော့ဒါပဲ
တရွာလုံးစိတ်ဓာတ်တွေကျပီးသေမဲ့နေ့ကို
စောင့်နေကြရတယ်လေ
နေ့တိုင်း တစ်ယောက်တစ်ယောက်နဲ့
အချိန်နှစ်လကျော်ခဲ့ပီလေ
၆၃ ၆၄ ၆၅ ၆၆ ၆၇ 
၆၈ရက်မြောက်မှာ ဆရာတော်ပြန်ကြွလာတယ်
ဆရာတော်ကိုတွေ့တော့ ငိုကျ ပျော်ကြနဲ့ပေါ့
ကျောင်းရောက်တော့ သူကြီးက

ဆရာတော်ဘုရား တပည့်တော်တို့ရွာအကြောင်းး

နေ နေ ငါသိပီးပီ

အရင်က ဒီရွာမှာဘယ်သူအရင်သေဒါလဲဟေ့

ဖိုးခွေးပါဘုရား

အေး အဲဒါဆိုခုသင်္ချိုင်းကိုသွားမယ်

သင်္ချိုင်းကိုသွားရင်း ဆရာတော်က

အုန်းမောင် 

ဘုရား

ငါကြို့ကုန်းမှာကြားကတည်းနဲ့
ညတွင်းချင်း မနားပဲပြန်ခဲ့ဒါကွဲ့

တင့်ပါ့ဘုရား

ခုမနက်ရောဆုံးသေးလား 

တင်ပါ့ မိနီရဲ့သားလေး
မျောက်ငို ဆုံးသွားပါတယ်ဘုရား

အော် သတ္တဝါတစ်ခု ကံတစ်ခုပဲလေ

တင်ပါ့ ၆၈ ယောက်မြောက်ပါဘုရား

အေး ဘယ်တတ်နိုင်မလဲကွယ် 

သင်္ချိုင်းရောက်တော့ 

ကဲ လှဖေ ဖိုးခွေးရဲ့အလောင်းကိုတူးစမ်း

တင်ပါ့ဘုရား

တူးရင်းတူးရင်း ပေါ်ခါနီးကြတော့အပုတ်နံ့ထွက်လာ
တယ် 

ဟေ့ တော်ပီမတူးနဲ့တော့ ပြန်ဖို့လိုက်

တင်ပါ့ဘုရား

အုန်းမောင် ဖိုးခွေးအရင်သေဒါ သေချာလား

တင်ပါ့ ဟာမဟုတ်ဘူး မေနု မေ နုပါဘုရား

ကဲ မေနုအလောင်းကိုတူးစမ်းဟေ့

တဖြည်းဖြည်းနဲ့ အခေါင်းပေါ်တဲ့အထိ
အနံ့မထွက်ဘူး ထူးဆန်းနေပီ
ဆရာတော်က ခေါင်းတညိမ့်ညိမ့်နဲ့ပေါ့

ဟေ့့ အခေါင်းဖုံးဖွင့်စမ်း

တင်ပါ့

ဒုန်း ဒုန်း ကျွီးးးးးအခေါင်းပွင့်သွားတော့

ဟာ အမလေး

မေနုအလောင်းက
တကိုယ်လုံးဝါထိန်ပီး ဆံပင်ကလဲ
သေတုန်းကထက်ပိုရှည်နေဒါတွေ့ရသတဲ့
မျက်နာကတော့ရွာဘက်လှည့်လျက်ပြုံးနေဒါပေါ့
အသားတွေကလဲပကတိပုံမှန်အတိုင်းပဲ
မရိ မပုတ်ဘူးတဲ့

အုန်းမောင် မေနုကိုမြေချတော့ မင်းပါသလား

မပါ ပါဘူးဘုရား ဗုံးဒဏ်ကြောင့်ပြေးနေရင်း
ငညိုတို့ငွေတစ်ရာပေးပီး ချခိုင်းလိုက်တာပါဘုရား
ဇော်ကြီးနဲ့လှမောင်တို့ကဆုံးသွားပါပီဘုရား

ကဲ ညိုကြီးကိုခေါ်စမ်း

ခဏကြာတော့ ညိုကြီးမျက်နှာငယ်လေးနဲ့ပေါ်လာတော့
ဆရာတော်က ငညိုကို ညိုကြီးလို့ခေါ်တယ်လေ

ကဲပြောပြစမ်း

ညိုကြီးလည်း အစအဆုံးပြောပြတော့ ရွာသားတွေ
သတ်မယ်လုပ်တော့ ဆရာတော်က တားတယ်

ကဲဖြစ်ခဲ့ဒါတွေဖြစ်ပီးပီပဲ မမိုက်မဲကြနဲ့တော့

ဆိုပီး မေနုခေါင်းရင်းကနေ ပရိတ်တရားဟောပီး
ခေါင်းကိုပြန်တည့်ပေးမယ်လုပ်တော့ မေနုက ဖျက်ကလဲ မျက်လုံးဖွင့်ကြည့်တယ် 
ဆရာတော်က 

ကဲမေနု နင့်ဘဝနင့်လမ်း 
ဖြောင့်တန်းအောင်လျောက်ပေတော့

လို့ပြောတော့မေနု မျက်လုံးပြန်မှိတ်သွားတယ်
ဆရာတော်က ခေါင်းတည့်ပေးလိုက်တော့ နှစ်လကျော်
အလောင်းပုံစံအတိုင်း တဖြည်းဖြည်း ပုတ်ပီး
ရိကျသွားတော့တယ်
အဲဒီတော့မှ ကျွန်းလှရွာဟာအရင်တိုင်းပြန်ဖြစ်
သွားတော့တယ်လေ 

ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)